22/06/2022
💢 All about Dehydrated Skin - ရေဓာတ်ခမ်းခြောက်တဲ့အသားအရေအကြောင်း
သားဖြိုး Skin Type (5)မျိုးအကြောင်း ရေးပေးခဲ့ဘူးပါတယ်။ အဲ့ထဲမှ မပါတဲ့ Dehydrated Skin အကြောင်း ခုရေးပေးပါတယ်။
ခု လက်တလော သားဖြိုး Skin က Dehydrated Skin ဖြစ်နေတာဆိုတော့ ဒီ Blog က ဒီအချိန်ရေးတာ ပိုပြည့်စုံမယ်လေ။
Dehydrate ဖြစ်တယ်ဆိုတာ Dry Skin မှ Dehydrate ဖြစ်တာမဟုတ်ပါဘူး။
အသားအရေအမျိုးစားတိုင်း Dehydrate ဖြစ်နိုင်ပါတယ်။
Dehydrate ဖြစ်ရတဲ့ အကြောင်းအရင်းတွေ အများကြီးရှိပါတယ်။
- Environmental factors (Cold, winter, wind, pollution, UV rays, etc.😉
- Emotional factors (Stress or fatigue)
- Cosmetic products (that are too aggressive, detergent, stripping or drying)
- External factors (Such as to***co or alcohol;)
- Certain medical treatments (Such as anti-acne or anti-cholesterol medications)
သားဖြိုးကတော့ ဝက်ခြံပျောက်တဲ့လိမ်းဆေးနဲ့ သောက်ဆေးတွေ နေ့စဉ်ရက်ဆက်လိမ်းရ၊ သောက်ရတဲ့အခါ၊ Chemical Peeling အလွန်အကျွံလုပ်မိတဲ့အခါ၊ Aggressive ဖြစ်တဲ့ Skin Care (Chemical ပြင်းပြင်းတွေပါတဲ့ Skin Care)တွေ နေ့စဉ်ဆက်တိုက်သုံးမိတဲ့အခါမှာ Dehydrate ဖြစ်လေ့ရှိပါတယ်။
Dehydrate ဖြစ်ပြီဆိုရင်
- အရေပြားက ခြောက်သွေ့ပြီး ယားမယ်။ အဖက်လန်မယ်။
- အသားအရေက တင်းပြီး အပေါ်ယံလွှာက အဆီပြန်မယ်။
- အရေးအကြောင်းတွေ ပုံမှန်ထက်ပိုထင်းလာမယ်။
- မျက်လုံး ဧရိယာက ခြောက်သွေ့ ညိုမဲပြီး ပင်ပန်းတဲ့ပုံပေါက်နေမယ်။
အဲ့လို လက္ခဏာတွေ ဖြစ်ပြီဆိုရင် သေချာတယ် You တို့ Skin က Dehydrate ဖြစ်နေပြီဆိုတာ…။
Dehydrate ဖြစ်ပြီဆိုရင် ဘယ်လိုကုရမလဲ?
ရေများများ သောက်ရမယ်။ တစ်နေ့ကို ၁.၅လီတာ အနည်းဆုံးသောက်ပေးပါ။
Cleansing လုပ်ရင် Cleansing Water အစား Cleansing LOM/Oil/Balm ကိုပြောင်းသုံးပါ။ Cleanser ဆို PH Balance လုပ်ပေးနိုင်တဲ့ Soap-Free Cleanser တွေကသာ Dehydrated Skin တွေအတွက် အသင့်တော်ဆုံးဖြစ်ပါတယ်။
Hyaluronic Acid, Glycerin, Aloe, Snail Mucin, Honey, Ceramide, Bamboo Extract လိုမျိုး အသားအရေကို Hydration သေချာပေးနိုင်တဲ့ Ingredients တွေပါတဲ့ Skin Care လေးတွေ သေချာသုံးပေးဖို့လိုပါတယ်။
ဒါကတော့ သားဖြိုးပြောတဲ့ All about Dehydrated Skin (ရေဓာတ်ခမ်းခြောက်တဲ့အသားအရေအကြောင်း) ဖြစ်ပါတယ်။
သားဖြိုး Blog လေးက သားဖြိုးလေ့လာထားတဲ့အကြောင်းအရာလေးနဲ့ သားဖြိုး လက်ရှိ Dehydate ဖြစ်နေတဲ့ အတွေ့အကြုံတွေကို ပြန်ပြီး Sharing လုပ်ပေးတာမို့ မပြည့်မစုံရှိနိုင်တာမို့ ထပ်ဖြည့်စရာလေးတွေရှိခဲ့ရင် Comment မှာ ရေးခဲ့ပေးဖို့ တောင်းဆိုချင်ပါတယ်။