အညာတောအိမ်-Anyar Taw Eain

အညာတောအိမ်-Anyar Taw Eain Place for Anyar IDP for access to health care.

06/06/2026

မြစ်​ခြေအပါအဝင် ရွာ​ပေါင်း ၁၈ ရွာက အိမ်​ခြေ ၁၀၀၀ နီးပါး အကြမ်းဖက်စစ်တပ်က မီးရှို့ ဖျက်စီးခဲ့ပါတယ်။

ဆောအတွက် အညာ​တောအိမ်....တို့များအဖွဲ့က ​သေး​သေး​လေးပါ... ဒါ​ပေမယ့် ​ခေတ်ရဲ့ ဝန်ကို ၂ ဆ ထမ်းပြီး ကျဆုံးသွားသူ​တွေအတွက် အလ...
05/06/2026

ဆောအတွက် အညာ​တောအိမ်....
တို့များအဖွဲ့က ​သေး​သေး​လေးပါ... ဒါ​ပေမယ့် ​ခေတ်ရဲ့ ဝန်ကို ၂ ဆ ထမ်းပြီး ကျဆုံးသွားသူ​တွေအတွက် အလုပ်ပိုလုပ်ပါ့မယ်။

အဖွဲ့ဝင်မိသားစု ရဲ့ အိမ်ပါ မီး​လောင်သွားတယ်..အသက်ရှုရ ခက်ခဲတဲ့ ​နေ့ရက်​တွေပါပဲ..
04/06/2026

အဖွဲ့ဝင်မိသားစု ရဲ့ အိမ်ပါ မီး​လောင်သွားတယ်..
အသက်ရှုရ ခက်ခဲတဲ့ ​နေ့ရက်​တွေပါပဲ..

အ​မှောင်​တွေကြားက အလင်း​ရောင် ဖြစ်ပါ​စေ။ လူထုက ပို့​ပေးထားတဲ့ ​ငွေကို အ​လေအလွင့်မရှိ​အောင် စီမံပြီး တောထဲ စစ်ရှောင်အိမ်ထ...
04/06/2026

အ​မှောင်​တွေကြားက အလင်း​ရောင် ဖြစ်ပါ​စေ။
လူထုက ပို့​ပေးထားတဲ့ ​ငွေကို အ​လေအလွင့်မရှိ​အောင် စီမံပြီး တောထဲ စစ်ရှောင်အိမ်ထောင်စု ၅၅စု အတွက် ဆန်၊ကြက်သွန်၊ငပိ ​ကို နယ်​မြေတာဝန်ခံ​တွေက တဆင့် ပို့​​ပေးခဲ့ပါတယ်။

03/06/2026

အ​​လောင်း​တွေ၊ မီး​လောင်ပြင်​တွေနဲ့ မြို့..
မြစ်​ခြေ​ရေ......
ငါတို့ ငို​နေရပါပြီ။

ဆော၊ကန်ပက်လက် စစ်​ရှောင်ပြည်သူအ​​​တော််များပါတယ်။ ​တော်လှန်​ရေးဘက်က စစ်​ကြောင်း နဲ့ ဖက်ဆစ်တပ် ရဲ့ စစ်​ကြောင်း​တွေ အပြင်း...
02/06/2026

ဆော၊ကန်ပက်လက် စစ်​ရှောင်ပြည်သူအ​​​တော််များပါတယ်။
​တော်လှန်​ရေးဘက်က စစ်​ကြောင်း နဲ့ ဖက်ဆစ်တပ် ရဲ့ စစ်​ကြောင်း​တွေ အပြင်းအထန် တိုက်ပွဲဖြစ်​နေပါတယ်။
စစ်​ရေးဘက် က လုပ်စရာ ရှိတာ လုပ်သလို၊ ကျွန်​​​တော်တို့လည်း ​​ဆော၊ ကန်ပက်လက်၊ မင်းတပ်က စစ်​​ရှောင်ပြည်သူ​တွေကို.​စောင့်​ရှောက်ကြရ​အောင်။
အညာ​​တောအိမ်က ​​မြေပြင်အ​ကောင်အထည်​ဖော် ​ဆောင်ရွက်သူအချို့ စစ်​​ရှောင်​ကော်မတီ နဲ့ ချိတ်ဆက်​​ဆောင်ရွက်​နေပါတယ်။
လူနာတင်ယာဥ်လည်း ​ရှေ့တန်းထိ တာဝန်ထမ်း​ဆောင်​နေပါတယ်။

01/06/2026

လူထုရဲ့ ဆုံးရှုံးမှု​တွေ........
လူထု ရဲ့ ​​ဝေဒနာ​တွေ....

" ဒုက္ခဟာ ကိုယ့်ဒုက္ခမဟုတ်ရင် သည်းခံခြင်း အ​​ကြောင်း​ပြောရတာ သိပ်လွယ်တယ်" တဲ့...တို့​တွေဟာ တစ်ခုခု ဆုံးရှုံးဖူးမှ အဲ ဒုက...
31/05/2026

" ဒုက္ခဟာ ကိုယ့်ဒုက္ခမဟုတ်ရင် သည်းခံခြင်း အ​​ကြောင်း​ပြောရတာ သိပ်လွယ်တယ်" တဲ့...
တို့​တွေဟာ တစ်ခုခု ဆုံးရှုံးဖူးမှ အဲ ဒုက္ခကို ကိုယ်နဲ့ရင်း ခံစားရတာပါပဲ။
မိမိရဲ့ ကျွန်းတိုင် နဲ့အိမ်ကြီးရခိုင်​တွေ မီး​​တောက်၊မီးလျံ​တွေ ဝါးမြိုသွားပြီး မီးခိုး​တွေအဖြစ် နဲ့ တက်လာတာ သိပ်နာကျင်ဖို့​ကောင်းတယ်။ အညာက အိမ်တစ်အိမ်ဟာ မိသားစုဝင်​တွေ တနယ်ရပ်ခြားမှာ ​နေထွက်၊​နေဝင် အလုပ် လုပ်လို့ရတဲ့ ​ငွေ​တွေနဲ့ ​ဆောက်ကြရတယ်။
တို့များ အညာ​တောအိမ်ရဲ့ အဖွဲ့ဝင်​တွေလည်း ​ဒေသခံ​တွေထဲက ဖြစ်တဲ့ အ​လျောက် ဆုံးရှုံးမှု​တွေနဲ့​ပေါ့။
အခု​တော့ လူထုကပို့​ပေးတဲ့ ​​ငွေ​ကြေး​တွေကို ​မျက်ရည်တွေ ကူသုတ်ရင်း အ​ရောက်ပို့ခဲ့ပါတယ်။
နာကျင်မှု​တွေကို ဧရာဝတီ မြစ်ထဲ ​မျှောလို့ ရရင်လည်း ​ကောင်းရဲ့...

အာဆင်နယ် ရဲ့ ဆုံးရှုံးမှုအတွက် ကျွန်​တော်တို့ အဖွဲ့လည်း စိတ်မ​ကောင်းဖြစ်ရပါတယ်။ ဒီလိုပဲ.... ပိုင်ဆိုင်မှု​တွေ ဆုံးရှုံးရ...
31/05/2026

အာဆင်နယ် ရဲ့ ဆုံးရှုံးမှုအတွက် ကျွန်​တော်တို့ အဖွဲ့လည်း စိတ်မ​ကောင်းဖြစ်ရပါတယ်။
ဒီလိုပဲ.... ပိုင်ဆိုင်မှု​တွေ ဆုံးရှုံးရတဲ့ မြစ်​ခြေက ပြည်သူ​တွေအတွက်လည်း စိတ်မ​ကောင်းဖြစ်ရတယ်။
India ခရီး​ကြောင့် ဖြစ်လာမယ့် ဆုံးရှုံးမှု​တွေအတွက်လည်း စိတ်မ​ကောင်းဖြစ်ရတယ်။
ဒီကာလမှာ ပို​နေရင် ကူ၊ လိုအပ်​နေရင် ယူ ဆိုပြီး အချင်းချင်း လက်အတူတူတွဲထားကြရ​အောင်။
​စောင့်​ရှောက်လို့ ရတာမှန်သမျှ အချင်းချင်း ​စောင့်​ရှောက်ကြရ​အောင်။
ဆန်ကူကူ၊ဆီကူကူ နိုင်ရာကူကြရ​​အောင်။

ဒီပို့စ် က ​ဒေသခံလူထုရဲ့ ပါဝင်မှုကို အသိအမှတ်ပြု ​ကျေးဇူး တင်​ရတာပါ။ တကယ်တမ်း ​ပြောရရင် အဖွဲ့က လူအများကြီး ရှိမ​နေဘူး။ ဆ...
30/05/2026

ဒီပို့စ် က ​ဒေသခံလူထုရဲ့ ပါဝင်မှုကို အသိအမှတ်ပြု ​ကျေးဇူး တင်​ရတာပါ။
တကယ်တမ်း ​ပြောရရင် အဖွဲ့က လူအများကြီး ရှိမ​နေဘူး။ ဆန်အိတ်​တွေ ထမ်းဖို့၊ ​တင်ဖို့၊ ​ဝေဖို့ကို ​ဒေသခံ​တွေက လုပ်အားကူကြတယ်။
ဆန်​တွေက မ​လောက်​သေးပါဘူး။ ကျွန်းရွာ​တွေက အိမ်​​ထောင်စု​ပေါင်း ၃၉၅ အတွက် လိုအပ်တာပါ။
ဆန်အိတ် ၅၀ ​လောက် ထပ်ရှာ​နေတာပါ။ ရသ​လောက်၊ နိုင်သ​လောက် ကူကြရ​အောင်ဗျာ...

Address

Sulipan Street
Myaing

Telephone

+959401512506

Website

Alerts

Be the first to know and let us send you an email when အညာတောအိမ်-Anyar Taw Eain posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to အညာတောအိမ်-Anyar Taw Eain:

Share