18/01/2024
ဆေးတိုင်းမရောင်းချင်တဲ့ ဆေးဆိုင်
အခုလေးတင်ဘဲ ရွာက ရွာသူအချို့ဆေးကဒ်နမူနာပြပြီး ဆေးလာဝယ်တယ်ကြည့်လိုက်တော့ Diclo,Dexa,Methylprednisolone,Betex.ကျွန်မက ဘာလို့သောက်တာလဲ ဆရာဝန်က ညွှန်ထားလို့လား မေးကြည့်တော့ ညောင်းလို့သောက်တာတဲ့ သောက်မဲ့သူက အသက်70 ကျော်တဲ့ ဆေးတွေရဲ့ ဆိုးကျိုးကိုရှင်းပြပေမဲ့ ဝယ်ချင်နေတုန်း ကျွန်မကို လျှာရှည်ရန်ကောဆိုတဲ့ အကြည့်နဲ့ ကြည့်တုန်း Betexကတော့ လိုအပ်ရင်စွဲသောက်လို့ရပေမဲ့ ကျန်တဲ့ဆေးတွေက လုံး၀မကောင်းပါဘူးထပ်ပြောတာတောင် ယူမှာဘဲတဲ့ ကျွန်မအရမ်းစိတ်ညစ်သွားတယ်။