23/07/2026
Thai မင်းသမီးချော Kimberley မျှဝေထားတဲ့ ဗီတာမင်နဲ့ သောက်ဆေးတွေ အစွမ်းထက်ဆုံး ထိရောက်စေမယ့် Supplement Intake Schedule လေးကို စေတနာနဲ့ ပြန်လည် မျှဝေပေးလိုက်ပါတယ်ခင်ဗျာ။ 💖✨
☀️ နံနက်ပိုင်း (Morning & Breakfast)
Vitamin B Complex: နံနက်ပိုင်းသောက်ပါ (တစ်နေ့လုံး စွမ်းအင်ပြည့်ဝစေတယ်)
Vitamin D:နံနက်စာ စားချိန်တွင် သောက်ပါ
Probiotics: ဗိုက်ထဲ ဘာမှမရှိသေးသည့် အစာမရှိချိန်/နံနက်စောစော သောက်ပါ
Iron (သံဓာတ်): ဗီတာမင်စီပါသည့် လိမ္မော်ရည်တို့နှင့် တွဲသောက်ပါ
🍱 အစာစားချိန်/အစာစားပြီး (With Meals & After Meals)
Omega-3: အစာစားချိန်တွင် တွဲသောက်ပါ
Vitamin E: အစာစားပြီးချိန်မှ သောက်ပါ
Zinc: သံဓာတ် (Iron) သောက်ချိန်နှင့် (၂) နာရီခန့် ခြားပြီးမှ သောက်ပါ
🌙 ညနေ/ညအိပ်ရာဝင် (Night & Before Bed)
Magnesium: မအိပ်မီ (၁) နာရီအလိုတွင် သောက်ပါ (နှစ်ခြိုက်စွာ အိပ်ပျော်စေတယ်)
✨ တစ်နေ့ (၂) ကြိမ် သို့မဟုတ် အခြေအနေအလိုက် (Twice a day / Depends)
Calcium: မနက်တစ်ကြိမ်၊ ညတစ်ကြိမ် ခွဲသောက်ပါ
Collagen: မိမိအဆင်ပြေသည့် အချိန်/ပုံစံပေါ် မူတည်၍ သောက်သုံးနိုင်ပါတယ်
ကျန်းမာလှပတဲ့ ခန္ဓာကိုယ်နဲ့ အသားအရေလေး ရရှိဖို့ မိမိတို့နေ့စဉ်သောက်သုံးနေတဲ့ အားဆေးတွေကို အချိန်မှန်မှန်နဲ့ နည်းလမ်းမှန်မှန် သောက်သုံးလိုက်ကြရအောင်နော်။ 💙