Royal Specialist Clinic and Pharmacy

Royal  Specialist Clinic and Pharmacy Special health care services provide for our valued patients ever with kindly heart.

ရိုးရိုးမွေးရမလား၊ခွဲမွေးရမလား 🤔ဝေခွဲမရဖြစ်နေတဲ့မေမေတွေအတွက်ဗဟုသုတနဲ့ ရိုးရိုးမွေးခြင်း၊ခွဲမွေးခြင်းရဲ့ ကောင်းခြင်း၊ဆိုး...
06/08/2026

ရိုးရိုးမွေးရမလား၊ခွဲမွေးရမလား 🤔
ဝေခွဲမရဖြစ်နေတဲ့
မေမေတွေအတွက်ဗဟုသုတနဲ့ ရိုးရိုးမွေးခြင်း၊ခွဲမွေးခြင်းရဲ့ ကောင်းခြင်း၊ဆိုးခြင်းလေးတွေ ဖော်ပြထားပါတယ်ရှင်။

၁။ ရိုးရိုးမွေးသင့်တဲ့ မိခင်များ

ကလေးအနေအထား မှန်ကန်သူ: ဗိုက်ထဲက ကလေးရဲ့ခေါင်းက မွေးလမ်းကြောင်းဘက်ကို စိုက်ဆင်းနေပြီး အနေအထား မှန်နေတဲ့ မိခင်များ။
နောက်ဆက်တွဲရောဂါ မရှိသူ: ကိုယ်ဝန်ဆောင်စဉ်အတွင်း သွေးတိုးခြင်း၊ ဆီးချိုတက်ခြင်းနဲ့ တခြားပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာမရှိတဲ့ မိခင်များ။
ကလေးအရွယ်အစား ပုံမှန်ရှိသူ: ကလေးရဲ့ ကိုယ်အလေးချိန်က မိခင်ရဲ့ တင်ပါးဆုံရိုး အကျယ်အဝန်းနဲ့ ချောချောမောမော ထွက်လာနိုင်လောက်တဲ့ အနေအထားရှိသူများ။
အချင်းအနေအထား ပုံမှန်ဖြစ်သူ: အချင်းက မွေးလမ်းကြောင်းကို ပိတ်မနေဘဲ အပေါ်ဘက် ဒါမှမဟုတ် ဘေးဘက်မှာ ကပ်နေတဲ့ မိခင်များ။
အရင်က ရိုးရိုးမွေးဖူးသူ: ယခင်ကိုယ်ဝန်တုန်းက ရိုးရိုးမွေးထားတဲ့ ရာဇဝင်ရှိပြီး အခုတစ်ခေါက်မှာလည်း ဘာပြဿနာမှ မရှိတဲ့ မိခင်များ။

၂။ ခွဲမွေးသင့်တဲ့ မိခင်များ

ကလေးအနေအထား မမှန်သူ: ကလေးက ကန့်လန့်ဖြတ် ဖြစ်နေတာ ဒါမှမဟုတ် ခေါင်းမဟုတ်ဘဲ တင်ပါးဆုံနဲ့ ဆင်းနေတဲ့ အခြေအနေမျိုး။
အချင်းရှေ့ရောက်နေသူ: အချင်းက မွေးလမ်းကြောင်းဝကို အပြည့်အဝ (သို့မဟုတ်) တစ်စိတ်တစ်ပိုင်း ပိတ်ထားတဲ့အတွက် ကလေးထွက်ဖို့ လမ်းမရှိတဲ့ အခြေအနေ။
မိခင်ကျန်းမာရေး စိုးရိမ်ရသူ: မိခင်မှာ သွေးတိုးလွန်ကဲပြီး အတက်ရောဂါ ဖြစ်နိုင်ခြေရှိတာ၊ နှလုံးရောဂါရှိတာ ဒါမှမဟုတ် ကလေးကို ကူးစက်နိုင်တဲ့ ရောဂါပိုးတစ်ခုခု ရှိနေတဲ့ အခြေအနေ။
ကလေးကျန်းမာရေး အရေးပေါ်ဖြစ်သူ: ဗိုက်ထဲမှာ ကလေးနှလုံးခုန်နှုန်း ကျလာတာ၊ ချက်ကြိုးက ကလေးလည်ပင်းမှာ ရစ်နေတာ ဒါမှမဟုတ် ကလေးက အရမ်းကြီးလွန်းနေတဲ့ အခြေအနေ။
မွေးလမ်းကြောင်း ကျဉ်းလွန်းသူ: မိခင်ရဲ့ တင်ပါးဆုံရိုး ဖွဲ့စည်းပုံက ကလေးခေါင်းထွက်ဖို့ အလွန်ကျဉ်းမြောင်းနေတဲ့ အခြေအနေ။
သားအိမ်ခွဲစိတ်ဖူးသူ: အရင်ကလေးကို ခွဲမွေးထားလို့ သားအိမ်ချုပ်ရိုး ပြတ်မှာ စိုးရိမ်ရသူတွေ ဒါမှမဟုတ် သားအိမ်မှာ အလုံးကျိတ်ခွဲစိတ်ဖူးသူများ။

အချုပ်အားဖြင့်ဆိုရရင် ရိုးရိုးမွေးဖို့ ကြိုးစားနေရင်းကနေ အရေးပေါ်အခြေအနေ ပေါ်လာရင်လည်း ခွဲမွေးဖို့ လိုအပ်သွားနိုင်ပါတယ်။ ဒါကြောင့် မိမိပြသနေတဲ့ ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး အကောင်းဆုံးနည်းလမ်းကို ရွေးချယ်ဖို့ လိုအပ်ပါတယ်။

🌸🌸
ရိုးရိုးမွေးခြင်းနဲ့ ခွဲမွေးခြင်းရဲ့ ကောင်းကျိုး၊ ဆိုးကျိုး

၁။ ရိုးရိုးမွေးခြင်း (Normal Delivery)
ကောင်းကျိုးများ

နာလန်ထူတာ မြန်တယ်: မွေးပြီးတာနဲ့ မကြာခင်မှာပဲ လမ်းလျှောက်နိုင်၊ အစာစားနိုင်ပြီး ကလေးကို ကိုယ်တိုင် ပြုစုနိုင်ပါတယ်။
ဆေးရုံတက်ရက် တိုတယ်: နောက်ဆက်တွဲ ပြဿနာမရှိရင် တစ်ရက်၊ နှစ်ရက်အတွင်း အိမ်ပြန်နိုင်ပါတယ်။
ကလေးအတွက် ပိုကောင်းတယ်: မွေးလမ်းကြောင်းကနေ ညှစ်ထွက်လာတဲ့အတွက် ကလေးရဲ့ အဆုတ်ထဲက အရည်တွေ ထွက်သွားပြီး အသက်ရှူစနစ် ပိုကောင်းမွန်စေသလို၊ မိခင်ဆီက အကျိုးပြု ဘက်တီးရီးယားတွေကိုလည်း ရရှိနိုင်ပါတယ်။
နို့ရည် ထွက်လွယ်တယ်: သဘာဝအတိုင်း ဟော်မုန်း အပြောင်းအလဲကြောင့် မိခင်နို့ ပိုမိုမြန်မြန် ထွက်လာတတ်ပါတယ်။

ဆိုးကျိုးများ

နာကျင်မှု ခံစားရခြင်း: မွေးဖွားစဉ်မှာ နာကျင်တဲ့ ဝေဒနာကို နာရီပေါင်းများစွာ ခံစားရနိုင်ပါတယ်။
မွေးလမ်းကြောင်း ထိခိုက်ခြင်း: မွေးလမ်းကြောင်း စုတ်ပြဲတာမျိုး ရှိနိုင်သလို၊ နောက်ပိုင်းမှာ ဆီးမလုံတာ ဒါမှမဟုတ် မိန်းမကိုယ် ကြွက်သား လျော့ရဲတာမျိုး ခေတ္တဖြစ်နိုင်ပါတယ်။
ကြိုတင် ခန့်မှန်းရ ခက်ခြင်း: ဘယ်အချိန်မှာ ဗိုက်နာလာမလဲ၊ ဘယ်နှစ်နာရီ ကြာမလဲဆိုတာ အတိအကျ မသိနိုင်ပါဘူး။

၂။ ခွဲမွေးခြင်း (C-Section)
ကောင်းကျိုးများ

နာကျင်မှု ကင်းဝေးခြင်း: မွေးဖွားနေစဉ်မှာ ထုံဆေး ဒါမှမဟုတ် မေ့ဆေးကြောင့် ဘာနာကျင်မှုကိုမှ မခံစားရဘဲ အေးအေးဆေးဆေး မွေးနိုင်ပါတယ်။
အချိန် အတိအကျ သိရခြင်း: ဆရာဝန်နဲ့ တိုင်ပင်ပြီး မိမိစိတ်ကြိုက် ရက်နဲ့ အချိန်ကို ကြိုတင်သတ်မှတ်နိုင်ပါတယ်။အသက်အန္တရာယ် ကယ်တင်နိုင်ခြင်း: ကလေး အနေအထား မမှန်တာ၊ မိခင် သွေးတိုးတာ စတဲ့ အရေးပေါ် အခြေအနေတွေမှာ အန္တရာယ်ကင်းကင်းနဲ့ ကလေးကို ထုတ်ယူနိုင်ပါတယ်။

ဆိုးကျိုးများ

နာလန်ထူ နှေးခြင်း: ခွဲစိတ်မှု ဖြစ်တဲ့အတွက် ဗိုက်က ချုပ်ရိုးက အတော်နဲ့ မကျက်ဘဲ ရက်သတ္တပတ် အတော်ကြာတဲ့အထိ လှုပ်ရှားရတာ နာကျင်နေနိုင်ပါတယ်။
ခွဲစိတ်မှုဆိုင်ရာ ဘေးထွက်ဆိုးကျိုး: သွေးထွက်လွန်တာ၊ ချုပ်ရိုး ပိုးဝင်တာ ဒါမှမဟုတ် မေ့ဆေးဒဏ်ကြောင့် ခေါင်းကိုက်တာ၊ ပျို့အန်တာမျိုး ဖြစ်နိုင်ပါတယ်။
နောင်ကိုယ်ဝန်အတွက် စိုးရိမ်ရခြင်း: သားအိမ်မှာ အမာရွတ် ရှိသွားတဲ့အတွက် နောက်တစ်ခါ ကိုယ်ဝန်ဆောင်ရင် အချင်းကပ်တာ ဒါမှမဟုတ် သားအိမ်ချုပ်ရိုး ပြတ်မှာကို ပိုသတိထားရပါတယ်။
ကလေးအတွက် အသက်ရှူနှုန်း: ခွဲမွေးတဲ့ ကလေးအချို့မှာ အဆုတ်ထဲက အရည်တွေ သဘာဝအတိုင်း မညှစ်ထုတ်နိုင်ခဲ့လို့ ခေတ္တ အသက်ရှူမြန်တာမျိုး ဖြစ်တတ်ပါတယ်။

မိခင်လောင်းအနေနဲ့ ဘယ်လိုနည်းလမ်းနဲ့ပဲ မွေးဖွားသည်ဖြစ်စေ မိမိနဲ့ ကလေး ဘေးကင်းဖို့က အဓိကဖြစ်တာကြောင့် ဆရာဝန်နဲ့ ပွင့်ပွင့်လင်းလင်း တိုင်ပင်ဆွေးနွေးဖို့ တိုက်တွန်းလိုပါတယ်။

ချစ်ခင်ရ​သော ​မေ​မေတို့အတွက် 🤰🏽🤰🏽🤰🏽

ကားကြီးကွင်းတိုက်တန်း အလယ်လမ်းက ​...
' ​တော်ဝင်​ အထူးကု ​ဆေးခန်း ' 🏥🏥🏥
မှာ သားဖွားမီးယပ် အထူးကုဆရာဝန်ကြီးအပြင်
​ရောဂါအလိုက် အထူးကုဆရာဝန် အမျိုးမျိုးဖြင့် ပြသနိုင်ပါတယ်ရှင်

​တော်ဝင်
သားဖွားမီးယပ်နှင့် အ​ထွေ​ထွေ​ရောဂါအထူးကု​ဆေးခန်း
ကားကြီးကွင်းတိုက်တန်းအလယ်လမ်း
ပြင်ဦးလွင်မြို့

စုံစမ်းရန် 🔉🔉🟢🟢

☎️☎️ 09266447123, 09650375584
Pg cb




#ကိုယ်ဝန်ဆောင်ဗဟုသုတ



#အထူးကု​ဆေးခန်း
#​တော်ဝင်​ဆေးခန်း
#ပြင်ဦးလွင်

ပြင်ဦးလွင်မြို့နယ်တဝိုက်ရှိ ​ချစ်ခင်ရပါ​သော မေ​မေတို့နှင့် အမျိုးသမီးများအားလုံး မင်္ဂလာပါရှင် 🥰🙏🏽🙏🏽🙏🏽🤰🤷‍♀️🤷‍♀️🤷‍♀️🤷‍♀️...
30/07/2026

ပြင်ဦးလွင်မြို့နယ်တဝိုက်ရှိ ​ချစ်ခင်ရပါ​သော မေ​မေတို့နှင့် အမျိုးသမီးများအားလုံး မင်္ဂလာပါရှင် 🥰🙏🏽🙏🏽🙏🏽

🤰🤷‍♀️🤷‍♀️🤷‍♀️🤷‍♀️ ကိုယ်ဝန်ဆောင်ကြတော့မယ်ဆိုရင် အရင်ဆုံးစိတ်ပူမိကြတာက

👉 ဘယ်လို သားဖွားမီးယပ်အထူးကုဆရာဝန်နှင့် စနစ်တကျတိုင်ပင်ပြသရမလဲဆိုတာ…

👉 ကိုယ်ဝန်ဆောင်လို့ရနိုင်ပါ့မလား ဆိုတာ…
👉ကိုယ်ဝန်ဆောင်နေစဉ်မှာ မိခင်ကျန်းမာရေးနဲ့ ကလေးကျန်းမာရေးတွေဟာ အဆင်ပြေပါ့မလားဆိုတာ…

🔴ကားကြီးကွင်းတိုက်ခန်း (အလယ်လမ်း) ရှိ
တော်ဝင် ဆေးခန်းမှာ 🙂🙂🙂🙂
🍁ကိုယ်ဝန်မဆောင်ခင်မှစပြီး ကိုယ်ဝန်ဆောင်ကာလတလျောက်ရော....
🍁မွေးဖွားပြီးချိန်ထိစိတ်ချမ်းသာစွာနဲ့ ကျန်းကျန်းမာမာနေနိုင်ဖို့အတွက် တွေးပူနေစရာမလိုအောင် သားဖွားမီးယပ်အထူးကုဆရာဝန်ကြီးဖြင့် စနစ်တကျ တိုင်ပင်ဆွေးနွေးပြသနိုင်ပါပြီ…

✅ ​မေ​မေတို့အတွက်တင်သာမက
👨‍👩‍👧‍👦👨‍👩‍👧‍👦 မိသားစုအားလုံးကျန်းမာ​ရေးအတွက် 👉🏽👉🏽👉🏽🏥🏥🏥

💚 အ​ထွေ​ထွေ​ရောဂါအထူးကုဆရာဝန်

💚 နှလုံး​ရောဂါအထူးကုဆရာဝန်

💚 ဆီးချို ​သွေးတိုး ​အထူးကုဆရာဝန်

💚 ခွဲစိတ်အထူးကုဆရာဝန်

💚 က​လေးအထူးကုဆရာဝန်

💚 ကင်ဆာ​ရောဂါအထူးကုဆရာဝန်

💚 အရိုးအ​ကြော အထူးကုဆရာဝန်

💚 နား၊နှာ​ခေါင်း၊လည်​ချောင်းအထူးကုဆရာဝန်

💚 အာထွာ​စောင်းရိုက်ကူးခြင်း

💚 ECG ဆွဲ​ပေးခြင်း

💚 ကိုယ်ဝန်​ဆောင်သားဆက်ခြားနည်းအမျိုးမျိုး​ဆောင်ရွက်​ပေးခြင်း
( လက်​မောင်းပိုက်ထည့်ခြင်း၊ သားအိမ်တွင်းပစ္စည်းထည့်ခြင်း ၊ ​ဆေးထိုးခြင်း) 👍👍👍

💚 သားအိမ်​ခေါင်းကင်ဆာကာကွယ်​ဆေးထိုးနှံနိုင်ခြင်း

💚 ကာကွယ်​ဆေးမျိုးစုံ ထိုးနှံနိုင်ခြင်း

💚 ​သွေးစစ်၊ ဆီးစစ် ​ရောဂါဓါတ်ခွဲရှာ​ဖွေ​ပေးခြင်း

🟢 နိုင်ငံခြားသွား ကိစ္စရပ်များအတွက် ​ဆေးစစ်​ပေးခြင်း

စသည့် ကျန်းမာ​ရေး​စောင့်​ရှောက်မှုမျိုးစုံ အတွက် သင့်တင့်ချိုသာ​သော နှုန်းထား ၊ ကျွမ်းကျင်​သောကျန်းမာ​ရေး ဆရာဝန် သူနာပြုတို့ဖြင့်လာ​ရောက်ကုသပြသနိုင်ပါပီရှင်

တော်ဝင် ဆေးခန်း
📞09266447123, 09650375584
Page CB

📍ကားကြီးကွင်းတိုက်တန်းအလယ်လမ်း၊ ပြင်ဦးလွင်မြို့
Open hours - မနက် ၈ - ည ၈နာရီ

ဝမ်းပျက်ဝမ်းလျှောရောဂါ (Diarrhea) ဆိုသည်မှာ ပုံမှန်ထက် ပိုမို၍ ဝမ်းအရည်များ သွားခြင်း သို့မဟုတ် တစ်နေ့လျှင် ၃ ကြိမ်နှင့်...
05/06/2026

ဝမ်းပျက်ဝမ်းလျှောရောဂါ (Diarrhea) ဆိုသည်မှာ ပုံမှန်ထက် ပိုမို၍ ဝမ်းအရည်များ သွားခြင်း သို့မဟုတ် တစ်နေ့လျှင် ၃ ကြိမ်နှင့်အထက် ဝမ်းသွားခြင်းကို ဆိုလိုပါသည်။ ယခုကဲ့သို့ ရာသီဥတု ပူပြင်းသည့်အချိန်များတွင် အဖြစ်များလေ့ရှိသော ရောဂါတစ်ခု ဖြစ်ပါသည်။

​ဝမ်းပျက်ဝမ်းလျှောခြင်းနှင့် ပတ်သက်၍ သိထားသင့်သော အချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

​၁။ ဖြစ်ပွားရခြင်း အကြောင်းရင်းများ ❣❣❣
• ​ပိုးမွှားများ: မသန့်ရှင်းသော အစားအစာနှင့် ရေမှတစ်ဆင့် ဗိုင်းရပ်စ် (Virus)၊ ဘက်တီးရီးယား (Bacteria) နှင့် ကပ်ပါးပိုးများ ခန္ဓာကိုယ်အတွင်း ဝင်ရောက်ခြင်း။
• ​အစားအစာ: မသန့်ရှင်းသော လမ်းဘေးစာများ၊ ယင်နားစာများ သို့မဟုတ် မကျက်တကျက် ချက်ပြုတ်ထားသော အစားအစာများကို စားမိခြင်း။
• ​တစ်ကိုယ်ရေသန့်ရှင်းမှု: အစာမစားမီနှင့် အိမ်သာတက်ပြီးနောက် လက်ကို စင်ကြယ်စွာ ဆေးကြောမှု အားနည်းခြင်း။

​၂။ ရောဂါလက္ခဏာများ
• ​ဗိုက်ရစ်၍ နာခြင်း။
• ​ဝမ်းအရည်များ သွားခြင်း။
• ​ပျို့အန်ခြင်း၊ နုံးခွေခြင်း။
• ​အချို့သောအခြေအနေများတွင် ဖျားခြင်း သို့မဟုတ် ဝမ်းတွင်းသွေးပါခြင်း။

​၃။ ကာကွယ်ရန် နည်းလမ်းများ
• ​သန့်ရှင်းသောရေ: ရေကို ကျိုချက်သောက်ခြင်း သို့မဟုတ် သန့်ရှင်းသော သောက်ရေသန့်ကိုသာ သောက်သုံးခြင်း။
• ​လက်ဆေးခြင်း: ဆပ်ပြာဖြင့် လက်ကို စနစ်တကျ မကြာခဏ ဆေးကြောခြင်း။
• ​အစားအစာ သန့်ရှင်းမှု: အစားအစာများကို ယင်မနားအောင် ဖုံးအုပ်ထားခြင်းနှင့် ပူပူနွေးနွေး ချက်ပြုတ်စားသောက်ခြင်း။
• ​ကာကွယ်ဆေး: ကလေးငယ်များအတွက် ရိုတာဗိုင်းရပ်စ် (Rotavirus) ကာကွယ်ဆေး ကဲ့သို့သော လိုအပ်သည့် ကာကွယ်ဆေးများကို ကြိုတင်ထိုးနှံထားခြင်း။

​၄။ ကုသမှုနှင့် ဂရုစိုက်မှု
• ​ဓာတ်ဆားရည်: ဝမ်းသွားသည့်အခါ ခန္ဓာကိုယ်မှ ရေဓာတ်နှင့် ဆားဓာတ်များ ဆုံးရှုံးသွားတတ်သဖြင့် ဓာတ်ဆားရည် (ORS) ကို မကြာခဏ ပြန်လည်ဖြည့်တင်းပေးရန် အလွန်အရေးကြီးသည်။
• ​အာဟာရ: ကြေညက်လွယ်သော အစားအစာများ (ဥပမာ- ဆန်ပြုတ်) ကို ကျွေးပေးပါ။
• ​သတိပြုရန်: အကယ်၍ ဝမ်းသွားသည့်အကြိမ် အရမ်းများခြင်း၊ သွေးပါခြင်း၊ လုံးဝမစားနိုင်ဘဲ အန်နေခြင်း သို့မဟုတ် မှိန်းနေခြင်း စသည့် လက္ခဏာများ ပြပါက နီးစပ်ရာ ဆေးခန်း သို့မဟုတ် ဆေးရုံသို့ အမြန်ဆုံး သွားရောက်ပြသသင့်ပါသည်။

လူကြီးမင်းနှင့် လူကြီးမင်း၏ မိသားစု ကျန်းမာရေးအတွက် အမြဲအသင့်ရှိနေမှာပါ။

​"တော်ဝင်"
သားဖွားမီးယပ်နှင့်အ​​​ထွေ​ထွေ​ရောဂါအထူးကုဆေးခန်း
ကားကြီးကွင်းအလယ်လမ်း၊ ပြင်ဦးလွင်မြို့။✅✅✅

☎️ 09266447123

#​​တော်ဝင်
#ကားကြီးကွင်း

#က​လေးမီးဖွား
#အထူးကု​ဆေးခန်း
#ပြင်ဦးလွင်
#အထူးကု

30/05/2026
'နယုန်လပြည့် မဟာသမယနေ့' *********************     နယုန်လပြည့်နေ့ကို ဗုဒ္ဓသာသနာဝင်တို့ရဲ့ အထွတ်အမြတ်ထားရာ နေ့လေးတစ်နေ့ ဖြ...
30/05/2026

'နယုန်လပြည့် မဟာသမယနေ့'
*********************
နယုန်လပြည့်နေ့ကို ဗုဒ္ဓသာသနာဝင်တို့ရဲ့
အထွတ်အမြတ်ထားရာ နေ့လေးတစ်နေ့ ဖြစ်ပါ
သည်။

နယုန်လပြည့်နေ့ကို 'မဟာသမယနေ့
(သို့) မြတ်သော အခါတော်နေ့(သို့) ငြိမ်းချမ်း
ရေးနေ့'ဟုလည်း ခေါ်တွင်ကြပါတယ်။

ဘုရားရှင်လက်ထက် လယ်သမားတို့
အဓိက အားထားရတဲ့ ရောဟိနီမြစ်ရေဟာ
မိုးခေါင်ပြီး ရေခမ်းလာတဲ့အတွက် နှစ်ပြည်
ထောင်တို့ အဝေမတည့် ဖြစ်ခဲ့ကြပါတယ်။

ဒီရေကို သက္ကတတိုင်းကလည်း "ငါ့တိုင်း
ပြည်ကပိုင်တယ်"၊ ကောလိယတိုင်းကလည်း
"ဒီရေကို ငါ့တိုင်းပြည်ကသာပိုင်တယ်"လို့
ငြင်းရင်း ပဋိပက္ခဖြစ်ကြရာမှ ပြည်ထောင်
နှစ်ခုကြား စစ်ချီသည် အထိပါ ဖြစ်ခဲ့ကြတယ်။

ဘုရားရှင် ဝါတော် (၄)ဝါ အရောက်
သက္ကတတိုင်း၊ ကပ္ပိလဝတ်ပြည် နိဂြောဓာရုံ
ကျောင်းတွင် သီတင်းသုံးတော်မူနေစဉ်
ထိုအကြောင်းကို သိတော်မူခဲ့သည်။

နှစ်ပြည်ထောင်တို့ ကမ်းတစ်ဖက်စီ၌ စစ်ဖြစ်
ခါနီးတွင် ဘုရားရှင် ကြွရောက်လာကာ ရောဟ်ိနီ
မြစ်ရဲ့ကောင်းကင်တွင် ထက်ဝယ်ဖွဲ့ခွေ၍ စစ်ဖြစ်
ရတော့မည့်အကြောင်းကိုမေးရာ

'မြစ်ရေကြောင့်'
ဟု ဖြေကြသောကြောင့် မြတ်စွာဘုရားရှင်က
"ရေ ထက် လူ့အသက်သည် ပိုအရေးကြီးကြောင်း၊

မိမိတို့သည် ဆွေမျိုးများဖြစ်ကျသည့်အတွက်
စစ်မက်ဖြစ်ပွားရန် လိုကြခြင်းသည် မသင့်မြတ်
ကြောင်း" ဆုံးမ၍ ဇာတ်တော် (၅)ဇာတ်နှင့် သုတ်
တော် (၁)သုတ်တို့ကို ဟောကြားတော်မူလေသည်။

၁။ စည်းလုံးကျစေရန် 'ရုက္ခဓမ္မဇာတ်တော်'၊
၂။ အချင်းချင်း ငြင်းခုန် ကွဲပြားမှု မရှိစေရန်
'၀ဋ္ဋကဇာတ်တော်'၊
၃။ ရန်သူကို အထင်မသေးမိစေရန် 'လဋုကိက
ဇာတ်တော်'၊
၄။ ကိစ္စသေးသေးကို အကျယ်ချဲ့ အငြင်းမပွား
ကျစေရန် 'ပထဝီဥန္ဒြိယဇာတ်တော်'၊
၅။ ရန်ငြိုး မဖွဲ့ကျစေရန် 'ဖန္ဒနဇာတ်တော်'၊
၆။ ညီညွတ်ကြစေရန် 'အတ္တဒဏ္ဍသုတ်တော်'။

အဲဒီလို သုတ္တန်(တစ်ခု)နှင့် ဇာတ်တော် (ငါးခု)
တို့ကို မိမိ၏ ဆွေမျိုးများအား ကောင်းကင်ကနေ
ဟောကြားတော်မူခဲ့ပါတယ်။

ထိုသို့ တရားဟောလိုက်သောအခါ အသိ
အမြင်အမှန်များရသွားကြကာ တစ်ဖက်စီမှ
(၂၅၀)သော နှစ်ပြည်ထောင်စစ်သည် (၅၀၀)
တို့လည်း ဘုရားရှင်ရဲ့သာသနာ့ဘောင်သို့ဝင်ကာ ရဟန်းပြုခဲ့ကြပါသည်။

မြတ်စွာဘုရားသည် ကပ္ပိလဝတ်တိုင်းအနီးရှိ
ဟိမဝန္တာတောင်ခြေ မဟာဝန (ခေါ်) ထူနက်သည့်တောကြီးတွင် ကမဋ္ဌာန်းတရား ပေးခဲ့ပါသည်။

သို့ရာတွင် ရဟန်းတော်များ၏ လောကီအိမ်တွင်
ကျန်ရှိခဲ့သော ဇနီးမယားဟောင်းများက လာ
ရောက်ဖြားယောင်းကြသည့်အတွက် ရဟန်းဘဝ
ကို ငြီးငွေ့လာကြပါတယ်။

မြတ်စွာဘုရားသည်
လည်း သားတော်တို့၏စိတ်ကို သိမြင်တော်မူ
သည့်အတွက် ကုဏာလအိုင်သို့ခေါ်ကာ ကာမ
၏ အပြစ်ကိုဖော်ပြသော မဟာကုဏာလဇာတ်
တော်ကြီးကို ဟောကြားတော်မူခဲ့ပါတယ်။

ဇာတ်တော်အဆုံးတွင် ရဟန်း (၅၀၀)တို့သည်
သောတပတ္တိမဂ်ဖိုလ်သို့ ဆိုက်ရောက်ကြပါသည်။

ထို့နောက် နယုန်လပြည့်နေ့တွင် ရဟန်း(၅၀၀)တို့
သည် ရဟန္တာများဖြစ်ကြသဖြင့် မြတ်စွာဘုရားထံ
သို့ ကြွရောက်ကြရာ စကြာဝဠာအပေါင်းမှ နတ်
ဗြဟ္မာတို့သည်လည်း မဖိတ်ကြားဘဲ မြတ်စွာဘုရား
ထံ ရောက်လာကြသည်။

ကြွရာက်လာကြသူ များ
လှ၍ နေရာမလောက်သောကြောင့် တန်ခိုးကြီး
သောနတ်များသည် သေးငယ်အောင်ဖန်ဆင်းကာ
ပင် နေကြရသည်။ မြတ်စွာဘုရားရှင်က မဟာ
သမယသုတ်ကို နတ်, ဗြဟ္မာတို့၏ စရိုက်အလိုက်

၁။ ရာဂစရိုက်ရှိသော နတ်, ဗြဟ္မာတို့အတွက်
'သမ္မာပရိဗ္ဗာဇနိယသုတ်'၊
၂။ ဒေါသစရိုက်ရှိသော နတ်, ဗြဟ္မာတို့အတွက်
'ကလဟဝိဝါဒသုတွ'၊
၃။ မောဟစရိုက်ရှိသော နတ်, ဗြဟ္မာတို့အတွက်
'မဟာဗျူဟာသုတ်'၊
၄။ ဝိတတ်စရိုက်ရှိသော နတ်, ဗြဟ္မာတို့အတွက်
'စူဠဗျူဟာသုတ်'၊
၅။ သဒ္ဓါစရိုက်ရှိသော နတ်, ဗြဟ္မာတို့အတွက်
'တုဝဋ္ဋသုတ်'၊
၆။ ပညာစရိုက်ရှိသော နတ်, ဗြဟ္မာတို့အတွက်
'ပုရာဘေဒသုတ်'ဟူ၍ သုတ်ပေါင်း (၆)သုတ်
တို့ကို တစ်နေ့တည်း ဟောတော်မူခဲ့ပါတယ်။

ကုဋေပေါင်းများစွာသော နတ်, ဗြဟ္မာတို့သည်
လည်း သစ္စာလေးပါး တရားသိမြင်၍ ကျွတ်တန်း
ဝင်ကာ အရိယာများ ဖြစ်သွားကြပါတယ်။

ရေလုပွဲတိုက်ခိုက်ကြသော နှစ်ပြည်ထောင်
သားတို့ ဘေးရန်မှကင်းဝေးခြင်း၊ ကပ္ပိလ၀တ်နှင့်
ကောလိယ နှစ်ပြည်ထောင် ငြိမ်းချမ်းရေးရသည့်
နေ့ ဖြစ်ခြင်း၊ ရဟန်း (၅၀၀)လုံး ရဟန္တာ ဖြစ်တော်
မူသည့်နေ့ ဖြစ်ခြင်း၊ နတ်, ဗြဟ္မာ၊ အသူရာ၊ ဂဠုန်၊

နဂါး၊ ရဟန်းအပေါင်းတို့ စုရုံးမိသောနေ့ ဖြစ်ခြင်း၊

မဟာသမယကိုအကြောင်းပြု၍ ဂဠုန်၊ နဂါး
မေတ္တာသက်ဝင်သောနေ့ ဖြစ်ခြင်း၊ မဟာသမယ
ဆိုင်ရာ သုတ္တန် (ခုနှစ်)မျိုးကို ဟောတော်မူခြင်း၊
စသည့်များဖြင့် ထူးခြားသည့် နေ့လေးတစ်နေ့
ဖြစ်ပါသည်။

ဤသို့အားဖြင့်် "ဗုဒ္ဓသာသနာတော်သမိုင်းမှာ အထင်ကရနေ့ တစ်နေ့လည်းဖြစ်တဲ့ ထူးခြားတဲ့
နယုန်လပြည့်နေ့ (မဟာသမယနေ့)ကို အရင်း
တည်၍ မဟာသမယနေ့ ဖြစ်ပေါ်စဉ်က အကြောင်း
အရာတွေကို သံဝေဂယူ၊ ဘုရားရှင်ရဲ့ အဆုံးအမ
များကို လိုက်နာ နာယူကာ

ဝိပဿနာတရား ကျင့်
ကြံ၍ မဂ်၊ ဖိုလ် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြပါ
စေ"လို့ ဆုတောင်းမေတ္တာပို့သပေးလိုက်ပါတယ်။

၀ိစာရ (ကွေ့မ)
ဒက္ခိဏာရာမကျောင်းတိုက်

ကုသိုလ်မျှ​ဝေ​သောမေတ္တာဖြင့်

​တော်ဝင်​
သားဖွားမီးယပ်နှင့်အ​ထွေ​ထွေ​ရောဂါအထူးကုဆေးခန်း
ကားကြီးကွင်းတိုက်တန်း အလယ်လမ်း
Ph: 09266447123

ဗိုက်ကြီးက ပူတင်းနေပြီး ဗိုက်ပေါ်မှာ အကြောတွေ အပြိုင်းပြိုင်းမြင်နေရတယ်။ ခြေထောက် နှစ်ဖက်လုံးကလည်း ဖောယောင်နေတယ်။ ရုပ်ရည...
30/04/2026

ဗိုက်ကြီးက ပူတင်းနေပြီး ဗိုက်ပေါ်မှာ အကြောတွေ အပြိုင်းပြိုင်းမြင်နေရတယ်။ ခြေထောက် နှစ်ဖက်လုံးကလည်း ဖောယောင်နေတယ်။ ရုပ်ရည်ပြေပြေပြစ်ပြစ် ဖြူဖြူ သွယ်သွယ်နဲ့ လူနာက အသက် ၄၀ ကျော်လောက်ပဲ ရှိသေးတယ်။ အသည်းရောင် ဘီပိုး စီပိုးလည်း တစ်ခုမှ မရှိဘူး။ အရက်လည်း မသောက်ဘူး။ ဒီလိုလူနာက ရှားတော့ရှားတယ်။

ရောဂါရာဇဝင်ကို သေသေချာချာ စေ့ငုကြည့်လိုက်တော့ သူဖြစ်ရတဲ့ အကြောင်းက ရင်နာစရာကောင်းတယ်။ လွန်ခဲ့တဲ့ (၁) နှစ်လောက်က ဗိုက်အောင့်လို့ ဆေးရုံတက်ရတယ်။မြောင်းမြဆေးရုံမှာ အာထရာဆောင်း ရိုက်တော့ ကျောက်ကပ်ကင်ဆာလို့ ယူဆရတဲ့ အကျိတ်တစ်လုံးတွေ့တယ်။ ဒါနဲ့ ရန်ကုန်ကို လွှဲလို့ ရန်ကုန်ဆေးရုံကြီးမှာ ဆက်ပြရတယ်။ အဲဒီက တဆင့် ခုတင် ၅၀၀ ကျောက်ကပ် ခွဲစိတ်ဌာနကို ရောက်တယ်။ လိုအပ်တာတွေ စစ်ပြီး၊ ကွန်ပျူတာဓာတ်မှန် ရိုက်ရတယ်။ အဲဒီမှာလည်း ကျောက်ကပ် ကင်ဆာပဲ ထွက်တယ်။ ဖြစ်နေတဲ့ ကင်ဆာ အကျိတ်က သွေးကြောကြီး တစ်ခုနဲ့ နီးနေလို့ ခွဲစိတ် ဖယ်ထုတ်ဖို့ မဖြစ်နိုင်ဘူးလို့ ပြောလိုက်တယ်လို့ ဆိုတယ်။

ထိထိရောက်ရောက် ကုသစရာ နည်းလမ်းမရှိတော့ဘူးလို့ သိတော့ လင်မယားနှစ်ယောက် ဝမ်းပမ်းတနည်းနဲ့ ပြန်လာခဲ့ရတယ်။ အဲ့အချိန်မှာ ရှိတာလည်း တော်တော်ကုန်နေပြီလို့ ပြောရမယ်ထင်တယ်။ အနောက်တိုင်းနည်းနဲ့ ကုလို့ မရတော့ဘူးလို့ နားလည်လိုက်တော့ သူများ ပြောတဲ့ ဆေးမြီးတိုတစ်ခုနောက် လိုက်ခဲ့တယ်။ ပေါင်းရည်လို့ပြောတဲ့ အဲဒီဆေးအရည်ကို မှာပြီး တစ်ခါ သောက်ရင် ရေနွေးပန်းကန်လုံး တစ်လုံးစာ တစ်နေ့ကို (၃) ကြိမ်သောက်ခဲ့တယ်။ ဆေးက မှာရခက်လို့ ရတစ်ချက် မရတစ်ချက်နဲ့ ခြောက်လလောက် သောက်ခဲ့တယ်။

ဆေး ခြောက်လ သောက်ပြီးတဲ့ အချိန်မှာ ကျောက်ကပ်နဲ့ ပတ်သက်လို့ ပိုဆိုးမလာပေမယ့် ဗိုက်ကလေးတွေ တင်းလာတာ၊ မျက်လုံးနဲ့ ဆီးတွေ ဝါလာတာ သတိထားမိလာတယ်။ ရွာမှာ ဆေးထိုးဆေးသောက် လုပ်နေပြီး သိပ် မသက်သာလို့ မြို့မှာ လာပြတယ်။ အသည်းခြောက်ရေဖျင်းက အတော်လေး ဆိုးနေတာ တွေ့ရတယ်။ လောလောဆယ် ဗိုက်တင်းတာ၊ ခြေထောက်ဃောင်တာလေးတွေ သက်သာအောင်၊ ဆေးမြီးတိုကြောင့် ဒဏ်ကြီးကြီးဖြစ်ထားတဲ့ အသည်းကို သက်သာအောင် အရင်ဆေးလေးတွေ ပေးထားရတယ်။ ဖောတာလေးတွေ ကျပြီး အစားတော့ နည်းနည်းဝင်လာတယ်။ အဝါဓာတ်တွေလည်း လျော့လာတယ်။ လူရော ငွေရော တတ်နိုင်ရင် ရန်ကုန်မှာ အသည်းအထူးကုနဲ့ ပြန်ပြဖို့ ပြောထားတယ်။

ဆေးမြီးတို သောက်ရကောင်းလာလို့ သူ့ကို အပြစ်တင်ဖို့ ခက်တယ်။ ကင်ဆာ ရောဂါဖြစ်နေပြီး အဲရောဂါကို ကုသဖို့ အဆင်မပြေဘူးလို့ သိလိုက်ရတဲ့ အချိန်မှာ သူ့မှာ ရွေးချယ်စရာက နည်းသွားတယ်။ အဲလိုနဲ့ ကောက်ရိုးတမျှင်ဆိုပြီး ဆွဲကြတာပဲ။ ကောက်ရိုးက ကိုယ့်ကို မကယ်နိုင်ပေမယ့် အန္တရာယ်တော့ မရှိဘူး။ ဒါပေမယ့် ဆေးမြီးတိုတွေက တခါတလေ မြွေဆိုးနဲ့တူတယ်။ သူတို့ကြောင့် မြန်မြန် အသက်ကုန်ရတာတွေ မနည်းမနောပါပဲ။

နောက်တစ်ယောက်ကတော့ အရက်သမား။ ထုံးစံအတိုင်း အရက်အလွန်အကျွံသောက်လို့ အသည်းရောင်တယ်။ အန်တယ်။ ဗိုက်အောင့်တယ်။အိပ်မရဘူး။ ဟိုဟာကြား ဒီဟာကြား ဟိုမြင် ဒီမြင်တွေ ဖြစ်တယ်။ ဆေးခန်းမှာ လာပြတော့ လိုအပ်တဲ့ ဆေးတွေ ပေးလိုက်တယ်။ အာဟာရပြည့်အောင်စားဖို့ မှာလိုက်တယ်။ အသည်းနည်းနည်းရောင်နေတဲ့ လက္ခဏာရှိတယ်လို့ ပြောလိုက်တယ်။

နောက် ၂ လ လောက်ကြာမှ အဲ့လူနာ ပြန်ရောက်လာတယ်။ ဗိုက်ကြီးပူလို့။ အကြောတွေ အပြိုင်းပြိုင်းပေါ်လို့။ ခြေထောက်တွေ ဖောယောင်လို့။ လူတွဲပြီး မနည်း လျှောက်လာရတယ်။ ဘယ်လို ဖြစ်သွားတာလဲ။ ကြားမှာ အရက်တွေ တအားဆက်သောက် နေတာလားဆိုတော့ မဟုတ်ပါဘူး.. ဆရာနဲ့ ပြပြီးထဲက အရက် လုံးဝမသောက်တော့ဘူးတဲ့။ ကိုယ်က သိပ်မယုံချင်ဘူး။ မဖြစ်နိုင်ပါဘူး။ ဟိုတစ်ခေါက်က (၂) လပဲ ရှိသေးတာ.. ဒီလိုမှ မဟုတ်တာ ခဏလေးနဲ့ ဘာလို့ အဲလောက် ဖြစ်သွားလဲ မေးရတယ်။

ဗမာဆေးတွေ သောက်လား.. ဆေးမြီးတိုတွေ သောက်လား၊ အကိုက်အခဲပျောက်ဆေးတွေ သောက်လား ..? မေးတိုင်း မသောက်ဘူး ချည်းပဲ ပြောတယ်။ အဲတော့မှ ဆင်နှာမောင်းတွေ၊ လောက်သေရွက်တွေ၊ သခွတ်ခေါက်တွေ သောက်လားလို့ တစ်ခုချင်း မေးတော့ သူ့မိန်းမက မသောက်ပါဘူး လို့ ပြောတယ်။ အဲတော့မှာ ယောကျ်ားက နင်မလိမ်နဲ့လေ ကျန်းမာရေးကို အမှန်ပြောမှ ဆရာက ကုတတ်မှာပေါ့။ သောက်တယ် ဆရာ သူကျနော့ကို သခွတ်ခေါက်တွေ သွေးပြီး တိုက်တယ်။

အင်း အဲဒါကြောင့် ဖြစ်မယ် ထင်တယ် နောက်ရော ဘာတွေ တိုက်သေးလဲဆိုတော့ မိန်းမက အဲဒါပါပဲ နောက် မတိုက်ပါဘူးတဲ့။ ယောကျ်ားက ဘာမတိုက်ဘူးလဲ လဲလူမြစ်လဲ တိုက်တယ်လေ.. ပြီးတော့ ဆရာ ဆူးတွေနဲ့ အပင်လေ .. ထိခရုံးဆူးပေါက်လား ဆိုတော့ ဟုတ်တယ် ဟုတ်တယ် .. အဲ့ဒါလည်း ပြုတ်တိုက်တယ်.. သူကျနော့်ကို သေအောင်လုပ်နေတာ ဆရာ.. နင်ပဲ ကောင်းအောင်ဆို .. ဒီမှာကြည့်ဦး နင်တိုက်တာတွေ နေ့တိုင်း သောက်ပြီး ငါ့ဗိုက်ကြီး ပူလာတာ လို့ ပြောတော့ သူ့မိန်းမှာ ဟီးဟီး ဟီးဟီး ဆိုပြီး ဟက်ဟက်ပက်ပက်ရယ်တယ်။

ပြီးခဲ့တဲ့ ၂ ရက်လောက်ကတော့ ဆေးရုံတင်ထားရတယ်လို့ သူမိန်းမ လာပြောလို့ သိရတယ်။ သူ့ဟာသူ အရက်ဆက်သောက်နေရင်တော့ ဒီလောက်အချိန်နဲ့ အသည်းက ဒီလောက် အခြေအနေ ဖြစ်ချင်မှ ဖြစ်ဦးမယ်။ ဆေးမြီးတို သောက်ခါမှ အသည်းခြောက် ရေဖျင်းနဲ့ ဗိုက်ကြီးကယ်ပြီး နေမရ ထိုင်မရ ဖြစ်ရတယ်။ ကောက်ရိုးတမျှင်ဆိုပြီး မြွေမြီးကို ဆွဲမိတဲ့ နောက် တစ်ယောက်ပေါ့။

စီပိုးဆေး စသောက်မယ့် အန်တီတစ်ယောက်ကတော့ စောစောစီးစီးကိုယ်က လက်ဦးသွားလို့ တော်သွားတယ်။ကိုယ့်ဆီမှာ ဆီးချို ပုံမှန်ပြနေတာ အသည်းရောင် စီပိုးရှိလို့ ဆက်ကုဖို့ အသည်းဆရာဝန်ဆီ လွှတ်လိုက်တာ။ သွေးစစ်တော့ အသည်း အင်ဇိုင်းတွေက မိုးထိုးအောင် တက်နေလို့။ ဆေးမြီးတို ဘာသောက်လဲ ဆိုတော့ ဘာမှ မသောက်ပါဘူး ဆိုပြီး အတင်းငြင်းတာ။

ကိုယ်ကလည်း မဟုတ်ဘူး၊ အန်တီ တစ်ခုခုကို သောက်ထားတယ် နို့မို့ရင် အသည်းအင်ဇိုင်းက ဒီလောက် တက်စရာ မရှိဘူး... တက်ရတဲ့ အကြောင်းရင်း ရှာမတွေ့ရင် အန္တရာယ်ရှိတယ်.. သေသေချာချာ စဉ်းစားဖို့ ပြောမှ ယောကျ်ားက နင် ဟိုအရွက်တွေ အရည် ညှစ်သောက်တယ်လေ ဆိုတော့ အဲဒါက ကျောက်ကပ်အတွက်သောက်တာလေ အသည်းအတွက် သောက်တာ မဟုတ်ဘူးဆိုလို့ ဘာလဲ မေးမှ ပိစပ်ရွက် ညှစ်သောက်တာ။ ဘာအတွက် သောက်သောက် အသည်းက ထိတာပဲ ကျောက်ကပ်လည်း ပျက်တတ်တယ် အန်တီလို့ ပြောပြရတယ်။

နောက်တစ်ခေါက်လာလို့ ဆေးမြီးတို သောက်သေးလား မေးတော့ မသောက်တော့ ပါဘူး ဆရာရယ်.. ရွာက ကောင်မတွေလည်း ပြောထားတယ်.. ဟဲ့ မသောက်ကြနဲ့ ငါ့အသည်း ကံကောင်းလို့ ပျက်စီးမသွားတာ .. နောက်ကျရင် မလွယ်ဘူး.. နင်တို့လည်း မသောက်နဲ့နော် ဆရာက သိတယ် လိမ်လို့ မရဘူးလို့ ပြောထားတယ်တဲ့။

ဒီလို ဖြစ်ရပ်မျိုးတွေက ဆေးခန်းမှာ မကြာခဏ တွေ့ရလေ့ရှိတယ်။ အသည်း အထူးကုဆရာဝန်တွေဆို ဖော်မြူလာတောင် ဖြစ်နေပြီ။ အသည်း လူနာတစ်ယောက် အသည်းရောင် အေပိုးလည်း မဟုတ်၊ အရက်လည်း မသောက်ဘဲ အကောင်းသားကနေ အသည်း အင်ဇိုင်းတွေ ထောင်တက်နေရင် ဗမာဆေးသောက်လား၊ အမြစ်ပြုတ်၊ အရွက်ပြုတ်၊ ဆေးမြီးတိုတွေ သောက်လား တန်းမေးတာပဲ။ လူနာက မသောက်ဘူး ပြောရင်တောင် တခုခု သောက်ကို သောက်ထားတယ်.. ဘာသောက်ထားလည်း စဉ်းစားဆိုပြီး တပ်အပ်ပြောတာ .. ပြီးတော့လည်း ဟုတ်နေတာပဲ။

ဒါမျိုးတွေ ပြောတဲ့အခါကျရင် တချို့က ဆရာဝန်တွေက အနောက်တိုင်း ဆေးသုံးပြီး တိုင်းရင်းဆေးကို အထင်သေးတယ်.. အပုပ်ချတယ်လို့ ထင်ကြတာလည်း ရှိတယ်။ ကျနော်တို့လည်း တိုင်းရင်းဆေး ကျေးဇူးမကင်းပါဘူး။ ငယ်တုန်း ကွမ်းရွက်ပုံတို့၊ ဇာပျံလေး ကတိုးယက်ဆားတို့ စားခဲ့ရတာပါပဲ။ ကိုယ့်နိုင်ငံမှ မဟုတ်ဘူး တရုတ်နိုင်ငံဆို တိုင်းရင်းဆေးသုံးစွဲမှု အရမ်းများတယ်လို့ နံမည်ကြီးတယ်။ US နဲ့ ဥရောပ နိုင်ငံတွေကလည်း အပင်တွေက ထုတ်ယူတဲ့ herbal extract တွေ ထုတ်တာပါပဲ။ စျေးကွက်မှာ ရောင်းနေ သုံးနေကြတာပဲ။ ကျနော်တို့ အနောက်တိုင်းဆေးမှာကိုပဲ quinine ဆိုတဲ့ ငှက်ဖျားဆေးဆို တရုတ်တိုင်းရင်းဆေးကနေ စတင်ခဲ့တာပါ။ Digoxin ဆိုတဲ့ နှလုံးဆေးကို foxglove plant လို့ ခေါ်တဲ့ ခေါင်းလောင်းပန်းပင်ကနေ ထုတ်ရပါတယ်။

အဲတော့ အပင်တွေက ထုတ်တာက ပြဿနာ မဟုတ်ပါဘူး။ ထုတ်ပုံထုတ်နည်း သုံးစွဲပုံ သုံးစွဲနည်းတွေမှာ သေသေချာချာ သုတေသန မရှိဘဲ သုံးစွဲနေကြတာက ပြဿနာပါ။

အပင်တစ်မျိုးကနေ ဆေးအဖြစ် ထုတ်ယူသုံးစွဲတော့မယ်ဆိုရင် အဲ့အပင်ကို အပင်မျိုးစိတ် စစ်မှန်ကြောင်း စစ်ဆေးပြီး သေသေချာချာ စိုက်ပျိုးရပါတယ်။ ဖြစ်နိုင်သမျှ သဘာဝ နည်းတွေကို သုံးရပါတယ်။ ပိုးသတ်ဆေးတွေ ရှောင်ရပါတယ်။ အပင်အမျိုးအစားချင်း တူရင်တောင် မြစ်ဝကျွန်းပေါ်မှာ ပေါက်တဲ့အပင်နဲ့ အထက်အညာမှာ ပေါက်တဲ့အပင်နဲ့ မြေဆီလွှာ မတူတဲ့ အတွက် သူစုပ်ယူထားတဲ့ ဓာတ်တွေ တစ်ထပ်ထဲ မတူနိုင်ပါဘူး။ အဲလိုမျိုး စစ်စစ်မှန်မှန် သန့်သန့်ရှင်းရှင်းရအောင် ကျနော်တို့ မလုပ်နိုင်ပါဘူး။ ဆေးမြီးတိုသမားတွေက နီးစပ်ရာအပင် အမျိုးတူရင်ပြီးရော နှုတ်ပြီး ပြုတ်ကြတာပါ။ အဲ့အတွက် မလိုလားအပ်တဲ့ အမျိုးအစား မတူညီမှုတွေ၊ ပိုးသတ်ဆေးနဲ့ ဓာတုရုပ်ကြွင်းတွေ ပါနေတာမျိုးတွ ဖြစ်နိုင်ပါတယ်။

အပင်တစ်ပင်က ကျန်းမာရေးအတွက် တကယ် အကျိုးပြုတယ် ဆိုရင်တောင် အဲဒီအပင်မှာ အသည်း ကျောက်ကပ်စတဲ့ ကိုယ်အင်္ဂါတွေကို အဆိပ်အတောက် ဖြစ်စေတဲ့ ဓာတ်တွေ ပါမပါ စစ်ဆေးဖို့ လိုပါတယ်။ ပါနေခဲ့ရင် သုံးလို့ မရတာမျိုး၊ ဒါမှမဟုတ် ခွင့်ပြုလို့ရလောက်တဲ့ ပမာဏ နည်းပါတာမျိုးဆိုရင် အဲဒါကို သန့်စဉ်ဖို့ အပူပေးတာ၊ ပြုတ်တာ၊ အခြောက်လှမ်းတာ၊ ဓာတုပျော်ရည်တစ်ခုခုမှာ စိမ်တာ စတဲ့ နည်းလမ်းတွေ သုံးပြီး အဆိပ်အတောက်ဓာတ်တွေ ဖယ်ရှားဖို့ လုပ်ရပါတယ်။ အပင်ရဲ့ အကျိုးပြုတဲ့ အစိတ်အပိုင်းကိုပဲ ခွဲထုတ်နိုင်ဖို့လည်း လိုပါတယ်။ ဒါတွေလည်း ကျနော်တို့ မလုပ်နိုင်ပါဘူး။

အပင်က တကယ်လည်း ရောဂါကုသရာမှာ အသုံးဝင်ပြီး အဆိပ်အတောက်တွေလယ်း နည်းပညာနဲ့ ဖယ်ရှားပြီးပြီ ဆိုရင်တောင် အဲ့အပင်ရဲ့ ကုသမှုအတွက် သင့်လျှော်တဲ့ ပမာဏကို သိဖို့အရေးကြီးပါတယ်။ အဲလို သိဖို့ စိတ်မှန်းနဲ့ ပြောလို့ရတာမျိုး မဟုတ်ပါဘူး။ သုတေသနတွေ လုပ်ရပါတယ်။ ဆေးအပေါ် ရောဂါရဲ့ တုန့်ပြန်မှုတွေကို စမ်းသပ်ရပါတယ်။ ဆေးသောက်ထားတဲ့ သူတွေမှာ ဆေးရဲ့ အာနိသင် ဘယ်လောက်အထိ ရှိနေလဲ သွေး/ ဆီးတွေ ဖောက်ပြီး စစ်ဆေးမှုတွေ လုပ်ရပါတယ်။ အနောက်တိုင်းဆေးတွေမှာ အနည်းဆုံး ဘယ်လောက်မီလီဂရမ်က စပေးမယ်.. ဘယ်လောက်ခြားပြီး ဘယ်လောက်တိုးမယ်.. ဘယ်လောက်ပမာဏထက် တိုးမပေးရဘူး ဆိုတာတွေ ရှိပါတယ်။

ဆေးမြီးတိုတွေမှာတော့ အဲလို မရှိပါဘူး။ လက်တဆုပ်စာကို ရေမြုပ်အောင်ထည့်ပြီး သုံးခွက်တစ်ခွက်တင်ကျို ဆိုတာတွေက တော်တော်လေး မရေမရာဖြစ်တဲ့ အခြအနေ ဖြစ်ပါတယ်။ ပမာဏတွေ မညီမျှနိုင်သလို တကယ်အကျိုးပြုဖို့လိုတဲ့ ပမာဏထက် များနေမယ် ထင်ပါတယ်။ ဆေးတစ်ခွက်စာ လက်တစ်ဆုပ်ဆိုရင် တစ်နေ့ သုံးကြိမ် လက်သုံးဆုပ်၊ တစ်လ လက်ဆုပ်သုံးဆယ်ဆိုရင် ဆေးပင် မြောင်းတစ်မြောင်းစာ ပေါင်တစ်ပေါင်စာလောက် ကုန်နေလောက်ပါပြီ။ ဆေးဘက်ဝင်ပင်တွေက သိပ္ပံနည်းကျ ထုတ်လုပ်တဲ့ ဆေးဝါးတွေမှာ အဲလောက်ပမာဏ များများ ထည့်သွင်းရမယ် မထင်ပါဘူး။

အဲလို လိုတာထက် အဆများစွာပိုသုံးနေတာကြောင့်လည်း ဆေးမြီးတိုတွေက အကျိုးထက် အပြစ်က များနေတာ ဖြစ်နိုင်ပါတယ်။ ဆေးတစ်ခုကို လိုတာထက် ပိုသုံးတဲ့အခါ အာနိသင်က တိုးမလာဘဲ အဆိပ်အတောက်တွေသာ တိုးလာတတ်ပါတယ်။ ပုံမှန်စားသုံးလေ့ရှိတဲ့ တချို့အပင်တွေတောင် ဆေးအဖြစ်နဲ့ ပမာဏ များများနေ့စဉ်ရက်ဆက် သုံးစွဲတဲ့အခါ အသည်း ကျောက်ကပ်တွေကို ပျက်စီးစေတာ တွေ့ရပါတယ်။ သုတေသန လုပ်မထားလို့ ဘေးထွက်ဆိုးကျိုး မသိတာသာ ဖြစ်ပြီး ဘေးထွက် ဆိုးကျိုး မရှိတာ မဟုတ်ဘူးဆိုတာကို သတိပြုကြဖို့ လိုပါတယ်။ စေတနာနဲ့ ဆေးမြီးတိုတွေ လူကြုံတိုင်း ပေးကြ မျှဝေကြတာက ကိုယ်ချစ်တဲ့သူကို အဆိပ်ကျွေးသလို ဖြစ်သွားတတ်လို့ ကိုယ်သေသေချာချာ နားမလည်တဲ့ ဆေးမြီးတိုတွေ မမျှဝေကြဖို့နဲ့ ဝေဒနာရှင်တွေကလည်း သူများပြောတိုင်း စမ်းသပ်မကြည့်ကြဖို့ ပြန်လည်မျှဝေပေးလိုက်ရပါတယ်။

​တော်ဝင်အထူးကု​ဆေးခန်း
ကားကြီးကွင်းတိုက်တန်းအလယ်လမ်း
ပြင်ဦးလွင်မြို့
09266447123

ပြင်ဦးလွင်မြို့နယ်တဝိုက်ရှိ ​ချစ်ခင်ရပါ​သော မေ​မေတို့နှင့် အမျိုးသမီးများအားလုံး မင်္ဂလာပါရှင် 🥰🙏🏽🙏🏽🙏🏽🤰🤷‍♀️🤷‍♀️🤷‍♀️🤷‍♀️...
24/03/2026

ပြင်ဦးလွင်မြို့နယ်တဝိုက်ရှိ ​ချစ်ခင်ရပါ​သော မေ​မေတို့နှင့် အမျိုးသမီးများအားလုံး မင်္ဂလာပါရှင် 🥰🙏🏽🙏🏽🙏🏽

🤰🤷‍♀️🤷‍♀️🤷‍♀️🤷‍♀️ ကိုယ်ဝန်ဆောင်ကြတော့မယ်ဆိုရင် အရင်ဆုံးစိတ်ပူမိကြတာက

👉 ဘယ်လို သားဖွားမီးယပ်အထူးကုဆရာဝန်နှင့် စနစ်တကျတိုင်ပင်ပြသရမလဲဆိုတာ…

👉 ကိုယ်ဝန်ဆောင်လို့ရနိုင်ပါ့မလား ဆိုတာ…
👉ကိုယ်ဝန်ဆောင်နေစဉ်မှာ မိခင်ကျန်းမာရေးနဲ့ ကလေးကျန်းမာရေးတွေဟာ အဆင်ပြေပါ့မလားဆိုတာ…

🔴ကားကြီးကွင်းတိုက်ခန်း (အလယ်လမ်း) ရှိ
တော်ဝင် ဆေးခန်းမှာ 🙂🙂🙂🙂
🍁ကိုယ်ဝန်မဆောင်ခင်မှစပြီး ကိုယ်ဝန်ဆောင်ကာလတလျောက်ရော....
🍁မွေးဖွားပြီးချိန်ထိစိတ်ချမ်းသာစွာနဲ့ ကျန်းကျန်းမာမာနေနိုင်ဖို့အတွက် တွေးပူနေစရာမလိုအောင် သားဖွားမီးယပ်အထူးကုဆရာဝန်ကြီးဖြင့် စနစ်တကျ တိုင်ပင်ဆွေးနွေးပြသနိုင်ပါပြီ…

✅ ​မေ​မေတို့အတွက်တင်သာမက မိသားစုအားလုံးကျန်းမာ​ရေးအတွက် 👉🏽👉🏽👉🏽🏥🏥🏥
💚 အ​ထွေ​ထွေ​ရောဂါအထူးကုဆရာဝန်
💚 နှလုံး​ရောဂါအထူးကုဆရာဝန်
💚 ဆီးချို ​သွေးတိုး ​အထူးကုဆရာဝန်
💚 ခွဲစိတ်အထူးကုဆရာဝန်
💚 က​လေးအထူးကုဆရာဝန်
💚 ကင်ဆာ​ရောဂါအထူးကုဆရာဝန်
💚 အရိုးအ​ကြော အထူးကုဆရာဝန်
💚 နား၊နှာ​ခေါင်း၊လည်​ချောင်းအထူးကုဆရာဝန်
💚 အာထွာ​စောင်းရိုက်ကူးခြင်း
💚 ECG ဆွဲ​ပေးခြင်း
💚 ကိုယ်ဝန်​ဆောင်သားဆက်ခြားနည်းအမျိုးမျိုး​ဆောင်ရွက်​ပေးခြင်း
💚 သားအိမ်​ခေါင်းကင်ဆာကာကွယ်​ဆေးထိုးနှံနိုင်ခြင်း
💚 ကာကွယ်​ဆေးမျိုးစုံ ထိုးနှံနိုင်ခြင်း
💚 ​သွေးစစ်၊ ဆီးစစ် ​ရောဂါဓါတ်ခွဲရှာ​ဖွေ​ပေးခြင်း
စသည့် ကျန်းမာ​ရေး​စောင့်​ရှောက်မှုမျိုးစုံ အတွက် သင့်တင့်ချိုသာ​သော နှုန်းထား ၊ ကျွမ်းကျင်​သောကျန်းမာ​ရေး ဆရာဝန် သူနာပြုတို့ဖြင့်လာ​ရောက်ကုသပြသနိုင်ပါပီရှင်

တော်ဝင် ဆေးခန်း
📞09266447123, 09650375584
Page CB

📍ကားကြီးကွင်းတိုက်တန်းအလယ်လမ်း၊ ပြင်ဦးလွင်မြို့
Open hours - မနက် ၈ - ည ၈နာရီ

ဆီးချို ရှိနေသူများ လမ်းလျှောက်ပါလို့ ဘာကြောင့်ပြောရတာလဲဆိုတော့ လှုပ်လှုပ်ရှားရှားနေတာက အမျိုးအစား – ၂ ဆီးချို ဖြစ်နိုင်...
11/03/2026

ဆီးချို ရှိနေသူများ လမ်းလျှောက်ပါလို့ ဘာကြောင့်ပြောရတာလဲဆိုတော့ လှုပ်လှုပ်ရှားရှားနေတာက အမျိုးအစား – ၂ ဆီးချို ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်သလို ဆီးချို ရှိနေပြီးသားသူတွေမှာလည်း သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်တာကြောင့်ပါ။

ဒီတော့ ဆီးချိုရှိသူတွေအတွက် သွေးတွင်းသကြားဓာတ်ကို ထိန်းပေးနိုင်သလို နေ့စဉ် လုပ်ဆောင်ရတာလည်း လွယ်ကူစေတဲ့ နည်းလမ်းကတော့ လမ်းလျှောက်တာပဲ ဖြစ်ပါတယ်။

လမ်းလျှောက်ရုံနဲ့ အခုဖော်ပြပေးထားတဲ့ အကျိုးကျေးဇူးလေးတွေ ရရှိစေနိုင်မှာပါ။

ဆီးချို ရှိသူတွေအနေနဲ့ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပြီး နောက်ဆက်တွဲ ပြဿနာတွေကို ကာကွယ်ဖို့ဆိုရင် တစ်နေ့တာကို မိနစ် ၃၀၊ တစ်ပတ်ကို ၅ ကြိမ် လျှောက်ပါ။

တစ်ဆက်တည်း မိနစ် ၃၀ မလျှောက်ဖြစ်ဘူးဆိုရင် တစ်ခါကို ၁၀ မိနစ်နှုန်းနဲ့ ၃ကြိမ် ခွဲလျှောက်တာ၊ ၁၅ မိနစ် ၂ ကြိမ် လျှောက်တာမျိုး လုပ်ပေးလို့ ရပါတယ်။

လမ်းလျှောက်တဲ့အခါ ခပ်သွက်သွက်လေး လျှောက်ပေးပါ။ လမ်းလျှောက်ပြီး မိနစ်အနည်းငယ်ကြာရင် ချွေးစို့လာရပါမယ်။ ပြင်ညီထက် ကုန်းတွေမှာ လျှောက်ပေးပါ။ ဒါမှ လေ့ကျင့်ခန်းလုပ်သလို အကျိုးကျေးဇူးရမှာ ဖြစ်ပါတယ်။

​တော်ဝင်​ဆေးခန်း ၊ ကားကြီးကွင်းတိုက်တန်းအလယ်လမ်းမှာ
သက်ဆိုင်ရာ အထူးကုဆရာဝန်ကြီးဖြင့်​နေ့စဥ်လာ​ရောက်ပြသနိုင်ပါတယ်ရှင် 🍁🍁🍁🙏🏽🙏🏽

ဖုန်း 09266447123

#​တော်ဝင်​ဆေးခန်း #ကားကြီးကွင်းတိုက်တန်းအလယ်လမ်း #ပြင်ဦးလွင် #​ဆေးခန်း #ကျန်းမာရေးဗဟုသုတ #ဆီးချို

ပြင်ဦးလွင်မြို့နယ်တဝိုက်ရှိ ​ချစ်ခင်ရပါ​သော မေ​မေတို့နှင့် အမျိုးသမီးများအားလုံး မင်္ဂလာပါရှင် 🥰🙏🏽🙏🏽🙏🏽🤰ကိုယ်ဝန်ဆောင်ကြတ...
16/11/2025

ပြင်ဦးလွင်မြို့နယ်တဝိုက်ရှိ ​ချစ်ခင်ရပါ​သော မေ​မေတို့နှင့် အမျိုးသမီးများအားလုံး မင်္ဂလာပါရှင် 🥰🙏🏽🙏🏽🙏🏽

🤰ကိုယ်ဝန်ဆောင်ကြတော့မယ်ဆိုရင် အရင်ဆုံးစိတ်ပူမိကြတာက

👉 ဘယ်လို သားဖွားမီးယပ်အထူးကုဆရာဝန်နှင့် စနစ်တကျတိုင်ပင်ပြသရမလဲဆိုတာ…
👉 ကိုယ်ဝန်ဆောင်လို့ရနိုင်ပါ့မလား ဆိုတာ…
👉ကိုယ်ဝန်ဆောင်နေစဉ်မှာ မိခင်ကျန်းမာရေးနဲ့ ကလေးကျန်းမာရေးတွေဟာ အဆင်ပြေပါ့မလားဆိုတာ…

🔴ကားကြီးကွင်းတိုက်ခန်း (အလယ်လမ်း) ရှိ
တော်ဝင် ဆေးခန်းမှာ ကိုယ်ဝန်မဆောင်ခင်မှစပြီး ကိုယ်ဝန်ဆောင်ကာလတလျောက်ရော မွေးဖွားပြီးချိန်ထိစိတ်ချမ်းသာစွာနဲ့ ကျန်းကျန်းမာမာနေနိုင်ဖို့အတွက် တွေးပူနေစရာမလိုအောင် သားဖွားမီးယပ်အထူးကုဆရာဝန်ကြီးဖြင့် စနစ်တကျ တိုင်ပင်ဆွေးနွေးပြသနိုင်ပါပြီ…

✅ ​မေ​မေတို့အတွက်တင်သာမက မိသားစုအားလုံးကျန်းမာ​ရေးအတွက်
💚 အ​ထွေ​ထွေ​ရောဂါအထူးကုဆရာဝန်
💚 နှလုံး​ရောဂါအထူးကုဆရာဝန်
💚 ဆီးချို ​သွေးတိုး ​အထူးကုဆရာဝန်
💚 ခွဲစိတ်အထူးကုဆရာဝန်
💚 က​လေးအထူးကုဆရာဝန်
💚 ကင်ဆာ​ရောဂါအထူးကုဆရာဝန်
💚 အရိုးအ​ကြော အထူးကုဆရာဝန်
💚 နား၊နှာ​ခေါင်း၊လည်​ချောင်းအထူးကုဆရာဝန်
💚 အာထွာ​စောင်းရိုက်ကူးခြင်း
💚 ECG ဆွဲ​ပေးခြင်း
💚 ကိုယ်ဝန်​ဆောင်သားဆက်ခြားနည်းအမျိုးမျိုး​ဆောင်ရွက်​ပေးခြင်း
💚 သားအိမ်​ခေါင်းကင်ဆာကာကွယ်​ဆေးထိုးနှံနိုင်ခြင်း
💚 ကာကွယ်​ဆေးမျိုးစုံ ထိုးနှံနိုင်ခြင်း
💚 ​သွေးစစ်၊ ဆီးစစ် ​ရောဂါဓါတ်ခွဲရှာ​ဖွေ​ပေးခြင်း
စသည့် ကျန်းမာ​ရေး​စောင့်​ရှောက်မှုမျိုးစုံ အတွက် သင့်တင့်ချိုသာ​သော နှုန်းထား ၊ ကျွမ်းကျင်​သောကျန်းမာ​ရေး ဆရာဝန် သူနာပြုတို့ဖြင့်လာ​ရောက်ကုသပြသနိုင်ပါပီရှင်

တော်ဝင် ဆေးခန်း
📞09266447123, 09650375584
Page CB

📍ကားကြီးကွင်းတိုက်တန်းအလယ်လမ်း၊ ပြင်ဦးလွင်မြို့
Open hours - မနက် ၈ - ည ၈နာရီ

မင်္ဂလာပါရှင် 🙏🏽🙏🏽🙏🏽ပြင်ဦးလွင်မြို့တွင်လူကြီးမင်းတို့၏ မိသားစုကျန်းမာရေးအတွက် ....'​တော်ဝင်'သားဖွားမီးယပ်နှင့် အ​ထွေ​ထွ...
08/11/2025

မင်္ဂလာပါရှင် 🙏🏽🙏🏽🙏🏽
ပြင်ဦးလွင်မြို့တွင်
လူကြီးမင်းတို့၏ မိသားစုကျန်းမာရေးအတွက် ....

'​တော်ဝင်'
သားဖွားမီးယပ်နှင့် အ​ထွေ​ထွေ​ရောဂါကုဆေးခန်းကို

🏥🏥ပြင်ဦးလွင်မြို့ ၊ ရပ်ကွက်ကြီး ၁၀ ၊ ကားကြီးကွင်းတိုက်တန်းအလယ်လမ်း မှာ ဖွင့်လှစ်ထားပါတယ်​နော်။ 🏥🏥🏥
🛎🛎🛎🛎🛎🛎☎️☎️☎️👨🏿‍⚕️

ဆေးခန်းဖွင့်ချိန် မနက် (၈)နာရီမှ ည (၈) နာရီအတွင်းမှာ
💚 သားဖွားမီးယပ်အထူးကုဆရာဝန်
💚 က​လေးအထူးကုဆရာဝန်
💚 အ​ထွေ​ထွေ​​ရောဂါအထူးကုဆရာဝန်
💚 နှလုံး​ရောဂါအထူးကုဆရာဝန်
💚 ဆီးချို ၊ ​သွေးတိုးနှင့် ​ဟော်မုန်း​ရောဂါဆိုင်ရာ
အထူးကုဆရာဝန်
💚 ခွဲစိတ်အထူးကုဆရာဝန်
💚 အရိုး၊ အ​ကြော အထူးကုဆရာဝန်ကြီး
💚 ကင်ဆာ​ရောဂါအထူးကုဆရာဝန်
💚 နား၊ နား​ခေါင်း၊ လည်​ချောင်းအထူးကုဆရာဝန်
များဖြင့် ​နေ့စဥ်ပြသနိုင်ပါတယ်...

💚 အာထွာဆောင်း ရိုက်ခြင်း
💚 ECG စက်ဖြင့် နှလုံးစစ်ဆေးခြင်း
💚 သွေး၊ ဆီး၊ ဝမ်း၊ သလိပ် စစ်ဆေးခြင်း
💚 အရေးပေါ် လူနာပြုစုကုသခြင်း
💚 Day care ​ဆောင်ရွက်​ပေးခြင်း
💚 ကိုယ်ဝန်​ဆောင်သားဆက်ခြား​ခြင်းများ​ဖြစ်သည့်
သားဆက်ခြား​ဆေးထိုးခြင်း၊ ပစ္စည်းထည့်ခြင်းများ
ဆောင်ရွက်​ပေးခြင်း
💚 သားအိမ်​ခေါင်းကင်ဆာကာကွယ်​ဆေး၊ ကိုဗစ်ကာကွယ်​ဆေးအပါအဝင်ကာကွယ်​ဆေးမျိုးစုံ ထိုးနှံ​ပေးခြင်း

စသည့် ကျန်းမာ​ရေး ​ဝန်​ဆောင်မှုများကို ချိုသာသင့်တင့်​သောနှုန်းထားဖြင့်သာ ကျွမ်းကျင်ဆရာဝန် ၊ သူနာပြုများနှင့် စနစ်တကျကုသမှုတို့ဖြင့် နွေးထွေးစွာဖြင့် ကုသပေးလျှက်ရှိပါတယ်ရှင့် ☺️☺️☺️

အသေးစိတ် စုံစမ်းမေးမြန်းလိုပါက Messenger သို့မဟုတ် 09 266 447 123၊ 09 650 375584 သို့ခေါ်ဆို ဆက်သွယ်နိုင်ပါတယ်ရှင့်။
ကျန်းမာ သာယာသော နေ့လေးပိုင်ဆိုင်နိုင်ကြပါစေရှင်
🙏🙏🙏

Address

A9 (C) , Near Highway Bus Station, Pyinoolwin
Maymyo
05085

Alerts

Be the first to know and let us send you an email when Royal Specialist Clinic and Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share