Cock Fight Pathein တိုက်ကြက်ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းအရောင်းဆိုင်

  • Home
  • Myanmar
  • Pathein
  • Cock Fight Pathein တိုက်ကြက်ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းအရောင်းဆိုင်

Cock Fight Pathein တိုက်ကြက်ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းအရောင်းဆိုင် တိုက်ကြက်နှင့်ပတ်သက်သောဆေးဝါးများ စုံလင်စွာရရှိနိုင်ပါသည်။

ကြက်နာရောဂါ ကာကွယ်နည်း ▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎      ကြက်နာခြင်းဆိုတဲ့စကားလုံးမှာ ကြက်တွေ အများအပြား နားမကျန်းဖြစ်ခြင်းက...
20/03/2025

ကြက်နာရောဂါ ကာကွယ်နည်း
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎

ကြက်နာခြင်းဆိုတဲ့စကားလုံးမှာ ကြက်တွေ အများအပြား နားမကျန်းဖြစ်ခြင်းကို ယေဘုယျ ဆိုလိုဟန် ရှိပါတယ်။ ဒေသကြက် (တိုင်းရင်းကြက်)တွေ ဆောင်းအကုန် နွေအကူးမှာ ရောဂါတမျိုးဖြစ်ပြီး နာမကျန်းဖြစ်ကြတာကို နှစ်စဥ်လို ကြုံနေကြပါတယ်။ ဒါကြောင့် ကြုံရတဲ့ လက္ခဏာတွေအရ ကြက်နာရောဂါဆိုတာ ကြက်လည်လိမ်ရောဂါဖြစ်မယ်ထင်ပါတယ်။

လည်လိမ်ကြက်နာရောဂါက ဒေသကြက်ရော မွေးမြူရေးကြက်(အသားတိုးကြက်/ဥစားကြက်) တွေမှာပါ ဖြစ်တတ်တဲ့ ရောဂါတမျိုးပါ။ လည်လိမ်ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပါတယ်။

လည်လိမ်ကြက်နာဖြစ်ရင် ကူးစက်ပျံ့နှံ့နှုန်းများပြီး ကြက်အများစု ေ-သဆုံးတာများပါတယ်။ ရောဂါ အပြင်း/အပျော့ ပေါ်မူတည်ပြီး တွေ့ရတဲ့ လက္ခဏာတွေလည်း မတူပါ။ အပျော့စား၊ အသင့်တင့် အပြင်းစား၊ အပြင်းစား ဆိုပြီး ပုံစံ (၃) မျိုးလုံး ဖြစ်နိုင်ပါတယ်။

လည်လိမ်ကြက်နာမှာ ကြက်က မှိုင်ကုပ်လာတာ၊ အစားပျက်တာ၊ အတောင်ကျတာ၊ အမွှေးပွစုတ်နေတာ၊ အမောက်တွေ ရောင်ရမ်း နီရဲလာတာ/ ညိုလာတာ၊ အစိမ်းရောင် ဝမ်းသွားတာတွေ တွေ့ရနိုင်ပါတယ်။ ခေါင်း တဆတ်ဆက်တုန်နေတာ၊ လည်ပင်းလိမ်သွားတာ တွေလည်း တွေ့ရတတ်ပါတယ်။ ပါးစပ်ဟပြီး အသက်ရှူတာ၊ မောနေတာ၊ ပါးစပ်က ချွဲကျနေတာ၊ နှာရည်ကျတာ၊ မျက်ရည်ဝိုင်းနေတာ တွေလည်း ဖြစ်တတ်ပါသေးတယ်။ ကြက်ဥ အုနှုန်းမမှန်တာ၊ ကြက်ဥ အရောင်ပြောင်းတာ၊ ကြက်ဥပုံစံမမှန်တာ တွေလည်း တွေ့ရနိုင်ပါတယ်။ ရောဂါ ပြင်းထန်ရင် ရုတ်တရုတ် ကြက်တန်းပေါ်ကနေ ပြုတ်ကျေ-သဆုံးတာ၊ ကြက်တန်း/ဝပ်ကျင်းမှာ ရုတ်တရက် ေ-သ ဆုံးနေတာတွေ တွေ့ရများပါတယ်။

ဒီရောဂါက ရောဂါဖြစ်နေတဲ့ကြက်က ရှူထုတ်/ချောင်းဆိုးလိုက်တဲ့ လေထဲကတဆင့်လည်း ကူးစက်ပါတယ်။ ကြက်တကောင်မှတကောင်ကို ထိတွေ့မှုမှလည်း ကူးစက်ပါတယ်။ အစာခွက်၊ ရေခွက်၊ ကြက်ခြင်း၊ အစာသယ်ယာဥ်၊ ကြက်ဝယ်သူ၊ ကြက်မွေးသူ စတဲ့ တဆင့်ခံနည်းလမ်းကနေလည်း ကူးစက်ပျံ့နှံ့ပါတယ်။

ဒေသကြက်တွေမှာ ကြက်နာလည်လိမ်ရောဂါမဖြစ်ဖို့ဆိုရင် အရေးကြီးဆုံးကတော့ ကာကွယ်ဆေးပေးပြီး ကြိုတင်ကာကွယ်ထားဖို့ ဖြစ်ပါတယ်။

ကြက်အသက် (၁၀) ရက်သားမှာ အိုင်တူးလည်လိမ်ကာကွယ် ဆေး (၁) စက်ကို မျက်လုံးတဖက်ထဲမှာပဲ မျက်စဥ်းခပ်ပေးရပါသည်။ ကြက်အသက် (၃ - ၄) လသားထိ ကာကွယ်ပါတယ်။ နောက်ထပ် (၃-၄) လပြည့်တိုင်း ကာကွယ်ဆေးကို မျက်စဥ်းခပ်ပေးနေရင် ရပါပြီ။

အိုင်တူးကာကွယ်ဆေးရရှိရန် မလွယ်ကူပါက ကုမ္ပဏီထုတ် (ND+IB )ကာကွယ်ဆေးများကို ကြက်အသက် (၇) ရက်၊ (၂၁) ရက် ၊ (၃၅) ရက် တို့တွင် ရေဖျော်တိုက်ပြီး ကာကွယ်နိုင်ပါတယ်။ သို့သော် ဒီ(ND+IB )ကာကွယ်ဆေးကို ၁ -၂ လ တကြိမ် ထပ်တိုက်နေဖို့ လိုနိုင်ပါတယ်။

ဘယ်ကာကွယ်ဆေးကိုပဲ သုံးသုံး ကာကွယ်ဆေးတွေကို ရောဂါအဖြစ်များတဲ့ ရာသီလ မတိုင်မီ ကြိုတင်အသုံးပြုထားတာ အကောင်းဆုံးနည်း ဖြစ်ပါတယ်။

အိုင်တူးလည်လိမ်ကာကွယ်ဆေးမှာ မွေး/ကု ဌာနထုတ်ဆေးဖြစ်ပါတယ်။ ကုမ္ပဏီထုတ် (ND+IB )ကာကွယ်ဆေးအများစုကတော့ ကြက်အကောင် (၁၀၀၀) စာ အတွက် ဆေး ၁ ပုလင်း ပုံစံဖြင့် မွေးမြူရေးဆေးဆိုင်တွေမှာ အလွယ်တကူ ဝယ်ယူရရှိနိုင်ပါတယ်။

ဒေသကြက်ဆေးဆိုင်တွေမှာ ပုံစံမျိုးစုံနဲ့လာတဲ့ ကြက်နာကာကွယ်ဆေးတွေလည်း ရှိပါတယ်။ အဲ့ဒီဆေးတွေရဲ့ အထဲမှာပါတဲ့ ပါဝင်ပစ္စည်း တိတိကျကျကိုတော့ သိရတာ နည်းပါတယ်။ ကာကွယ်တဲ့အာနိသင် ရရှိမှုကိုလည်း တယောက်နဲ့တယောက် အကြိုက်မတူကြပါ။

ဒေသအလိုက် သုံးကြတဲ့ တခြား နည်းတွေ နဲ့ အတွေ့အကြုံအရ သုံးကြတဲ့နည်းတွေလည်း များစွာရှိကြမှာပါ။ သူနည်းနဲ့သူတော့ ကောင်းချင်လည်း ကောင်းနိုင်ပါတယ်။ တကယ်သာ လည်လိမ်ရောဂါပိုးကြောင့် ကြက်နာလည်လိမ်ရောဂါဖြစ်တာဆိုရင် ကာကွယ်မှုရဖို့ မသေချာပါဘူး။ ဘယ်နည်းကိုသုံးသုံး အာနိသင်တကယ် ထိရောက်မှုရှိတဲ့ဆေးကိုတော့ ရွေးချယ်ဖို့လိုတာကို ပြောချင်တာပါ။

နောက်ထပ် ကာကွယ်တဲ့နည်းကတော့ အားဆေး၊ အားရှိမယ့် အစာ တွေကျွေးမွေးပြီး ကိုယ်ခံအားမြှင့်ပြီး ကြိုတင်တင်ကာကွယ်ထားခြင်းပါ။

ဇီဝလုံခြုံရေးဆိုတဲ့ ကြိုတင်ကာကွယ်တဲ့နည်းလမ်းကို အမြဲသေချာဆောင်ရွက်ထားနိုင်ရင် ရောဂါဖြစ်ပွားမှု မရှိသလောက်နည်းသွားပါလိမ့်မယ်။

ရောဂါဖြစ်မှ ကုသဖို့ဆိုရင်တော့ ပျောက်ကင်းဖို့ မလွယ်ကူပါဘူး။ ပဋိဇီဝကုသဆေးတွေနဲ့ နောက်ဆက်တွဲဖြစ်လာနိုင်မယ့် ဘတ်တီးရီးယားရောဂါတွေကို ကာကွယ်ကုသထားလို့ပဲ ရပါမယ်။ ကိုယ်ခံအားတက်စေမယ့် အားဆေးတွေ တိုက်ကျွေးခြင်းကလည်း ရောဂါသက်သာဖို့ အထောက်အကူပြု စေပါတယ်။ ရောဂါပျောက်ခြင်း / မပျောက်ခြင်းကတော့ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့ ရောဂါဖြစ်လို့ ကြက်ရဲ့ကိုယ်ခံအားနဲ့သာ အဓိက သက်ဆိုင်ပါတယ်။

ဒေါက်တာအောင်သူမျိုး (BVSc)
(တဆမ - ၃၈၂၇)

#ကြက်နာလည်လိမ်ရောဂါ
#ကာကွယ်နည်း

အစာကောက်နည်းသောကြက်များအတွက် အစားချေစနစ်မြန်၍ အစားစားချင်စိတ်ကိုဖြစ်ပေါ်စေပြီး ဝိုင်းအတွင်းအားအင်ပြည့်ဖြိုးစေရန်အသုံးပြု...
05/10/2024

အစာကောက်နည်းသောကြက်များအတွက် အစားချေစနစ်မြန်၍ အစားစားချင်စိတ်ကိုဖြစ်ပေါ်စေပြီး ဝိုင်းအတွင်းအားအင်ပြည့်ဖြိုးစေရန်အသုံးပြုနိုင်ပါသည်။

သုံးစွဲပုံ-တစ်နေ့တစ်လုံးပုံမှန်တိုက်ကျွေးရမည်။

Cb or 09690998857
Http://t.me/hwa528

ားဆေး #ကြက်ဆေးအရောင်းဆိုင် **kFightPathein

တစ်ကြိမ်ထိုးပေးတာနဲ့ တစ်နှစ်စာ ကြက်နာ(လည်လိမ်)တန်းကျနာတို့ကို ကာကွယ်ပေးနိုင်တဲ့ ဆေးကောင်းတစ်လက် 💉ရာသီအကူးအပြောင်းကာလတွေမ...
04/10/2024

တစ်ကြိမ်ထိုးပေးတာနဲ့ တစ်နှစ်စာ ကြက်နာ(လည်လိမ်)တန်းကျနာတို့ကို ကာကွယ်ပေးနိုင်တဲ့ ဆေးကောင်းတစ်လက် 💉

ရာသီအကူးအပြောင်းကာလတွေမှာ မိမိတို့ကြက်တွေကို ကျန်းမာစေချင်ရင် TPP ဆေးကောင်းလေးနဲ့ ကြိုတင်ကာကွယ်ထားဖို့လိုအပ်ပါတယ်။

ကြက်သက် ၂ လမှ ၄လကြား -0.5CC
၅ လမှ ၁နှစ်သား -1CC

ဆေးပါဝင်မှု-15CC
ဆေးတစ်ဗူးလျှင် ၁၅ ကောင်စာရပါမည်။

📱09-690998857

Telegram link
Http://t.me/hwa528

တိုက်ကြက်ချစ်သူ ဝါသနာရှင်ညီအစ်ကိုများအတွက် မရှိမဖြစ် ချွဲနိုင်ဆေး ⚡ဆေးအမည်- CRDဆေးအာနိသင်- အသက်ရှုလမ်းကြောင်းဆိုင်ရာ ရော...
04/10/2024

တိုက်ကြက်ချစ်သူ ဝါသနာရှင်ညီအစ်ကိုများအတွက် မရှိမဖြစ် ချွဲနိုင်ဆေး ⚡

ဆေးအမည်- CRD

ဆေးအာနိသင်- အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများကုသရာတွင် အသုံးပြုနိုင်ပါသည်။

ဆေးအသုံးပြုပုံ- တစ်ခါသုံး ၃စက်မှ ၅စက်၊တစ်နေ့ ၂ကြိမ် ၅ရက်မှ ၇ရက်ခန့်အထိ လိုအပ်သလို အသုံးပြုပေးရမည်။

ဈေးနှုန်းမတည်ငြိမ်မှုများကြောင့် Cb or 09690998857 သို့ဆက်သွယ်မေးမြန်းဝယ်ယူနိုင်ပါသည်။

Address

Pathein

Opening Hours

Monday 08:00 - 21:00
Tuesday 08:00 - 21:00
Wednesday 08:00 - 21:00
Thursday 08:00 - 21:00
Friday 08:00 - 21:00
Saturday 08:00 - 21:00

Telephone

+959963974528

Alerts

Be the first to know and let us send you an email when Cock Fight Pathein တိုက်ကြက်ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းအရောင်းဆိုင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share