2016 အလှအပနှင့်ကျန်းမာရေး

  • Home
  • Myanmar
  • Pathein
  • 2016 အလှအပနှင့်ကျန်းမာရေး

2016 အလှအပနှင့်ကျန်းမာရေး အလှအပနှင့်ကျန်းမာရေးအတွက်သိလိုသည်

ကျွန်​မဘာလို့ ဒီလိုလှပ​နေလဲ ဘာ​ကြောင့်​အသား​လေး​တွေဖြူးပြီး ချစ်​စရာ​ကောင်း​နေလဲ ဆိုတာကို တင်​​ပေးပါမယ်​ .မြို့သားများသ...
31/12/2017

ကျွန်​မဘာလို့ ဒီလိုလှပ​နေလဲ ဘာ​ကြောင့်
အသား​လေး​တွေဖြူးပြီး ချစ်​စရာ​ကောင်း​နေလဲ ဆိုတာကို တင်​​ပေးပါမယ်​ .မြို့သားများသာဖတ်​ရန်
တောသားများမပါ ... ​တောသားဆိုတာက မဲမှာပဲ​လေ
အဲ့တာဖြူစရာမှမလိုတာ .ဒါပါပဲ ည​နေ ၄နာရီအချိန်​မှာ
တင်​သွား​ပေးမယ်​ရှင့်​ 😍😍😍😍

16/08/2016

ဆံပင်အတွက်အားဆေး

ကဲဒီနေ့က ပျိုမေတို့ အတွက် ကုန်ကျစရိတ်လည်းသက်သာ လုပ်ရတာလည်းလွယ်ကူပြီး အရမ်းလည်း အစွမ်းထက်တဲ့ ဆံပင်ပေါင်းတင်နည်းလေးကို တင်ပေးမယ်နော်။ ဝါသနာပါတဲ့ ယောင်္ကျားလေးများလည်း စမ်းကြည့်နိုင်ပါတယ်။

တခါတလေမှာ ဆံပင်အရှည်နှေးနေလို့ အားမလိုအားမရဖြစ်နေသူတွေ အတွက်လည်းအားထားရမဲ့ ဆံပင်သန်ဆေးပါ။ အရှည်မထားပေမဲ့ ဆံနွယ်လုံးသေးမျှင်ပြီး ဆံပင်အားမရှိ ပုံသွင်းလို့ မလွယ်သူလေးတွေအတွက်လဲ သုံးနိုင်တဲ့ ပေါင်းဆေးကတော့ ကြက်ဥဆေးပါပဲ။ ဒီနေ့ အတွက်တော့ ကြက်ဥနဲ့ ဆံပင်ပေါင်းတင်အားဖြည့်နည်း အကြောင်းအရင်ပြောပြပေးမှာဖြစ်ပါတယ်။

တကယ်တော့ ကြက်ဥကဆံပင်အတွက် အကောင်းဆုံး conditioner လို့ဆိုနိုင်ပါတယ်။ ဆံပင်ကိုကြက်ဥနဲ့လိမ်း ဦးရေပြားကို နှိပ်နယ်ပေးရုံနဲ့တင် ဆံပင်သန်စေတာပါ။ ကြက်ဥမှာပါတဲ့ protein ကဆံပင်ကိုအားရှိစေတာပါ။

၁။ ကြက်ဥတစ်လုံးကို (အနှစ်ကော..အကာပါ)
ခွက်ထဲဖောက်ထည့်ပြီး အမြှုပ်ထအောင်ခေါက်ပါ။
၂။ ခေါင်းလျှော်ပြီးစ ရေစိုနေတဲ့ဆံသားပေါ် လောင်းထည့်လိုက်ပါ။
၃။ အရင်းကအဖျားထိ နှံ့စပ်အောင်သုတ်လိမ်းပါ။
၎။ ဦးရေဖျားကို နှိပ်နယ်ပေးပါ။
၅။ ၄၅ မိနစ်လောက်ထားပါ။
၆။ ပြီးရင်ရေအေးနဲ့ Shampoo သုံးပြီးခေါင်းပြန်လျှော်ပါ။
၇။ တစ်ပတ် တစ်ကြိမ် (သို့) သိပ်ဆိုးရင် နှစ်ကြိမ် တစ်လတိတိ လုပ်ကြည့်ပြီးရင် သိသာတဲ့ ရလဒ်ကိုရပြီလို့ဆိုပါတယ်။

တချို့မိန်းကလေးတွေက ကြက်ဥစိမ်းရဲ့ အနံ့ကိုမကြိုက်ကြပါဘူး ။ ဒါပေမဲ့ပြန်လျှော်လိုက်ရတာပဲမို့ ခဏတော့သည်းခံလိုက်ပါလို့ အကြံပေးချင်ပါတယ် ။ ကဲစမ်းကြည့်လိုက်ရအောင်နော်. .

Credit....

အိမ်မှာအလွယ်တကူအသုံးပြုနိုင်ပြီးတကယ့်ကို
ထိရောက်တဲ့ဆေးနည်းတစ်ခုဖြစ်ပါတယ်..။မည်သူ
မဆိုစိတ်ချမ်းသာစွာကူးယူမျှဝေနိုင်ပါတယ်...။

May soe

10/08/2016

ဆံပင်သားလေး ထူပြီး တောက်ပ ချင်တဲ့ ပျိုမေတို့ အတွက်ပါရှင် :*

လွန်ခဲ့ တဲ့ လအနည်းငယ်လောက်က ဆံပင်ကောက်တာ၊ဆေးဆိုးတာနဲ့ High-light
တွေတစ်ခါတည်းလုပ်ပြီးသကာလ နဂိုမကောင်းတဲ့ ဆံပင်လေးတွေကျွတ်လိုက်တာပြောမနေပါ
နဲ့ တော့ ။အဲဒါနဲ့ Soul-mate ကြီးကို :P
Paul-Mitchell Aqua Treatment Series လေးမှာပြီးသုံး
တာဈေးကြီးတဲ့ Product ပေမဲ့ ကိုနဲ့ တော့လုံးဝကိုအဆင်မပြေပါဘူးရှင်
:( :(
ဆံပင်တွေကုန်တော့မဲ့ဆဲဆဲမှာ စိတ်ညစ်ညစ်နဲ့ Web လေးမှာ ရှာရင်းဒီနည်းလေးကိုတွေ့ တာပါ
သဘာဝ Product လေးတွေနဲ့ ပဲဆိုတော့ Side-Effect တော့မရှိလောက်ပါဘူးဆိုပြီး စမ်းကြည့်တာ
First Time မှာတင်ကျွနိမတော်တော်လေးသဘောကျပြီး အခုလိုပြန်လည်ဝေမျှပေးတာပါရှင်

ပါဝင်တဲ့ Ingredient တော့

X ထောပတ်သီး
X ဌက်ပျောသီး (သီးမွှေး )
X သလွင်ဆီ ပါပဲရှင်

ထောပတ်သီးရယ် ဌက်ပျောသီးလေးရယ်ကို ခပ်ပျစ်ပျစ်အရည်လေးရတဲ့အထိ ချေပါတယ်
ပြီးတော့ သံလွင်ဆီလေး 2tea Spoon ထည့်ပြီးသမအောင်မွှေပါတယ်ရှင်
သည်အရောလေးကို ဆံပင်အနှ့ံလိမ်းပြီှး Shower Cap လေးဆောင်းပြီး Min 20 လောက်ထားပါတယ်ရှင်
ခေါင်းလျှော်တဲ့ အခါမှာတော့ အဲသည် ၁ရက်အတွက်တော့ Baby Mild Shampoo လေးပဲသုံးပါတယ်ရှင်
ခေါင်းလျှော်ပြီးတော့ Argan Oil မွှေးမွှေးလေးလိမ်းပါတယ်။ (စိမ်းရွှေ၂ အနံလေးပျောက်သွားအောင်ပါ )

*ထူးခြားချက်ကတော့ ဖယောင်းသွင်းထားသကဲ့ သို့ ပြောင်ပြောင် စင်းစင်းလေးဖြစ်သွားတာပါပဲ
Avocado မှာပါတဲ့ Vitamin E လေးက Hair Root ကို အားဖြည့်ပေးလို့  မွှေးညှင်းနုလေးတွေထွက်လာတဲ့အပြင့်  ဆံပင်ကျွတ်တာကိုတော့ သိသိသာသာလေးကိုသက်သာသွားပါတယ်ရှင်
ကျွန်မပြောပါတယ်
မိနးကလေးတိုင်းလှနိုင်ပါတယ်နော်

Address

Ocean Pathein
Pathein

Website

Alerts

Be the first to know and let us send you an email when 2016 အလှအပနှင့်ကျန်းမာရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share