Mingalar Phyo Specialist Clinic and Diagnostic Center

Mingalar Phyo Specialist Clinic and Diagnostic Center မဂ်လာဖြိုး အထူးကုဆေးခန်း နှင့် အဆင့်မြင့်ရောဂါရှာဖွေရေးစင်တာ

🩺✨ သွေးချို၊ ဆီးချိုရောဂါကို ကြောက်မ‌နေဘဲ ဘယ်လို အနိုင်ယူမလဲ?လူတော်တော်များများဟာ အသက်ကြီးလာတဲ့အခါ အလုပ်ရှုပ်လွန်းလို့ က...
10/06/2026

🩺✨ သွေးချို၊ ဆီးချိုရောဂါကို ကြောက်မ‌နေဘဲ ဘယ်လို အနိုင်ယူမလဲ?

လူတော်တော်များများဟာ အသက်ကြီးလာတဲ့အခါ အလုပ်ရှုပ်လွန်းလို့ ကိုယ့်ကျန်းမာရေးကို မေ့လျော့နေတတ်ကြပါတယ်။

ဒီအချိန်မှာ သွေးချို၊ဆီးချိုရောဂါက သင့်ဆီကို တိတ်တဆိတ် ရောက်လာနေပါပြီ။ ဒါကြောင့် ဒီစာလေးကို သေချာဖတ်ပြီး ကိုယ့်ကျန်းမာရေးကို ဒီနေ့ကစပြီး ဂရုစိုက်ကြရအောင်နော်။

❓ သွေးချို၊ ဆီးချို ဆိုတာ ဘာလဲ?
လွယ်လွယ်ပြောရရင် ကျွန်မတို့စားလိုက်တဲ့ အစားအစာတွေကနေ သွေးထဲကို ရောက်လာတဲ့ သကြားဓာတ် (Energy) ကို ဆဲလ်တွေထဲရောက်အောင် ပို့ပေးဖို့ အင်ဆူလင် (Insulin) ဆိုတဲ့ ဟော်မုန်းက လိုအပ်ပါတယ်။ သွေးချို၊ ဆီးချိုရောဂါဆိုတာက အဲဒီ အင်ဆူလင်က အလုပ်မလုပ်တော့တာ (သို့မဟုတ်) အလုံအလောက်မထွက်တော့တာကြောင့် သွေးထဲမှာ သကြားဓာတ်တွေ ပိုလျှံပြီး ရောဂါဖြစ်လာတာမျိုးပါ။

⚠️ ဘာကြောင့် ဖြစ်ရတာလဲ?
📌 မျိုးရိုးဗီဇ
မိဘတွေမှာ ဖြစ်ဖူးရင် ကိုယ့်မှာလည်းဖြစ်နိုင်ချေရှိတာကို သတိထားရပါမယ်။

📌 ကိုယ်အလေးချိန်
ကိုယ်အ‌လေးချိန်များတာက သွေးချိုဆီးချိုရောဂါဖြစ်နိုင်ချေရှိပါတယ်။

📌 လှုပ်ရှားမှုနည်းခြင်း
ထိုင်ခုံမှာပဲ အချိန်ကုန်ပြီး လေ့ကျင့်ခန်းမလုပ်သူတွေမှာလည်း ဖြစ်နိုင်ပါတယ်။

📌 အချိုစားတာများခြင်း
အချိုကဲတဲ့ အစားအစာတွေနဲ့ အချိုရည်တွေ အလွန်အကျွံ သောက်သုံးခြင်းကြောင့်လည်းဖြစ်နိုင်ပါတယ်။

🛑 သွေးချို‌ဆီးချိုရောဂါရှိရင် ဘယ်လို လက္ခဏာတွေပြနိုင်လဲ?

📌 ရေခဏခဏဆာပြီး ရေအလွန်သောက်ချင်နေခြင်း
📌 ညဘက်မှ ဆီးခဏခဏသွားနေရခြင်း
📌 စားသောက်နေပေမယ့် ကိုယ်အလေးချိန်က အကြောင်းရင်းမရှိဘဲ လျော့ကျလာခြင်း
📌 အမြင်အာရုံ ဝါးလာခြင်း
📌 အနာပေါက်ရင် အနာကျက်ဖို့ ကြာနေခြင်း စတဲ့ လက္ခဏာတွေဖြစ်လာပြီဆိုရင်တော့ သွေးချိုဆီးချိုရောဂါအတွက် စစ်ဆေးပြီး ဆရာဝန်နဲ့ သေချာပြသင့်ပါတယ်။

✅ ဒါဆိုရင် သွေးချိုဆီးချိုရောဂါ မဖြစ်အောင် ဘယ်လိုကာကွယ်သင့်လဲ?

အဓိကကတော့ ဆေးသောက်ဖို့ထက် နေထိုင်စားသောက်မှုပုံစံ ပြောင်းဖို့က ပိုအရေးကြီးပါတယ်။

📌အမျှင်ဓာတ်ဖြည့်ပါ။ ထမင်းဖြူထက် အမျှင်ဓာတ်ပါတဲ့ အသီးအရွက်တွေကို များများစားပါ။
📌 သကြား လျှော့ပါ။ အချိုရည်၊ မုန့်အချိုတွေကို လျှော့စားပါ။ သဘာဝအတိုင်း ရတဲ့ အသီးအနှံတွေကို ရွေးချယ်စားသုံးပါ။
📌 နေ့စဉ် လှုပ်ရှားပါ။ တစ်နေ့ကို အနည်းဆုံး မိနစ် ၃၀ လောက် လမ်းလျှောက်တာမျိုး၊ လေ့ကျင့်ခန်းလုပ်တာမျိုး လုပ်ပေးပါ။
📌 Medical Check-up လုပ်ပါ။ အသက် ၃၅ နှစ်ကျော်ပြီဆိုရင် တစ်နှစ်တစ်ခါ ပုံမှန်သွေးစစ်ဖို့ မမေ့ပါနဲ့။

👩‍⚕️ တကယ်တော့ သွေးချို၊ ဆီးချိုရောဂါဟာ ဘဝရဲ့ ဇာတ်သိမ်းမဟုတ်ပါဘူး။ ကိုယ့်ရဲ့ ကျန်းမာရေးအတွက် တာဝန်ယူမှုအပြည့်နဲ့ နေထိုင်မယ်ဆိုရင် ဒီရောဂါကို ထိန်းချုပ်ထားနိုင်ပြီး ပျော်ရွှင်တဲ့ ဘဝကို ပိုင်ဆိုင်နိုင်ပါတယ်။

💁‍♀️ သွေးချိုဆီးချိုရောဂါအတွက် စစ်ဆေးပြသလိုပါက ကျွန်မတို့ရဲ့ မင်္ဂလာဖြိုးအထူးကု‌ဆေးခန်းနှင့် အဆင့်မြင့်ရောဂါရှာဖွေရေးစင်တာက အထူးကုဆရာဝန်ကြီးများနဲ့ လာရောက်တိုင်ပင်ဆွေးနွေးပြီး စစ်ဆေးနိုင်ပါပြီ ...

📍 မင်္ဂလာဖြိုး အထူးကုဆေးခန်းနှင့် အဆင့်မြင့်ရောဂါရှာဖွေရေးစင်တာ:
အမှတ် (၆၇)၊ ဘန့်ဘွေးကုန်းလမ်း၊ ပုသိမ်မြို့။

📞 ရက်ချိန်းရယူရန် ဖုန်းနံပါတ်များ
09 751 566 66709 751 566 669

🙏 သင့်ကျန်းမာရေးအတွက် ယုံကြည်စိတ်ချရတဲ့ ကုသမှုများကို မင်္ဂလာဖြိုးမှာ ရယူလိုက်ပါ။ 🙏






📣 ဆီးချို၊ သွေးချိုရောဂါနဲ့ ဟော်မုန်းဆိုင်ရာ ကျန်းမာရေးပြဿနာအမျိုးမျိုးကို ပြသနိုင်ဖို့ စောင့်မျှော်နေကြတဲ့ မိဘပြည်သူမျာ...
08/06/2026

📣 ဆီးချို၊ သွေးချိုရောဂါနဲ့ ဟော်မုန်းဆိုင်ရာ ကျန်းမာရေးပြဿနာအမျိုးမျိုးကို ပြသနိုင်ဖို့ စောင့်မျှော်နေကြတဲ့ မိဘပြည်သူများအတွက် သတင်းကောင်းပါးပါရစေရှင်။ ✨

✅ ဆီးချို၊ သွေးချိုရောဂါ (Diabetes)
✅ ဟော်မုန်းမညီမျှခြင်းကြောင့် ဖြစ်သောရောဂါများ
✅ လည်ပင်း သိုင်းရွိုက်ဟော်မုန်းဆိုင်ရာရောဂါများ
✅ အကြောင်းရင်းမရှိဘဲ ကိုယ်အလေးချိန်တိုးလာခြင်း သို့မဟုတ် လျော့ကျလာခြင်း
✅ မကြာခဏ ပင်ပန်းနွမ်းနယ်ခြင်း၊ ရေငတ်ခြင်း၊ ဆီးခဏခဏသွားခြင်း

💁‍♀️ ဒီလို အထွေထွေရောဂါဝေဒနာများအတွက် ....
ရန်ကုန်မြို့ရှိ မြောက်ဥက္ကလာပအထွေထွေရောဂါနှင့် သင်ကြားရေးဆေးရုံကြီးမှ ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီးနှင့် မင်္ဂလာဖြိုးအထူးကုဆေးခန်းနှင့် အဆင့်မြင့်‌ရောဂါရှာဖွေရေးစင်တာမှာ တိုက်ရိုက်ဆွေးနွေးပြသနိုင်ပါပြီ။

👩‍⚕️ ဒေါက်တာ ဝါဝါလင်း
M.B.,B.S (Ygn), M.Med.Sc (Int;Med)
MRCP (UK), FRCP (Edinburgh)
Dr.Med.Sc (Endocrinology)
ဆီးချိုနှင့် အထွေထွေရောဂါအထူးကုသမားတော်ကြီး
ဆီးချိုနှင့် ဟော်မုန်းရောဂါအထူးကုဌာန
မြောက်ဥက္ကလာပအထွေထွေရောဂါနှင့် သင်ကြားရေးဆေးရုံကြီး

🗓️ ၁၃.၆.၂၀၂၆ (စနေနေ့)
🗓️ ၂၇.၆.၂၀၂၆ (စနေနေ့)

⚠️ ဆရာဝန်ကြီးနဲ့ ပြသလိုပါက လူကြီးမင်းတို့ စောင့်ဆိုင်းရမှု သက်သာစေဖို့ တစ်ရက်ကြိုတင်ပြီး ရက်ချိန်းရယူပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်ရှင် ...

💁‍♀️ သင့်ကျန်းမာရေးအတွက် အကောင်းဆုံးသော စောင့်ရှောက်မှုကို ပေးအပ်ရန် မင်္ဂလာဖြိုးအထူးကုဆေးခန်းနှင့် အဆင့်မြင့်ရောဂါရှာဖွေရေးစင်တာက နွေးထွေးစွာကြိုဆိုလျက်ပါရှင် ...

📍 မင်္ဂလာဖြိုး အထူးကုဆေးခန်းနှင့် အဆင့်မြင့်ရောဂါရှာဖွေရေးစင်တာ:
အမှတ် (၆၇)၊ ဘန့်ဘွေးကုန်းလမ်း၊ ပုသိမ်မြို့။

📞 ရက်ချိန်းရယူရန် ဖုန်းနံပါတ်များ
09 751 566 667
09 751 566 669






💁‍♀️ မိမိကျန်းမာရေးပြဿနာများအတွက် ဘယ်ဆရာဝန်နဲ့ပြရမှန်းမသိလို့ စိတ်ပူပန်နေရပါလား?💁‍♀️ ဖျားနာခြင်း၊ အားအင်ကုန်ခမ်းခြင်းမျာ...
06/06/2026

💁‍♀️ မိမိကျန်းမာရေးပြဿနာများအတွက် ဘယ်ဆရာဝန်နဲ့ပြရမှန်းမသိလို့ စိတ်ပူပန်နေရပါလား?

💁‍♀️ ဖျားနာခြင်း၊ အားအင်ကုန်ခမ်းခြင်းများအပြင်...
🩸 သွေးတိုးရောဂါ နှင့် နှလုံးရောဂါအမျိုးမျိုး
🍬 ဆီးချို၊ သွေးချို ရောဂါ နှင့် နောက်ဆက်တွဲဝေဒနာများ
🫁 ချောင်းဆိုး၊ ရင်ကျပ် နှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ
🤢 အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ပြဿနာများ
🧠 ခေါင်းကိုက်၊ ခေါင်းမူး နှင့် အာရုံကြောဆိုင်ရာ ဝေဒနာများ
🦵 အဆစ်အမြစ်ကိုက်ခဲခြင်းနှင့် လလေးဖက်နာဝေဒနာအမျိုးမျိုး

💁‍♀️ ဒီလို ကျန်းမာရေး အခြေအနေအမျိုးမျိုးတို့အတွက်
မင်္ဂလာဖြိုး အထူးကုဆေးခန်းနှင့် အဆင့်မြင့်ရောဂါူရှာဖွေရေးစင်တာရှိ အထွေထွေရောဂါအထူးကုသမားတော်ကြီးနှင့် ပြသနိုင်ပါပြီ။

👨‍⚕️ ဒေါက်တာကျော်ဆန်းမင်း
M.B.,B.S, M.Med.Sc (Int;Med),
MRCP (UK), FRCP (Edin)
အထွေထွေရောဂါအထူးကုသမားတော်ကြီး
ပုသိမ်ပြည်သူ့ဆေးရုံကြီး

🌟 နေ့စဉ် ပြသနိုင်ပါသည် 🌟

⚠️ ဆရာဝန်ကြီးနဲ့ ပြသလိုပါက လူကြီးမင်းတို့ စောင့်ဆိုင်းရမှု သက်သာစေဖို့ တစ်ရက်ကြိုတင်ပြီး ရက်ချိန်းရယူပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်ရှင် ...

💁‍♀️ သင့်ကျန်းမာရေးအတွက် အကောင်းဆုံးသော စောင့်ရှောက်မှုကို ပေးအပ်ရန် မင်္ဂလာဖြိုးအထူးကုဆေးခန်းနှင့် အဆင့်မြင့်ရောဂါရှာဖွေရေးစင်တာက အသင့်ရှိနေပါတယ်ရှင် ...

📍 မင်္ဂလာဖြိုး အထူးကုဆေးခန်းနှင့် အဆင့်မြင့်ရောဂါရှာဖွေရေးစင်တာ:
အမှတ် (၆၇)၊ ဘန့်ဘွေးကုန်းလမ်း၊ ပုသိမ်မြို့။

📞 ရက်ချိန်းရယူရန် ဖုန်းနံပါတ်များ
09 751 566 667
09 751 566 669





💁‍♀️ ကျန်းမာရေးစစ်ဆေးမှုအတွက် အထွေထွေအထူးကုသမားတော်ကြီးနဲ့ တွေ့ဆုံဆွေးနွေးနိုင်ပါပြီ။💁‍♀️လနေ့စဉ်ဘဝမှာ ဒီလို ကျန်းမာရေးပြ...
05/06/2026

💁‍♀️ ကျန်းမာရေးစစ်ဆေးမှုအတွက် အထွေထွေအထူးကုသမားတော်ကြီးနဲ့ တွေ့ဆုံဆွေးနွေးနိုင်ပါပြီ။

💁‍♀️လနေ့စဉ်ဘဝမှာ ဒီလို ကျန်းမာရေးပြဿနာများကို ခံစားနေရပါလား?
📌 ရင်တုန်ခြင်း၊ အသက်ရှူရခက်ခဲခြင်းနှင့် ရင်ဘတ်အောင့်ခြင်း
📌 သွေးတိုး၊ ဆီးချိုနှင့် နှလုံးရောဂါအခံများ ရှိနေခြင်း
📌 မောပန်းနွမ်းနယ်ခြင်း၊ ခေါင်းမူးခေါင်းကိုက်ခြင်း
📌 အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ဝေဒနာများ
📌 နာတာရှည်ရောဂါများအတွက် စနစ်တကျ ကုသမှုခံယူလိုခြင်း

💁‍♀️ ဒီလို ကျန်းမာရေး အခြေအနေအမျိုးမျိုးတို့အတွက်
မင်္ဂလာဖြိုး အထူးကုဆေးခန်းနှင့် အဆင့်မြင့်ရောဂါရှာဖွေရေးစင်တာမှာ ပြသနိုင်ပါပြီ။

👩‍⚕️ ဒေါက်တာ ဆုမွန်ထွန်းမြတ်
M.B.,B.S, M.Med.Sc (Int;Med)
MRCP (UK)
အထွေထွေရောဂါအထူးကုသမားတော်ကြီး
ပုသိမ်ပြည်သူ့ဆေးရုံကြီး

🌟အပတ်စဉ် သောကြာနေ့ ညနေ ၅နာရီခွဲ
တနဂ်နွေနေ့ မနက် ၇နာရီခွဲ ပြသနိုင်ပါပြီ 🌟

⚠️ ဆရာဝန်ကြီးနဲ့ ပြသလိုပါက လူကြီးမင်းတို့ စောင့်ဆိုင်းရမှု သက်သာစေဖို့ တစ်ရက်ကြိုတင်ပြီး ရက်ချိန်းရယူပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်ရှင် ...

💁‍♀️ သင့်ကျန်းမာရေးအတွက် အကောင်းဆုံးသော စောင့်ရှောက်မှုကို ပေးအပ်ရန် မင်္ဂလာဖြိုးအထူးကုဆေးခန်းနှင့် အဆင့်မြင့်ရောဂါရှာဖွေရေးစင်တာက အသင့်ရှိနေပါတယ်ရှင် ...

📍 မင်္ဂလာဖြိုး အထူးကုဆေးခန်းနှင့် အဆင့်မြင့်ရောဂါရှာဖွေရေးစင်တာ:
အမှတ် (၆၇)၊ ဘန့်ဘွေးကုန်းလမ်း၊ ပုသိမ်မြို့။

📞 ရက်ချိန်းရယူရန် ဖုန်းနံပါတ်များ
09 751 566 667
09 751 566 669





💁‍♀️ ခန္ဓာကိုယ်က ပေးနေတဲ့ သတိပေးချက်တွေကို လျစ်လျူမရှုပါနဲ့။🔹 ဆီးလမ်းကြောင်း၊ ကျောက်ကပ်နှင့် ပတ်သက်သည့် ဝေဒနာများခံစားနေ...
04/06/2026

💁‍♀️ ခန္ဓာကိုယ်က ပေးနေတဲ့ သတိပေးချက်တွေကို လျစ်လျူမရှုပါနဲ့။

🔹 ဆီးလမ်းကြောင်း၊ ကျောက်ကပ်နှင့် ပတ်သက်သည့် ဝေဒနာများခံစားနေရပါလား။

🔹 အကြောင်းရင်းရှာမရတဲ့ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်းနှင့် အာရုံကြောဆိုင်ရာ ပြဿနာများရှိနေပါလား။

🔹 ဒါမှမဟုတ် အထွေထွေရောဂါနှင့် ကူးစက်ရောဂါများနှင့် ပတ်သက်ပြီး တိုင်ပင်ဆွေးနွေးလိုပါလား။

💁‍♀️ လူနာများအတွက် ခရီးဝေးသွားစရာမလိုဘဲ ရန်ကုန်မြို့မှ အထူးကုဆရာဝန်ကြီးများနှင့် မင်္ဂလာဖြိုး အထူးကုဆေးခန်းနှင့် အဆင့်မြင့်ရောဂါရှာဖွေရေးစင်တာမှာ လာမယ့်
ဇွန်လ ၆ ရက် (စနေနေ့) နှင့် ၇ ရက် (တနင်္ဂနွေ) တို့မှာ ပြသနိုင်ပါပြီ။

👨‍⚕️ ဒေါက်တာဇော်လတ်
M.B.,B.S, M.Med.Sc (Urology)
Consultant Urologist
ဆီးနှင့်ကျောက်ကပ်ခွဲစိတ်အထူးကုဆရာဝန်ကြီး
ကုတင် ၅၀၀ အထူးကု‌ဆေးရုံကြီး၊ ရန်ကုန်
🗓️ စနေနေ့ (၆.၆.၂၀၂၆) နှင့် တနင်္ဂနွေနေ့ (၇.၆.၂၀၂၆)

👨‍⚕️ ဒေါက်တာမင်းသိန်းနိုင်
M.B.,B.S, M.Med.Sc (Int;Med)
Dr.Med.Sc (Neurology)
Fellowship in Neurology (UMMC, Malaysia)
Lecturer/ Consultant Department of Neurology
ဦးနှောက်နှင့် အာရုံကြောအထူးကုသမားတော်ကြီး
မြောက်ဥက္ကလာပဆေးရုံကြီး
🗓️ စနေနေ့ (၆.၆.၂၀၂၆)

👩‍⚕️ ဒေါက်တာကြည်ဖြူအေး
M.B.,B.S, M.Med.Sc (Int;Med)
Ph.D (Clinical Tropical Medicine)
MRCP (UK), FRCP (UK)
အထွေထွေနှင့် ကူးစက်ရောဂါအထူးကုသမားတော်ကြီး
တွဲဘက်ပါမောက္ခ၊ ဝေဘာဂီအထူးကုဆေးရုံ
🗓️ စနေနေ့ (၆.၆.၂၀၂၆) နှင့် တနင်္ဂနွေနေ့ (၇.၆.၂၀၂၆)

⚠️ ဒါကြောင့် ဆရာဝန်ကြီးများနဲ့ ပြသလိုပါက လူကြီးမင်းတို့ စောင့်ဆိုင်းရမှု သက်သာစေဖို့ တစ်ရက်ကြိုတင်ပြီး ရက်ချိန်းရယူပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်ရှင် ...

💁‍♀️ သင့်ကျန်းမာရေးအတွက် အကောင်းဆုံးသော စောင့်ရှောက်မှုကို ပေးအပ်ရန် မင်္ဂလာဖြိုးအထူးကုဆေးခန်းနှင့် အဆင့်မြင့်ရောဂါရှာဖွေရေးစင်တာက အသင့်ရှိနေပါတယ်ရှင် ...

📍 မင်္ဂလာဖြိုး အထူးကုဆေးခန်းနှင့် အဆင့်မြင့်ရောဂါရှာဖွေရေးစင်တာ:
အမှတ် (၆၇)၊ ဘန့်ဘွေးကုန်းလမ်း၊ ပုသိမ်မြို့။

📞 ရက်ချိန်းရယူရန် ဖုန်းနံပါတ်များ
09 751 566 667
09 751 566 669







🎉 ရာသီတုပ်ကွေးကာကွယ်ဆေးထိုးနှံခွင့်ရရှိသွားတဲ့ ကံထူးရှင် (၃) ဦးကတော့ 🎉1️⃣ Kyaw Nyein2️⃣ Tinzar Nilin3️⃣ Verbe Naတို့ပဲဖြ...
03/06/2026

🎉 ရာသီတုပ်ကွေးကာကွယ်ဆေးထိုးနှံခွင့်ရရှိသွားတဲ့ ကံထူးရှင် (၃) ဦးကတော့ 🎉

1️⃣ Kyaw Nyein
2️⃣ Tinzar Nilin
3️⃣ Verbe Na
တို့ပဲဖြစ်ကြပါတယ်ရှင်။

🌟 ဂုဏ်ယူပါတယ်ရှင်! ✨

✨ ကံထူးရှင်များအနေဖြင့် မိမိတို့၏ နာမည်နှင့် ဖုန်းနံပါတ်တို့ကို Page Messenger Box မှတစ်ဆင့် လာရောက်ပေးပို့ပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်။

🙏 ပါဝင်ကံစမ်းပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီကိုလည်း အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ 🙏

💁‍♀️ နောက်ထပ် အစီအစဉ်ကောင်းများစွာကိုလည်း မင်္ဂလာဖြိုးအထူးကုဆေးခန်းနှင့် အဆင့်မြင့်ရောဂါရှာဖွေရေးစင်တာ page ကနေ ဆက်လက်တင်ဆက်ပေးသွားမှာဖြစ်လို့ စောင့်မျှော်အားပေးကြပါဦးနော်။

📍မင်္ဂလာဖြိုး အထူးကုဆေးခန်းနှင့် အဆင့်မြင့်ရောဂါရှာဖွေရေးစင်တာ
အမှတ် (၆၇)၊ ဘန့်ဘွေးကုန်းလမ်း၊ ပုသိမ်မြို့။

📞 ဆက်သွယ်ရန်
09 751 566 667
09 751 566 669







ခန္ဓာကိုယ်မှာ မူမမှန်တဲ့ ဝေဒနာတွေ၊ နာတာရှည် ရောဂါအခံတွေနဲ့ပတ်သက်ပြီး စိတ်ပူနေမိပါလား?🩺✨💁‍♀️ အသက်အရွယ်မရွေး၊ ရောဂါအမျိုးအ...
03/06/2026

ခန္ဓာကိုယ်မှာ မူမမှန်တဲ့ ဝေဒနာတွေ၊ နာတာရှည် ရောဂါအခံတွေနဲ့ပတ်သက်ပြီး စိတ်ပူနေမိပါလား?🩺✨

💁‍♀️ အသက်အရွယ်မရွေး၊ ရောဂါအမျိုးအစားမရွေး ယုံကြည်စိတ်ချစွာ တိုင်ပင်ဆွေးနွေးနိုင်ဖို့အတွက် ကျွန်မတို့ရဲ့ မင်္ဂလာဖြိုး အထူးကုဆေးခန်းနှင့် အဆင့်မြင့်ရောဂါရှာဖွေရေးစင်တာမှာ အထွေထွေရောဂါအထူးကုသမားတော်ကြီးနှင့် ပြသနိုင်ပါပြီရှင် ...

✅ သွေးတိုး၊ ဆီးချို၊ နှလုံးနှင့် ဆက်စပ်ရောဂါများ
✅ အဖျား၊ ချောင်းဆိုး၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ
✅ အစာအိမ်၊ အူလမ်းကြောင်းဆိုင်ရာ ပြဿနာများ
✅ မောပန်းနွမ်းနယ်ခြင်း၊ ခေါင်းမူးခြင်း စတဲ့ရောဂါလက္ခဏာများ
✅ နာတာရှည်ရောဂါအခံများအတွက် ပုံမှန်စစ်ဆေးပြသခြင်း

ဒီလို ကျန်းမာရေးပြဿနာများအတွက် လာရောက်တိုင်ပင်ဆွေးနွေးနိုင်ပါတယ် ....

👩‍⚕️ဒေါက်တာ ငြိမ်းမြတ်နိုး
M.B.,B.S (Ygn), M.Med.Sc (Int;Med)
MRCP (UK)
ပုသိမ်ပြည်သူ့ဆေးရုံကြီး
🗓️ ဗုဒ္ဓဟူး- နေ့လည် ၃:၃၀နာရီ

⚠️ ဒါကြောင့် ဆရာဝန်ကြီးနဲ့ ပြသလိုပါက လူကြီးမင်းတို့ စောင့်ဆိုင်းရမှု သက်သာစေဖို့ တစ်ရက်ကြိုတင်ပြီး ရက်ချိန်းရယူပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်ရှင် ...

📍 မင်္ဂလာဖြိုး အထူးကုဆေးခန်းနှင့် အဆင့်မြင့်ရောဂါရှာဖွေရေးစင်တာ:
အမှတ် (၆၇)၊ ဘန့်ဘွေးကုန်းလမ်း၊ ပုသိမ်မြို့။

📞 ရက်ချိန်းရယူရန် ဖုန်းနံပါတ်များ
09 751 566 667
09 751 566 669

🙏 သင့်ကျန်းမာရေးအတွက် ယုံကြည်စိတ်ချရတဲ့ ကုသမှုများကို မင်္ဂလာဖြိုးမှာ ရယူလိုက်ပါ။ 🙏





🌟 Vacancy Announcement 🌟ပုသိမ်မြို့ရှိ  "မင်္ဂလာဖြိုး အထူးကုဆေးခန်းနှင့် အဆင့်မြင့်ရောဂါရှာဖွေရေးစင်တာ" တွင် ကျန်းမာရေးဝ...
02/06/2026

🌟 Vacancy Announcement 🌟
ပုသိမ်မြို့ရှိ "မင်္ဂလာဖြိုး အထူးကုဆေးခန်းနှင့် အဆင့်မြင့်ရောဂါရှာဖွေရေးစင်တာ" တွင် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများကို အတူတကွ ပူးပေါင်းဆောင်ရွက်ရန် ဝန်ထမ်းသစ်များ လိုအပ်နေပါသည်။

၁။ Clinic Supervisor (၁ ဦး)

B.NSc ဘွဲ့ရဖြစ်ရမည်။ (သို့မဟုတ်) Specialist Clinic လုပ်ငန်းအတွေ့အကြုံရှိသည့် မည်သည့်ဘွဲ့ရမဆို လျှောက်ထားနိုင်ပါသည်။

တာဝန်များ:
ဆေးခန်း၏ နေ့စဉ်လုပ်ငန်းဆောင်တာများကို ကြီးကြပ်ဆောင်ရွက်ခြင်း။
ဝန်ထမ်းများ၏ လုပ်ငန်းခွင်စည်းကမ်းနှင့် တာဝန်ကျချိန်များကို စီမံခန့်ခွဲခြင်း။
လူနာများ၏ ကျေနပ်မှုကို ဦးစားပေး၍ ဆေးခန်းဝန်ဆောင်မှု အရည်အသွေးမြင့်မားစေရန် ဆောင်ရွက်ခြင်း။
လုပ်ငန်းစဉ်များ ချောမွေ့စေရန် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း။

🌟 လုပ်ငန်းအတွေ့အကြုံရှိသူများကို ပိုမိုဦးစားပေးပါမည်။ 🌟
လစာ: ညှိနှိုင်း (Salary Negotiable)

၂။ Nurse/ Sister (၂ ဦး)

Sister / Trained Nurse ဖြစ်ရမည်။

လိုအပ်ချက်များ:
လူမှုဆက်ဆံရေး ပြေပြစ်ပြီး လူနာများ၏ အခက်အခဲများကို နားလည်စာနာပေးနိုင်သူဖြစ်ရမည်။
လုပ်ငန်းခွင်အတွင်း ဖြစ်ပေါ်လာသည့် ပြဿနာများကို စနစ်တကျ ဖြေရှင်းနိုင်သူဖြစ်ရမည်။
အလုပ်ချိန် တိကျသူဖြစ်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ဖြင့် လုပ်ကိုင်နိုင်သူ ဖြစ်ရမည်။
အဖွဲ့အစည်းကို ဦးဆောင်နိုင်သော Leadership Skills ရှိသူဖြစ်ရမည်။

လစာ: ညှိနှိုင်း (Salary Negotiable)

၃။ Nurse Aids (Male/ Female) (၅ ဦး)

လိုအပ်ချက်များ:
ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းတွင် စိတ်ပါဝင်စားပြီး လုပ်ငန်းအတွေ့အကြုံရှိသူကို ဦးစားပေးမည်။
Nurse များ၏ လုပ်ငန်းဆောင်တာများကို ကူညီဆောင်ရွက်ပေးနိုင်သူ။
အဖွဲ့အစည်းအတွင်း ပူးပေါင်းဆောင်ရွက်မှုကောင်းမွန်သူ။
တာဝန်ကျေပွန်ပြီး စည်းကမ်းလိုက်နာသူ။
လစာ: ညှိနှိုင်း (Salary Negotiable)

📩 လျှောက်ထားရန်:
စိတ်ဝင်စားသူများအနေဖြင့် မိမိတို့၏ CV Form အား
📞 Viber ဖုန်းနံပါတ် 09 6922 77 115 သို့ ပေးပို့၍ လျှောက်ထားနိုင်ပါသည်။

📍 တည်နေရာ:
အမှတ် (၆၇)၊ ဘန့်ဘွေးကုန်းလမ်း၊ ပုသိမ်မြို့။






🩺 မေ့မထားသင့်တဲ့ သွေးချို၊ ဆီးချိုရောဂါ💁‍♀️ လူတော်တော်များများဟာ တစ်ခါတစ်လေကျရင် ကျန်းမာရေးနဲ့ပတ်သက်ပြီး ကိုယ်ခန္ဓာက ပေး...
01/06/2026

🩺 မေ့မထားသင့်တဲ့ သွေးချို၊ ဆီးချိုရောဂါ

💁‍♀️ လူတော်တော်များများဟာ တစ်ခါတစ်လေကျရင် ကျန်းမာရေးနဲ့ပတ်သက်ပြီး ကိုယ်ခန္ဓာက ပေးတဲ့ သတိပေးချက်တွေကို လျစ်လျူရှုလိုက်မိတတ်ကြပါတယ်။

💁‍♀️ ဒါပေမယ့် တကယ်တမ်းကျတော့ အဲဒီ လျစ်လျူရှုမှုနောက်ကွယ်မှာ "သွေးချို၊ဆီးချိုရောဂါ" ဆိုတဲ့ ရောဂါကပုန်းခိုနေတတ်ပါတယ်။

💁‍♀️ ဒါကြောင့် ဒီနေ့မှာတော့ သွေးချိုဆီးချိုရောဂါအကြောင်းကို မင်္ဂလာဖြိုးအထူးကုဆေးခန်းနှင့် အဆင့်မြင့်ရောဂါရှာဖွေရေးစင်တာက မျှဝေပေးချင်ပါတယ် ...

🤔 တကယ်တော့ သွေးချို၊ဆီးချိုရောဂါဆိုတာ ဘာလဲ?
👩‍⚕️ ရိုးရိုးလေးပြောရရင် သွေးချို၊ဆီးချိုရောဂါဆိုတာ ကျွန်မတို့စားလိုက်တဲ့ အစားအစာတွေကနေရတဲ့ သကြားဓာတ် (Glucose) ကို စွမ်းအင်အဖြစ် ပြောင်းလဲပေးဖို့ လိုအပ်တဲ့ အင်ဆူလင် (Insulin)ဆိုတဲ့ ဟော်မုန်းက ပုံမှန်အလုပ်မလုပ်နိုင်တော့တာပဲ ဖြစ်ပါတယ်။

👩‍⚕️ အင်ဆူလင် မလုံလောက်တာ (သို့) အလုပ်မလုပ်နိုင်တော့တဲ့အခါ သကြားဓာတ်တွေက သွေးထဲမှာပဲ ပိုလျှံနေပြီး အချိန်ကြာလာရင် ကိုယ်တွင်းအင်္ဂါတွေကို တဖြည်းဖြည်းချင်း ဖျက်ဆီးပါတော့တယ်။

💡 သွေးချို၊ဆီးချိုရောဂါက ဘယ်နှစ်မျိုးရှိလဲ?
အဓိကအားဖြင့် (၂) မျိုးကို အများဆုံးတွေ့ရတတ်ပါတယ်။

📌 Type 1 (အမျိုးအစား ၁)
ခန္ဓာကိုယ်က အင်ဆူလင်ကို လုံးဝမထုတ်နိုင်တော့တဲ့ အခြေအနေပါ။ များသောအားဖြင့် ငယ်ရွယ်သူတွေမှာ တွေ့ရတတ်ပါတယ်။

📌 Type 2 (အမျိုးအစား ၂)
ခန္ဓာကိုယ်က အင်ဆူလင်ကို သေချာအသုံးမချနိုင်တာ (သို့) မလုံလောက်တာပါ။ ဒါကတော့ လူနေမှုပုံစံ၊ အစားအသောက်၊ မျိုးရိုးတို့နဲ့ အဓိကသက်ဆိုင်ပြီး လူကြီးတွေမှာ အဖြစ်များပါတယ်။

⚠️ ဒါဆို ဒီလက္ခဏာတွေကို သတိထားမိရဲ့လား?
သွေးချို၊ဆီးချိုရောဂါက တိတ်တိတ်လေး လာတတ်ပေမယ့် ဒီအချက်တွေကိုတော့ ပြတတ်ပါတယ်။

📌 ရေခဏခဏငတ်ပြီး ရေအမြဲသောက်ချင်နေတာ။
📌 ဆီးခဏခဏသွားရတာ အထူးသဖြင့် ညဘက်လည်း ခဏခဏနိုးပြီးသွားရတာ။
📌 စားသောက်တာ ပုံမှန်အတိုင်းပဲ၊ ဒါပေမယ့် ကိုယ်အလေးချိန်က အကြောင်းမဲ့ ကျလာတာ။
📌 အလွန်အမင်း ပင်ပန်းနွမ်းနယ်နေတာ။
📌 အနာဖြစ်ရင် အကျက်နှေးတာ၊ အရေပြားယားယံတာ။📌 မျက်လုံး ဝါးတားတားဖြစ်ပြီး အမြင်အာရုံ ဝေဝါးတာ။
ဒီလိုလက္ခဏာတွေ ခံစားနေရပြီဆိုရင်တော့ သွေးချို၊ဆီးချိုရောဂါကို သေချာစစ်ဆေးဖို့လိုအပ်ပါတယ်။

✅ ဒါဆို ဒီရောဂါအတွက် ဆောင်ရန်/ရှောင်ရန်က ဘာတွေရှိနိုင်လဲ?

🙅‍♀️ စားချင်တာစား၊ ဆေးသောက်ရင်ပြီးရော ဆိုတာ လုံးဝမှားပါတယ်။

✅ ဆောင်ရန်အချက်များမှာ ...
📌 အသီးအရွက်များများနဲ့ အမျှင်ဓာတ်ပါတဲ့ အစားအစာ (Fiber) ကို ဦးစားပေးပြီးစားပါ။
📌 တစ်နေ့ကို အနည်းဆုံး မိနစ် ၃၀ လောက် လမ်းလျှောက်တာ၊ လေ့ကျင့်ခန်းလုပ်တာ ပုံမှန်လုပ်ပါ။
📌 သွေးချိုပမာဏကို ပုံမှန်စစ်ဆေးပြီး ဆရာဝန်နဲ့ တိုင်ပင်ပါ။
📌 ဆရာဝန်ညွှန်ကြားတဲ့ ဆေးများကို အချိန်မှန်သောက်ပါ။

❌ ရှောင်ရန်များကတော့ ...
📌 အချိုရည်တွေ၊ သကြားပါတဲ့ မုန့်တွေ၊ အသင့်စား အစားအစာတွေ (Processed Food) လျှော့ပါ။
📌 ဆေးလိပ်နဲ့ အရက်သေစာ ရှောင်ကြဉ်ပါ။
📌 စိတ်ဖိစီးမှု များလွန်းတာကို ရှောင်ပါ။

👩‍⚕️ တကယ်တော့ သွေးချို၊ဆီးချိုရောဂါဆိုတာ ကြောက်စရာကောင်းတဲ့ရောဂါ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ လူနေမှုပုံစံကို ပြောင်းလဲပြီး ထိန်းချုပ်တတ်ရင် ပုံမှန်လူတွေလိုပဲ သက်တမ်းစေ့ နေထိုင်နိုင်ပါတယ်။

💁‍♀️ ဒါကြောင့်မို့ ကိုယ့်ခန္ဓာကိုယ်က ပေးတဲ့ အချက်ပေးသံတွေကို ဂရုစိုက်ပါ။ "သိပ်မဖြစ်ပါဘူး" ဆိုတဲ့ စိတ်က တစ်နေ့ကျရင် "သိပ်နောက်ကျသွားပြီ" ဖြစ်သွားနိုင်ပါတယ်။

💁‍♀️ အခုပဲ သွေးချို စစ်ဆေးကြည့်ဖို့ လိုနေပြီလား?

💁‍♀️ ဒါမှမဟုတ် ကျန်းမာရေးအတွက် ဘာတွေ ပြင်ဆင်ချင်လဲ?

💁‍♀️ အခုပဲ မင်္ဂလာဖြိုးအထူးကု‌ဆေးခန်းနှင့် အဆင့်မြင့်ရောဂါရှာဖွေရေးစင်တာက အထူးကုဆရာဝန်ကြီးများနဲ့ လာရောက်တိုင်ပင်ဆွေးနွေးပြီး စစ်ဆေးနိုင်ပါပြီ ...

📍 မင်္ဂလာဖြိုး အထူးကုဆေးခန်းနှင့် အဆင့်မြင့်ရောဂါရှာဖွေရေးစင်တာ:
အမှတ် (၆၇)၊ ဘန့်ဘွေးကုန်းလမ်း၊ ပုသိမ်မြို့။

📞 ရက်ချိန်းရယူရန် ဖုန်းနံပါတ်များ
09 751 566 667
09 751 566 669

🙏 သင့်ကျန်းမာရေးအတွက် ယုံကြည်စိတ်ချရတဲ့ ကုသမှုများကို မင်္ဂလာဖြိုးမှာ ရယူလိုက်ပါ။ 🙏







ကျန်းမာရေးစောင့်ရှောက်မှုမှာ စိတ်ချယုံကြည်နိုင်ဖို့ မင်္ဂလာဖြိုးကို လှမ်းလာခဲ့ပါ 🩺✨😓 နေမကောင်းဖြစ်တဲ့အခါ၊ ရောဂါဝေဒနာတစ်ခ...
31/05/2026

ကျန်းမာရေးစောင့်ရှောက်မှုမှာ စိတ်ချယုံကြည်နိုင်ဖို့ မင်္ဂလာဖြိုးကို လှမ်းလာခဲ့ပါ 🩺✨

😓 နေမကောင်းဖြစ်တဲ့အခါ၊ ရောဂါဝေဒနာတစ်ခုခုကြောင့် စိတ်ပူပန်ရတဲ့အခါ မှန်ကန်တဲ့ ရောဂါရှာဖွေမှုနဲ့ စနစ်တကျ ကုသမှုရရှိဖို့က အလွန်အရေးကြီးပါတယ်။

💁‍♀️ ကျွန်မတို့ရဲ့ မင်္ဂလာဖြိုး အထူးကုဆေးခန်းနှင့် အဆင့်မြင့်ရောဂါရှာဖွေရေးစင်တာမှာ အထွေထွေရောဂါအထူးကုသမားတော်ကြီးနှင့် ပြသနိုင်ပါပြီရှင် ...

✅ သွေးတိုး၊ ဆီးချိုနှင့် နာတာရှည်ရောဂါများ
✅ နှလုံးနှင့် သွေးကြောဆိုင်ရာ ရောဂါများ
✅ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဝေဒနာများ
✅ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ပြဿနာများ
✅ ဖျားနာခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်းနှင့် အခြားသော အထွေထွေရောဂါများ

ဒီလို ကျန်းမာရေးပြဿနာများအတွက် လာရောက်တိုင်ပင်ဆွေးနွေးနိုင်ပါတယ် ....

👩‍⚕️ ဒေါက်တာ ဆုမွန်ထွန်းမြတ်
M.B.,B.S, M.Med.Sc (Int;Med)
MRCP (UK)
အထွေထွေရောဂါအထူးကုသမားတော်ကြီး
ပုသိမ်ပြည်သူ့ဆေးရုံကြီး

🗓️ သောကြာနေ့- ညနေ ၆:၀၀နာရီ
🗓️ တနင်္ဂနွေ- နံနက် ၇:၃၀နာရီ

⚠️ ဒါကြောင့် ဆရာဝန်ကြီးနဲ့ ပြသလိုပါက လူကြီးမင်းတို့ စောင့်ဆိုင်းရမှု သက်သာစေဖို့ တစ်ရက်ကြိုတင်ပြီး ရက်ချိန်းရယူပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်ရှင် ...

📍 မင်္ဂလာဖြိုး အထူးကုဆေးခန်းနှင့် အဆင့်မြင့်ရောဂါရှာဖွေရေးစင်တာ:
အမှတ် (၆၇)၊ ဘန့်ဘွေးကုန်းလမ်း၊ ပုသိမ်မြို့။

📞 ရက်ချိန်းရယူရန် ဖုန်းနံပါတ်များ
09 751 566 667
09 751 566 669

🙏 သင့်ကျန်းမာရေးအတွက် ယုံကြည်စိတ်ချရတဲ့ ကုသမှုများကို မင်္ဂလာဖြိုးမှာ ရယူလိုက်ပါ။ 🙏






Address

Ban Bwe Kone Road
Pathein

Opening Hours

Monday 07:00 - 19:00
Tuesday 07:00 - 19:00
Wednesday 07:00 - 19:00
Thursday 07:00 - 19:00
Friday 07:00 - 19:00
Saturday 07:00 - 19:00
Sunday 07:00 - 19:00

Website

Alerts

Be the first to know and let us send you an email when Mingalar Phyo Specialist Clinic and Diagnostic Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share