Soe Smile Online Shop

Soe Smile Online Shop အရေသွေးကောင်းမွန်သော ပစ္စည်းများကို လက်လီလက်ကား ဝယ်ယူနိုင်ပါတယ်

" ဝါဆိုလပြည့် ဓမ္မစင်္ကြာ အခါတော်နေ့ "၁.၈.၂၀၂၃ ၊ အင်္ဂါနေ့တွင် ကျရောက်‌သော  #ဝါဆိုလပြည့် အခါသမယမှာ၇ရက်သားသမီးများ အားလုံ...
01/08/2023

" ဝါဆိုလပြည့် ဓမ္မစင်္ကြာ အခါတော်နေ့ "

၁.၈.၂၀၂၃ ၊ အင်္ဂါနေ့တွင် ကျရောက်‌သော #ဝါဆိုလပြည့် အခါသမယမှာ

၇ရက်သားသမီးများ အားလုံး စိတ်၏ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံပါစေ

ဘေးအန္တရာယ်ကင်းဝေးပြီး လိုအင်ဆန္ဒများ ပြည့်ဝ ၍ အမျိုးဘာသာ သာသနာအကျိုး ဆောင်ရွက် နိုင်သော

ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်ကြီးများဖြစ်ကြပါစေ 🙏🙏🙏f

မင်္ဂလာပါရှင့်မင်မင်တို့ အလုပ်ရှုတ်နေလို့ Reply ကြာခဲ့ရင်လဲ 095416123 , 09965416123 တို့ကိုဆက်သွယ်နိုင်ပါတယ် 🙏🏻Shop app ...
28/10/2021

မင်္ဂလာပါရှင့်

မင်မင်တို့ အလုပ်ရှုတ်နေလို့ Reply ကြာခဲ့ရင်လဲ 095416123 , 09965416123 တို့ကိုဆက်သွယ်နိုင်ပါတယ် 🙏🏻

Shop app မှာလဲ Deli ခ သက်သာစွာနှင့် ဝယ်ယူလို့ရနေပြီနော် ❤️
https://www.shop.com.mm/shop/soe-smile-online-shop

28/10/2021
ဘာတွေပဲဖြစ်လာဖြစ်လာ ကိုယ်နဲ့ အတူထားရှိဖို့ Emergency bag တစ်ခုလောက်တော့ပြင်ထားသင့်ပါတယ်ရှင်ဘာတွေထည့်ထားရမလဲဆိုတာ မင်မင့်...
08/09/2021

ဘာတွေပဲဖြစ်လာဖြစ်လာ ကိုယ်နဲ့ အတူထားရှိဖို့ Emergency bag တစ်ခုလောက်တော့
ပြင်ထားသင့်ပါတယ်ရှင်
ဘာတွေထည့်ထားရမလဲဆိုတာ
မင်မင့်fansလေးတွေအတွက် စုဆောင်းပီး
တင်ပေးလိုက်ပါတယ်နော်
လိုရမယ်ရ ပြင်ထားကြတာအကောင်းဆုံးပါပဲ

𝗜𝗻𝗱𝗶𝗮 မှာ နာမည်အကြီးဆုံး 𝗗𝘂𝘁𝗲𝗻𝘀 𝗕𝗿𝗮𝗻𝗱 ( medical grade ) 10L Oxygen Concentrator  များ မှာယူနိုင်ပါပြီ Double Flow - Doub...
03/08/2021

𝗜𝗻𝗱𝗶𝗮 မှာ နာမည်အကြီးဆုံး 𝗗𝘂𝘁𝗲𝗻𝘀 𝗕𝗿𝗮𝗻𝗱 ( medical grade ) 10L Oxygen Concentrator များ မှာယူနိုင်ပါပြီ

Double Flow - Double Control ပါ။

ဆွစ်ဇာလန် နိုင်ငံထုတ် ZEOX High-Efficiency Molecular sieve ကို အသုံးပြုထားပြီး Intelligent Control လည်း ပါဝင် ပါတယ်။ နာရီ 40 အထိ ဆက်တိုက် အသုံးပြုနိုင်ပြီး Pure Oxygen 93%+- 3% အထိ ထုတ်ပေးနိုင်ပါတယ်။

စက်က Dual flow ဖြစ်လို့ လူနာ 2 ယောက် တစ်ပြိုင်နက်တည်း အသုံးပြုနိုင်ပြီး စက်ရဲ့ ဆူညံမှုကလည်း 45db အောက်သာ ရှိမှာ ဖြစ်လို့ အကောင်းဆုံး အရည်အသွေးရှိတဲ့ Oxygen Concentrator ပါ။

ခန့်မှန်းခြေ 10 - 15 ရက်နေ့လောက် ရပါမယ်
Crd

Price 1800000 Ks ပါ။
မော်လမြိုင်မြို့ အိမ်အရောက်ပို့ပေးပါတယ်

မှာယူမယ်ဆိုရင်တော့ Deposit 50% ကြိုသွင်းပေးရပါမယ်

Cash + Bank Transfer လက်ခံပေးပါတယ်။

မင်မင်အကောင့်ပါ fb.me/LadySoeSmile

Dutens brand 10L dual flow Medical Grade India နိုင်ငံမှာတော်တော် ပေါက်နေတဲ့ brand ပါ✅Product Informations 1. Oxygen flo...
03/08/2021

Dutens brand 10L dual flow Medical Grade

India နိုင်ငံမှာတော်တော် ပေါက်နေတဲ့ brand ပါ

✅Product Informations

1. Oxygen flow 10LPM
2. Oxygen purity 93%+_3%
3. Input pressure 0.01-0.07MPa (6-10PS1)
4. Alarm function: power off alarm . High and low voltage alarm
5. Adjustable noise : s50dB
6. LCD: switch time, operating pressure.
Current working time accumulated working
time, present time ( 1 from 10 minutes to 40
hours), power off alarm .
7. Product weight: 27Kg
8. Product size:365x375x600mm

Price - 1800000 MMK
50% Deposit
10-15 ဝန်းကျင်ပစ္စည်းရောက်ပါမယ်

ရန်ကုန် / မော်လမြိုင် အိမ်အရောက်ပို့ပေးပါတယ်

မင်မင်အကောင့်ပါ fb.me/LadySoeSmile

 #ချင်း/ဂျင်းမစားသင့်သူများဂျင်းက ကျန်းမာရေးအတွက် အကျိုးကျေးဇူးများတယ်ဆိုပေမဲ့ လူတိုင်းအတွက် ကောင်းလှတယ်တော့မဟုတ်ပါဘူး။အ...
20/07/2021

#ချင်း/ဂျင်းမစားသင့်သူများ
ဂျင်းက ကျန်းမာရေးအတွက် အကျိုးကျေးဇူးများတယ်ဆိုပေမဲ့ လူတိုင်းအတွက် ကောင်းလှတယ်တော့မဟုတ်ပါဘူး။
အောက်ဖော်ပြပါ ဝေဒနာရှင်တွေအနေနဲ့ ဂျင်းစားသုံးမှုကိုလုံးဝရှောင် ကြဉ်တာမျိုးဖြစ်ဖြစ် ဒါမှမဟုတ် အတိုင်းအချင့်နဲ့ စားသုံးတာမျိုးဖြစ်ဖြစ်လုပ်ဆောင်သင့်ပါတယ်။

(၁) သွေးခဲဆေးသောက်သုံးနေရသူတွေ

ဂျင်းကသွေးကို ကျဲစေနိုင်စွမ်းရှိတာကြောင့် သွေးမတိတ်တဲ့ဝေဒနာရှိတာကြောင့် သွေးခဲ ဆေးသောက်သုံးမှီဝဲနေရ သူတွေအနေနဲ့ ဂျင်းစားသုံးမယ်ဆိုရင်ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

အချို့သောဖြစ်ရပ်တွေမှာ ဂျင်းကဆေးအာနိသင်ကို လျော့ပါးစေနိုင်တာကြောင့် ဂျင်းစားသုံးတဲ့အခါ ဆရာဝန်နဲ့တိုင်ပင်ပြီးမှသာ စားသုံးသင့်ပါတယ်။

(၂) ဆီးချိုဆေး မှီဝဲနေရသူတွေ

ဂျင်းက သွေးတွင်းသကြားဓာတ်ကို လျော့ကျစေနိုင်စွမ်းရှိပေမဲ့ မက်ဖော်မင်နဲ့အင်ဆူလင်လိုမျိုး ဆီးချိုဆေးသောက်သုံးနေရသူတွေအနေနဲ့ ဆေးအာနိသင်ကိုလျော့ပါးစေနိုင်တာကြောင့် ဂျင်းမစားသုံးသင့်ပါဘူး။

သွေးချိုတအားကျဆင်းသွားနိုင်တာကြောင့်လည်း ဂျင်းစားသုံးမှုကိုရှောင်ကြဉ်သင့်တာဖြစ်ပါတယ်။

(၃)သွေးကျဆေးသောက်နေရသူတွေ

သွေးတိုးကျစေဖို့အတွက် သောက်သုံးရတဲ့ဆေးတွေကို မှီဝဲနေရသူတွေအနေနဲ့လည်း ဂျင်းကိုမစားသုံးသင့်ပါဘူး။

ဂျင်းကသွေးတိုးကျဆေးအချို့နဲ့ ဓာတ်ပြုနိုင်တာကြောင့် ဖြစ်ပါတယ်။

ဂျင်းနဲ့ သွေးတိုးကျဆေးတို့ ဓာတ်ပြုတဲ့အခါ နှလုံးခုန်နှုန်းနဲ့ သွေးဖိအားကို အန္တရာယ်ရှိတဲ့ အခြေအနေလောက်အထိကျဆင်းစေတာမျိုး ဖြစ်ပေါ်စေပါတယ်။

နောက်ဆက်တွဲဝေဒနာတွေ ကိုတောင်ဖြစ်ပေါ်စေနိုင်ပါတယ်။

နှလုံးခုန်မမှန်တာမျိုးလည်း ဖြစ်ပေါ်ခံစားရနိုင်ပါတယ်

(၄)သည်းခြေကျောက်တည်နေသူတွေ

သည်းခြေကျောက်တည်မှုကို ခံစားရနိုင်ခြေရှိသူတွေအနေနဲ့ ဂျင်းစားသုံးမယ်ဆိုပါက ရောဂါအခြေအနေက ပိုမိုဆိုးရွားသွားနိုင်ပါတယ်။

သည်းခြေအိတ်မှာ သည်းခြေကျောက်တည်တာမျိုး ဖြစ်လာနိုင်ပါတယ်။

သည်းခြေကျောက်တွေက သည်းခြေပြွန်တစ်လျှောက် စီးပါသွားရင်း သည်းခြေရည်တွေကို အသည်းဆီကိုရောက်ရှိသွားစေနိုင်ပါတယ်။

ချင်းက သည်းခြေရည်ထုတ် လွှတ်မှုကိုတိုးစေနိုင်ပါတယ်။

သည်အခြေအနေက သည်းခြေကျောက်ပိတ်ဆို့မှုကိုဖြစ်ပေါ်စေပြီးဆိုးရွားလှတဲ့ နာမကျန်းဖြစ်မှုကိုဖြစ်ပေါ်စေနိုင်ပါတယ်။

သည်းခြေရည်များလွန်းတာက သည်းခြေကျောက်ဖြစ်နိုင်ခြေကို တိုးစေနိုင်တာကြောင့် သည်းခြေကျောက်တည်နိုင်ခြေရှိသူတွေအနေနဲ့ ဂျင်းမစား သုံးသင့်ပါဘူး။

(၅) ကိုယ်ဝန်ဆောင်အမျိုးသမီးများ

ကိုယ်ဝန်ဆောင်နေစဉ်အတွင်း ချင်းမစားသုံးသင့်ပါဘူး။

ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအနေနဲ့ ဂျင်းစားသုံးသင့်သလားဆိုတာကို သေသေချာချာသိရတာမျိုးမရှိပေမဲ့ ဆိုးကျိုးဖြစ်နိုင်သလားဆိုတာကိုလည်း ရေရေရာရာမသိရသေးပါဘူး။

လေ့လာမှုတော်တော်များများမှာတော့ ဂျင်းစားသုံးတာက သန္ဓေသားရဲ့ လိင်ပိုင်းဆိုင်ရာဟော်မုန်းကို ထိခိုက်စေနိုင်တယ်လို့ ဆိုပါတယ်။

ဂျင်းက သွေးထွက်မှုကိုများစေနိုင်တာကြောင့် မီးဖွားမယ့်ရက်နီးတဲ့အခါ မစားသုံးသင့်ပါဘူး။

Credit. .

အောက်စီ ဂျင်  ကုန်နေတယ်တဲ့  မကုန်ပါဘူး  ❌❌❌❌အောက်စီဂျင်  မကုန်ပါ  ကျ‌တော်တို့လူသားတွေဘေးနားမှာ  အောက်စီဂျင်ရှိပြီးသားပါ ...
15/07/2021

အောက်စီ ဂျင် ကုန်နေတယ်တဲ့
မကုန်ပါဘူး ❌❌❌❌

အောက်စီဂျင် မကုန်ပါ
ကျ‌တော်တို့လူသားတွေဘေးနားမှာ အောက်စီဂျင်ရှိပြီးသားပါ ။

ဒါကိုမယူတတ်လို့ နည်းစနစ်မသိလို့
အောက်စီဂျင်အိုးတွေနောက် အသည်းအသန်
လိုက်နေ. ရှာနေ. ဝယ်နေ. ကြရတာပါခမျာ 😔

ကဲအခု သိပီးရင် ယူလိုက် ရှူလိုက်ကြပါခမျာ🙏

စသိရမှာက. တစက္ကန့်. အချိန် ပဲဖြစ်ပါတယ်
တစက္ကန့် အချိန် အကွာအဝေး ≠ တထောင့်တစ်
စိတ်ထဲကနေ. တထောင့်တစ် လို ရွတ်ဆိုကြည့်ပါ ။

အဲဒါ နာရီလက်တံ တစက္ကန့်. ကြာချိန် ဖြစ်ပါတယ်
တထောင့်တည. လို့ဆိုမိရင် တစက္ကန့်အချိန်နဲနဲကျော်သွားတယ်
ထို့ကြောင့် တထောင့် တစ်ပဲ ဆိုပါ
1001
1002
1003
1004 ဒီလိုဆိုလိုက်ပီးရင်
၄. စက္ကန့်. တိတိ အချိန်ရောက်ပါတယ် ။

ဘာကြောင့် ဒါကိုရှင်းပြရလည်းဆိုတော့
လေထဲက. အောက်စီဂျင်ကို ၄ စက္ကန့်. ကြာသည်အထိ ပြင်းပြင်းရှူသွင်း ဖို့ပါ💪💪

OK 👌 ဒါက. ပထမ. ၄ စက္ကန့်
ဒုတိယ. ၄. စက္ကန့်မှာ ရှူသွင်းထားတဲ့လေကို ဗိုက်ထဲမှာ အောင့်ထားပါ ။

1001💨 1002💨 1003💨 1004💨
လေရှူပြီး အောင့်ထားပြီး ပြန်ရှူထုတ်ပါမယ်
နောက်၄. စက္ကန့်အတွင်းဖြေးဖြေး
1001💨 1002💨 1003💨 1004💨
ဒါက. တတိယ. ၄. စက္ကန့်
နောက်ဆုံး ၄. စက္ကန့်. ကတော့ရှူထုတ်ပြီး
၄ စက္ကန့်ပြည့်တာနဲ့ ရှူထုတ်တာကိုရပ်လိုက်ပြီး
ထိန်းထားခြင်းပါ ။💪💪💪

1001💨 1002💨 1003💨 1004💨
ကဲ ဒါဆို လေ့ကျင့်ခန်းတကြိမ် ပြီးပါပြီ။

တခါလုပ် ၁၀ ကြိမ်
တနေ့. ၃. ခါလုပ်ပေးပါ ။

လူကြီးမင်းတို့မိသားစု တစုအတွက် လိုအပ်နေတာက. အောက်စီဂျင်ဓာတ်ရော့နေသလား ??? ဆိုတာကိုသိဖို့ပဲဖြစ်ပါတယ်
လက်ချောင်းများမှတဆင့်တိုင်းယူတဲ့
ကရိယာလေးတခု တော့ဝယ်ထားပါခမျာ ။

ကျနောပြောပြတဲ့ လေ့ကျင့်ခန်း အသက်ရှူ နည်းကို
လုပ်ကြည့်ပါ
မနက်ခင်းမှာ သွေးအတွင်းအောက်ဆီဂျင်နည်း‌နေ
ကြောင်းတိုင်းမိထားရင်
ညမှာ ပြန်တိုင်းကြည့်ပါ
အောက်ဆီဂျင်တက်လာပါလိမ့်မယ် ။

စမ်းချောင်း
တရုတ်ကျောင်းလမ်း က
ဒေါက်တာ စိုးဝင်း မိသားစုဆေးခန်းအား
ကျေးဇူးအထူးတင်ရှိပါကြောင်းဂုဏ်ပြုရေးသားအပ်ပါတယ်🙏🙏🙏
လာသမျှလူနာတိုင်းကို သင်ပေးနေပါတယ်

သံအိုးကြီးတွေက. နေရာတကာသယ်သွားလို့မရပါဘူးလနည်းပညာက. သယ်သွားလို့ရတယ်
အသက်ကို အောက်စီဂျင်အိုးက မစောင့်ပါ ။
အသက်ကို ညဏ်က. ပဲစောင့်ပါတယ် ။💪

မျှဝေပေးကြပါအုံး အမျိုးတို့

Crd.

အင်တာနက်ပြန်ပိတ်ခဲ့ရင် Telenor International Roaming ကနေ သုံးလို့ရပါဦးမယ်။ အခု အင်တာနက်ရနေချိန်မှာ Telenor App ကနေ Data ...
07/02/2021

အင်တာနက်ပြန်ပိတ်ခဲ့ရင် Telenor International Roaming ကနေ သုံးလို့ရပါဦးမယ်။

အခု အင်တာနက်ရနေချိန်မှာ Telenor App ကနေ Data >>> Roaming အောက်က ပုံထဲဝိုင်းပြထားတဲ့အထဲက အလယ်က 99 kyats နဲ့ 1 day (12 asian countries ) pack ကို အရံသင့်ဝယ်ထားပါ။ local internet ဖျက်ချတာနဲ့ အောက်ဆုံးက 599kyats pack ကိုအမြန်ဝယ်ပြီး ဆက်သုံးရပါမယ်။

bill အနိမ့်ဆုံး ၂၀၀၀ လောက်အရံသင့်ရှိနေပါစေ။

ထပ်ပိတ်သွားမှာ စိုးလို့ပါ..
Telenor က international package....
၇၂ နာရီကို ၁၄၉ ကျပ် နဲ့ promotion ချပြီးကူညီ
မြန်မာက လူတွေကို အသိပေးကြပါ
ဖြည့်စွက် - ဒီ၃ရက် အတွင်း အဲ့ package ကို subscribe လုပ်ရင် ၁၉၅ ကျပ် နဲ့ရမယ် ဘယ်နိုင်ငံခြားကို ဆက်ဆက် တမိနစ်ကို မြန်မာငွေ ၄၀ ကျပ် ကျမယ်
Telenor International call package
Subscribe to
*979*2*5*16 #

# Data Roaming ဖွင့်ထားပေးပါ။

"အရေးပေါ် အကြံပြုချက်"အင်တာနက်လိုင်းများ အပိတ်ခံရလျှင် မိမိတို့ ဖုန်းများအား အသုံးပြု၍ Mesh Network များဖြင့် တစ်ဦးနှင့်...
01/02/2021

"အရေးပေါ် အကြံပြုချက်"

အင်တာနက်လိုင်းများ အပိတ်ခံရလျှင် မိမိတို့ ဖုန်းများအား အသုံးပြု၍ Mesh Network များဖြင့် တစ်ဦးနှင့် တစ်ဦး (သို့) တစ်စုနှင့် တစ်စု ဆက်သွယ်ရန် အသုံးပြုနိုင်ကြပါတယ်။

အသုံးပြုနိုင်တဲ့ Mesh Network App များကို ဖော်ပြပေးအပ်ပါတယ်။

"FireChat" for Android & Apple iOS

"The Serval Mesh" for Android

"Signal Offline Messenger" for Android

"Vojer" for Apple iOS

"Bridgefy" for Android & Apple iOS

"Briar" for Android တို့ ဖြစ်ပါတယ်။

အဆိုပါ app များထဲမှ တစ်ခုကို နမူနာအနေနဲ့ အောက်ပါအတိုင်း ဖော်ပြပေးလိုပါတယ်။

"အင်တာနက်များ ရုတ်တရက်ပိတ်ကျသွားလျှင် "Bridgefy" app ကို အသုံးပြုရန်"

ဒီ apk က ဟောင်ကောင်ဆန္ဒပြပွဲတွေမှာ ပြည်သူ့ဘက်သား တော်လှန်ရေးသမားတွေ အသုံးပြုခဲ့တဲ့ apk ဖြစ်ပါတယ်။

သူ့အားသာချက်က အင်တာနက် မလိုပဲ bluetooth နဲ့ ဖုန်းချင်းမက်ဆေ့ပို့
ဆက်သွယ်နိုင်တာဖြစ်လို့ အင်မတန် အသုံးဝင်တယ်။

ဟောင်ကောင်လူထုတိုက်ပွဲများ အတွင်းမှာတုန်းက တရုတ်အစိုးရရဲ့ အင်မတန်မြင့်မားတဲ့နည်းပညာကတောင် ဒီ apk နဲ့အသုံးပြုဆက်သွယ်ခြင်းကို မဟန့်တားနိုင်ခဲ့ပါဘူး။

ဒီ apk ကိုအသုံးပြုပြီး ဖုန်းတစ်လုံးနဲ့တစ်လုံး မီတာ ၁၀၀ (ပေ ၃၃၀ခန့်) အကွာအဝေးအထိ ဆက်သွယ်နိုင်တယ်။

မီတာ ၁၀၀ တိုင်း ကြားမှာ ဖုန်းတစ်လုံးဆီ ရှိပြီး ဆက်သွယ်သွားခြင်းဖြင့်
အင်မတန်ဝေးကွာလှမ်းတဲ့နေရာတွေအထိလည်း ကွန်ယက်သဖွယ်
အချင်းချင်းချိတ်ဆက်သွားနိုင်ပါတယ်။

ဒီ apk ကို အသုံးပြုကာ နှစ်ဦးချင်း message တွေပို့လို့ရသလို
Broadcast ဆိုတဲ့ ဖန်ရှင်နဲ့ ကိုယ်ပို့တဲ့ မက်ဆေ့ကို အနီးအနားရှိသူအားလုံး ဖမ်းယူသိရှိနိုင်အောင် ဖြန့်ဝေလို့လည်း ရတယ်။

Iphone မှာရော Android မှာပါ အသုံးပြုနိုင်ပါတယ်။

စစ ဝင်ခြင်းမှာ အင်တာနက် ကော်နက်ရှင် တစ်ကြိမ်တော့ လိုအပ်တာမို့ ဒေါင်းလုပ်ဆွဲကာ ဝင်ထားကြည့်ကြဖို့ တိုက်တွန်းပါတယ်။

Play Store မှာရော၊ App Store မှာရော "Bridgefy" လို့ ရိုက်ရှာကာ လွယ်လင့်တကူ ဒေါင်းလုပ်ဆွဲထားနိုင်ကြပါကြောင်း ... ။

(မှတ်ချက် - မိမိတို့ အင်တာနက်များ ရနေခိုက် စတင် အသုံးပြုထားစေချင်ပါတယ်)။

Link တစ်ခု ပေးလိုက်ပါတယ်။

https://www.facebook.com/100005014158392/posts/1763764217134033/?d=n

crd

Address

Yangon
Mawlamyine

Telephone

095416123

Website

Alerts

Be the first to know and let us send you an email when Soe Smile Online Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Soe Smile Online Shop:

Share