18/05/2026
Feline Chronic Gangivostomatitis (FCGS)
Patient Profile & History
• Species/Signalment: Feline, Female (1 year old), Former stray cat.
• History: No vaccination and deworming history.
• Previous Status: တခြားဆေးခန်းတစ်ခုကနေ Referral လုပ်လာတဲ့ Case ဖြစ်ပြီးတော့ Chronic Gangivostomatitis ဖြစ်နေတာ ၆ လခန့် ရှိပါပြီ။ Amoxiclav, Meloxicam နဲ့ Mouthwash တွေ သုံးပြီး ၃ ပတ်လောက် medical management လုပ်ခဲ့ပေမယ့်သိသိသာသာ improve ဖြစ်မလာဘဲ Weight loss ပိုဆိုးလာသလို Gum bleeding ပါ ရှိလာတာကြောင့် ကျွန်တော့်ဆီကို ရောက်လာခဲ့ပါတယ်။
Clinical Findings & My Assessment
ဆေးခန်းရောက်လာတဲ့အချိန် Physical examination လုပ်ကြည့်တဲ့အခါမှာ Upper/Lower Incisors နဲ့ Canines ကလွဲလို့ ကျန်တဲ့ သွားဖုံးတလျှောက်မှာ Severe inflammation ဖြစ်နေပြီး Premolars နဲ့ Molars တွေမှာ Granular tissue hyperplasia တွေအထိဖြစ်နေတာ တွေ့ရပါတယ်။ အဆိုးဆုံးကတော့ Caudal oral cavity ရဲ့ Fauces နေရာတွေမှာပါ Ulcerated granular lesions တွေ ပျံ့နေတာပါ။
ဒီနေရာမှာ ကျွန်တော့်အနေနဲ့ သုံးသပ်မိတာကတော့ FCGS ရဲ့ Pathogenesis ပါ။ ကျွန်တော်တို့ သိကြတဲ့အတိုင်း FCGS ဖြစ်တဲ့ ကြောင် ၁၀၀% နီးပါး Feline Calicivirus (FCV) က အမြဲတမ်း ပါဝင်ပတ်သက်နေတာကို တွေ့ရပါတယ်။ ဒါပေမဲ့ FCV ကြောင့်ကြီးပဲ FCGS ဖြစ်ရတယ်လို့ တိတိကျကျ ပြောနိုင်တဲ့ Research တော့ မရှိသေးပါဘူး။
ကျွန်တော့်အမြင်အရဆိုရင်တော့ FCGS ဆိုတာ အကြောင်းရင်း တစ်ခုတည်းကြောင့် ဖြစ်တာမျိုး မဟုတ်ဘဲ Multifactorial ဖြစ်ဖို့ များပါတယ်။
• Dental Calculus တွေကြောင့်ရယ်။
• FCV ကဲ့သို့သော Viral involvement ရှိနေတာရယ်။
• ကြောင်ရဲ့ Immune system က သွားပေါ်မှာရှိတဲ့ Plaque တွေကို ပုံမှန်ထက် ပိုပြီး Hyper-responsive ဖြစ်တာတွေရယ်။
စတဲ့အချက်တွေ ပေါင်းစပ်ပြီးမှ အခုလို ပြင်းထန်တဲ့ အခြေအနေကို ရောက်သွားတာလို့ ထင်ပါတယ်။
Surgical Decision: Tooth Extraction
Medical management တစ်ခုထဲနဲ့ response မလာတော့တဲ့အပြင် patient က အစာလုံးဝမစားနိုင်ဘဲ ပိန်ကျလာတာကြောင့် ပိုင်ရှင်ကို သေချာ ပြောပြပြီး Surgery လုပ်ဖို့ကို ရွေးချယ်ခဲ့ပါတယ်။
• Affected teeth တွေဖြစ်တဲ့ Premolars နဲ့ Molars တွေ အကုန်လုံးကို နှုတ်ပစ်ခဲ့ပါတယ်။
• ဒီနေရာမှာ ကျွန်တော် သတိထားစေချင်တာကတော့ Roots တွေ အကုန်စင်အောင် နှုတ်ပစ်ဖို့ အထူးသတိထားစေချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ Root fragments လေးတွေ ကျန်ခဲ့ရာကနေ infection sources ဆက်ရှိနေနိုင်ပြီးတော့ (FCGS) ကို အမြစ်မပြတ်ပဲ ပိုဆိုးလာစေနိုင်ပါတယ်။
FCGS (patients) တွေကို ကုသတဲ့အခါမှာ Medical management က Long-term success rate နည်းတာကို တွေ့ရပါတယ်။
ကျွန်တော် ထင်တာကတော့ Stray cat ဖြစ်နေတာရယ် Vaccination history မရှိတာတွေက Immune status ကို ပိုဆိုးလာစေနိုင်တဲ့အတွက်ကြောင့် Surgical extraction ကသာ Prognosis ပိုကောင်းနိုင်မယ်လို့ထင်ပါတယ်။
အခု ကျွန်တော့ Case မှာလည်း Extraction လုပ်ပြီးနောက်ပိုင်း Clinical signs တွေ သိသိသာသာ သက်သာလာတာကို တွေ့ရပါတယ်။
Dr.Yan Min Htet (Vet)