14/10/2025
😱😱လူအများစုတွေကတော့
ဒူးတွေမကောင်းတော့ဘူး
အထိုင်အထတွေမကောင်းတော့ဘူး
သြော် အသက်ကြီးလာတာကိုးဆိုပြီး
ဆန်အိုးထဲက ကြွက်လို အကြောင်းပြချက်တွေနဲ့
ဆန်အိုးထဲက မထွက်နိုင် ဖြစ်ကြရပါတယ်
😱ကျနော်လည်း ကြမ်းပြင်ကနေ လေးဘက်ထောက်ပြီး ထရဖူးပါတယ်
တစ်မှတ်တိုင်လောက်လမ်းလျှောက်ရင်မောပါတယ်
တစ်ခါတစ်လေ ကျနော် အရမ်းဝခဲ့ဖူးတာကို
ကျေးဇူးတင်ပါတယ်
နောက်မို့ဆို ကျနော် လေ့ကျင့်ခန်းလုပ်ဖို့ခေါင်းထဲရောက်မှာမဟုတ်ပါဘူး
😱ကျနော် ရောက်ချင်တဲ့ Fitness goal တစ်ခု က ဘာလဲ ဆိုလို့ရှိရင်
နေ့စဥ် လုပ်ငန်းဆောင်တာ တွေ
ကျနော်တို့ရဲ့နေ့စဥ်ဘဝတွေမှာ
တွေ့ကြုံလာမယ့် စိန်ခေါ်မှုတွေ ကို
အများသူငှာထက်လု ပ်နိုင်စွမ်း ကိုင်နိုင်စွမ်းရှိချင်တာပါ
အပြေးချန်ပီယံ သမားထက် ပိုပြေးနိုင်ဖို့ မစဥ်းစားပါဘူး
ဒါပေမယ့် ကျနော် အခက်ခဲမရှိ ကျနော် ပြေးနိုင်ချင်ပါတယ်
အလေးမ ချန်ပီယံထက်ပို မနိုင်ဖို့ မစဥ်းစားထားပါဘူး
ကျနော် ချစ်ရတဲ့သူ တွေ အရေးကြုံလာတဲ့ အခါ သူတို့ကို မဖို့ ချီဖို့ လိုအပ်လာရင် မဖို့ချီဖို့အတွက် သန်မာမှု ကို ကျနော် လိုချင်ပါတယ်
ဒီလို လုပ်နိုင်ဖို့
ကျနော် လုပ်တဲ့ Training တွေကတော့
Hybrid strength and conditioning traning Plus functional traning တွေပါ
သာမာန်သူတွေထက်ပိုပြေးနိုင်သလို အမောလည်းခံနိုသလို ပိုလည်းသန်မာပါတယ်
ကျနော် တစ်ခု သတိပေးချင်တာက
Train for life
Not train for looks