Sein Pwint Specialist Clinic

Sein Pwint Specialist Clinic စိန်ပွင့်အထူးကုဆေးခန်း

အများသိစေရန်အသိပေးကြေညာခြင်း။
02/08/2026

အများသိစေရန်အသိပေးကြေညာခြင်း။

🚨 စိန်ပွင့်အထူးကုဆေးခန်းအမည်အား အသုံးပြုပြီး လိမ်လည်မှုများပြုလုပ်နေခြင်းအပေါ်အများသိစေရန် အသိပေးအကြောင်းကြားခြင်း🚨စိန်ပ...
30/07/2026

🚨 စိန်ပွင့်အထူးကုဆေးခန်း
အမည်အား အသုံးပြုပြီး
လိမ်လည်မှုများပြုလုပ်နေခြင်းအပေါ်
အများသိစေရန် အသိပေးအကြောင်းကြားခြင်း🚨

စိန်ပွင့်အထူးကုဆေးခန်း၏ ပုံရ်ပ်များ၊
အမည်များ၊ လိပ်စာများကို အသုံးချပြီး
U Phyo Win Maung အမည်ရှိ TikTok Account မှတစ်ဆင့် ကားအရောင်းအဝယ် ပြုလုပ်ခဲ့ပြီး စရံငွေများရယူကာ လိမ်လည်မှုပြုလုပ်နေသဖြင့် လူအများ လိမ်လည်ခြင်း ခံနေရကြောင်း သိရှိခဲ့ရပါသည်။ ယင်းကဲ့သို့ ငွေများအား လိမ်လည်ခံရမှု ပြုလုပ်နေခြင်းနှင့် ပက်သက်၍ စိန်ပွင့်အထူးကုဆေးခန်းနှင့် လုံးဝ ပတ်သက်မှုမရှိပါကြောင်း နှင့် စိန်ပွင့် ဆေးကုခန်း၏ အမည် ပုံရိပ်အား ထိခိုက် နစ်နာစေသူများအား တရားဥပဒေအရ အရေးယူဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်း အများသိစေရန် အသိပေးကြေငြာလိုက်ရပါတယ်ရှင်

ဖြစ်စဉ်မှာ U Phyo Win Maung အမည်ရှိ TikTok Account မှ စရံငွေများလွှဲခိုင်းပြီး စိန်ပွင့်အထူးကုဆေးခန်းတည်နေရာကိုအသုံးချကာ ကားဝယ်ယူလိုသူများ လာရောက်ကြည့်ရှုနိုင်သောနေရာအနေနဲ့ အသုံးချပြီး လိမ်လည်မှုများ ပြုလုပ်နေခြင်းကြောင့် လူအတော်အများ အလိမ်အလည်ထိပြီး ငွေကြေးဆုံးရှုံးမှုများလည်း ဖြစ်ပေါ်နေကြောင်း သိရှိရပါတယ်။

စိန်ပွင့် အထူးကုဆေးခန်းသည် ကျန်းမာရေးဝန်ဆောင်မှုများပေးသော ဆေးခန်းတစ်ခုသာဖြစ်ပြီး ကားအရောင်းအဝယ်နဲ့ ပတ်သက်သော လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်ခြင်း လုံးဝမရှိပါကြောင်း လူကြီးမင်းအားလုံးကို အသိပေးအကြောင်းကြားအပ်ပါတယ်။

ဒါကြောင့် U Phyo Win Maung TikTok Account မှတစ်ဆင့် ပြုလုပ်သော ကြော်ငြာမှုများ၊ ဆက်သွယ်မှုများ၊ ငွေကြေးတောင်းခံမှုများနှင့် ပတ်သက်သော မည်သည့်ကိစ္စရပ်များကိုမဆို စိန်ပွင့်အထူးကုဆေးခန်းမှ တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ပါကြောင်း အသိပေးအကြောင်းကြားအပ်ပါတယ်။

မသေချာသော Account များမှ ဆက်သွယ်လာပါက ငွေကြေးပေးပို့ခြင်း၊ ကိုယ်ရေးအချက်အလက်များ ပေးအပ်ခြင်း မပြုလုပ်ကြပါရန်လည်း မေတ္တာရပ်ခံအပ်ပါတယ်။

📌 U Phyo Win Maung Fake Account Link

https://www.tiktok.com/?_r=1&_t=ZS-98PHvZQyOdF�
📍 စိန်ပွင့် အထူးကုဆေးခန်း�📞 09 9790 97114 | 09 9836 73281

🤰 ကိုယ်ဝန်ဆောင်ခြင်းဆိုတာ  အပြောင်းအလဲတွေ၊ စိုးရိမ်မှုတွေ၊ ပျော်ရွှင်မှုတွေနဲ့အတူ မိခင်တစ်ယောက်ရဲ့ ဘဝတစ်ခုလုံးကို ပြောင်...
18/07/2026

🤰 ကိုယ်ဝန်ဆောင်ခြင်းဆိုတာ အပြောင်းအလဲတွေ၊ စိုးရိမ်မှုတွေ၊ ပျော်ရွှင်မှုတွေနဲ့အတူ မိခင်တစ်ယောက်ရဲ့ ဘဝတစ်ခုလုံးကို ပြောင်းလဲစေတဲ့ ခရီးတစ်ခုပါ။

ဒါဟာကိုယ်ဝန်ဆောင်မိခင်တစ်ယောက်တည်း လျှောက်လှမ်းရမယ့် ခရီးလမ်းတစ်ခုမဟုတ်ဘူး။
တစ်ခါတလေမှာ “ကလေးလေး အဆင်ပြေရဲ့လား?”“ကိုယ့်ခန္ဓာကိုယ်က ဒီအခြေအနေကို ခံနိုင်မလား?”
“ချောချောမွေ့မွေ့ရော မွေးနိုင်ပါ့မလား”ဆိုတဲ့ စိုးရိမ်မှုတွေက မိခင်တိုင်းမှာရှိနေတတ်ပါတယ်။”
ဒီလိုအချိန်မှာ အရေးကြီးတာက
မိခင်တစ်ယောက်တည်း မဟုတ်ဘဲ
မိသားစုတစ်ခုလုံးရဲ့ အားပေးကူညီစောင့်ရှောက်မှု ဖြစ်ပါတယ်။

📌 အပြင်ကနေ အားပေးဖေးမပေးနေရသလို Antenatal Care လိုမျိုး ပုံမှန်ကိုယ်ဝန်စစ်ဆေးမှုတွေကလည်း
မိခင်ရဲ့ကျန်းမာရေးသာမက ကလေးရဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုပါ စောင့်ကြည့်ပေးနိုင်တဲ့
အရေးကြီးတဲ့ လက်တွဲဖော်တစ်ခုပါပဲ။

ဒီလို ပုံမှန်စောင့်ကြည့်မှုတွေက
✔ မိခင်နဲ့ မိသားစုကို စိတ်အေးချမ်းမှု ပေးတယ်
✔ အန္တရာယ်များကို စောစီးစွာ သိနိုင်စေတယ်
✔ မိခင်နဲ့ကလေးကို ပိုမိုလုံခြုံစေတယ်

💙 ကိုယ်ဝန်ဆောင်ခြင်းဟာ မိသားစုတစ်ခုလုံးရဲ့ ချစ်ခြင်းမေတ္တာနဲ့ တာဝန်ယူမှုကနေ စတင်တဲ့ ခရီးတစ်ခုဖြစ်တာကြောင့်ချစ်ရတဲ့ ရင်သွေးလေးအတွက် အကောင်းဆုံးစောင့်ရှောက်မှုပေးဖို့
မိသားစုဝင်တိုင်းမှာ တာဝန်ရှိပါတယ်။

🏥 လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုများအတွက် “စိန်ပွင့် အထူးကုဆေးခန်း” ကအမြဲအသင့်ရှိနေပါတယ်။

📍 စိန်ပွင့် အထူးကုဆေးခန်း
📞 09 9790 97114 | 09 9836 73281
#စိန်ပွင့် #စိန်ပွင့်အထူးကုဆေးခန်း #ဆေးခန်း #မော်လမြိုင် #ကိုယ်ဝန်ဆောင်

🌧️ မိုးရာသီရောက်လာတာနဲ့အမျှအဖြစ်များလာတဲ့ ကျန်းမာရေးပြဿနာတွေထဲမှာ ဝမ်းပျက်ဝမ်းလျှော (Diarrhea) ဟာ အလွန်အရေးကြီးတဲ့ အရာတစ...
11/07/2026

🌧️ မိုးရာသီရောက်လာတာနဲ့အမျှအဖြစ်များလာတဲ့ ကျန်းမာရေးပြဿနာတွေထဲမှာ ဝမ်းပျက်ဝမ်းလျှော (Diarrhea) ဟာ အလွန်အရေးကြီးတဲ့ အရာတစ်ခုဖြစ်ပါတယ်။
မိုးရေ၊ ရေညစ်ညမ်းမှုနဲ့ အစားအသောက်မသန့်ရှင်းမှုတွေကြောင့် အထူးသဖြင့် ကလေးတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ကိုယ်ခံအားနည်းသူတွေမှာ ပိုပြီးဖြစ်ပွားနိုင်ပါတယ်။
ဝမ်းပျက်ဝမ်းလျှောဖြစ်တဲ့အခါ တွေ့ရတတ်တဲ့ လက္ခဏာများ
✔ ဝမ်းသွားများခြင်း
✔ ဝမ်းရေလို ဖြစ်ခြင်း
✔ ဗိုက်အောင့်ခြင်း / ဗိုက်နာခြင်း
✔ အန်ခြင်း
✔ အားနည်းခြင်း
✔ ရေဓာတ်ဆုံးရှုံးခြင်း (Dehydration)စတဲ့ လက္ခဏာတွေကို ခံစားနေရပြီဆိုရင် လုံးဝ မပေါ့ဆသင့်ပါဘူး။

ဘာကြောင့် မပေါ့ဆသင့်တာလဲ။
ဝမ်းပျက်ဝမ်းလျှောကို မစောင့်ရှောက်ဘဲထားမိပါက ရေဓာတ်ဆုံးရှုံးမှုကြောင့်
❗ ခန္ဓာကိုယ်အားနည်းခြင်း
❗ သွေးဖိအားကျခြင်း
❗ အရေးပေါ်အခြေအနေများအထိ ဖြစ်နိုင်ပါတယ်။

အရေးကြီးတာက ဝမ်းပျက်ဝမ်းလျှောကို “သာမန်ရောဂါ” လို့ မမြင်ဘဲ အချိန်မီဂရုစိုက်ခြင်းပါပဲ။

ဒီတော့ အိမ်မှာပထမဆုံး ဘာတွေလုပ်သင့်လဲ။

✔ ဓာတ်ဆားရည် သောက်ပါ
✔ ရေများများသောက်ပါ
✔ ဆီကြော် / အဆီအဆိမ့်များရှောင်ပါ
✔ သန့်ရှင်းသောအစားအသောက်ကိုသာ စားပါ
✔ မသက်သာပါက ဆရာဝန်နှင့်ချက်ချင်းတိုင်ပင်ပါ

💙 လိုအပ်ပါက စိန်ပွင့် အထူးကုဆေးခန်းမှာ အချိန်မီစစ်ဆေးကုသမှုများ ရယူနိုင်ပါတယ်။
📍 စိန်ပွင့် အထူးကုဆေးခန်း
📞 09 9790 97114 | 09 9836 73281
#ဝမ်းပျက်ဝမ်းလျှော #မိုးရာသီ #စိန်ပွင့်အထူးကုဆေးခန်း #မော်လမြိုင်

Ultrasound ရိုက်တာဟာ ကလေးလေးရဲ့ ပုံကို ကြည့်ရှုဖို့ သက်သက် မဟုတ်ပါဘူး။ကိုယ်ဝန်ဆောင်စဉ် Ultrasound စစ်ဆေးမှုဟာ မိခင်နဲ့ က...
06/07/2026

Ultrasound ရိုက်တာဟာ ကလေးလေးရဲ့ ပုံကို ကြည့်ရှုဖို့ သက်သက် မဟုတ်ပါဘူး။
ကိုယ်ဝန်ဆောင်စဉ် Ultrasound စစ်ဆေးမှုဟာ မိခင်နဲ့ ကလေးရဲ့ ကျန်းမာရေးအခြေအနေကို စောင့်ကြည့်နိုင်ဖို့ အရေးကြီးတဲ့ စစ်ဆေးမှုတစ်ခု ဖြစ်ပါတယ်။
ပုံမှန်အားဖြင့် Ultrasound ကို ကိုယ်ဝန်ဆောင်ကာလအတွင်း (၃) ကြိမ်မှ (၄) ကြိမ်အထိ စစ်ဆေးလေ့ရှိပြီး မိခင်ရဲ့ ကျန်းမာရေးအခြေအနေနဲ့ ကိုယ်ဝန်ဆောင်မှုအခြေအနေပေါ် မူတည်ပြီး ထပ်မံစစ်ဆေးဖို့လည်း လိုအပ်နိုင်ပါတယ်။
ပထမအကြိမ် - ကိုယ်ဝန် (၁၁) ပတ်မှ (၁၄) ပတ်အတွင်း
ဒုတိယအကြိမ် - ကိုယ်ဝန် (၁၈) ပတ်မှ (၂၂) ပတ်အတွင်း
တတိယအကြိမ် - ကိုယ်ဝန် (၂၈) ပတ်မှ (၃၂) ပတ်အတွင်း
စတုတ္ထအကြိမ် (လိုအပ်ပါက)- မွေးဖွားခါနီးကာလတွင် ဆရာဝန်ညွှန်ကြားချက်အရ
Ultrasound စစ်ဆေးခြင်းမှတစ်ဆင့်
✔️ ကလေးရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို စောင့်ကြည့်နိုင်ခြင်း
✔️ ကိုယ်ဝန်ဆောင်ကာလကို တိကျစွာ သတ်မှတ်နိုင်ခြင်း
✔️ မိခင်နဲ့ ကလေးရဲ့ ကျန်းမာရေးအခြေအနေကို စစ်ဆေးနိုင်ခြင်း
✔️ လိုအပ်ပါက စောစီးစွာ ကုသမှုများ ဆောင်ရွက်နိုင်ခြင်း စတဲ့ အကျိုးကျေးဇူးများကို ရရှိနိုင်ပါတယ်။
💙 မိခင်ရဲ့ ကျန်းမာမှုက ကလေးလေးရဲ့ ကျန်းမာတဲ့ အနာဂတ်ကို စတင်ပေးနိုင်တာကြောင့် ကျန်းမာတဲ့ ကိုယ်ဝန်ဆောင်ခရီးစဉ်အတွက် ပုံမှန်စစ်ဆေးမှုများ ပြုလုပ်ဖို့ မမေ့ပါနဲ့။
စိန်ပွင့် အထူးကုဆေးခန်း
📞 09 9790 97114
📞 09 9836 73281
🏥 အမှတ် (၆၁)၊ ကျိုက်မရောလမ်း၊ ခြောက်မိုင်ရပ်၊ မော်လမြိုင်မြို့။

⏰ အလုပ်တွေ၊ မိသားစုတာဝန်တွေ၊ နေ့စဉ်လုပ်စရာတွေကြားမှာ…ကိုယ့်အတွက် အချိန်ပေးဖို့ မေ့နေပြီလား ❓လူအများစုက အလုပ်အတွက် အချိန်...
29/06/2026

⏰ အလုပ်တွေ၊ မိသားစုတာဝန်တွေ၊ နေ့စဉ်လုပ်စရာတွေကြားမှာ…
ကိုယ့်အတွက် အချိန်ပေးဖို့ မေ့နေပြီလား ❓
လူအများစုက အလုပ်အတွက် အချိန်ပေးကြတယ်။ မိသားစုအတွက် အချိန်ပေးကြတယ်။
ဒါပေမယ့် ကိုယ့်ကျန်းမာရေးအတွက်တော့ "နောက်မှပေါ့" ဆိုပြီး ရွှေ့ထားတတ်ကြပါတယ်။
“ကာကွယ်ခြင်းကသာ ကုသခြင်းထက်ပိုကောင်းသည်”ဆိုတဲ့ ‌ရှေးကစကားအတိုင်း တကယ်တော့ ကျန်းမာရေးကို ဂရုစိုက်ခြင်းဟာ အချိန်ပိုရှိမှ လုပ်ရတဲ့အရာ မဟုတ်ဘဲ နေ့ရက်တိုင်းမှာ ကာကွယ်မှုတွေအတွက် ကျန်းမာစေမယ့် အပြုအမူ အ‌လေ့အကျင့်တွေနဲ့ နေထိုင်သွားသင့်ပါတယ်။
ကျန်းမာနေခြင်းက ကိုယ်ချစ်ရတဲ့သူတွေနဲ့ အချိန်ပိုကုန်ဆုံးနိုင်ဖို့၊ ကိုယ်လုပ်ချင်တဲ့အရာတွေကို ဆက်လက်လုပ်ဆောင်နိုင်ဖို့ အရေးကြီးဆုံး ရင်းနှီးမြှုပ်နှံမှုတစ်ခုပါပဲ။
ဒီနေ့ To-Do List ထဲမှာ...
✔️ အိပ်စက်ချိန်ပြည့်ပြည့်ဝဝနဲ့အနားယူဖို့
✔️ ရေများများသောက်ဖို့
✔️ ကျန်းမာရေးကို ဂရုစိုက်ဖို့ ထည့်ထားဖို့မမေ့ပါနဲ့နော်။
လိုအပ်တဲ့ကျန်းမာရေးစောင့်ရှောက်မှုအတွက် စိတ်ချရတဲစိန်ပွင့် အထူးကုဆေးခန်းကလည်း အားလုံးရဲ့ လက်တစ်ကမ်းမှာတင်ရှိနေပါတယ်ခင်ဗျာ…💙
💙 စိန်ပွင့် အထူးကုဆေးခန်း
📞 09 9790 97114
📞 09 9836 73281
🏥 အမှတ် (၆၁)၊ ကျိုက်မရောလမ်း၊ ခြောက်မိုင်ရပ်၊ မော်လမြိုင်မြို့။
#စိန်ပွင့်အထူးကုဆေးခန်း

📢 WE'RE HIRING !!!Sein pwint special clinic  တွင် တာဝန်ထမ်းဆောင်ရန် ဝန်ထမ်း အလိုရှိပါသည်။🔹 Senior accounting နဲ့ junior ...
17/06/2026

📢 WE'RE HIRING !!!
Sein pwint special clinic တွင် တာဝန်ထမ်းဆောင်ရန် ဝန်ထမ်း အလိုရှိပါသည်။
🔹 Senior accounting နဲ့ junior accounting - Cashier (1) Post
📌 Requirements
• LCCI level 2,3 (or) Related Accounting Qualification
• Accounting & Finance လုပ်ငန်းအတွေ့အကြုံ (3) နှစ်နှင့်အထက်ရှိသူ
• Accounting Software အသုံးပြုနိုင်သူ
• Financial Report များ ပြုလုပ်နိုင်သူ
• Cash Handling နှင့် Daily Cash Flow Management အတွေ့အကြုံရှိသူ
• Computer ကျွမ်းကျင်စွာ အသုံးပြုနိုင်သူ
• တာဝန်ယူမှုရှိပြီး အသင်းအဖွဲ့နှင့် ပူးပေါင်းလုပ်ကိုင်နိုင်သူ
• ဆက်ဆံရေးပြေပြစ်ကောင်းမွန်သူ
📍 လုပ်ငန်းခွင် - Sein pwint special clinic
စိတ်ဝင်စားသူများအနေဖြင့် CV Form များကို Email မှတစ်ဆင့် ပေးပို့လျှောက်ထားနိုင်ပါသည်။
နယ်ဝေးမှလျှောက်ထားလိုသူများအတွက်လဲ နေစရာ အဆောင်စီစဉ်ပေးထားပါတယ်။
📧 [email protected]
📞 09979097114
📞 09983673281




နွေရာသီရဲ့ ပြင်းထန်တဲ့ အပူရှိန်အောက်မှာ ခန္ဓာကိုယ်ဟာ ပုံမှန်ထက် ပိုမိုပင်ပန်းနွမ်းနယ်လာတတ်ပါတယ်။ အပူရှိန်လွန်ကဲတဲ့အခါမှာ...
25/04/2026

နွေရာသီရဲ့ ပြင်းထန်တဲ့ အပူရှိန်အောက်မှာ ခန္ဓာကိုယ်ဟာ ပုံမှန်ထက် ပိုမိုပင်ပန်းနွမ်းနယ်လာတတ်ပါတယ်။ အပူရှိန်လွန်ကဲတဲ့အခါမှာ နှလုံးက ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိဖို့အတွက် ပုံမှန်ထက် (၂) ဆကနေ (၄) ဆအထိ ပိုမိုအလုပ်လုပ်ရပါတယ်။

ဒါကြောင့် နွေရာသီမှာ နှလုံးကျန်းမာရေးကို ဘာကြောင့် ပိုပြီး အထူးဂရုစိုက်သင့်သလဲဆိုတဲ့ အချက်တွေကို ဝေမျှပေးလိုက်ပါတယ်။ အပူချိန်ပြင်းထန်ချိန်မှာ နှလုံးက အရင်ထက်ပိုပင်ပန်းနွမ်းနယ်ရတဲ့အချက်တွေကတော့

၁။ အပူချိန်ကြောင့် နှလုံးဝန်ပိရခြင်း 💓
ခန္ဓာကိုယ်က အပူတွေကို ပြန်ထုတ်ဖို့အတွက် အရေပြားဆီကို သွေးတွေ ပိုမိုစီးဆင်းစေရပါတယ်။ ဒီအခါမှာ နှလုံးက သွေးကို ပိုမြန်မြန်ညှစ်ထုတ်ပေးရတဲ့အတွက် နှလုံးခုန်နှုန်း မြန်လာပြီး နှလုံးအလုပ်လုပ်ရတဲ့ ဝန်ထုပ်ဝန်ပိုး ပိုမိုကြီးမားလာစေပါတယ်။

၂။ ရေဓာတ်ခန်းခြောက်ခြင်းနှင့် သွေးပျစ်ခြင်း 💧
အပူဒဏ်ကြောင့် ချွေးထွက်လွန်တဲ့အခါ ခန္ဓာကိုယ်မှာ ရေဓာတ်နဲ့ သတ္တုဓာတ်တွေ ဆုံးရှုံးသွားပါတယ်။ ဒီအခါမှာ သွေးရဲ့ထုထည် လျော့နည်းသွားပြီး သွေးက ပိုပျစ်လာတတ်ပါတယ်။ ပျစ်ခဲနေတဲ့သွေးတွေကို ခန္ဓာကိုယ်အနှံ့ရောက်အောင် တွန်းပို့ဖို့အတွက် နှလုံးက ပိုပြီး အားစိုက်အလုပ်လုပ်ရပါတယ်။

၃။ သွေးပေါင်ချိန် မတည်ငြိမ်ခြင်း 📉
ပြင်းထန်တဲ့ အပူရှိန်ကြောင့် သွေးကြောတွေ ကျယ်လာပြီး သွေးပေါင်ချိန် ရုတ်တရက် ကျဆင်းသွားတာမျိုး (ဒါမှမဟုတ်) အပူကြောင့် စိတ်ဖိစီးမှုဖြစ်ပြီး သွေးတိုးတာမျိုးတွေ ဖြစ်ပေါ်နိုင်ပါတယ်။ ဒီလိုဖြစ်တာက နှလုံးရောဂါအခံရှိသူတွေအတွက် အလွန်အန္တရာယ်များပါတယ်။

စတဲ့ အချက်တွေကြောင့် နွေရာသီမှာ နှလုံးကအရင်ထပ်ပိုအလုပ်လုပ်နေရပါတယ်။

ဘယ်လိုလက္ခဏာတွေတွေ့ရင် သတိထားရမလဲ? ⚠️
✴️ရင်ဘတ်အောင့်ခြင်း၊ ရင်ဘတ်ထဲတွင် တင်းကျပ်နေခြင်း
✴️အသက်ရှူရခက်ခဲခြင်း သို့မဟုတ် မောဟိုက်ခြင်း
✴️ပုံမှန်ထက် နှလုံးတုန်ခြင်း၊ အလွန်အမင်း မူးဝေခြင်း
✴️ပျို့အန်ခြင်းနှင့် အလွန်အမင်း ချွေးထွက်ခြင်း

ဒီလက္ခဏာတွေ ဖြစ်ပြီဆိုရင်တော့ နှလုံးကျန်းမာရေးအတွက် သတိထားပေးသင့်ပါတယ်။

နွေရာသီမှာ နှလုံးကျန်းမာအောင် ဆိုရင်တော့
✅ရေဓာတ်ကို လုံလောက်စွာဖြည့်တင်းပါ
✅နေပူထဲထွက်ခြင်းကို ရှောင်ကြဉ်ပါ
✅ပေါ့ပါးလန်းဆန်းစွာ ဝတ်ဆင်ပါ
✅ငန်လွန်းတဲ့အစားအသောက်၊ ပူလွန်းတဲ့အစားအသောက်တွေစားတာကို ဆင်ခြင်ပါ
ဒီအချက်လေးတွေ သတိထားပြီး နွေရာသီမှာ နှလုံးကျန်းမာရေးအတွက် ဂရုစိုက်ပေးဖို့လိုပါတယ်။

နှလုံးကျန်းမာရေးက လူတိုင်းအတွက် အရေးကြီးသလို နှလုံးရောဂါအခံရှိသူများ၊ သွေးတိုးရောဂါရှိသူများနှင့် သက်ကြီးရွယ်အိုများအနေဖြင့် ယခုလို အပူရှိန်ပြင်းထန်ချိန်မှာ ပိုမိုသတိထား နေထိုင်သင့်ပါတယ်။

နှလုံးကျန်းမာရေးနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုရှိတာပဲဖြစ်ဖြစ်၊ ပုံမှန်မဟုတ်တဲ့ လက္ခဏာများ ခံစားရတာပဲဖြစ်ဖြစ် စိန်ပွင့်အထူးကုဆေးခန်းက အသင့်ရှိနေမှာဖြစ်လို့ သတိရလိုက်ပါ။

စိန်ပွင့်အထူးကုဆေးခန်း
ဖုန်းနံပါတ်- 09 979 097 114, 09 983 673 281
ဆေးခန်းလိပ်စာ- အမှတ်(၆၁)၊ ကျိုက်မရောလမ်းမကြီး၊ ခြောက်မိုင်ရပ်ကွက်၊ မော်လမြိုင်မြို့။


#အထူးကုဆေးခန်း


#အပူရှပ်

#မော်လမြိုင်အထူးကုဆေးခန်း

ယနေ့ကျရောက်တဲ့ အတာသင်္ကြန်နှစ်သစ်ကူးနေ့မှာ လူရော၊ စိတ်ပါ ကျန်းမာချမ်းသာပြီးပျော်ရွှင်ကြပါစေကြောင်း Sein Pwint မိသားစုမှ ...
16/04/2026

ယနေ့ကျရောက်တဲ့ အတာသင်္ကြန်နှစ်
သစ်ကူးနေ့မှာ လူရော၊ စိတ်ပါ ကျန်းမာချမ်းသာပြီးပျော်ရွှင်ကြပါစေကြောင်း Sein Pwint မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ 🙏🏻


#မြန်မာနှစ်သစ်ကူးဆုတောင်း

ကျန်းမာရေးဆိုတာ "မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်ထားခြင်း" ကသာ အထိရောက်ဆုံးမို့လို့ ကိုယ့်ရဲ့ ခန္ဓာကိုယ်အခြေအနေကို ပုံမှန်စစ...
30/03/2026

ကျန်းမာရေးဆိုတာ "မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်ထားခြင်း" ကသာ အထိရောက်ဆုံးမို့လို့ ကိုယ့်ရဲ့ ခန္ဓာကိုယ်အခြေအနေကို ပုံမှန်စစ်ဆေးနေဖို့က အရမ်းအရေးကြီးပါတယ်။ 🏥✨

ဘာကြောင့် ကျန်းမာရေးစစ်ဆေးမှု (Medical Check-up) မှန်မှန်လုပ်သင့်တာလဲ?

၁။ ရောဂါများကို ကြိုတင်သိရှိနိုင်ခြင်း

သွေးတိုး၊ ဆီးချို နဲ့ တချို့သော ရောဂါဝေဒနာတွေဟာ အစပိုင်းမှာ ရောဂါလက္ခဏာ မပြတတ်ပါဘူး။ ပုံမှန်စစ်ဆေးမှသာ အစောပိုင်းအဆင့်မှာတင် ရှာဖွေတွေ့ရှိပြီး ထိရောက်စွာ ကုသနိုင်မှာဖြစ်ပါတယ်။ 🛡️

၂။ နောက်ဆက်တွဲပြဿနာများကို လျှော့ချနိုင်ခြင်း

ရောဂါတစ်ခုကို အစောကြီးသိရရင် ရေရှည်မှာဖြစ်လာမဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို ကြိုတင်တားဆီးနိုင်ပြီး ကုသစရိတ်ကိုလည်း သက်သာစေပါတယ်။ 📈💰

၃။ စိတ်အေးချမ်းမှုရရှိခြင်း

ကိုယ့်ရဲ့ကျန်းမာရေးအခြေအနေကို သေသေချာချာ သိထားရတဲ့အတွက် စိုးရိမ်စိတ်တွေ ကင်းဝေးပြီး စိတ်ချမ်းသာစွာ နေထိုင်နိုင်ပါတယ်။ ✨😇

⏳ဒါဆို ဘယ်လိုအချိန်မျိုးမှာ ကျန်းမာရေး စစ်ဆေးသင့်တာလဲ?

✅ ပုံမှန်စစ်ဆေးခြင်း
ကျန်းမာနေတယ်လို့ ခံစားရရင်တောင် အသက် (၃၀) ကျော်လာရင် တစ်နှစ်တစ်ကြိမ် ပုံမှန် Check-up လုပ်သင့်ပါတယ်။
✅ ကိုယ်အလေးချိန် သိသိသာသာ ပြောင်းလဲလာခြင်း
အစားအသောက်ကြောင့်မဟုတ်ဘဲ ပိန်သွားတာ ဒါမှမဟုတ် ဝလာတာမျိုး ဖြစ်လာတဲ့အခါမျိုးမှာလည်း စစ်ဆေးပေးသင့်ပါတယ်။
✅ အမြဲတမ်း နုံးချိနေခြင်း
ခန္ဓာကိုယ်က အနားယူပေမယ့် မလန်းဆန်းဘဲ မောပန်းလွယ်နေတဲ့အခါမျိုးမှာဆိုရင်လည်း စစ်ဆေးပေးသင့်ပါတယ်။
✅ မိသားစုမျိုးရိုးထဲတွင် ရောဂါအခံရှိခြင်း
နှလုံး၊ ဆီးချို (ဒါမှမဟုတ်) ကင်ဆာမျိုးရိုးရှိရင် ပိုပြီး ဂရုစိုက် စစ်ဆေးသင့်ပါတယ်။
✅ အသက်အရွယ် အပိုင်းအခြားအလိုက်စစ်ဆေးခြင်း
အမျိုးသမီးများအတွက် (၄၀) ကျော်လျှင် ရင်သားနှင့် သားအိမ်ခေါင်း စစ်ဆေးခြင်း၊ အမျိုးသားများအတွက် ဆီးကျိတ်စစ်ဆေးခြင်း စတာတွေကို ပြုလုပ်သင့်ပါတယ်။

အခုလို ကျန်းမာရေးအတွက် ကြိုတင်စစ်ဆေးထားချင်တယ်ဆိုရင်တော့ စိတ်ချယုံကြည်ရတဲ့ အထူးကုဆရာဝန်ကြီးများ၊ ခေတ်မီစက်ကိရိယာများနဲ့ နွေးထွေးပျူငှာတဲ့ ဝန်ဆောင်မှုများနဲ့ စစ်ဆေးပေးနေတဲ့ စိန်ပွင့်အထူးကုဆေးခန်းမှာ လာရောက်စစ်ဆေးနိုင်ပါတယ်။ ✨👩‍⚕️

ကိုယ်တိုင်အတွက်ပဲဖြစ်ဖြစ်၊ ကိုယ်ချစ်ရတဲ့ မိသားစုဝင်တွေအတွက်ပဲဖြစ်ဖြစ် ကျန်းမာရေးစစ်ဆေးမှု Package များအကြောင်း အသေးစိတ်သိရှိလိုတယ်ဆိုရင်တော့ Page Messenger ကနေတစ်ဆင့် စုံစမ်းမေးမြန်းနိုင်ပါတယ်။

စိန်ပွင့်အထူးကုဆေးခန်း

ဖုန်းနံပါတ်- 09 979 097 114, 09 983 673 281
ဆေးခန်းလိပ်စာ- အမှတ်(၆၁)၊ ကျိုက်မရောလမ်းမကြီး၊ ခြောက်မိုင်ရပ်ကွက်၊ မော်လမြိုင်မြို့။


#အထူးကုဆေးခန်း


#ကျန်းမာရေးစစ်ဆေးခြင်း
#မော်လမြိုင်အထူးကုဆေးခန်း

Address

အမှတ်(၆၁), ကျိုက်မရောလမ်း, ခြောက်မိုင်ရပ်, မော်လမြိုင်
Mawlamyine
12011

Telephone

+959979097114

Website

Alerts

Be the first to know and let us send you an email when Sein Pwint Specialist Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Sein Pwint Specialist Clinic:

Shortcuts

Share