15/09/2026
☀️ "Sunscreen မလိမ်းဘဲ Skincare သုံးနေတာဟာ ထီးမပါဘဲ မိုးရွာထဲ ထွက်နေသလိုပါပဲ" ☂️
✅ လှပကျန်းမာတဲ့ အသားအရေကို ပိုင်ဆိုင်ဖို့အတွက် ဒီနေ့မနက်ကစပြီး Sunscreen ကို မမေ့မလျော့ လိမ်းကြစို့နော်..." 💛 လူတော်တော်များများက Skincare အဆီ၊ Serum တွေ၊ ခရမ်တွေကို ဈေးကြီးပေးဝယ်သုံးကြပေမဲ့ Sunscreen လိမ်းဖို့ကျတော့ ပျင်းတတ်ကြပါတယ်။ တကယ်တော့ Sunscreen ဆိုတာ အသားအရေထိန်းသိမ်းမှုရဲ့ နံပါတ် (၁) အခြေခံအကျဆုံးနဲ့ အရေးအကြီးဆုံးအဆင့် ပါပဲ။
မနက်တိုင်း Sunscreen လိမ်းပေးရင် ဘာတွေကောင်းမလဲ။
✨ အသက်အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးတယ်
ခရမ်းလွန်ရောင်ခြည် (UVA) က အရေပြားရဲ့ အတွင်းပိုင်းထိ ထိုးဖောက်ပြီး တွန့်ကြောင်း၊ အရေးကြောင်းနဲ့ ပါးရေတွန့်တာတွေကို မြန်မြန်ဖြစ်စေပါတယ်။ Sunscreen လိမ်းတာက Aging Process ကို သိသိသာသာ နှေးကွေးစေပါတယ်။
✨ တင်းတိပ်၊ မှကွက်နဲ့ အမဲစက်တွေကို ထိန်းချုပ်ပေးတယ်
UVB ရောင်ခြည်ကြောင့် အသားအရေ နီရဲလောင်ကျွမ်းပြီး Melanin ဓာတ် ထွက်ရှိမှု လွန်ကဲကာ တင်းတိပ်နဲ့ အမဲစက်တွေ ဖြစ်လာရတာပါ။ Sunscreen က ဒီပြဿနာကို ထိရောက်စွာ တားဆီးပေးပါတယ်။
✨ Skin Barrier (အသားအရေ ကာကွယ်လွှာ) ကို ထိန်းသိမ်းပေးတယ်
နေရောင်ဒဏ်ကြောင့် အသားအရေ ခြောက်သွေ့တာ၊ နီရဲယားယံတာနဲ့ ပျက်စီးတာတွေကို သက်သာစေပါတယ်။
✨ အရေပြားကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးတယ်
နေရောင်နဲ့ အမြဲထိတွေ့နေရတဲ့ အသားအရေဟာ ရေရှည်မှာ အရေပြားကင်ဆာဖြစ်နိုင်ခြေ ပိုများပါတယ်။
👉 ဘယ်လိုလိမ်းမလဲ။
မနက်တိုင်း အိမ်ထဲမှာပဲရှိရှိ၊ အပြင်ထွက်ထွက် SPF 30++ နှင့်အထက်ရှိတဲ့ Sunscreen ကို လက်ညှိုးနှစ်ချောင်းစာ ပမာဏ လိမ်းပေးပါ။
အပြင်မှာ နေရောင်နဲ့ တိုက်ရိုက်ထိတွေ့ရင် (၂) နာရီတစ်ကြိမ် ပြန်လိမ်းပေးတာ အကောင်းဆုံးပါ။