08/01/2026
Purito cream လေး instock ရှိ
61000 Ks
Purito Seoul Mighty Bamboo Cream Review
Moisturizer ဆို သူမှသူပဲ။ဒီ cream လေးက မေကြိုက်လွန်းလို့ ဘယ်သွားသွားသတိတရသယ်သွားဖြစ်တဲ့အပြင် ညရောမနက်ပါနေ့တိုင်းလိမ်းဖြစ်တဲ့ထိကိုကြိုက်တဲ့ moisturizer လေးပါ။မေသုံးနေတာလည်းနှစ်လရှိပြီပေါ့နော်။သူကအရင်တုန်းက Purito Re-barrier cream ကို formula upgrade နဲ့ အသစ်တစ်ဖန်လာတာဖြစ်ပါတယ်။
အဓိကပါတဲ့ ingredients တွေထဲမှာ bamboo extract,panthenol နဲ့ squalane တို့တွေက အသားအရေနီမြန်းရောင်ရမ်းတာ၊ ခြောက်သွေ့တာတွေအတွက် အကောင်းဆုံး trio လို့ ဆိုနိုင်တယ်။မေက panthenol % များများပါတာဆို personally သိပ်ကြိုက်တာ။သူကအရေပြားရဲ့ရေဓာတ်ကိုပြည့်ဝစေလို့ skin barrier မကျန်းမာတဲ့သူတွေအတွက် သိပ်ကိုကောင်းတယ်။ 💯
centella extract အစား အသားအရေကျန်းမာစေတဲ့ bamboo extract ထည့်ထားတာမို့ cica နဲ့ အဆင်ပြေဘူးဆိုရွေးသင့်တဲ့အပြင် Silicone မပါဝင်တာကြောင့် silicone ပါရင်ချွေးပေါက်ပိတ်ပြီးမတည့်တဲ့သူတွေလည်း ဝမ်းသာလို့ရပါပြီနော်။🤭
Texture ကိုပြောရရင် Gel cream အိအိထွေးထွေးလေးဆိုတော့ ပွတ်လိုက်တာနဲ့အသားထဲစိမ့်ဝင်ပြီး စိုအိသွားတာ။လေးပင်စေးထန်းပြီး greasy မဖြစ်လို့ အေးတဲ့ဒေသမှာရောပူတဲ့အရပ်အတွက်ရော လိမ်းလို့ကောင်းပြီးအရေပြားပေါ်သက်တောင့်သက်သာရှိစေမယ့် moisturizer လေးလို့ ထင်ပါတယ်။
စေးကပ်ကပ်နဲ့ အဆီထွက်နေသလို greasy ဖြစ်မနေတာကလည်း မေ ဒီ cream ကို ပိုကြိုက်မိတဲ့အချက်လေးပါ။
ဝက်ခြံဆိုးနေရင်၊ အသားတွေကခြောက်တင်းတင်းကြီးနဲ့ ဘာလိုလို့လိုနေမှန်းမသိရင် skin လေးကို ဒီလို moisturizer ကောင်းကောင်းလေးနဲ့ ရေအဝတိုက်ကြည့်နော်။နိုးလာရင်ခါတိုင်းထက်ကြည်စိုပြီး juicy & glow ဖြစ်နေတဲ့ skin လေးဖြစ်နေတာသိသိသာသာပါပဲ။
Soothing & calming ကောင်းတာမို့ အသားနီရဲနေတာတွေသက်သာလာတဲ့အပြင် ဝက်ခြံချပ်တာလည်းပိုမြန်တာကိုသတိထားမိပါတယ်။
ဘယ်အသားအရေသုံးသုံးသင့်တော်တဲ့အပြင် moisture barrier မကောင်းဘဲ sensitive ဖြစ်တဲ့ skin, acne prone skin, rosacea လို ပြသနာရှိတယ်ဆိုရင် ဒီ cream လေးက ဖြေရှင်းပေးနိုင်မယ်ထင်ပါတယ်။ 100 ml ပါပြီးတော့ alcohol,silicone,fragrance free ဖြစ်တဲ့အပြင် တကယ်ကောင်းတဲ့ product လေးမို့ လက်တို့လိုက်ပြီနော်။🥰