03/01/2021
Credit to Mc Wai Yan
ဆီးချိုရောဂါက ကုသလို့ရပါသလားလို့ အဖြေသိလိုနေ တဲ့သူတွေအတွက် ဒီဆောင်းပါးက အကူအညီဖြစ်ပါစေလိမ့်မယ်။
လိုအပ်သည်ထက် အလွန်အမင်း စားသုံးနေခြင်းကိုသာ ထိထိရောက်ရောက် လျော့ချနိုင်မယ်ဆိုရင် ပုံမှန်မဟုတ်တဲ့ အင်ဆူလင်လက္ခဏာတွေကို ရပ်တန့်ပစ်နိုင်မှာဖြစ်ပြီး ဆီးချိုရောဂါကို ပြန်လည်ကုစားနိုင်မယ်လို့ ဆိုပါတယ်။
ဆီးချိုရောဂါဖြစ်ရတဲ့ တကယ့်အကြောင်းအရင်းမှန်ကတော့ အသည်းနဲ့ သရက်ရွက်တွေမှာ ဖုံးအုပ်နေတဲ့ အဆီပိုတွေကြောင့်ဖြစ်တယ်။
ဆီးချိုဖြစ်ပွားပုံကို အနည်းငယ်ရှင်းပြလိုပါတယ်။
လူတဦးဟာ တနေ့တာ ကယ်လိုရီလိုအပ်ချက်ထက် ပိုမိုပြီး အလွန်အမင်း စားသောက်တဲ့အခါ အသည်းအဆီဖုံးခြင်း စတင်ပါတော့တယ်။ အဆီဖုံးနေတဲ့ အသည်းဟာ အင်ဆူလင်ကို ကောင်းကောင်း မတုံ့ပြန်နိုင်တော့ပဲ ဂလူးကို့စ် အများအပြားကို ထုတ်လုပ်လာတယ်။ တချိန်တည်းမှာပဲ အဆီပိုတွေကို ထပ်မံလက်မခံနိုင်တော့တဲ့ အသည်းက တခြားကိုယ်တွင်းအင်္ဂါတွေကို အဆီ ဖြန့်ဝေပေးပို့ရာကနေ သရက်ရွက်မှာပါ အဆီပိုတွေ တက်လာပါတယ်။ အဆီပိုတွေက အင်ဆူလင်ဆဲလ်တွေကို ဖျက်ဆီးလာတာကြောင့် အင်ဆူလင်လုံလောက်အောင် မထုတ်နိုင်တော့ပဲ သွေးတွင်းသကြားဓာတ် အဆမတန် မြင့်တက်လာပြီး ဆီးချိုရောဂါဖြစ်ရပါတော့တယ်။
လေ့လာမှုတခုမှာဆိုရင် အသည်းက အဆီပိုတွေကို ထိထိရောက်ရောက် လျော့ချဖို့အတွက် ကယ်လိုရီပါဝင်မှုနည်းတဲ့ စားသုံးမှုပုံစံကို ပြောင်းလဲကျင့်ကြံပြီး အဆီပိုတွေကို လျော့ချလိုက်နိုင်တဲ့အခါ ၇ ရက်အကြာမှာပဲ မနက်အိပ်ရာနိုးတဲ့အခါ တိုင်းတာတဲ့ သကြားဓာတ်က ပုံမှန်အနေအထားနဲ့ အတော်နီးစပ်လာတယ်လို့ ဆိုပါတယ်။
ရက်သတ္တပတ် ၈ ပတ်မြောက်မှာဆိုရင် သရက်ရွက်က အဆီပိုတွေပါ ထပ်မံကျဆင်းသွားပြီးတဲ့နောက်မှာ အင်ဆူလင်ထုတ်လုပ်မှု မူလ အခြေအနေကို ပြန်ရောက်လာပြီး ဆီးချိုဝေဒနာ လုံးဝမရှိတော့ပါဘူးလို့ လေ့လာမှုတရပ်က အခိုင်အမာ ဆိုထားပါတယ်။
သတင်းကောင်းက ဆီးချိုသက် ၁၀ နှစ်လောက် ရှိပြီးသူတွေတောင်မှပဲ သရက်ရွက်မှာ ဖုံးအုပ်နေတဲ့ အဆီတွေကို ကယ်လိုရီနည်းနည်းနဲ့စားသောက်ပြီး လျော့ချဖယ်ပစ်နိုင်မယ်ဆိုရင် အင်ဆူလင်ထုတ်လုပ်မှုကို ပုံမှန်အနေအထားရောက်အောင် ပြန်ကုစားနိုင်တယ်လို့ ဆိုပါတယ်။
ဒီလိုလုပ်ဖို့ တခုတည်းသော အဖြေကလည်း ဝိတ်ချဖို့ပဲ ဖြစ်ပါတယ်။ ဆီးချိုရောဂါကို ကုသဖို့အတွက် ဒီအချက်တွေ မှတ်သားထားဖို့ လိုအပ်ပါမယ်။
-လိုအပ်တဲ့ ကယ်လိုရီပမာဏထက် ပိုမိုစားသောက်ခြင်းက အသည်းမှာ အဆီပိုတွေဖုံးအုပ်လာစေပါတယ်။
-အဆီပိုတွေ တက်လာတာနဲ့အမျှ အသည်းက အင်ဆူလင်ကို ကောင်းစွာမတုံ့ပြန်နိုင်တော့ပဲ ဂလူးကို့စ်အများအပြား ထုတ်လုပ်လာစေတယ်။
-အသည်းမှာ ပိုလျှံလာတဲ့အဆီတွေက သရက်ရွက်အထိ ပါ နယ်ချဲ့လာပြီး အင်ဆူလင်ထုတ်လုပ်ပေးနေတဲ့ ဆဲလ်တွေကို စတင်ပျက်စီးစေပါတယ်။
-ဆဲလ်တွေ ပျက်စီးလာတာနဲ့အမျှ လိုအပ်တဲ့အင်ဆူလင် ပမာဏ မထုတ်လုပ်နိုင်တော့ပဲနဲ့ သွေးတွင်းသကြားဓာတ် အလွန်အမင်းပိုလျှံလာပြီး ဆီးချိုရောဂါဖြစ်ပါတော့တယ်။
-1 ဂရမ်တောင်မပြည့်တဲ့ အဆီပမာဏလောက်ကိုသာ သရက်ရွက်က ဖယ်ထုတ်နိုင်ခဲ့မယ်ဆိုရင် ပျက်စီးသွားတဲ့ ဆဲလ်တွေကို ပြန်ကုစားပြီး အင်ဆူလင် ပုံမှန်အတိုင်း ပြန်ထုတ်လာနိုင်မှာဖြစ်တယ်။
-ဆီးချိုရောဂါကနေ ဒီလိုဟန့်တားထားလိုက်ခြင်းကို အနည်းဆုံးဆယ်နှစ်ကနေ အများဆုံး တသက်တာလုံးအထိ လုပ်နိုင်ပါတယ်။
ဒီတော့ ဆီးချိုရောဂါဟာ ကုလို့မရတဲ့ရောဂါ မဟုတ်ပါဘူးလို့ ေခတ်သစ်ဆေးသိပ္ပံပညာက လှစ်ဟလိုက်ပါပြီ။
ဒါကြောင့် အခုကစပြီးဖြစ်ဖြစ် စားသောက်နေထိုင်ပုံကို ပြောင်းလဲပြီး ဆီးချိုရောဂါကို အမြစ်ပြတ်တိုက်ထုတ်ဖို့ နီးစပ်ရာ မိသားစုသူငယ်ချင်းတွေကို လက်တို့လိုက်ပါစို့။
Credit to Mc Wai Yan