25/06/2026
လူနာဆိုတာ ဆရာပါ
ယူတတ်ရင် ကိုယ့်အတွက်ချည်းပဲ
ကျနော်နေထိုင်အခြေချရာ အထက်ဒေသGP ဆိုတော့
လူတချို့(လူကြီးလူငယ်မရွေး ခေါင်ရည် /ဆ,ပီ /ကချင်/ ဆေးရွက် မကင်းကြဘူးပေါ့( အားလုံး မဟုတ်ပါ) ဆေးလိပ်လဲ ပါသဗျ
အဲ့ထဲက အဆိုးဆုံးကတော့ ၇၀/ ၈၀ ကျော် ဖွားဖွားတွပဲ
တခါသား ၇၀ကျော် အဖွားတယောက် ချောင်းဆိုး ရင်ကြပ်လို့ ဆေးခန်းလာပြတာ
အိမ်သားတွေကလည်း “ ဆရာ အဖွားက ဆေးလိပ် အရမ်းသောက် ( သောက့်လို့ရတာအကုန်သောက်တယ် မသောက်ဖို့ပြောပေးပါဦး”တဲ့ လူနာရှေ့ပေါ်တင်ကြီး
အဲ့တော့ အဖွားမျက်နှာကလည်း သူ့အတင်းတုတ်တာကြောင့်။ အဆင်ပြေမနေ
ကဲပါ ဘာပဲဖြစ်ဖြစ် ရှင်းပြစရာရှိတာ ရှင်းပြမယ် ကုစရာရှိတာကုမယ်ဆိုပြီး အဖွားကို မျက်နှာချိုသွေးပြီး ရောဂါနဲ့ ဆက်စပ်ရာ ဆက်စပ်ကြောင်းရှင်းပြ အိုင်ပက်ကြီးထုတ် ပုံနှင့်တကွ ဝေဝေဆာဆာပြောနေတာကို
စိတ်ဝင်စားဟန်မပြပဲ
အဖွားက တခွန်းပဲပြောလိုက်တယ်
“ ဟဲ့ဆရာဝန် ငါက သေမယ်ဆိုသေလို့ရပြီ မသေခင် ငါကြိုက်တာငါလုပ်ပါရစေ”
နင်သာကျန်းမာရေး ဂရုစိုက် ငယ်သေးတယ်”တဲ့
အဲ့ချိန်ကစပြီး Dr.Aye တို့က လူကြီးတွေဆို မျက်နှာရိပ်ကဲကြည့်ပြီး ကုလိုက်တာ ခုဆို သက်ကြီးပိုင်းတွေနဲ့ ပြုံးပျော်ရွှင်လို့ #လူနာဆိုတာ #ဆရာပါ