NayLa Kabar-နေလကမ္ဘာဆေးဝါးထုတ်လုပ်ရေး

NayLa Kabar-နေလကမ္ဘာဆေးဝါးထုတ်လုပ်ရေး Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from NayLa Kabar-နေလကမ္ဘာဆေးဝါးထုတ်လုပ်ရေး, Pharmaceutical Company, No. 88, 91st Street, Mingalar Taung Nyunt.

ခန္ဓာကိုယ်မှာရှိတဲ့ အာရုံကြောတွေမှာဆိုရင်🧬ထိတွေ့မှုကို သိရှိစေသော အာရုံခံအာရုံကြောများ၊  🧬လှုပ်ရှားမှုကို ထိန်းချုပ်သော ...
09/09/2026

ခန္ဓာကိုယ်မှာရှိတဲ့ အာရုံကြောတွေမှာဆိုရင်
🧬ထိတွေ့မှုကို သိရှိစေသော အာရုံခံအာရုံကြောများ၊
🧬လှုပ်ရှားမှုကို ထိန်းချုပ်သော လှုပ်ရှားမှု အာရုံကြောများ နှင့်
🧬အလိုလျောက်ထိန်းချုပ် အာရုံကြောများဆိုပြီး ရှိပါတယ်။

👉🏼အာရုံခံအာရုံကြောများအားနည်းရင် -
- ခြေဖဝါး၊ လက်ဖဝါးများ ထုံခြင်း ကျဉ်ခြင်းမှစပြီး ခြေလက်တစ်လျှောက် ထုံကျဉ်လာခြင်း
- စူးစူးရှရှ နာကျင်ခြင်း၊ ပူခြင်း အေးခြင်းတို့ကို ခံစားရခြင်း
- ဇက်ကြောတက်၊ အမြင်ဝေဝါး
- ဟန်ချက်မထိန်းနိုင်ခြင်း

👉🏼လှုပ်ရှားမှုအာရုံကြောများ အားနည်းရင် -
- ကြွက်သားများအားနည်းခြင်း
- လှုပ်ရှားရတာ လေးလံခြင်း

👉🏼အလိုလျောက်ထိန်းချုပ်အာရုံကြောများ အားနည်းရင်
- အပူဒဏ်မခံနိုင်ခြင်း
- ဆီးဝမ်း၊ အစာလမ်းကြောင်းနဲ့ ပတ်သတ်တဲ့ ပြဿနာများ
- သွေးပေါင်ချိန်အပြောင်းအလဲ
- မူးမော်ခြင်းတို့ ဖြစ်တတ်ပါတယ်

💥အာရုံကြောအားနည်းခြင်းဟာ သက်ကြီးရွယ်အိုများနှင့် အာရုံစူးစိုက်မှုများသည့် အလုပ်လုပ်ကိုင်ကြသူ၊ ရုံးဝန်ထမ်းများတွင် အဖြစ်များကြပါတယ်။ များသောအားဖြင့် လက်ထုံကျဉ်ခြင်း၊အိပ်မပျော်ခြင်း၊ မျက်ရိုးကိုက်ခြင်း၊ အမြင်အကြည်ခြင်း၊ ခေါင်းမူးခေါင်းကိုက်ခြင်း လက္ခဏာတွေ အဖြစ်များကြပါတယ်။

💚အာရုံကြောအားနည်းခြင်းတွေအတွက် နေလကမ္ဘာကနေ အစွမ်းထက် အာရုံကြောအားတိုးဆေး ထုတ်လုပ်ထားပါတယ်။ အာရုံကြောကို အားဖြည့်ပေးလို့ အမြင်ကြည်လင်ပြီး ထုံကျဉ်ခြင်းတွေကို သက်သာစေနိုင်ပါတယ်။

ဆေးမှာယူလိုပါက Page Message တွင်ဖြစ်စေ 09444675026 ကိုဖြစ်စေ ဆက်သွယ်မှာယူနိုင်ပြီး မြန်မာနိုင်ငံအနှံကို အိမ်အရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်နေပါတယ်နော်…

🛑 နေလကမ္ဘာအာရုံကြောအားတိုးဆေး - ၇၅၀၀ ကျပ် (၁၈၀ လုံး)
“သင့်ကျန်းမာရေးကို အကောင်းဆုံးစောင့်ရှောက်ပေးမည့် နေလကမ္ဘာ”

🛑 ပင်ရင်း - ရန်ကုန်မြို့
ဖုန်း- ၀၉ ၄၄၄ ၆၇၅၀၂၆

#နေလကမ္ဘာ #အာရုံကြောအားတိုးဆေး #ခြေလက်ထုံကျင်ခြင်း #အာရုံကြောကျန်းမာရေး #ကျန်းမာရေးအသိပညာ

🔥ကျောက်ကပ်ကျောက်များကို တိုက်ရိုက်ချေဖျက်ပေးနိုင်သည့် အစားအသောက်ဆိုပြီး မရှိပေမဲ့ တည်နေတဲ့ကျောက်တွေကို ကျေစေပြီး ဆီးနှင့...
06/09/2026

🔥ကျောက်ကပ်ကျောက်များကို တိုက်ရိုက်ချေဖျက်ပေးနိုင်သည့် အစားအသောက်ဆိုပြီး မရှိပေမဲ့ တည်နေတဲ့ကျောက်တွေကို ကျေစေပြီး ဆီးနှင့်အတူထွက်နိုင်အောင် သဘာဝအတိုင်း ထောက်ကူပေးနိုင်တဲ့ အစားအသောက်များ ရှိပါတယ်

🍋 သံပရာသီး၊ သံပရိုသီး၊ လိမ္မော်သီးနှင့် ဂရိတ်ဖရု တို့မှာပါဝင်တဲ့ Citrate ဓာတ်က ဆီးထဲတွင် အနည်ထိုင်ခြင်း၊ ကျောက်တည်ခြင်းကို တားဆီးပေးသည့်အပြင် ရှိပြီးသား ကျောက်အသေးစားလေးများကိုလည်း ကြီးမလာအောင် ကာကွယ်ပေးပါတယ်။

🍎ပန်းသီးရှာလကာရည်မှာပါဝင်တဲ့ Acetic အက်စစ်ဓာတ်ကလည်း ကျောက်များကို ပျော်ကျစေနိုင်တာကြောင့် တစ်နေ့ကို တစ်ကြိမ် ရေတစ်ဖန်ခွက်မှာ ပန်းသီးရှာလကာရည် လက်ဖက်ရည်ဇွန်း(၁)ဇွန်း ရောစပ်ပြီးသောက်ပေးနိုင်ပါတယ်။ အစာအိမ် မထိခိုက်စေဖို့ အလွန်အကျွံ့မသောက်မိဖို့နှင့် အစာမရှိပဲမသောက်မိဖို့ကိုတော့ သတိထားပါ။

🥛အဓိကအကျဆုံးကတော့ ရေဖြစ်ပါတယ်။ အစားအစာတွေထက် ရေများများသောက်ခြင်းက အမှုန်တွေကို အနည်မထိုင်စေရန်နှင့် ရှိပြီးသားကျောက်များကို ဆီးလမ်းကြောင်းမှတစ်ဆင့် မျောပါသွားစေရန် အကောင်းဆုံး ထောက်ကူပေးမှာပါ။ ဒါကြောင့် တစ်နေ့ကို အနည်းဆုံး ရေ ၂ လီတာ ကနေ ၃ လီတာအထိ သောက်သုံးသင့်ပါတယ်။

💥ကျောက်တွေကိုချေဖျက်ရာမှာ ကူညီပေးနိုင်တဲ့ နေလကမ္ဘာ ဆီးကျောက်ကြေဆေးကို တစ်နေ့ နှစ်ကြိမ် ပုံမှန်သောက်သုံးပေးရင် ကျောက်တွေကို ချေဖျက်ပြီးစွန့်ထုတ်ပေးနိုင်ပါတယ်နော်

ဆေးမှာယူလိုပါက Page Message တွင်ဖြစ်စေ 09444675026 ကိုဖြစ်စေ ဆက်သွယ်မှာယူနိုင်ပြီး မြန်မာနိုင်ငံအနှံကို အိမ်အရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်နေပါတယ်နော်…

🛑 နေလကမ္ဘာဆီးကျောက်ကြေဆေး - ၇၅၀၀ ကျပ် (၁၈၀ လုံး)
“သင့်ကျန်းမာရေးကို အကောင်းဆုံးစောင့်ရှောက်ပေးမည့် နေလကမ္ဘာ”

🛑 ပင်ရင်း - ရန်ကုန်မြို့
ဖုန်း- ၀၉ ၄၄၄ ၆၇၅၀၂၆

#နေလကမ္ဘာတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး #ဆီးကျောက်ကြေဆေး #မြန်မာဆေး #ကျောက်ကပ်ကျောက်တည် #ဆီးကျောက်တည်

03/09/2026

အစွမ်းထက် နေလကမ္ဘာ ☀️

#နေလကမ္ဘာ #မြန်မာဆေး #တိုင်းရင်းဆေး

🫚“ချင်း (သို့) သဘာဝကပေးတဲ့ ကာကွယ်ဆေး”🫚မိုးအေးအေးနဲ့ စိုစွတ်တဲ့ မိုးရာသီမှာ အအေးမိ၊ ဖျားနာ၊ နှာစေး၊ နှာပိတ်တာနဲ့ လည်ချောင...
28/08/2026

🫚“ချင်း (သို့) သဘာဝကပေးတဲ့ ကာကွယ်ဆေး”🫚

မိုးအေးအေးနဲ့ စိုစွတ်တဲ့ မိုးရာသီမှာ အအေးမိ၊ ဖျားနာ၊ နှာစေး၊ နှာပိတ်တာနဲ့ လည်ချောင်းယားပြီး ချောင်းဆိုးတာမျိုးတွေဟာ လူတိုင်းလိုလို မကြာခဏ ကြုံတွေ့ရလေ့ရှိတဲ့ ကျန်းမာရေးပြဿနာတွေပဲ ဖြစ်ပါတယ်။ ဒီလိုအချိန်မှာ ကိုယ့်ရဲ့မီးဖိုချောင်ထဲမှာ အလွယ်တကူရှိနေတတ်တဲ့ "ချင်း (Ginger)" ရဲ့ သဘာဝဆေးစွမ်းတွေကို အသုံးချလိုက်ပါ။

🫚အအေးမိ၊ ဖျားနာနှင့် နှာစေးနှာပိတ်ခြင်းကို သက်သာစေခြင်း
ချင်းမှာ ပါဝင်တဲ့ Gingerol နဲ့ Shogaol ဆိုတဲ့ သဘာဝဓာတ်ပေါင်းတွေဟာ ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ ခန္ဓာကိုယ်ကို နွေးထွေးစေပြီး ချွေးထွက်စေတာကြောင့် ကိုယ်အပူချိန်ကျစေရန်နှင့် နှာစေး၊ နှာပိတ်ခြင်းများကို လျင်မြန်စွာ သက်သာစေပါသည်။

🫚လည်ချောင်းယားခြင်းနှင့် ချောင်းဆိုးခြင်းကို သက်သာစေခြင်း
ချင်းမှာ ရောင်ရမ်းမှုကို လျှော့ချပေးနိုင်တဲ့ Anti-inflammatory အာနိသင်ပါဝင်တာကြောင့် လည်ချောင်းယားယံခြင်း၊ ရောင်ရမ်းခြင်းနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ မအီမသာဖြစ်မှုများကို သက်သာစေပါတယ်။ ဒါ့အပြင် သလိပ်တွေကို ကျဲသွားစေပြီး ချောင်းဆိုးတာကို လျှော့ချပေးနိုင်ပါတယ်။

🫚 ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးခြင်း
မိုးရာသီမှာ ကိုယ်ခံအားကျဆင်းပြီး ကူးစက်ရောဂါတွေ လွယ်လွယ်ကူကူ ဝင်ရောက်နိုင်ပါတယ်။ ချင်းမှာပါဝင်တဲ့ Antioxidants (ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ) က ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပြီး ကူးစက်ရောဂါများရန်မှ သဘာဝအတိုင်း ကာကွယ်ပေးထားပါတယ်။

💚အအေးမိပြီး ဖျားနာနေရင် ချင်းပြုတ်ရည်ထဲသို့ သံပုရာရည် အနည်းငယ် ညှစ်ထည့်သောက်သုံးခြင်းက ဗီတာမင် C ရရှိစေပြီး အအေးမိ ဖျားနာခြင်းကို မြန်မြန်သက်သာစေပါသည်။

💚လည်ချောင်းယားခြင်း၊ ချောင်းဆိုးခြင်းတွေကြုံနေရရင် ချင်းကို ပါးပါးလှီး (သို့) ထောင်းပြီး ရေနွေးထဲတွင် ၅ မိနစ်ခန့် ပြုတ်ပါ။ ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်းခန့် ထည့်သောက်ရင် အလွန်ထိရောက်ပါသည်။

💚နှာစေးနှာပိတ်၊ ခေါင်းကိုက်ရင် ချင်းကို ထောင်း၍ ရေနွေးပူပူထဲ ထည့်ပြီး အငွေ့ရှူပေးပါက ချက်ချင်း သက်သာစေပါသည်။

☔️မိုးရာသီရဲ့ အအေးဒဏ်နဲ့ ရောဂါဘယတွေကို သဘာဝအတိုင်း ကာကွယ်ဖို့နေ့စဉ် အစားအသောက်တွေမှာ ချင်းကို သင့်တော်သလို ထည့်သွင်းစားသုံးရင်း ကျန်းမာရေးကို ဂရုစိုက်ကြစို့။

“သင့်ကျန်းမာရေးကို အကောင်းဆုံးစောင့်ရှောက်ပေးမည့် နေလကမ္ဘာ”

🛑 ပင်ရင်း - ရန်ကုန်မြို့
ဖုန်း- ၀၉ ၄၄၄ ၆၇၅၀၂၆

#နေလကမ္ဘာတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး #တိုင်းရင်းဆေး #မြန်မာဆေး #သမားကိုင်ဆေး #ချင်း #ဆေးဖက်ဝင်ပစ္စည်းများ

✅အဆီမပါတဲ့ ဒဏ်ကျေဆေး✅အနံ့မပြင်းတဲ့ ဒဏ်ကျေဆေး✅သုံးရလွယ်တဲ့ ဒဏ်ကျေဆေး✅သယ်ဆောင်ရလွယ်တဲ့ ဒဏ်ကျေဆေး✅ဒဏ်မှန်သမျှကျေစေမယ့် ဒဏ်က...
24/08/2026

✅အဆီမပါတဲ့ ဒဏ်ကျေဆေး
✅အနံ့မပြင်းတဲ့ ဒဏ်ကျေဆေး
✅သုံးရလွယ်တဲ့ ဒဏ်ကျေဆေး
✅သယ်ဆောင်ရလွယ်တဲ့ ဒဏ်ကျေဆေး
✅ဒဏ်မှန်သမျှကျေစေမယ့် ဒဏ်ကျေဆေး
ဒီအချက်အားလုံးပြည့်စုံတဲ့ ဒဏ်ကျေဆေးဆိုရင်တော့ နေလကမ္ဘာ ဒဏ်ကျေဖျန်းဆေးကိုသာ သုံးလိုက်ပါ။

🔥နေလကမ္ဘာ ဒဏ်ကျေဖျန်းဆေးက အဆီမပါလို့ အရေပြားပေါ်မှာ ဆီတွေစွဲကျန်နေတာမျိုးမရှိဘူး။
🔥အရည်ပုံစံ ဖျန်းဆေးပုံစံ ထုတ်ထားတာမို့ သုံးရလွယ် သယ်ရလွယ်ပြီး အနံ့ပြင်းပြင်းတွေလည်းမရှိဘူး။
🔥ဒူးနာ ခါးနာ ကြွက်သားများနာကျင်ကိုက်ခဲ ရောင်ရမ်းတာကို တစ်ချက်ဖျန်းရုံဖြင့် သက်သာစေမှာပါ။

ဆေးမှာယူလိုပါက Page Message တွင်ဖြစ်စေ 09444675026 ကိုဖြစ်စေ ဆက်သွယ်မှာယူနိုင်ပြီး မြန်မာနိုင်ငံအနှံကို အိမ်အရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်နေပါတယ်နော်…

🛑 နေလကမ္ဘာဒဏ်ကျေဖျန်းဆေး - ၅၈၀၀ ကျပ် (၅၀ ml)

“သင့်ကျန်းမာရေးကို အကောင်းဆုံးစောင့်ရှောက်ပေးမည့် နေလကမ္ဘာ”

🛑 ပင်ရင်း - ရန်ကုန်မြို့
ဖုန်း- ၀၉ ၄၄၄ ၆၇၅၀၂၆

#နေလကမ္ဘာတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး #ဒဏ်ကျေဆေး #ဖျန်းဆေး #မြန်မာဆေး #ကိုက်ခဲညောင်းညာ

🌧 မိုးရွာတိုင်း… လေးဖက်နာ အဆစ်အမြစ်တွေ ပိုကိုက်နေတတ်လား?☔️မိုးရာသီရောက်လာတဲ့အခါ ရာသီဥတုအေးလာခြင်း၊ စိုထိုင်းဆမြင့်လာခြင်...
20/08/2026

🌧 မိုးရွာတိုင်း… လေးဖက်နာ အဆစ်အမြစ်တွေ ပိုကိုက်နေတတ်လား?

☔️မိုးရာသီရောက်လာတဲ့အခါ ရာသီဥတုအေးလာခြင်း၊ စိုထိုင်းဆမြင့်လာခြင်း၊ လေဖိအားပြောင်းလဲခြင်းတို့ကြောင့် လေးဖက်နာ၊ အဆစ်ရောင်ဝေဒနာရှိသူအချို့မှာ အဆစ်တောင့်တင်းခြင်း၊ ကိုက်ခဲခြင်း၊ လှုပ်ရှားရခက်ခြင်း စတဲ့ လက္ခဏာတွေ ပိုမိုခံစားရနိုင်ပါတယ်။

အခုလို မိုးရာသီမှာ …
🌂ကိုယ်ခန္ဓာကို နွေးနွေးထွေးထွေးထားပါ။
🌂အဆစ်တွေကို အကြာကြီး မလှုပ်ဘဲ မထားပါနဲ့။
🌂ပေါ့ပေါ့ပါးပါး အကြောလျှော့လေ့ကျင့်ခန်း ပြုလုပ်ပေးပါ။
🌂ဆရာဝန် (သို့) ကျန်းမာရေးပညာရှင် ညွှန်ကြားထားတဲ့ ဆေးဝါးကို ပုံမှန်သောက်သုံးပါ။

🌿 နေလကမ္ဘာ လေးဖက်နာသောက်ဆေးဟာ အဆစ်အမြစ်မအီမသာဖြစ်မှုများကို သက်သာစေပြီး အဆစ်ပတ်ပတ်လည် သွေးလည်ပတ်မှုကောင်းအောင် လုပ်ဆောင်ပေးသော မြန်မာတိုင်းရင်းဆေးဖြစ်ပါတယ်။💚

🛑 နေလကမ္ဘာလေးဖက်နာသောက်ဆေး - ၄၈၀၀ ကျပ် (၉၀ လုံး)

ဆေးမှာယူလိုပါက Page Message တွင်ဖြစ်စေ 09444675026 ကိုဖြစ်စေ ဆက်သွယ်မှာယူနိုင်ပြီး မြန်မာနိုင်ငံအနှံကို အိမ်အရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်နေပါတယ်နော်…

🛑 ပင်ရင်း - ရန်ကုန်မြို့
ဖုန်း- ၀၉ ၄၄၄ ၆၇၅၀၂၆

#နေလကမ္ဘာတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး #လေးဖက်နာသောက်ဆေး #မြန်မာဆေး #သမားကိုင်ဆေး #အဆစ်ရောင်

🍚“ဆီးချိုမတက်စေဖို့ ထမင်းကိုဘယ်လိုချက်ရမလဲ” ဆိုတာကတော့ ဆီးချိုဝေဒနာရှင်တွေ၊ မိသားစုဝင်တွေ အမေးများကြ သိချင်ကြတဲ့ အကြောင်...
16/08/2026

🍚“ဆီးချိုမတက်စေဖို့ ထမင်းကိုဘယ်လိုချက်ရမလဲ” ဆိုတာကတော့ ဆီးချိုဝေဒနာရှင်တွေ၊ မိသားစုဝင်တွေ အမေးများကြ သိချင်ကြတဲ့ အကြောင်းအရာတွေထဲက တစ်ခုပါပဲ

🍚 ထမင်းကို ရေငှဲ့ချက်စားရမှာလား?
🍚 ပေါင်းအိုးနဲ့ချက်ရမလား?
🍚 ဆန်ကိုရေကြိုစိမ်ပြီးချက်ရမလား?
🍚 ထမင်းငှဲ့ပြီးရေလောင်းချရမလား?
အမျိုးမျိုးမေးကြပါတယ်..

✅ အဖြေကတော့ ဆန်ကို ရေငှဲ့ချက်သည်ဖြစ်စေ ပေါင်းအိုးနှင့်ချက်သည်ဖြစ်စေ ရေကြိုစိမ်ပြီးချက်ချက်၊ ချက်ပြီးမှရေလောင်းချချ ထမင်းက ဆီးချိုတက်စေတယ်ဆိုတာက အတူတူပါပဲ။

💥ဆီးချိုတက်စေရခြင်းရဲ့အဓိကက ထမင်းချက်နည်းကြောင့်မဟုတ်ပဲ ထမင်းကနေပေးတဲ့ ကစီဓာတ်ကြောင့်ဖြစ်ပါတယ်။

🔥ဒါကြောင့် ထမင်းကို ရေငှဲ့ချက်မလား ပေါင်းချက်မလားဆိုတာထက် ပမာဏလျော့ပြီးစားသုံးဖို့သာ အဓိကဖြစ်ပါတယ်။ ဆီးချိုသမားများဟာ ထမင်းကို ပန်းကန်တစ်ခုရဲ့ လေးပုံပုံတစ်ပုံခန့်၊ အသားကို လေးပုံတစ်ပုံ၊ အသီးအရွက်ကို လေးပုံနှစ်ပုံသာစာပေးခြင်းက သင့်တော်ပါတယ်။

🌙နေလကမ္ဘာဆီးချိုကျသောက်ဆေးကို နေ့စဉ်ပုံမှန်သောက်ပေးခြင်းဖြင့်လည်း ဆီးချိုကိုထိန်းနိုင်ပါတယ်။ နေလကမ္ဘာဆီးချိုကျသောက်ဆေးတစ်ဗူးလျှင် ၄၈၀၀/- ကျပ်ဖြင့် မှာယူနိုင်ပါပြီ။


ဆေးမှာယူလိုပါက Page Message တွင်ဖြစ်စေ 09444675026 ကိုဖြစ်စေ ဆက်သွယ်မှာယူနိုင်ပြီး မြန်မာနိုင်ငံအနှံကို အိမ်အရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်နေပါတယ်နော်…

“သင့်ကျန်းမာရေးကို အကောင်းဆုံးစောင့်ရှောက်ပေးမည့် နေလကမ္ဘာ”

🛑 ပင်ရင်း - ရန်ကုန်မြို့
ဖုန်း- ၀၉ ၄၄၄ ၆၇၅ ၀၂၆

#နေလကမ္ဘာတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး #သွေးချိုဆီးချိုသောက်ဆေး #မြန်မာဆေး #သွေးချိုဆီးချို

✅ဝမ်းမှန်အောင်ဆိုရင် အမျှင်ဓာတ်စားပေးရမယ်ဆိုတာတော့ လူတိုင်းသိပြီးဖြစ်မှာပါ။ဒါပေမယ့် တနေ့တာကို အမျှင်ဓာတ်ဘယ်လောက်စားပေးရမ...
12/08/2026

✅ဝမ်းမှန်အောင်ဆိုရင် အမျှင်ဓာတ်စားပေးရမယ်ဆိုတာတော့ လူတိုင်းသိပြီးဖြစ်မှာပါ။
ဒါပေမယ့် တနေ့တာကို အမျှင်ဓာတ်ဘယ်လောက်စားပေးရမှာလဲ ဘာတွေစားရမှာလဲဆိုတာကို တော့ လူတိုင်း သေသေချာချာမသိဘူး။

🍃လူတစ်ယောက်ဟာ ဝမ်းပုံမှန်သွားစေဖို့အတွက် တစ်နေ့ကို အမျှင်ဓာတ် 25 g ကနေ 30g လိုအပ်တယ်။ လုံလောက်တဲ့အမျှင်ဓာတ်ကို ခန္ဓာကိုယ်ကရရှိမှ ဝမ်းမှန်စေမှာပါ။

🪴ဒါဆို အမျှင်ဓာတ်များတယ်လို့ထင်တဲ့ ဟင်းသီးဟင်းရွက် အသီးအနှံတွေကိုစားနေပေမယ့် လုံလောက်တဲ့ အမျှင်ဓာတ်ပမာဏ ရနေရဲ့လား?
ဒါဆို လုံလောက်တဲ့အမျှင်ဓာတ်တွေရဖို့ ဘာတွေစားသင့်လဲဆိုတာ ပြောပြပေးပါမယ်…

မြန်မာလူမျိုးတို့ နေ့စဉ်စားသုံးနေကျ၊ ရင်းနှီးနေတဲ့ အစားအစာတွေထဲကနေ အမျှင်ဓာတ်အများဆုံး အစားအစာ (၁၀)မျိုးကတော့

🥑ထောပတ်သီး အနေတော်တစ်လုံး - 10 g Fiber
🫘ကုလားပဲ တစ်ခွက် - 12 g Fiber
🌰ချီယာစေ့ လက်ဖက်ရည်ဇွန်း(၂)ဇွန်း - 10 g Fiber
🥦ပန်းဂေါ်ဖီစိမ်း တစ်ခွက် - 5 g Fiber
🍠ကန်စွန်းဥ အနေတော်တစ်လုံး - 4g Fiber
🍎ပန်းသီး အနေတော်တစ်လုံး - 4g Fiber
🌾အုတ်ဂျုံ ထမင်းစားဇွန်း ၃ဇွန်း - 8g Fiber
🍐ပန်းသစ်တော်သီး အနေတော်တစ်လုံး - 6g Fiber
🌻နေကြာစေ့ 100g -8g Fiber
🥬ကိုက်လံ အနေတော်တစ်ခွက် - 4g Fiber

ပြောပြပေးထားတဲ့အမျှင်ဓာတ်များတဲ့ အစားအစာတွေကို နေ့စဉ်ပါဝင်အောင် လုံလောက်အောင်စားပေးရင် ဝမ်းမှန်စေဖို့ အထောက်အကူဖြစ်စေမှာပါ။

💚လုံလောက်တဲ့အမျှင်ဓာတ်ကိုစားဖို့ ဂရုမစိုက်နိုင်လို့ဖြစ်စေ ဝမ်းချုပ် ဝမ်းခိုင်လွန်းရင်ဖြစ်စေ ဘေးထွက်ဆိုးကျိုးမရှိတဲ့ ဝမ်းမှန်ဆေးတွေကို သောက်သုံးပေးနိုင်ပါတယ်။

✅နေလကမ္ဘာက ထုတ်လုပ်ထားတဲ့ ဝမ်းမှန်ဆေးက ဝမ်းနှုတ်ဆေးမဟုတ်တာကြောင့် ဘေးဥပါဒ်မရှိတဲ့အပြင် တိုင်းရင်းသမားတော်ကြီးများ ကိုယ်တိုင်စီမံဖော်စပ်ထားလို့ ယုံကြည်စိတ်ချစွာ သောက်သုံးနိုင်ပါတယ်နော်

🛑 နေလကမ္ဘာရှားစောင်းလက်ပတ်ဝမ်းမှန်ဆေး - ၄၈၀၀ ကျပ် (၉၀ လုံး)

ဆေးမှာယူလိုပါက Page Message တွင်ဖြစ်စေ 09444675026 ကိုဖြစ်စေ ဆက်သွယ်မှာယူနိုင်ပြီး မြန်မာနိုင်ငံအနှံကို အိမ်အရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်နေပါတယ်နော်…

“သင့်ကျန်းမာရေးကို အကောင်းဆုံးစောင့်ရှောက်ပေးမည့် နေလကမ္ဘာ”

🛑 ပင်ရင်း - ရန်ကုန်မြို့။ ဖုန်း- ၀၉ ၄၄၄ ၆၇၅ ၀၂၆

#နေလကမ္ဘာတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး #ဝမ်းမှန်ဆေး #မြန်မာဆေး #ရှားစောင်းလက်ပတ် #ဝမ်းချုပ် #အူလမ်းကြောင်း

🥠 အစွမ်းထက်တိုင်းရင်းဆေးပင် တောင်ကြာဥက အကြောအားနည်းခြင်းကို သက်သာစေတဲ့အစွမ်းရှိတာကြောင့် အာရုံကြောအားနည်းတဲ့အခါမှာ ဖြစ်တ...
08/08/2026

🥠 အစွမ်းထက်တိုင်းရင်းဆေးပင် တောင်ကြာဥက အကြောအားနည်းခြင်းကို သက်သာစေတဲ့အစွမ်းရှိတာကြောင့် အာရုံကြောအားနည်းတဲ့အခါမှာ ဖြစ်တတ်သည့် ဇက်ကြောတက်၊ မျက်ရိုးကိုက်၊ ခေါင်းအုံ ခေါင်းကိုက်၊ အိပ်မပျော်၊ မှတ်ဉာဏ်အားနည်းခြင်းတွေကို သက်သာကောင်းမွန်စေပါတယ်။

🪴နေလကမ္ဘာ အာရုံကြောအားတိုးဆေးကို မြန်မာ့ဂျင်းဆင်းလို့တင်စားခေါ်ဝေါ်ကြတဲ့ တောင်ကြာဥနှင့် ဥပသကာ၊ နနွင်းခါး၊ သက်ရင်းကြီးတို့ဖြင့် အဓိကဖော်စပ်ထုတ်လုပ်ထားပါတယ်။

💚 ဒါကြောင့် အာရုံကြောအားနည်း မှတ်ဉာဏ်အားနည်းခြင်းတွေကြုံတွေ့နေရပြီဆိုရင် နေလကမ္ဘာ အာရုံကြောအားတိုးဆေးကို တစ်နေ့လျှင်(၂)ကြိမ် သုံးစွဲကြည့်ပါ။
ခေါင်းကြည်ပြီး ကိုယ်လက်ပေါ့ပါးလို့ အာရုံကြောအားနည်းတဲ့ဝေဒနာတွေ သက်သာလာတာကို လက်တွေ့ခံစားရမှာပါ။

🛑 နေလကမ္ဘာအာရုံကြောအားတိုးဆေး - ၇၅၀၀ ကျပ် (၁၈၀ လုံး)

ဆေးမှာယူလိုပါက Page Message တွင်ဖြစ်စေ 09444675026 ကိုဖြစ်စေ ဆက်သွယ်မှာယူနိုင်ပြီး မြန်မာနိုင်ငံအနှံကို အိမ်အရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်နေပါတယ်နော်…

“သင့်ကျန်းမာရေးကို အကောင်းဆုံးစောင့်ရှောက်ပေးမည့် နေလကမ္ဘာ”

🛑 ပင်ရင်း - ရန်ကုန်မြို့
ဖုန်း- ၀၉ ၄၄၄ ၆၇၅၀၂၆

#နေလကမ္ဘာ #အာရုံကြောအားတိုးဆေး #ခြေလက်ထုံကျင်ခြင်း #အာရုံကြောကျန်းမာရေး #ကျန်းမာရေးအသိပညာ

🛑 ကျောက်ကပ်နှင့် ဆီးလမ်းကြောင်းမှာ ကျောက်တည်တာက ကျောက်ကပ်ပျက်စီးတဲ့အထိ ဖြစ်စေနိုင်သလားဆိုရင် …💚 ကျောက်တည်တိုင်း ကျောက်ကပ...
04/08/2026

🛑 ကျောက်ကပ်နှင့် ဆီးလမ်းကြောင်းမှာ ကျောက်တည်တာက ကျောက်ကပ်ပျက်စီးတဲ့အထိ ဖြစ်စေနိုင်သလားဆိုရင် …

💚 ကျောက်တည်တိုင်း ကျောက်ကပ်ပျက်စီးစေမှာ မဟုတ်ပေမယ့် အခြေအနေတချို့မှာတော့ ကျောက်ကပ်လုပ်ဆောင်ချက်တွေကို ကျဆင်းစေပြီး ကျောက်ကပ်ပျက်စီးမှုအထိ ဖြစ်စေနိုင်ပါတယ်။

ဘယ်လိုအခြေအနေမှာ ကျောက်ကပ်ပျက်စီးနိုင်လဲဆိုရင်…

✅ ကျောက်တွေကြီးပြီး ဆီးလမ်းကြောင်းမှာ ပိတ်ဆို့နေခြင်း - ဒီအခြေအနေမှာဆိုရင် ဆီးမထွက်နိုင်ပဲ ဆီးစီးဆင်းမှုလျော့ကျစေတာကြောင့် ကျောက်ကပ်ကို ထိခိုက်စေပါတယ်။
✅ ကျောက်ကြောင့် ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ ကျောက်ကပ်ပိုးဝင်ခြင်း ဖြစ်လာရင်လည်း ကျောက်ကပ်အတွက် အန္တရာယ်ရှိပါတယ်။
✅ ကျောက်တည်တာကို ကြာရှည်မကုဘဲထားခြင်း၊ ထပ်ခါထပ်ခါဖြစ်ခြင်း တွေရှိရင်လည်း ကျောက်ကပ်လုပ်ဆောင်ချက် ကျဆင်းနိုင်ပါတယ်။

ဒါကြောင့် ကျောက်တည်နေပြီဆိုရင် မပေါ့ဆပဲ ကျောက်များထွက်အောင် ကျောက်ကြေဆေး ပုံမှန်သောက်ဖို့ လိုအပ်ပါတယ်။ နေလကမ္ဘာ ဆီးကျောက်ကြေဆေးက ကျောက်ကွဲရွက်၊ သံမနိုင် ကျောက်မနိုင် တို့ပါဝင်တာကြောင့် ကျောက်ကြီးရင်ကျေ ကျေတဲ့ကျောက်ကိုပျော်ကျကာ စွန့်ထုတ်ပေးပါတယ်။

ဆေးမှာယူလိုပါက Page Message တွင်ဖြစ်စေ 09444675026 ကိုဖြစ်စေ ဆက်သွယ်မှာယူနိုင်ပြီး မြန်မာနိုင်ငံအနှံကို အိမ်အရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်နေပါတယ်နော်…

🛑 နေလကမ္ဘာဆီးကျောက်ကြေဆေး - ၇၅၀၀ ကျပ် (၁၈၀ လုံး)

“သင့်ကျန်းမာရေးကို အကောင်းဆုံးစောင့်ရှောက်ပေးမည့် နေလကမ္ဘာ”

🛑 ပင်ရင်း - ရန်ကုန်မြို့
ဖုန်း- ၀၉ ၄၄၄ ၆၇၅ ၀၂၆

#နေလကမ္ဘာတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး #ဆီးကျောက်ကြေဆေး #မြန်မာဆေး #ကျောက်ကပ်ကျောက်တည် #ဆီးကျောက်တည်

Address

No. 88, 91st Street
Mingalar Taung Nyunt
11221

Opening Hours

Tuesday 09:00 - 16:00
Wednesday 09:00 - 16:00
Thursday 09:00 - 16:00
Saturday 09:00 - 16:00

Telephone

+959444675026

Website

Alerts

Be the first to know and let us send you an email when NayLa Kabar-နေလကမ္ဘာဆေးဝါးထုတ်လုပ်ရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to NayLa Kabar-နေလကမ္ဘာဆေးဝါးထုတ်လုပ်ရေး:

Shortcuts

Share