06/03/2023
ကိုယ်သောက်နေတဲ့ ဆေးတွေအကြောင်းကိုယ်ကိုတိုင် ယေဘုယျအားဖြင် အောက်ကအချက်လေးတွေနားလည်ထားဖို့ လိုအပ်ပါတယ်
ဆေးအမည် (Brand Name)
ဆေးအတွင်းရှိတဲ့ အာနိသင် (Chemical Name)
ဆေးချိန် (.mg/ml...)
ဘယ်အချိန်သောက်ရမလဲ
ထမင်းစားပြီးမှလား မပြီးခင်လား(after meal or before)
ဆေး အာနိသင် ဘေးထွက်ဆိုးကျိုး
Adverse effect ( Side effect)
အစားအစာ တခြားဆေးနဲ့တွဲသောက်ရင်
ဓာတ်တုံပြန်ခြင်း ရှိမရှိ
(Chemical react)
ဆေးကိုမှားပြီးသောက်မိတာ 10mgသောက်ရမှာကို 3လုံးသောက်လိုက်မိလို့ 30mg ဖြစ်သွားတာမျိုး
လူသိများတဲ့ ဘိုင်အိုဂျက်စစ်
ဥပမာ ထားပြီးပြောရအောင်
ဆေးအမည် biogesic(Brand Name)
ဆေးအာနိသင်က paracetamol(Chemical Name)
Paracetamol ဟာ ကိုက်ခဲနာကျင်တာ
သက်သာပျောက်ကင်းစေတဲ့အာနိသင်ဖြစ်ပါတယ်
ဆေးချိန်က paracetamol ကို 500mg ပါပါတယ်
ဆေးသောက်ရမှာက 12နှစ်အထက်ဆိုရင်
4နာရီ ခြား (သို့) 6နာရီခြား ၁လုံး ကနေ ၂လုံးထိသောက်လို့ရတယ်
ဆေးချိန်များသွားတယ် (overdose)
တရက်ထဲ (24 hrs) မှာ biogesic 8 လုံး(tab)သောက်လိုက်တယ်ဆိုရင်
Paracetamol 500mg ×8= 4000mgဖြစ်သွားမှာပါ
ဒီလို paracetamol ဆေးချိန် (dose )အများကြီးသောက်လိုက်မိရင် အသည်းကိုထိခိုက်ပျက်စီးစေ ပြီ
Shock ဖြစ်သွားနိုင်ပါတယ်
ပိုပြီးပြည်ပြည်စုံစုံသိချင်ရင် MIMS.com
Web မှာ
ဆေးနာမည်(brand Name)
ဆေးအာနိသင် (chemical Name)
Search bar မှာ ရိုက်ထည့်ပြီးဖတ်ကြည်နိုင်ပါတယ်
https://www.mims.com/myanmar/drug/search?q=Biogesic%20Tablet&mtype=brand
ဆေးသောက်မဲ့ ကိုယ်က ဒီလိုမျိုးတွေ
သိထားဖို့လာပါတယ်
ဆေးသောက်တိုင်းရောဂါပျောက်သွားတာမျိုးမဟုတ်ပါဘူး ဆေးမှာလဲ မလိုလားအပ်တဲ့အရာတွေ အများကြီးရှိပါသေးတယ်
လူ တယောက်ရဲ့ ကျန်းမာရေးက နေ့စဉ်နေထိုင်စားသောက်မူ နဲ့အများကြီးသက်ဆိုင်ပါတယ်
စာဖတ်သူများ ကျန်းမာဗဟုသုတ တိုးပွားစေရန်ရည်ရွယ်၍ ကိုယ်တိုင်လဲ လေ့လာသင်ယူရင်းရေးသားခြင်းဖြစ်ပါသည်
ချမ်းသာကျန်းမာစေကြောင်းဆုမွန်ကောင်းတောင်းလျှက်🙏
#မြတ်မွန်ဆေးဆိုင် 🥰🥰
none