13/08/2021
🤗 ဝက်ခြံ အကြောင်းအမေးများနေလို့ sharing လုပ်ပေးလိုက်ပီနော်
🤗 နောက်နေ့ ဆောင်ရန် ၊ ရှောင်ရန် လေးတွေ လာမယ်နော် 💌💌💌
All about Acne: အလှဖျက်တဲ့ဝက်ခြံတွေအကြောင်း
Definition☘:
ကျွန်တော်တို့ရဲ့အရေပြားမှာ sebumလို့ခေါ်တဲ့အဆီထုတ်တဲ့ sebaceous glandရှိတယ် အဲ့ sebaceous glandက hair follicleကနေ ထွက်လာတဲ့ hair နဲ့ အရေပြားကို အစိုဓာတ်ပေးဖို့အတွက် sebum/oil ထုတ်တယ် အဲ့sebumနဲ့ dead skin cellsတွေ hair follicleထဲမှာ ပိတ်လို့ဖြစ်လာတဲ့ skin conditionကို ဝက်ခြံလို့ခေါ်ပါတယ်🎯 ဝက်ခြံကိုတနည်းအားဖြင့် acne vulgarisလို့လဲခေါ်ပါတယ်🎯 ဝက်ခြံဟာ များသောအားဖြင့်ဆယ်ကျော်သက်(teenager)တွေမှာ အဖြစ်များပါတယ်👨 အသက်20ကျော်ရင် အလိုလိုသက်သာသွားတတ်ပါတယ်❤ဆယ်ကျော်သက်တွေသာမက အသက်အရွယ်မရွေး ဝက်ခြံပြဿနာကြုံတွေ့ရနိုင်ပါတယ်🍁
Types of Acne☘:
ဝက်ခြံအမျိုးအစား (6)မျိုးရှိပါတယ်🤧
1 Whitehead (အဆီဖု)
2 Blackhead (ဆားဝက်ခြံ)
3 Papule (ပြည်မပါသော ဝက်ခြံအနီဖု)
4 Pustule (ပြည်ဝက်ခြံ )
5 Nodule (ဆင်ဝက်ခြံ)
6 Cyst (ဝက်ခြံအကြိတ်)
ဒီခြောက်မျိုးထဲမှာ Whitehead, blackheadကလွဲပြီး ကျန်လေးမျိုးကို Inflammatory Acne (ရောင်ရမ်းဝက်ခြံ)လို့ခေါ်ပါတယ်🎯 hair follicleထဲမှာ ပိတ်နေတဲ့အဆီတွေ dead skin တွေနဲ့ အရေပြားပေါ်မှာ normally ရှိတဲ့ harmless bacteriaနဲ့ပေါင်းပြီး
Infection, Inflammationဖြစ်တာကို Inflammatory acne (ရောင်ရမ်းဝက်ခြံ) လို့ခေါ်ပါတယ်📌
Causes of Acne☘:
ဝက်ခြံဖြစ်စေတဲ့အကြောင်းအရင်းအမျိုးမျိုးရှိနိုင်ပါတယ်🔍
-အဆီဂလန်းက အဆီတွေပိုထုတ်လို့ ဖြစ်နိုင်တယ်
-Hormone imbalance ကြောင့် ဖြစ်နိုင်တယ်
-မတည့်တဲ့cosmeticတွေသုံးမိလို့ ဖြစ်နိုင်တယ်
-စိတ်ဖိစီးလို့ ဖြစ်နိုင်တယ်
-ကိုယ်စားလိုက်တဲ့ အစားအသောက်ကြောင့် ဖြစ်နိုင်တယ်
-Steroid, lithium စတဲ့ဆေးတွေသောက်နေရလို့လဲ ဖြစ်နိုင်တယ်
-အရေပြားပေါ်မှာ pressure/friction ဖြစ်စေတဲ့အရာတွေ ဝတ်လို့ဖြစ်နိုင်တယ်
-မျိုးရိုးလိုက်လို့လဲ ဖြစ်နိုင်ပါတယ်
Treatment☘:
ဝက်ခြံကုတဲ့နေရာမှာ သောက်ဆေး,လိမ်းဆေး နဲ့ ထိုးဆေးဆိုပြီးရှိပါတယ်🌿
🌿လိမ်းဆေးအနေနဲ့
-Benzoyl peroxide
-Salicylic acid
-Azelaic acid
-Retinoids (vitamin A derivatives)
-Antibiotic (clindamycin) စတာတွေလိမ်းလို့ရပါတယ်
အကုန်လုံးထဲမှာ Retinoids နဲ့ Benzoyl peroxide ကို ဆရာဝန်ညွှန်ကြားမှပဲ သုံးစေချင်ပါတယ်✖ အရမ်းပြင်းပြီး side effects များလို့ပါ🌚
သောက်ဆေးလဲ ထိုနည်း၎င်းပါပဲ ဆရာဝန်မညွှန်ကြားပဲ လျှောက်သောက်လို့ မရပါဘူး✖ သောက်ဆေးအနေနဲ့ Antibiotics, Isotretinoin စတာတွေ သောက်ရလေ့ရှိပါတယ်🤗
အရမ်းရောင်ရမ်းပြီးနာတဲ့ ဝက်ခြံမျိုးဆိုရင် ဆေးခန်းတွေမှာ Steroid injectionလုပ်လို့ရပါတယ်🤓
ဝက်ခြံအကြောင်းကတော့ ဒီလောက်ပါပဲ😘
ဖတ်လို့ အဆင်ပြေရင် like & share လေးလုပ်ပေးပါ🙏
Nyi ဒီနေ့ ရေးတဲ့ topicက ချဲ့ရင်ချဲ့သလောက်ရပေမဲ့ မချဲ့တော့ပါဘူး😃 ပါးစပ်နဲ့ ဘာသုံးဘာသုံးပြောရတာလွယ်ပေမဲ့ ဝက်ခြံကုရတာ တကယ်ခက်ပါတယ် အချိန်ကုန်တယ် ငွေကုန်တယ် စိတ်ဆင်းရဲရတယ် ငါလုပ်နေတာဟုတ်ရောဟုတ်ရဲ့လား ဘယ်အချိန်ပျောက်မှာလဲ ပိုဆိုးသွားမှာလား အဲ့လိုသိုလောသိုလောနဲ့ လပေါင်းများစွာစိတ်ဆင်းရဲမခံပါနဲ့ အရေပြားဆရာဝန်သာသွားပြလိုက်ပါ👨⚕️အချိန်တိုတို အကုန်အကျနဲနဲနဲ့ ဝက်ခြံပျောက်ချင်ရင်ပေါ့✌
That's all for today, bye👋