Nan Htike Aung

Nan Htike Aung Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Nan Htike Aung, Cosmetics Store, Ywar Taw Mingalar Market, Naypyidaw.

25/06/2025
25/06/2025

**အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့်က အစ္စရေးလ်နဲ့ အီရန် နှစ်ဖက်စလုံး အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်နေတယ်လို့ ဒီကနေ့ စွပ်စွဲပြောဆိုလိုက်ပါတယ်**

သူ အပစ်အခတ်ရပ်စဲရေးကို ကြေညာပြီး နာရီပိုင်းအကြာမှာပဲ ဒီလိုပြောလိုက်တာပါ။ အထူးသဖြင့် အစ္စရေးလ်ဘက်က အီရန်နိုင်ငံရဲ့ မြို့တော် တီဟီရန်မြို့ကို ကြီးကြီးမားမား တိုက်ခိုက်မှုအသစ်တွေ လုပ်ခဲ့တာကြောင့် ထရမ့် အတော်လေး စိတ်ပျက်နေပုံရပါတယ်။

'အစ္စရေးလ်၊ အဲ့ဒီဗုံးတွေ မကြဲပါနဲ့။ အကယ်၍ ကြဲမယ်ဆိုရင် ဒါဟာ ကြီးမားတဲ့ ချိုးဖောက်မှုပဲ။ မင်းတို့ရဲ့ လေယာဉ်မှူးတွေကို အခု ချက်ချင်းပဲ အိမ်ပြန်ခေါ်လိုက်ပါ။' လို့ ထရမ့်က သူ ဟိန်းဂ်မြို့မှာကျင်းပမယ့် နေတိုး ထိပ်သီးအစည်းအဝေးကို သွားဖို့ သမ္မတအိမ်ဖြူတော်ကနေ ထွက်ခွာပြီး ခဏအကြာမှာ သူ့ရဲ့ Truth Social မှာ ရေးတင်ခဲ့ပါတယ်။

လေယာဉ်မတက်ခင်မှာ သူဟာ နှစ်ဖက်စလုံးက အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်တာကြောင့် 'စိတ်မပျော်ဘူး' လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ အထူးသဖြင့် အစ္စရေးလ်ကို မပျော်တာပါ။

'အခု အစ္စရေးလ်ကို ငြိမ်သွားအောင် လုပ်ရမယ်' လို့ ထရမ့်က သမ္မတအိမ်ဖြူတော်ကနေ ထွက်ခွာရင်း ပြောခဲ့ပါတယ်။ 'အစ္စရေးလ်က ကျနော်တို့ သဘောတူညီချက်ရပြီးတာနဲ့ သူတို့ရဲ့ လေယာဉ်တွေ ထွက်လာပြီး အီရန်ကို ဗုံးတွေ အများကြီး ကြဲချတယ်။ အဲ့လိုမျိုး ဘယ်တုန်းကမှ မမြင်ဖူးဘူး။ အကြီးမားဆုံး ဗုံးကြဲမှုပဲ။'

အီရန်နဲ့ အစ္စရေးလ်တို့က 'အကြာကြီးနဲ့ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြမို့ သူတို့ကိုယ်သူတို့ ဘာတွေလုပ်နေလဲဆိုတာတောင် မသိကြတော့ဘူး' လို့ သူက ကင်မရာတွေဘက်ကနေ လှည့်ထွက်ပြီး သူ့ရဲ့ ရဟတ်ယာဉ်ဆီ မသွားခင် ပြောခဲ့ပါတယ်။

အစောပိုင်းတုန်းကတော့ အစ္စရေးလ် ကာကွယ်ရေးဝန်ကြီး အစ္စရေးလ် ကတ်ဇ်က အီရန်ဘက်က ဒုံးကျည်တွေ ပစ်လွှတ်တာဟာ အပစ်အခတ်ရပ်စဲရေးကို 'ဆိုးဆိုးရွားရွား ချိုးဖောက်တာ' လို့ ပြောပြီး တီဟီရန်မြို့က ပစ်မှတ်တွေကို တိုက်ခိုက်မှုအသစ်တွေ လုပ်ဖို့ စစ်တပ်ကို အမိန့်ပေးခဲ့တယ်လို့ ပြောပါတယ်။

အီရန်ကတော့ ဒုံးကျည်တွေ ပစ်လွှတ်ခဲ့တာကို ငြင်းဆိုခဲ့ပြီး အစ္စရေးလ်ရဲ့ တိုက်ခိုက်မှုတွေဟာ အပစ်အခတ်ရပ်စဲရေး စတင်ဖို့ သတ်မှတ်ထားတဲ့အချိန်ထက် တစ်နာရီခွဲလောက် ပိုကြာအောင် ဆက်တိုက်ခဲ့တယ်လို့ ပြောပါတယ်။

နှစ်ဖက်စလုံးမှာ ကနဦး ချိုးဖောက်မှုတွေ ရှိနေပေမယ့် နှစ်နိုင်ငံလုံး၊ အရှေ့အလယ်ပိုင်း တစ်ခွင်လုံးနဲ့ ကမ္ဘာတစ်ဝန်းလုံးမှာ စစ်ပွဲကနေ ရုန်းထွက်ဖို့ လမ်းကြောင်းတစ်ခု ပေါ်လာပြီဆိုတဲ့ စိတ်သက်သာရာရမှုက သိသိသာသာကို ရှိနေပါတယ်။ အစ္စရေးလ်က အံ့အားသင့်စရာ တိုက်ခိုက်မှုနဲ့ စတင်ခဲ့တာ ၁၂ ရက်အကြာ၊ ထရမ့်က အီရန်ရဲ့ နျူကလီးယားပစ်မှတ်တွေကို တိုက်ခိုက်မှုနဲ့ ပါဝင်လာပြီး နှစ်ရက်အကြာမှာ ဒီလိုဖြစ်လာတာပါ။

“ကျနော်တို့ ပျော်တယ်။ အရမ်းပျော်တယ်။ ဘယ်သူကြားဝင်ဖြန်ဖြေတာလဲ၊ ဘယ်လိုဖြစ်တာလဲဆိုတာက အရေးမကြီးပါဘူး။ စစ်ပွဲပြီးသွားပြီ။ အစကတည်းက စတင်ခဲ့သင့်တာ မဟုတ်ဘူး” လို့ တီဟီရန်မြို့ကို တိုက်ခိုက်မှုတွေကနေ ရှောင်ဖို့ သူ့မိသားစုနဲ့ ကက်စပီယန်ပင်လယ်ဘေးက ရတ်ရှ်မြို့ကို ပြောင်းရွှေ့ခဲ့တဲ့ ရေဇာ ရှာရီဖီ (၃၈ နှစ်) က ရိုက်တာသတင်းဌာနကို ဖုန်းနဲ့ ပြောခဲ့ပါတယ်။

တယ်လ်အဗစ်မြို့က ဆော့ဖ်ဝဲအင်ဂျင်နီယာ အာရစ် ဒိုင်မန့်က “စိတ်မကောင်းစရာပါ၊ ကျနော်နဲ့ ကျနော့်မိသားစုအတွက်တော့ နည်းနည်း နောက်ကျသွားပြီ။ ဘာလို့လဲဆိုတော့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ဗုံးကြဲမှုတွေမှာ ဒီက ကျနော်တို့အိမ်က လုံးဝ ပျက်စီးသွားပြီ။ ဒါပေမယ့် သူတို့ပြောသလိုပဲ နောက်ကျတာက ဘယ်တော့မှ မလုပ်တာထက်စာရင် ပိုကောင်းပါတယ်လို့ ပြောရမှာပေါ့။ ဒီအပစ်အခတ်ရပ်စဲရေးက အစသစ်တစ်ခု ဖြစ်ပါစေလို့ မျှော်လင့်ပါတယ်” လို့ ပြောပါတယ်။

သိပ်မကြာခင်မှာပဲ ထရမ့်က ရဟတ်ယာဉ်ပေါ်ကနေ သူ့ရဲ့ Truth Social မှာ 'အပစ်အခတ်ရပ်စဲရေး စတင်နေပြီ။ ဒါကို မချိုးဖောက်ပါနဲ့!' လို့ ထပ်ရေးသားခဲ့ပါတယ်။"

REUTERS သတင်းပါ။

လေးစားစွာဖြင့် credit ပေးပါသည်
ဗန်းမော်သိန်းဖေ
၂၄-၀၆-၂၀၂၅

20/06/2025
23/05/2025
23/05/2025

သခင်ရဲ့ခွေး၄ရက်ကြာခွေးလေးပျောက်သွားလို့ပြန်တွေ့တော့

မိဘမဲ့ကြောင်လေးတွေကို

စောင့်ရှောက်နေတာတွေ့ရတယ်။အကြင်နာလေးနဲ့ပါဘဲလား

သူတို့ကတချို့အကြင်နာမရှိတဲ့လူတွေထက်ပိုစိတ်သဘောထားကောင်းသေးတယ်

Address

Ywar Taw Mingalar Market
Naypyidaw

Telephone

+959798361020

Website

Alerts

Be the first to know and let us send you an email when Nan Htike Aung posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share