16/08/2026
ဗိုက်အောင့်လို့ လေခံလို့ဆိုပြီး Air X လေဆေး
လေးသောက်ပြီးနေတာကအမြဲမကောင်းပါဘူး ..
အစားစားချိန်မမှန်တဲ့လူတွေ အချိန်မှန်မစားတဲ့လူတွေမှာ ဗိုက်အောင့်တာ ၊ ရင်ပူတာ ၊ ဆို့နေတာမျိုးတွေခဏ"ဖြစ်တာ Dr တို့တွေ့ရပါတယ်
အစာအိမ်ဆိုတာက အချိန်နဲ့အမျှ အလုပ်လုပ်နေတဲ့ အင်္ဂါတစ်ခုပါ။ ကိုယ်က အလုပ်များလို့ပဲဖြစ်ဖြစ်၊ မစားချင်သေးလို့ပဲဖြစ်ဖြစ် အစာမစားဘဲ ထားလိုက်ပေမယ့်... အစာအိမ်ကတော့ အစာချေဖျက်ဖို့အတွက် အက်ဆစ် Acid တွေကို ပုံမှန် အချိန်တန်ရင် ထုတ်ပေးနေတုန်းပါပဲ။
အဲဒီအချိန်မှာ ချေဖျက်စရာ အစားအစာက ဗိုက်ထဲမှာ မရှိတဲ့အခါ၊ အဲဒီအက်ဆစ်တွေက အစာအိမ်နံရံကို ပြန်ပြီး တိုက်စားပါတော့တယ်။ ဒါကို အစာအိမ်ရောင်တယ် (Gastritis) လို့ ခေါ်တာပေါ့ဗျာ။
ဒီလိုဖြစ်လာရင် ဘယ်လိုတွေ ခံစားရလဲဆိုတော့
- ရင်ခေါင်းထဲကနေ ပူထူလာမယ်
- လေချဉ်တွေ ခဏခဏ တက်မယ်
- ဗိုက်က ကယ်ပြီး အင့်နေသလို ဖြစ်မယ်။
ပိုဆိုးလာရင်တော့ ဗိုက်အောင့်တာ၊ နာတာတွေပါ ဖြစ်လာပါလိမ့်မယ်။
ဒီတော့ ဗိုက်အောင့်တိုင်း အလွယ်တကူ ဆေးဝယ်သောက်ပြီး ပြီးစလွယ် လုပ်နေလို့ မရပါဘူး။ ဆေးသောက်လို့ ခဏသက်သာသွားရင်တောင် ကိုယ့်ရဲ့ စားသောက်မှုပုံစံ မမှန်သရွေ့ ပြန်ဖြစ်နေမှာပါပဲ။
ကိုယ့်ဘက်ကနေလည်း အချိန်မှန် ထမင်းစားပါ။ အလုပ်အရမ်းများလို့ ထမင်းစားဖို့ အချိန်မရရင်တောင် ဘီစကွတ်လေးဖြစ်ဖြစ်၊ ငှက်ပျောသီးလေးဖြစ်ဖြစ် အဆာပြေ စားပေးပါ။ ဗိုက်ဟာနေချိန် ကော်ဖီအပြင်းစားတွေ သောက်တာမျိုးကို တတ်နိုင်သမျှ ရှောင်ကြပါဗျာ
🏥 Shwe See Sar Clinic
📍 မန္တလေး၊ ပုသိမ်ကြီးမြို့နယ်၊ မဲကင်းကုန်းကျေးရွာ
📞 +95 9 789 977266
#မန္တလေး #ပုသိမ်ကြီး #ကျန်းမာရေး