18/10/2022
မဂ်လာရှိ သောမနက်ခင်းလေးဖြစ်ပါစေရှင့်...🙏🏻🙏🏻🙏🏻
ဒီနေ့ Dr.Kay မှ လူအများစိတ်ဝင်စားနေကြတဲ့ မျက်ရစ်ခွဲစိတ်မူလေးနဲ့မိတ်ဆက်ပေးပါရစေရှင့်😍
ဆရာမမျက်ရစ်ဖော်ရင်နာလား ဘေးထွက်ဆိုးကြိုးနဲ့အနရယ်များလားလို့စိတ်ပူပင်ပီးမေးတတ်ကြတဲ့မေးခွန်းလေးတွကို?? Dr.Kay မှ ပြန်လည်ဖြေကြားရှင်းလင်းပေးပါ့မယ်ရှင့်👩🏻⚕️👨🏻⚕️
မျက်ရစ်ဖော်ခြင်း ၊ မျက်ကွင်းအဆီထုတ်ခြင်း ကုထုံး
မျက်ရစ်ဖော် ခွဲစိတ်မှူကို ၁၈၉၆ ခုနှစ်မှာ ဂျပန်နိုင်ငံက ခွဲစိတ်ဆရာဝန် Dr. Mikamo က Suture Technique နဲ့ ပထမဆုံးစတင်ပြုလုဎ်ခဲ့ပါသည်။
အဲ့ဒီနောက်ပိုင်း Incision Technique ဆိုပြီး Technique အသစ်ကို ဂျပန်နိုင်ငံက Dr. Maruo က ၁၉၂၉ ခုနှစ်မှာ စတင်ပြုလုဎ်ခဲ့ပါတယ်။
အဲ့ဒီနောက် Multiple suture technique, dots technique နှင့် တခြားနည်းစနစ်တွေကိုပါ စတင်တီထွင် အသုံးပြုလာပါတယ်ရှင့်😍😍
ယနေ့ခောတ်အခါတွင် မျက်ရစ်ဖော်သည့်ကုထုံးသည် အာရှနိုင်ငံတွေမှာ အလွန်ခေတ်စားလာပါပြီဖြစ်ပါသည်။👨🏻⚕️👩🏻⚕️
ဥရောပနဲ့ အမေရီးကားမှာတော့ လူတော်တော်များများဟာ မျက်ရစ်ပါကြတော့ အာရှနိုင်ငံတွေမှာ သုံးတဲ့ Technique တွေထက်စာရင် Skin Removal Technique ဆိုပြီး မျက်ခွံအရေပြား တွဲကျတာကိုပြင်တာ မျိုးကိုပြုလုဎ်ကြပါသည်။
အလားတူ The Clinic De Novo တွင်လည်း မွေးရာပါမျက်ရစ်မရှိသူများ၊ မျက်ရစ်မညီသူများ မျက်ရစ်ဖော်၍ ရနေပါပြီ။ အချိူ့သော အသက်အရွယ်ရသောသူများလည်း မျက်ခွံတွဲကျပြီး မျက်စိအထိဖုံးပြီး မတွဲကျမလာအောင် (Preventive purpose) ဆိုပြီး မျက်ရစ်ဖော်လို့ရနေပါပြီ။
မျက်ရစ်ဖော်နည်းတွေ အများကြီးရှိသည့် အနက် မျက်စိအပိတ်အဖွင့်လုပ်သည့် ကြွက်သားအလွှာ (Levator Aponeurosis) နဲ့ အရေပြားအတွင်းလွှာ (Dermis) ကို အပ်ချည်နဲ့သေချာချည်ခြင်းဖြင့် မျက်ရစ်ဖော်သည့် နည်းလမ်းကို အသုံးပြုမည် ဖြစ်ပါသည်။
ကြာချိန် မိနစ်၃၀ ကနေ ၄၅မိနစ် အထိကြာနိုင်ပြီး ထုံးဆေး (သို့) ထုံဆေး+မေ့ဆေးကို အသုံးပြု ကာကုသပေးမည်ဖြစ်သောကြောင့် ကုသနေချိန်အတွင်း နာကျင်မှုလုံး၀မရှိနိုင်ပါ။
ဘေးထွက်ဆိုးကျိုး ရှိ/မရှိ
မျက်ရစ်ဖော်တာက အသေးစားခွဲစိတ် မှူလေးဖြစ်ပြီး ဘေးထွက်ဆိုးကျိုးလည်းနည်းပါတယ်။ သို့သော်လည်း မည်သည့်ခွဲစိတ်မှူမဆို ဘေးထွက်ဆိုးကျိုး ရှိပါတယ်။👨🏻⚕️👩🏻⚕️
မျက်ရစ်ဖော်ပြီးခါစ ၂၄ နာရီ အတွင်း အနည်းငယ် နာကျင်ကိုက်ခဲတတ်ပါတယ်။ (စိုးရိမ်စရာမရှိပါဘူး) မျက်ရစ်ဖော်ပြီး ၃ ရက် အတွင်း မျက်စိပတ်ဝန်းကျင်မှာ ရောင်နေတတ်ပါတယ်။
တချို့သောသူများတွင် မျက်စိပတ်ဝန်းကျင်တစ်ဝိုက်မှာ အနီရောင်၊ ပန်းရောင် အကွက်များ ပေါ်နေတတ်ပြီး ၁ ပတ် လောက်နေမှအားလုံးပျောက်သွားတတ်ပါတယ်။
တချို့သောသူများတွင် မျက်ရည်များ ခဏခဏ ကျတတ်ပါတယ်။
တချို့သောသူတွေက ကာလတို (၁ ပတ်မှ ၁၀ ရက်ခန့်) အမြင်အာရုံ ဝါးပြီး အားနည်း သလိုခံစားရတတ်ပါတယ်။
ဘယ်ဘက်မျက်ရစ် နှင့် ညာဘက်မျက်ရစ် မညီဖြစ်ခြင်း။
ပိုးဝင်ကာ အမာရွတ် ကျန်ခြင်း (အလွန်ရှားပါသည်)။
ရှောင်ကျဉ်ရန် နှင့် ဆောင်ကျဉ်းရန်
မျက်ရစ်ဖော်ပြီး ၂၄ နာရီးအတွင်း
မျက်ရစ်ဖော်ပြီး ၂၄ နာရီးအတွင်း ၁နာရီ ၁ကြိမ် ရေခဲကပ်ပေးရပါမည်။
၁ ကြိမ်ကပ်ပါက ၁၅ မိနစ်လောက်ကြာအောင်ကပ်ထားရမည်ဖြစ်ပြီး အဲလိုကပ်တဲ့နေရာမှာလဲ ရေခဲထုပ်နဲ့ ချုပ်ရိုးပေါ်သို့ တိုက်ရိုက်လုံး၀မကပ်ရပါ။
( ပိုးသတ်ထားပြီး သန့်ရှင်းသည့်ပတ်တီးအား ချုပ်ရိုးပေါ်တွင်ခံပြီးမှသာ ရေခဲကပ်ရပါမည်။ )
မျက်ရစ်ဖော်ပြီး ၂၄ နာရီအတွင်း ခန္ဒာကိုယ် လှုပ်ရှားမှူအား တတ်နိုင်သမျှ မပြုလုဎ်ရန်နှင့် ထိုင်ခုံ သို့မဟုတ် ကုတင်ပေါ်တွင် အနားယူပေးရပါမည်။
၂၄ နာရီအတွင်း ရေမချိုးရသေးပါဘူး ၂၄ နာရီကျော် လို့ ရေချိုးခဲ့ရင်လည်း မျက်နှာကို ရေကြာကြာမထိပါစေနှင့်။
ချုပ်ရိုးမဖြေခင် (၅) ရက်အတွင်း
(၅)ရက်ပြည့်ရင် ချုပ်ရိုးဖြည်ရပါမည်။ အနာမကျက်ခင် ၅ ရက်အတွင်း ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ ညော်နံ့ရှူ ခြင်း၊ ဖုံ၊သဲ၊ အမှိုက် ဝင်ခြင်းများကို ရှောင်ရှားရပါမယ်။
ချုပ်ရိုးမဖြည်ခင် အပြင်ထွက်ရမည်ဆိုပါက နေကာမျက်မှန် တပ်ပြီးမှ ထွက်ပေးပါ။ အဓိကကတော့ အိပ်ရင် ခေါင်းကို ခပ်မြင့်မြင့်လေးထားအိပ်ပေးပါ။ ခေါင်းအုံး (၂)လုံးလောက်အုံးပြီးအိပ်ပါ။
၅ ရက်အတွင်း မှာ မနက်၁ကြိမ် ည၁ကြိမ် Hydrogen peroxide solution ကို ပေါင်းတင်ထားသော ဂွန်း ဖြင့် စိမ်၍ ချုပ်ရိုးနေရာအား ဆေးကြောပေးခြင်းနှင့် ဆေးကြောပြီးပါကလည်း ချုပ်ရိုးနေရာအား Anti-biotic ointment လိမ်းပေးရပါမည်။
ချုပ်ရိုးဖြေပြီး (၂) ပတ်အတွင်း
ချုပ်ရိုးဖြေပြီး ၂ ပတ်အတွင်း အပြင်ထွက်တိုင်း နေကာမျက်မှန် တပ်သွားပါ ။ မျက်ကပ်မှန် မတပ်ပါနှင့် Eye liner နှင့် Eye make-up များမလိမ်းပါနှင့်...
Dr.Kay Beauty Clinic... (ပြင်ဦးလွင်မြို့.)
Call Center..09784713654.09668528814
☎☎☎09669623108..09974944641
ကိုဆက်သွယ်မေးမြန်း Booking.. ယူထားလို့ရပါတယ်ရှင့်😍😍
ဆေးခန်းဖွင့်ချိန် : နေ့စဉ် မနက် ၈နာရီမှ ည၇နာရီအထိ
တိုးတတ်တဲ့ခေတ်ကြီးမှာ စီးပွားလာဘ်များတိုးလို့ ကပ်ဆိုးကြီးဘေးမှအားလုံးပဲကင်းလွှတ်နိူင်ကြပါစေရှင့်🙏🏻🙏🏻🙏🏻