ရွှေဖလားတိုင်းရင်းဆေးခန်း Pyin Oo Lwin

  • Home
  • Myanmar
  • Maymyo
  • ရွှေဖလားတိုင်းရင်းဆေးခန်း Pyin Oo Lwin

ရွှေဖလားတိုင်းရင်းဆေးခန်း Pyin Oo Lwin ဓါး ဂျို စုတ် တိုင်းရင်းဆေးဝါးများနှင့်တိုင်းရင်းအထူးကုဆေးခန်း

အဝလွန် အဆီများခြင်းအကြောင်း=======================အဝလွန်ခြင်းသည် ခန္ဓာကိုယ်၌ အဆီအလွန်အကျွံ စုဝေးခြင်း ဖြစ်သည်။တကယ်လို့ သ...
29/10/2022

အဝလွန် အဆီများခြင်းအကြောင်း
=======================

အဝလွန်ခြင်းသည် ခန္ဓာကိုယ်၌ အဆီအလွန်အကျွံ စုဝေးခြင်း ဖြစ်သည်။

တကယ်လို့ သင့် BMI ဟာ ၂၅ ကနေ ၂၉.၉ အတွင်းရှိခဲ့ရင် ကိုယ်အလေးချိန်များတယ်လို့ ယူဆနိုင်ပါတယ်။
(BMI တွက်ရန် link👇
https://www.cdc.gov/healthyweight/assessing/bmi/adult_bmi/english_bmi_calculator/bmi_calculator.html)

အဝလွန်စေနိုင်တဲ့ အကြောင်းရင်းခံများကတော့.....
၁။မျိုးရိုးဗီဇ
တကယ်လို့ သင့်မိဘတွေဟာ အဝလွန်တယ်ဆိုရင် သင်ဟာလည်း အဝလွန်နိုင်ခြေရှိပါတယ်။
၂။ကျန်းမာရေးနှင့်မညီညွှတ်သောအစားအစာများ
အသင့်စား အစားအသောက်တွေကို စားသုံးခြင်း၊
အရက်အလွန်သောက်ခြင်း၊
သကြားဓာတ်ပါတဲ့ အချိုရည်များကို များပြားစွာသောက်ခြင်း
အပြင်အစားအစာများအစားများခြင်း (စားသောက်ဆိုင်မှအစားအစာများသည် အဆီ၊အချိုမှုန့်နှင့် သကြားဓာတ်တွေ မြောက္မြားစွာ ပါဝင်ပါတယ်)
၃။ကိုယ်လက်လှုပ်ရှားမှု မရှိခြင်း
လူအတော်များများဟာ ခုံပေါ်မှာထိုင်ပြီး စားပွဲနဲ့ ကွန်ပျူတာ အသုံးပြုရတဲ့ အလုပ်တွေကိုသာ တစ်နေကုန်လုပ်ပြီး လမ်းလျှောက်ချိန် မရှိကြပါဘူး။ တကယ်လို့ သင်ဟာ လှုပ်လှုပ်ရှားရှား မရှိဘူးဆိုရင် သင်စားလိုက်တဲ့အစာတွေက စွမ်းအင်ကို သုံးစွဲခြင်း မရှိတာကြောင့် ဒီစွမ်းအင်အပိုတွေဟာ ကိုယ်ခန္ဓာမှာ အဆီအဖြစ် သိမ်းဆည်းပါတယ်။
၄။စိတ်ပိုင်းဆိုင်ရာ ပြဿနာများ
စိတ်ဖိစီးခြင်း၊ စိတ်ပူခြင်း၊ စိတ်ကျခြင်း၊ နာတာရှည် နာကျင်ခြင်းတွေဟာ အစားအသောက်ပိုစားခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒီအချိန်မှာ လူတွေဟာ စိတ်တည်ငြိမ်ဖို့နဲ့ မလုပ်ချင်တဲ့ အလုပ်တွေကို လုပ်ရန်အတွက် အစားအသောက်ပိုစားလေ့ ရှိပါတယ်။
၅။ဆေးဝါးများနှင့် အချို့ရောဂါများ
Cushing Syndrome နဲ့ hypothyroidism၊ စိတ်ကျဆေး၊ corticosteroids တွေဟာ လူကို ဝလာစေပါတယ်။

အဝလွန်ခြင်းကို ကာကွယ်ရန်အတွက်....,,

👉 Maintain a healthy diet
အသီးအရွက်များများးစားခြင်း၊
အချို၊အဆီ၊အငန်နှင့် အဆီအ‌​​​​စေးများ‌​သောအစာများလျှော့စားခြင်း၊
အသား ငါး ဥ ပဲအမျိုးမျိုးကရတဲ့ protein ဓာတ်ကို ပို၍စားသုံးခြင်း၊

👉 Be active
ကိုယ်အလေးချိန် ထိန်းရာမှာ
အစားအသောက် က ၇၀%
လေ့ကျင့်ခန်းက ၃၀ % အရေးပါတယ်။
ဒါကြောင့် ဝိတ်ကျလိုသူ၊ အလေးချိန် ထိန်းချင်သူတွေအနေနဲ့ တစ်ရက် နာရီဝက်
တပတ်မှာ ငါးရက် မိမိနဲ့ သင့်တော်တဲ့ လေ့ကျင့်ခန်း လုပ်ဖို့ လိုကိုလိုပါတယ်။

👉Practice good sleep hygiene
အိပ်ရေးဝဝအိပ်စက်ခြင်း
လေ့လာမှုတစ်ခုအရ တစ်နေ့ကို ညဘက် ၅နာရီ ပတ်ဝန်းကျင်လောက်ပဲ အိပ်စက်တဲ့သူတွေဟာ ၇နာရီ ၈နာရီလောက် အိပ်တဲ့သူတွေထက် အဝလွန်နိုင်ခြေ ပိုများပါတယ်တဲ့။
အိပ်ရေးမဝတာ stress hormones တွေကိုလဲ affect ဖြစ်စေသလို လူကို အဝလွန်စေတဲ့ carbohydrate rich foods တွေကိုလဲ ပိုစားဖြစ်စေပါတယ်တဲ့။ ၅၀%နဲ့ ၈၀%နှုန်းသော စိတ်ကျန်းမာရေး ရောဂါသည်တွေဟာလဲ အိပ်စက်ခြင်း ပြဿနာတွေ ကြုံတွေ့နေရတာပဲ ဖြစ်ပါတယ်။

👉 Stay hydrated
ရေများများသောက်ခြင်း
တစ်နေ့ကို ရေ ၈ခွက် (သို့) 3 liters သောက်ပေးသင့်ပါတယ်။ ရာသီဥတု အရမ်းပြင်းတဲ့နေ့တွေ လှုပ်ရှားမှု အရမ်းများလို့ ချွေးအရမ်းထွက်တဲ့နေ့တွေမှာ အဲ့ထက်ပိုသောက်ပေးသင့်ပါတယ်။

🔔အဝလွန်ခြင်းနောက်ဆက်တွဲဆိုးကျိုးများ
သွေးတိုးရောဂါဖြစ်ခြင်း၊နှလုံးသွေးကြောကျဥ်း​ခြင်း၊အသည်းအဆီးဖုံးခြင်း၊အသည်း‌ခြာက်ခြင်း၊ဆီးချိုဖြ​စ်​ခြင်း၊လေဖြတ်နိုင်ခြင်းစသောရောဂါများဖြစ်စေနိုင်ပါသည်။

🔔သင်အဝလွန်နေပြီ/ဝစပြုနေပြီဆိုရင်တော့ သင်ဟာပြောင်းလဲချိန်တန်နေပါပီ..

🧘‍♀️ဘာကိုပြောင်းလဲရမှာလဲ? သင့်ရဲ့ ခန္ဓာကိုယ်ကိုပါ..ကျန်းမာကြံ့ခိုင်တဲ့ Lifestyle တခုကို သင်ပြောင်းလဲချိန်တန်နေပါပီ..

ကျန်းမာဖို့ သင့်တော်တဲ့အစားအစာတွေ 🍉🧄🥑
နေထိုင်မှုပုံစံတွေ 🧍‍♀️🚶‍♀️🧘‍♀️
လေ့ကျင့်ခန်းတွေ 🚴‍♀️🏋️‍♀️🏃‍♀️
သင်မေ့ထားလို့မရတော့ပါဘူး..

သင်ဘယ်ကစရမလဲ? ဘယ်လိုလုပ်ရမလဲ မသိဘူးဆိုရင်..
-👨‍⚕️ကျန်းမာရေးအတွက် ဆွေးနွေးတိုင်ပင်လို့ရမယ့် ဆရာဝန်တွေ
-👨‍🏫အစားအသောက်ပိုင်းဆိုင်ရာ ဆွေးနွေးတိုင်ပင်လို့ရမယ့် Nutrition Specialistတွေ
-🙋‍♂️လေ့ကျင့်ခန်းပိုင်းဆိုင်ရာ ဆွေးနွေးတိုင်ပင်လို့ရမယ့် Body Trainerတွေ
-💁ဝိတ်ချမယ်ဆိုမပါမဖြစ် ကျန်းမာရေးလဲအထောက်အကူဖြစ်တဲ့
အကူSupplimentကောင်းကောင်းလေးတွေ
သင့်ပတ်ဝန်းကျင်မှာ ရှိနေပါပြီ

အဝလွန်အဆီများနေ၍ဖြစ်စေ၊ အဝလွန်အဆီများခြင်းကိုကာကွယ်လိုလျှင်ဖြစ်စေ
#ရွှေဖလားတိုင်းရင်းဆေးခန်း ၌ ဆေးပေါင်းငွေ့ခံခြင်း(သွေဒနကမ္မ)ကုထုံးဖြင့်ကုသမှု့ခံယူပြီး
ဓါး ဂျို စုတ် အမှတ်တံဆိပ် 'အဆီကျအသားကျစ်ဆေး' သောက်ပေးခြင်းဖြင့်လည်း
ကာကွယ်ကုသနိုင်ပါသည်။

👉ဆေးခန်းဖွင့်ချိန်
နံနက်-8:30-12:00AM
ညနေ-2:00-6:00PM
☎09798906534

🙏အားလုံးပဲ စိတ်၏ ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံနိုင်ကြပါစေ🙏

07/10/2022

သွေဒနကမ္မ (ဆေးပေါင်းငွေ့ခံ၍ချွေးထုတ်ခြင်း)
=========================
အကြောင်း သိကောင်းစရာ

သွေဒနကမ္မ(ဆေးပေါင်းငွေ့ခံ၍ချွေးထုတ်ခြင်း)သည် ပဉ္စကမ္မကုထုံး၌ပါဝင်ပြီး
ပဉ္စကမ္မကုထုံးကတော့
ကျမတို့တိုင်းရင်းဆေးတက္ကသိုလ်မှာသင်ကြားခဲ့ရတဲ့ နယကြီး၎ပါးမှ ဘေသဇ္ဇနယ၌ပါဝင်ပါတယ်
အဆိုပါကုထုံးကို အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သည့်ရှေးနှစ်ပေါင်းများစွာကတည်းက စတင်အသုံးပြုခဲ့ရာ ယနေ့ထက်တိုင်ဖြစ်သည်။

ဗုဒ္ဓဘုရားရှင်၏ ဝိနယပိဋကကျမ်းတွင်လည်း အာယုဗ္ဗေဒနှင့်ပဉ္စကမ္မကုထုံးများအကြောင်း လေ့လာဖတ်ရှုရပါသည်။

သွေဒနကမ္မ(ဆေးပေါင်းငွေ့ခံ၍ချွေးထုတ်ခြင်း)ကုထုံးသည် ခန္ဓာကိုယ်အတွင်းမှ ရောဂါဖြစ်စေသော ဇီဝအညစ်အကြေး(Biological excreta) ခေါ် ဒေါသ(Dosha)၊ဓာတ်(Dhatu)၊မလ(Mala) တို့အား ဖယ်ရှားကုသပေးသည့်အပြင်
ရသာယန ခေါ် သက်ရှည်ကျန်းမာကုထုံးအဖြစ်ပါ အသုံးပြုနိုင်ပါသည်။

သွေဒနကမ္မသည် ဆေးဖက်ဝင်အပင်များ၏ ပဉ္စ၅ပါး ပါဝင်သည့်ဆေးပေါင်းငွေ့ဖြင့်
➡ခန္ဓာကိုယ်အတွင်းမှ ရောဂါဖြစ်စေသော ဇီဝအညစ်အကြေး(Biological excreta) ခေါ် ဒေါသ(Dosha)၊ဓာတ်(Dhatu)၊မလ(Mala) တို့အား ဖယ်ရှား‌ပေးသည့်အတွက်

➡ခန္ဓာကိုယ်တွင်းသွေးလှည့်ပတ်မှု့ (blood circulation)ကို ကောင်း‌စေပြီး
ကိုယ်/စိတ် ပေါ့ပါးလန်းဆန်း၍
သွေးသားစင်ကြယ်စေပါတယ်

➡ပိတ်ဆို့နေသောအညစ်အကြေးများကိုချွေးအဖြစ် ဖယ်ရှားလိုက်သောကြောင့် အရေပြားကျန်းမာရေး (Skin health)ကို အထူးကောင်းမွန်စေပြီး
အသားအရေ ကြည်လင်ချောမွေ့စေပါတယ်

➡ခန္ဓာကိုယ်ညောင်းညာကိုက်ခဲ၍ ကိုယ်လက်မအီမသာဖြစ်မှုများကို‌ ပျောက်ကင်းစေပြီး
ရောင်ရမ်းမှုကိုလဲ လျော့ပါးစေပါတယ်

သွေဒနကမ္မ(ဆေးပေါင်းငွေ့ခံ၍ချွေးထုတ်ခြင်း)ဖြင့် အထူးသင့်‌လျော်‌သောသူများမှာ
✨အရိုးကျီးပေါင်းရောဂါခံစားနေရသူများ
✨လေဖြတ်၊လေဖျန်း၊ပါးရွဲ့သူများ
✨ကိုယ်လက်ထုံကျဉ်ညာင်းညာကိုက်ခဲ‌နေသူများ
✨ခန္ဓာကိုယ်ဖောယောင်နေသူများ
✨အဝလွန်၍အဆီများနေသူများ
✨သွေးသားမသန့်ရှင်း၍ ခန္ဓာကိုယ်အရေပြား ယားယံနေသူများ
✨ခန္ဓာကိုယ်လေးလံ၍ အသားအရေမွဲခြောက်နေသူများ
✨ဒူးနာ၊ခါးနာ၊ခါးကိုက်နေသူများ
✨အဆစ်ရောင်ရောဂါရှိသူများ
✨ခြေဖျားလက်ဖျားအမြဲအေးနေသူများ
✨နံနက်အိပ်ရာထ၌ ခြေလက်တင်းသူများ
✨ရာသီမလာခင် ညောင်းညာကိုက်ခဲမှု့ခံစားရသူများ
✨မီးဖွားပြီးစ အမျိုးသမီးများနှင့် သွေးဆုံးမီးယပ်ရောဂါခံစားနေရသူများ.... နှင့်
အထူးသင့်‌လျော်‌ပါသည်။

#ရွှေဖလားတိုင်းရင်းအထူးကုဆေးခန်း မှလည်း
သွေဒနကမ္မ(ဆေးပေါင်းငွေ့ခံ၍ချွေးထုတ်ခြင်း)ကုထုံးဖြင့် မိဘပြည်သူများ၏ ကျန်းမာရေးကိုစောင့်ေ
ရှာက်မှု့ပေးလျက်ရှိပါသည်။

✨ဆေးခန်းဖွင့်ချိန်⤵️
➡️နံနက် ၈နာရီခွဲ မှ ၁၂နာရီထိ
➡️ညနေ ၂နာရီ မှ ၆နာရီထိ

လိပ်စာ-
မန္တလေး-လားရှိုးလမ်းမကြီးဘေး၊ရေချမ်းအိုး(မြောက်)၊ရပ်ကွက်ကြီး(၁၂)၊ပြင်ဦးလွင်မြို့။
☎️ 09-798906534

06/10/2022
 #ရွှေဖလားတိုင်းရင်းဆေးခန်း  တွင်လာရောက်ကုသသောလူနာများ အမေးများသောအစွမ်းထက် ဓါး ဂျို စုတ် ဆေးမြစ် အကြောင်းကိုရှင်းပြပေးပါ...
24/06/2022

#ရွှေဖလားတိုင်းရင်းဆေးခန်း တွင်လာရောက်ကုသသောလူနာများ အမေးများသော
အစွမ်းထက် ဓါး ဂျို စုတ် ဆေးမြစ် အကြောင်းကို
ရှင်းပြပေးပါရစေရှင့်

ဓါး ဂျို စုတ် ဆေးမြစ် ဆိုတာ ဘာလဲ?
#ဓါးဂျိုစုတ်ဆေးမြစ် ဆိုတာ ရောဂါရှာဖွေစမ်းသပ် ကုသရာ၌ အသုံးပြုသော အစွမ်းထက်ကိရိယာ ၄မျိုး ဖြစ်ပါတယ်
-------------------------------
⭐ ဓါး ဂျို စုတ် ဆေးမြစ် ရရှိလာပုံ⭐
#ဓါး
ရွှေဖလားတိုင်းရင်းဆေးခန်းကို စတင်တည်ထောင်ခဲ့သော ဆရာကြီးဦးဘသိန်းထံ ကုသ၍ရနိုင်မည့်အခြေအနေမရှိသည့် လူနာတဦးရောက်ရှိလာရာ
ဆရာကြီးမှကြည့်လိုက်သောအခါ အခြေအနေမကောင်းသည်ကိုတွေ့ရသောကြောင့်
ဘုရားစင်ရှေ့သွား၍ လူနာအတွက် မေတ္တာပို့ ပုတီးစိပ်နေစဉ်
*တောင်သုံးလုံးကျော်ဓား*နဲ့ ခုတ်လိုက်ပါဟု အာရုံနိမိတ်ရလာပါတယ်
ထို့နောက် ဆရာကြီးမှ တောင်သုံးလုံးကျော်အသားကို ဓါးပုံစံပြုလုပ်၍ လူနာ၏တကိုယ်လုံးကို ရွယ်ပြီးခုတ်လိုက်ပါသည်
ထိုသို့ကုသပြီးသောအခါ ရေ‌‌မျှပင်မဝင်တော့သောလူနာသည် နောက်နေ့မနက်၌ ခေါက်ဆွဲကြော်စားနိုင်သည်ထိ သက်သာပျောက်ကင်းသွားပါသည်။
ထိုမှစ၍ ဆရာကြီးလည်း လူနာများကို အစွမ်းထက်သောဓားဖြင့် ဆက်လက်ကုသပေးခဲ့ပါသည်။

#ဂျို
ဂျိုကတော့ ဟိုပင်တောရကျောင်းဆရာတော်မှ ဆရာကြီးအား လူနာများကုသရာတွင်အသုံးပြုရန်အတွက်ပေးသော အစွမ်းထက်ဂျို ဖြစ်ပါသည်။

#စုတ်
စုတ်ကိုတော့ ဆရာကြီးကို ဆေးပညာအမွေပေးခဲ့သော အဖိုး ဘုန်းကြီး ဆရာတော်ဦးစန္ဒိမာမှ ပေးခဲ့ခြင်း ဖြစ်ပါသည်။

#ဆေးမြစ်
ဆရာကြီးဦးဘသိန်း မန္တလေး မောရဂီဝါရပ်ထဲ၌ ဆေးခန်းဖွင့်စဉ်က နေ့ခင်းအနားယူပြီးအိပ်နေတုန်း အိပ်မက်ထဲတွင် ဖိုးသူတော်တဦးက ဆေးကုသဖို့ရန် ဆေးမြစ် လာပေးသည်ဟု မြင်မက်ပြီးနောက်
အိပ်မှုန်စုံဖွားဖြင့် မျက်လုံးဖွင့်ကြည့်လိုက်ရာ လက်ထဲ၌ ဆေးမြစ်ရောက်နေတာကို တွေ့ရပါသည်။
လာပေးသွားသောဖိုးသူတော်ကိုတော့ မတွေ့လိုက်ရပါ။
ဆေးမြစ်ရပြီးနောက် ဆရာကြီးမှ လူနာများကို ကုသပေးရာ အစွမ်းထက်ဆေးမြစ်ဖြစ်ကြောင်း သိ လိုက်ရပါသည်။

-------------------------------

⭐ ဓါး ဂျို စုတ် ဆေးမြစ်နဲ့ စမ်းသပ်ကုသပုံ⭐
ဓါး ဂျို စုတ် ဆေးမြစ် နှင့် ကုသချိန်တွင်
လူနာများ၌ရောဂါရှိပါက ရောဂါဖြစ်နေသောအစိတ်အပိုင်းတွင် နာခြင်း ပူခြင်း ကျဉ်ခြင်းများကို ခံစားရပါသည်။ ရောဂါအနု အရင့်အလိုက် ခံစားမှု့တုံ့ပြန်ချက် ကွာခြားပါသည်။
ဓါး ဂျို စုတ် ဆေးမြစ် ဖြင့် ကုသမှု့ခံယူရင်း ရောဂါဝေဒနာများ သက်သာပျောက်ကင်းသွားပါက
ထိုနာခြင်း ပူခြင်း ကျဉ်ခြင်း ခံစားချက်များကို မတွေ့ရတော့ပါ
ရောဂါအနု အရင့်ပေါ်မူတည်၍ ကုသမှု့အကြိမ်ရေ ကွာခြားနိုင်ပါသည်။
ဓါး ဂျို စုတ် ဆေးမြစ်ဖြင့် ရောဂါများကိုဆွဲထုတ် ကုသနိုင်သကဲ့သို့ ရောဂါရှိ မရှိ(Medical checkup) အနေဖြင့်လည်း ရှာဖွေစမ်းသပ်ပြီး ကုသနိုင်ပါသည်။

-------------------------------
⭐ ဓါး ဂျို စုတ် ဆေးမြစ် နှင့် ကုသနိုင်သောရောဂါများ⭐

✨ကျီးပေါင်းရောဂါအမျိုးမျိုး
✨လေဖြတ်ခြင်း
✨ပါးရွဲ့ခြင်း
✨လက်ကပ်ခြင်း
✨လက္မောင်းအုံကိုက်ခြင်း
✨ဒူးနာ၊ခါးနာခြင်း
✨သွေးဆုံးမီးယပ်ရောဂါ
✨ဇက်ကြောတက်ခြင်း
✨ခေါင်းကိုက်ခြင်း
✨ထိပ်ခတ်နာဖြစ်ခြင်း
✨နှာရည်အမြဲယိုနေခြင်း
✨နှာခေါင်းအနံ့မရခြင်း
✨နှလုံးအားနည်းရောဂါ
✨နှလုံးသွေးကြောကျဉ်းရောဂါ
✨အသည်းအဆီဖုံးရောဂါ
✨အဆစ်အမြစ်ကိုက်ခဲခြင်း
✨ထုံကျဉ်ညောင်းညာကိုက်ခဲခြင်း
✨ခန္ဓာကိုယ်အသားအရေယားယံခြင်း တို့ကို
#ရွှေဖလားတိုင်းရင်းဆေးခန်း၌ ဆရာကြီးဦးဘသိန်း၏သမီး ဆရာမဒေါ်ခင်ပိုပိုသိန်းထံ၌
ဓါး ဂျို စုတ် ဆေးမြစ် နှင့်ကုသမှု့ခံယူနိုင်သလို
တိုင်းရင်းဆေးဆရာ/မ များမှလည်းတိုင်းရင်းဆေးကုထုံးနည်းစနစ်များဖြင့်လည်း စနစ်တကျ ကုသပေးလျက်ရှိပါသည်။

ဆေးခန်းဖွင့်ချိန်⤵️
➡️နံနက် ၈နာရီခွဲ မှ ၁၂နာရီထိ
➡️ညနေ ၂နာရီ မှ ၆နာရီထိ

☎️ 09798906534

🙏မိဘပြည်သူများအားလုံး ကျန်းမာချမ်းသာကြပါစေ🙏

16/06/2022

#ကျီးပေါင်းရောဂါ ဟူသည်
အရိုးတခုနှင့်တခု ကြားတွင်ရှိသော အရိုးအရွတ်လေးများ တဖြည်းဖြည်းနှင့် ပါးလွှာလာပြီး
ထိုအရိုးလေးများပေါ်၌ အရိုးအတတ်သေးသေးလေးများ ထွက်ပေါ်လာသော ရောဂါတစ်မျိုးဖြစ်ပါတယ်။

ကျီးပေါင်းရောဂါ သည် လှုပ်ရှားမှုများသောအဆစ်များ၌ဖြစ်နိုင်ပြီး လည်ဆစ်ရိုး၊ခါးဆစ်ရိုး၊ ဒူးဆစ်နှင့်လက်‌ချောင်းဆစ်တို့၌ ပို၍အတွေ့ရများပါတယ်

#လည်ဆစ်ရိုးကျီးပေါင်းရောဂါ
လည်ဆစ်ရိုးကျီးပေါင်းရောဂါ သည် အသက်အရွယ် မရွေး ဖြစ်ပွားနိုင်တဲ့ ရောဂါတစ်မျိုး ဖြစ်ပြီး
✨အရိုးအဆစ် လှုပ်ရှားမှုများသူများ၊
✨ခေါင်းငုံ့၍အာရုံစူးစိုက်ပြီးအလုပ်လုပ်ရသူများ၊
✨ဦးခေါင်းပေါ်တွင်အလေးအပင်အရွက်များသူများ၊
✨အသက်အရွယ်အားဖြင့်အရိုးပွလာသူများ၊
✨လည်ဆစ်ပိုင်းပြင်းထန်စွာထိခိုက်ဒဏ်ရာရသူများ
မှာ အဖြစ်များပါတယ်

#လည်ဆစ်ရိုးကျီးပေါင်းရောဂါရဲ့လက္ခဏာများ
➡️ ဇက်ကြောတင်းခြင်း၊ တက်ခြင်း။
➡️လည်ပင်းရိုးဆစ် တောင့်တင်းပြီး အနေခက်ခြင်း။
➡️ခေါင်းငုံ့ အာရုံစိုက်ရသည့် အလုပ်ကို ကြာရှည် မလုပ်နိုင်ခြင်း။
➡️ပခုံးနှင့်လက်မောင်းနာကျင်ခြင်း
➡️လက်ပြင်အောင့်ခြင်း
➡️ဦးခေါင်းလှည့်ခြင်း၊ခေါင်းငုံ့ခြင်းတို့ကို အပြည့်အဝ မပြုလုပ်နိုင်ခြင်း
ထိုမှတဆင့် အာရုံကြောကိုဖိမိလာပါက
➡️ခေါင်းချာချာလည်မူးခြင်း၊အန်ခြင်း
➡️လက်မောင်းနှင့် ပခုံးဆစ်များကိုက်ခဲခြင်း၊
လက်မာင်းကပ်ခြင်း၊
လက်ချောင်းများထုံကျဉ်ခြင်း၊

လည်ဆစ်ရိုးကျီးပေါင်းရောဂါကို စတင်ခံစားရပြီဆိုတာနဲ့ 🚫 ရှောင်ကြဉ်ရမည့် အရာတွေကတော့🚫
⭐ခေါင်းငုံ့ပြီး/မော့ပြီး ကြာရှည်စွာအလုပ်လုပ်ခြင်း
(အကယ်၍ မလွှဲမရှောင်သာ၍ လုပ်ရပါကလည်း တစ်နာရီ ကြာလျှင် ၁ဝ မိနစ်ခန့် အနားယူပေးရန် လိုအပ်ပါသည်။)
⭐နိမ့်လွန်း/မြင့်လွန်းသောခေါင်းအုံးဖြင့်အိပ်စက်ခြင်း
⭐ခေါင်းပေါ်တွင် အလေးအပင်ရွက်ခြင်း(အထူးသဖြင့် ၁ဝ ပိဿသာထက်အလေးအပင်ကို ရွက် ခြင်းမှ ရှောင်ကြဉ်ပါ)
⭐ပန်ကာလေ/Air-con လေများကို ဦးခေါင်းတည့်တည့်ခံယူခြင်း
⭐ညနေစောင်းရေချိုးခြင်း၊အေးလွန်းသောရေချိုးခြင်း နှင့်
⭐အကြောတတ်စေတတ်သော အစားအစာများကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။

ကျီးပေါင်းဝေဒနာသက်သာဖို့အတွက် သောက်ဆေးသက်သက်ဖြင့်မရနိုင်ပါ
ကျီးပေါင်းကဘယ်ချိန်မှာသက်သာနိုင်သလဲဆိုရင် အကြောနဲ့ကြွက်သားတင်းမာမူ့ပြေလျော့ချိန်မှာ သက်သာပါမယ်

🚶‍♀️ပုံမှန်လေ့ကျင့်ခန်းလုပ်မယ်
🧍 အနေအထိုင်အပြုအမူတွေကို ဆင်ခြင်မယ်
👩‍⚕️ ဝေဒနာပြင်းထန်ပါက ကျွမ်းကျင်ဆေးပညာရှင်များထံ စနစ်တကျ ကုသမှု့ ခံယူရပါမယ်

#ရွှေဖလားတိုင်းရင်းဆေးခန်း၌ ကျီးပေါင်းရောဂါဝေဒနာရှင်များကို အစွမ်းထက်သော #ဓါးဂျိုစုတ်ဆေးမြစ် နှင့်အတူ တိုင်းရင်းဆေးပညာနည်းစနစ်များဖြင့် စနစ်တကျကုသပေးလျက်ရှိသလို

#ကျီးပေါင်းလိမ်းဆေး
#ကျီးပေါင်း‌ဆေးကြပ်ထုပ်
#ကျီးပေါင်းဆေးကပ်ခွာ... တို့ကိုလည်း အထူးစီမံထုတ်လုပ်ထားပါတယ်

✨ဆေးခန်းဖွင့်ချိန်⤵️
➡️နံနက် ၈နာရီခွဲ မှ ၁၂နာရီထိ
➡️ညနေ ၂နာရီ မှ ၆နာရီထိ

☎️09798906534

🔔ရွှေဖလားတိုင်းရင်းဆေးခန်း Pyin Oo Lwin၌ဆရာကြီးဦးဘသိန်း၏ ဓါး ဂျို စုတ် တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမှ ကျီးပေါင်းလိမ်းဆေး၊...
09/06/2022

🔔ရွှေဖလားတိုင်းရင်းဆေးခန်း Pyin Oo Lwin၌
ဆရာကြီးဦးဘသိန်း၏ ဓါး ဂျို စုတ် တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမှ ကျီးပေါင်းလိမ်းဆေး၊ကျီးပေါင်းဆေးကပ်ခွာနှင့် ဓါး ဂျို စုတ်အမှတ်တံဆိပ်ဆေးအမျိုးမျိုးကို ဝယ်ယူရရှိနိုင်ပြီး....

✨လေဖြတ်ခြင်း
✨ပါးရွဲ့ခြင်း
✨လက်ကပ်ခြင်း
✨လက်မောင်းအုံကိုက်ခြင်း
✨သွေးဆုံးမီးယပ်ရောဂါ
✨ဇက်ကြောတက်ခြင်း
✨ခေါင်းကိုက်ခြင်း
✨ထိပ်ခတ်နာဖြစ်ခြင်း
✨နှာရည်အမြဲယိုနေခြင်း
✨နှာခေါင်းအနံ့မရခြင်း
✨နှလုံးအားနည်းရောဂါ
✨နှလုံးသွေးကြောကျဉ်းရောဂါ
✨အသည်းအဆီဖုံးရောဂါ
✨အဆစ်အမြစ်ကိုက်ခဲခြင်း
✨ထုံကျဉ်ညာင်းညာကိုက်ခဲခြင်း
✨ခန္ဓာကိုယ်အသားအရေယားယံခြင်း
✨ဒူးနာ၊ခါးနာနှင့်
✨⭐ကျီးပေါင်းရောဂါများ⭐✨ကို
အထူးကုသပေးလျက်ရှိပါသည်။

✨ခန္ဓာကိုယ်တွင်းသွေးလှည့်ပတ်မှု့ကိုကောင်းစေသောကြောင့် ရောဂါဝေဒနာရှင်များပြုလုပ်ရန်သင့်လျော်သကဲ့သို့
ကျန်းမာသူများပြုလုပ်ပေးပါက အသားအရေကြည်လင်လှပ၍ ခန္ဓာကိုယ်ပေါ့ပါးလန်းဆန်းခြင်းကိုရရှိစေနိုင်သော ✨ဆေးပေါင်းငွေ့ကုထုံး(သွေဒနကမ္မ)✨ဖြင့်လည်း ကုသပေးလျက်ရှိပါသည်။

✨ဆေးခန်းဖွင့်ချိန်⤵️
➡️နံနက် ၈နာရီခွဲ မှ ၁၂နာရီထိ
➡️ညနေ ၂နာရီ မှ ၆နာရီထိ

☎️ 09-798906534

Address

Next To Mandalay-Lashio Road, Ray Hkyam Aoe(north). Rautkwat Kyee(12). Pyin Oo Lwin
Maymyo
05081

Telephone

+959798906534

Website

Alerts

Be the first to know and let us send you an email when ရွှေဖလားတိုင်းရင်းဆေးခန်း Pyin Oo Lwin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share