27/07/2026
🌊ရလဒ်ကောင်းတွေရရှိခဲ့တဲ့ "လိုင်းတပ်စ်ပျို
မေဘေးကင်းစေ" workshop ✨
(English version below 👇🏻 )
တိုတောင်းတဲ့ 2ရက်တာ ကာလလေးထဲမှာ တင် ကျန်ရစ်ခဲ့တဲ့လှုပ်ရှားမှုပုံရိပ်တွေ နဲ့ ခံစားချက်တွေက ကျွန်တော်တို့ Team ရော အတူဖြတ်သန်းခဲ့ကြတဲ့သူတွေအတွက်ပါ အနာဂတ်မှာ ပြန်ပြုံးလို့ရမယ့် အမှတ်တရကောင်းလေးတွေ ဖြစ်ခဲ့ပါပြီ။
ကျွန်တော်တို့ target ထားခဲ့တာထက် ပိုပြီးကောင်းမွန်တဲ့ result တွေကိုလည်းရရှိခဲ့ပါတယ်။
📊 Pre & Post Assessment Results
ပွဲမစခင်နဲ့ ပြီးဆုံးသွားချိန်မှာ ပါဝင်သူတွေရဲ့ တိုးတက်မှုကို တိုင်းတာဖို့အတွက် Pre နဲ့ Post assessment တွေ
ကို လုပ်ဆောင်ခဲ့ပါတယ်။
📌ပွဲမစခင်မှာပါဝင်တဲ့သူတွေကိုပြုလုပ်ခဲ့တဲ့ pre-assessment result ဟာ 83.45% ရှိခဲ့ပြီး ပွဲပြီးသွားတဲ့အချိန် ပြန်လည်စစ်ဆေးကြည့်တဲ့အခါ 90.32% ထိတိုးတက်လာတာကိုတွေ့ရှိခဲ့ရပါတယ်။ ရာခိုင်နှုန်းအရ အများကြီးတိုးတက်သွားတာမဟုတ်ပေမယ့် တကယ်တမ်းရရှိခဲ့တဲ့အသိပညာတွေနဲ့တိုင်းတာမယ်ဆိုလို့ရှိရင်တော့ရလဒ်က အံ့မခန်းပါပဲ။ ဥပမာပြောပြရလို့ရှိရင် ရာသီသွေးဟာ သွေးညစ်သွေးပုပ်များ ဖြစ်တယ်"၊ "ရာသီလာစဉ် ခေါင်းမလျှော်ရဘူး" စတဲ့ ရာသီလာခြင်းနဲ့ ပတ်သက်တဲ့ အယူအဆအမှားတွေကို ပပျောက်အောင် တိုက်ဖျက်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် သဘောတူညီချက် (Consent)၊ ကိုယ်ပိုင်နယ်နိမိတ် (Boundaries) နဲ့ Sexual Harassment စတဲ့ခေါင်းစဉ်တွေကို ပျိုမေလေးတွေနားလည်ဖို့ စနစ်တကျသင်ပြပေးနိုင်ခဲ့ပြီး၊ သူတို့လေးတွေကိုယ်တိုင် နေ့စဉ်ဘဝမှာ အသုံးချနိုင်အောင် တကယ့်လက်တွေ့ဥပမာတွေနဲ့ ရှင်းပြနိုင်ခဲ့ပါတယ်။
ခရီးသွားဧည့်သည်အလာများတဲ့နေရာတွေ နဲ့ ပျော်ပွဲစားထွက်လို့ကောင်းတဲ့နေရာတွေမှာဖြစ်တတ်တဲ့ အခြေအနေမျိုးတွေ၊ တစ်ယောက်ယောက်က ကိုယ့်ရဲ့စည်းဘောင် (Boundaries) ကို ကျော်လာပြီလို့ခံစားရ
တာမျိုးတွေ ဒါမှမဟုတ် မလုံခြုံတဲ့ အနေအထားမျိုးတွေနဲ့ ကြုံတွေ့လာခဲ့ရင် ဘယ်လိုရင်ဆိုင်ရမလဲ၊ Consent နဲ့ Boundaries စတဲ့အရာတွေကို ဘယ်လိုအသုံးချပြီး Sexual Harassment အလုပ်ခံရတာကနေ ကိုယ့်ကိုကိုယ် ဘယ်လိုကာကွယ်နိုင်မလဲဆိုတာတွေကိုပါ လက်တွေ့ကျကျ သင်ကြားပေးနိုင်ခဲ့ခြင်းဟာ ကျနော်တို့ LitusCure to be Sure Team အတွက် ဂုဏ်အယူရဆုံး အခိုက်အတန့် ဖြစ်ခဲ့ပါတယ်။
💁🏻♂️နောက်ပြီး သင်ယူခဲ့ရတဲ့ အကြောင်းအရာတွေကို ပါဝင်သူတွေရဲ့စိတ်ထဲအမြဲတမ်းမှတ်မိနေစေဖို့ (long-lasting ဖြစ်နေစေဖို့) အတွက်လည်း အသုံးဝင်မယ့် သင်ထောက်ကူပစ္စည်းလေးတွေ ၊ pamphlet (လက်ကမ်းစာစောင်) လေးတွေကိုပါ လက်ဆောင်အဖြစ်ဝေမျှပေးခဲ့ပါတယ်။
ဒါ့အပြင် ဒီအစီအစဉ်မှာပါဝင်ခဲ့တဲ့ "Lituscure to be Sure" ရဲ့ လိုင်းတပ်စ်စက်ဝိုင်း မိဘအဖွဲ့ဝင်တွေနဲ့ မိတ်ဆက်ပေးခဲ့ပြီးတော့ ပွဲကိုလာရောက်တဲ့ကလေးတွေအနေနဲ့ ကိုယ့်မှာကျန်းမာရေးလူမှုရေးအခက်အခဲတွေရှိရင် ရင်ဖွင့်လို့ရအောင် safe space လေး တစ်ခုကိုလည်းဖန်တီးပေးနိုင်ခဲ့ပါတယ်။
ဒီမိဘအဖွဲ့ဝင်တွေနဲ့ လိုင်းတပ်စ်စက်ဝိုင်းလေးကိုရေရှည်အတွက် မျှော်မှန်းပြီး သေချာဖွဲ့စည်းထားတာဖြစ်လို့ ဒီအလုပ်ရုံဆွေးနွေးပွဲရဲ့ Impact (အကျိုးသက်ရောက်မှု) ဟာလည်း ရေရှည်တည်တံ့ခိုင်မြဲနေမှာအသေအချာပဲလို့ ယုံကြည်ထားပါတယ်💯
နောက်ထပ်လာမယ့် အစီအစဉ်အသစ်တွေရှိသေးတာမို့ ကျွန်တော်တို့ရဲ့ Lituscure to be Sure အဖွဲ့ကိုဆက်ပြီးအားပေးကြဖို့တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ 🙌
🌊 Positive outcomes from the “လိုင်းတပ်စ်ပျိုမေဘေးကင်းစေ ” Workshop✨
During this two-day workshop, our team and participants created wonderful memories that will bring smiles to our faces in the future. We achieved better results than our target.
📊 Pre & Post Assessment Results
We conducted Pre & Post assessment to measure participants' improvement before and after the events.
📌 Before the event, pre-assessment result was 83.45%. After the event, it increased to 90.32%, showing an improvement. Although the improvement was modest. The outcome was really surprising, if we measure the result by the knowledge that participants actually gained. For example, menstrual blood is “dirty blood”, “you should not wash your hair during periods”, are misconceptions and myths about menstruation that we were able to correct. In addition, we taught Consent, Boundaries, and Sexual Harassment to teenagers girls and helped them use this knowledge in their daily lifes through real-life examples.
Situations that happen in crowded tourist destinations, recreational places, someone crossing personal boundaries, and facing unsafe situations __ how we face these kinds of situations, how we apply consent and boundaries, and how we protect ourselves from sexual harassment using real-life examples were our proudest moment in the LitusCure to be Sure Team.
💁🏻♂️ We shared useful teaching aids and pamphlet as gifts for long-lasting memories in participants’ minds.
In addition, we introduced our participants to the parent members of the Litus Circle from the “Lituscure to be Sure” We created a safe space where they could share their difficulties, such as health or social problems.
We established the Litus Circle with the parent members for long-term sustainability, and we believe that the impact of this workshop will continue to be sustainable. 💯
As there are more upcoming activities, we would like to encourage everyone to continue supporting our “LitusCure to be Sure” team. 🙌
Find Us on 🤙🏻
Gmail - [email protected]
Facebook-
https://www.facebook.com/LitusCuretobeSure26
LinkedIn -
https://www.linkedin.com/company/lituscure-to-be-sure/
Telegram -
TikTok - .to.be.sure