ပြည့်တိုး အလှကုန်ရောင်းဝယ်ရေး kalay

  • Home
  • Myanmar
  • Sagaing
  • ပြည့်တိုး အလှကုန်ရောင်းဝယ်ရေး kalay

ပြည့်တိုး အလှကုန်ရောင်းဝယ်ရေး kalay Korea.Thailand.China cosmetics

အလုပ်ကြိုးစားတိုင်းလည်း မချမ်းသာနိုင်ပါဘူး 📖📖📖📖📖📖📖📖📖တစ်ခါက အဘိုးကြီးတစ်ယောက်ဟာ စိတ်ညစ်နေတဲ့လူငယ်တစ်ယောက်ကိုတွေ့တော့ မေးလ...
02/02/2023

အလုပ်ကြိုးစားတိုင်းလည်း
မချမ်းသာနိုင်ပါဘူး
📖📖📖📖📖📖📖📖📖
တစ်ခါက
အဘိုးကြီးတစ်ယောက်ဟာ
စိတ်ညစ်နေတဲ့
လူငယ်တစ်ယောက်ကို
တွေ့တော့ မေးလိုက်ပါတယ်။

သားငယ်လေး မင်းဘာတွေ
တွေးပြီး
စိတ်ညစ်နေတာလဲကွ..

အဘိုးကြီးက ဘေးမှာ
ဝင်ထိုင်ရင်းမေးလိုက်တယ်။

ကျွန်နော်ဗျာ
အခုထိမချမ်းသာနိုင်သေးလို့
ကိုယ့်ကိုကိုယ်စိတ်ပျက်နေတာ

အဘိုးကြီးက
မျက်လုံးပြူးသွားကာ

ဟေ မင်းက
ချမ်းသာချင်လို့လား
လူငယ်က ကသိကအောက်
ဖြစ်သွားကာ

ဦးလေးကလဲဗျာ
မချမ်းသာချင်တဲ့သူ
ဘယ်သူရှိလို့တုန်း
လူတိုင်း
ချမ်းသာချင်ကြတာပဲဗျ

အေးပါ ဟုတ်ပါပီ။
ဒါနဲ့ မင်းချမ်းသာချင်တော့
အခုဘာတွေလုပ်နေတုန်း

ကျွန်နော်
အခု Company တစ်ခုမှာ
ဝန်ထမ်းလုပ်နေတာ ၁၀ နှစ်
ကျော်ပီ။

အလုပ်လဲ ကြိုးစားတာပဲဗျာ၊
ခုထိမချမ်းသာသေးဘူး
အဘိုးကြီးက
တစ်ချက်ပြုံးသွားကာ

မင်းအခု ဘယ်သူ့အတွက်
အလုပ်လုပ်နေတာလဲ
Company မှာလုပ်တာဆိုတော့
Company
တိုးတက်ဖို့အတွက်ပေါ့ဗျ


မင်းက မင်းအတွက်
လုပ်တာမှ မဟုတ်တာ
မင်း Company အတွက်
လုပ်တာပဲဟာ

မင်းချမ်းသာမလား
Company ပဲ
ချမ်းသာသွားမလား ၊

ဒါနဲ့နေပါအုံး မင်းတစ်နာရီ
ဘယ်လောက်နဲ့
အလုပ်လုပ်နေတုန်း

ကျွန်နော်
တစ်နာရီ 1500 ရတယ်

ဒါဆို မင်းတစ်နေ့မှာ
ဘယ်နှနာရီ အလုပ်လုပ်
တုန်းကွာ

10 နာရီလောက် အလုပ်
လုပ်ပါတယ်

ဟုတ်ပီ အဲ့တာဆိုရင်
မင်းတစ်ရက် 30000 ရချင်ရင်
နာရီ 20 အလုပ်လုပ်မှာလား?

လူငယ်က
အဖိုးကြီးပြောလိုက်တာကို
စဉ်းစားသွားရင်း
အဖိုးကြီးကဆက်ပြောတယ်။

မင်း နာရီ 20 အလုပ်လုပ်လို့ရတဲ့
ဝင်ငွေ အတိုင်းအတာကို
တချို့လူတွေက 1 နာရီထဲနဲ့
ရနေကြတာကော
မင်းဘာလို့လဲ
မစဉ်းစားမိဘူးလား

အလုပ်လုပ်နေရုံ၊
အလုပ်ကြိုးစားနေရုံနဲ့
မချမ်းသာလာနိုင်ဘူးကလေး

ရွေးချယ်မှုမှန်ကန်ဖို့၊
အသိဥာဏ်ရှိဖို့၊
နည်းစနစ်ကျဖို့တွေလိုတယ်

အဖိုးကြီး
ပြောပုံအတိုင်းဆိုရင်
ကျွန်တော်တို့
အလုပ်ကြိုးစားလုပ်နေရုံနဲ့
မရပါဘူး

ရွေးချယ်မှုမှန်ကန်လာအောင်
ဘယ်လိုတွေလုပ်ရမလဲ၊

ချမ်းသာလာအောင်
ဘယ်လိုအသိဥာဏ်
တွေရှိဖို့လိုအပ်မလဲ၊

နည်းစနစ်ကျစွာ
ဘယ်လိုတွေ
အကောင်ထည်ဖော်
ငွေရှာကြမလဲဆိုတာတွေ
လိုအပ်လာပါတယ်။

ဒါ့ကြောင့်
အလုပ်ကြီးပဲဖိလုပ်၊ ကြိုးစား
ငွေရှာနေကြမယ့်အစား

ဘယ်လိုတွေလုပ်သင့်တယ်၊
ဘယ်လိုတွေက ပိုပီး
အခွင့်လမ်းတွေရှိမယ် လို့
ရွေးချယ်ဆုံးဖြတ်ဖို့တွေ
လိုအပ်နေတယ်ဆိုတာ
ငြင်းစရာတောင် မလိုပါဘူး။

ဒါ့ကြောင့် သင်ဘာတွေ
ဆက်လုပ်သင့်တယ်၊

ဘာတွေ
ဆက်လုပ်ရမယ်ဆိုတာကို

အရင်ဆုံးရှာဖွေပီး
ရွေးချယ်မှု မှန်ကန်ကြပါစေလို့
ဆန္ဒမွန်ပြုရင်း . . . .
📖📖📖📖📖📖📖📖📖
credit ပေးပါသည်။

🔨အိမ်ရိုက်သံ 🔨************🔨အိမ်ရိုက်သံလေးတွေ တစ်ပိဿာမှာ 🔨ဘယ်နှစ်ချောင်းပါလဲ?🔨ဗဟုသုတပေါ့ဗျာ🔨အနီးစပ်ဆုံးပေါ့ ။ ကိုယ် ကိုယ်...
18/12/2022

🔨အိမ်ရိုက်သံ 🔨
************
🔨အိမ်ရိုက်သံလေးတွေ တစ်ပိဿာမှာ

🔨ဘယ်နှစ်ချောင်းပါလဲ?

🔨ဗဟုသုတပေါ့ဗျာ

🔨အနီးစပ်ဆုံးပေါ့ ။ ကိုယ် ကိုယ်တိုင် မနေနိုင်လို့ လိုက်ရေရင်တော့မတက်နိုင်ဘူးပေါ့ဗျာ 😊😊😊😊😊😊

🔨၄ လက်မသံ = ၁၀၀ ချောင်း
🔨၃ လက်မခွဲသံ= ၁၁၅ ချောင်း
🔨၃လက်မ သံ = ၂၀၀ ချောင်း
🔨၂လက်မခွဲသဲ = ၃၀၀ ချောင်း
🔨၂လက်မ သံ = ၅၂၀ ချောင်း
🔨၁လက်မခွဲသံ = ၁၃၀၀ ချောင်း
🔨၁- တစ်မတ်သံ = ၂၄၀၀ ချောင်း
🔨၁ လက်မသံ = ၃၅၀၀ ချောင်း

နတ်ပြည်ဆိုတာ နောင်ဘ၀မှလို့ ဘယ်သူပြောလဲ ဒီဘ၀မှာလည်း နတ်ပြည်သွားလို့ရတယ်ဆိုတာ နောင်ချိုသွားရင်း သက်သေပြလိုက်ချင်ပါရဲ့.... ...
02/12/2022

နတ်ပြည်ဆိုတာ နောင်ဘ၀မှလို့ ဘယ်သူပြောလဲ ဒီဘ၀မှာလည်း နတ်ပြည်သွားလို့ရတယ်ဆိုတာ နောင်ချိုသွားရင်း သက်သေပြလိုက်ချင်ပါရဲ့....

#နောင်ချို
#တိမ်ပင်လယ်

မြန်မာ့အလှ မြန်မာ့ဘ၀

"လူဆိုတာ"__________လူဆိုတာ တန်ဖိုးရှိလေတိတ်ဆိတ်လေပဲ။တန်ဖိုးမဲ့လာလေ ဆူညံလေပဲ။လူဆိုတာ မြင့်မြတ်လာလေတည်ငြိမ်လာလေပဲ။ယုတ်နိမ်...
28/09/2022

"လူဆိုတာ"
__________

လူဆိုတာ တန်ဖိုးရှိလေ

တိတ်ဆိတ်လေပဲ။

တန်ဖိုးမဲ့လာလေ ဆူညံလေပဲ။

လူဆိုတာ မြင့်မြတ်လာလေ

တည်ငြိမ်လာလေပဲ။

ယုတ်နိမ့်လာလေ ဗရုတ်ကျလေပဲ။

လူဆိုတာ သိီလရှိလေ

စကားနည်းလေပဲ။

သီလမဲ့လာလေ စကားများလေပဲ။

လူဆိုတာ အမှားများလာလေ

ဖုံရဖိရလေပဲ။ အမှားနည်းလာလေ

တည်ငြိမ်အေးချမ်းလာလေပဲ။

လူဆိုတာ အလိုကြီးလေ ရန်သူပေါလေပဲ။

အလိုနည်းလေ မိတ်ဆွေပေါလေပဲ။

လူဆိုတာ အတ္တကြီးလေ ခက်ထန်လာလေပဲ။

အတ္တနည်းလေ မျက်နာချိုအေးလာလေပဲ။

#အပြည်ပြည်ဆိုင်ရာထေရဝါဒသက္ကသိုလ်ပါမောက္ခချုပ်ဆရာတော်အဂ္ဂမဟာပဏ္ဍိတဒေါက်တာအရှင်နန္ဒမာလာဘိဝံသ.

ပူဇော်ပါသည်အရှင်ဘုရား🙏🙏🙏

အကောင့်ထဲက မိသားစု အားလုံး

ကိုယ်စိတ်နှစ်ပါး ကျန်းမာ၍

ဘေးကင်းလုံခြုံကြပါစေ.🙏🙏🙏🙏🙏

☝️စိတ်ညစ်တာ အဖြေမဟုတ်ဘူး☝️📚----------📚-------------📚{သင် ပျော်ရွှင်ဖို့  ဘဝနေနည်းတစ်ခုပါ} 🥰 ပန်းခင်းလမ်းကို လျှောက်နေချိ...
26/09/2022

☝️စိတ်ညစ်တာ အဖြေမဟုတ်ဘူး☝️
📚----------📚-------------📚

{သင် ပျော်ရွှင်ဖို့ ဘဝနေနည်းတစ်ခုပါ} 🥰

ပန်းခင်းလမ်းကို လျှောက်နေချိန်မှာထက်
ဆူးခင်းလမ်းကို လျှောက်နေချိန်မှာပြုံးနိုင်ဖို့က
ပို အ ရေး ကြီး တယ်

လက်တွေ့ဘဝက ရုပ်ရှပ်မဟုတ်တော့
အမြဲအဆင်ပြေသာယာနေဖို့တော့ မလွယ်ဘူးပေါ့
ရုန်းနိုင်သူတွေသာ လွတ်မြောက်နိုင်ပြီး
လှမ်းနိုင်သူတွေသာ ရှေ့ရောက်ပါလ်ိမ့်မယ်

အမြဲတမ်းပျော်နေဖို့ မဖြစ်နိုင်ပေမယ့်
အချိန်တော်တော်များများမှာ ပျော်ဖို့တော့
ဖြစ်နိုင်ပါတယ် , အရေးကြီးတာက
ကိုယ်တကယ် ပျော်ချင်စိတ် ရှိဖို့ပါဘဲ

ဥပမာ အလုပ်ကို ပျော်အောင်လုပ်မယ်ဆိုပါစို့
ဒါဆို အချိန်အများစုမှာ မင်း ပျော်ရမှာပါ
ဘာလို့လဲဆိုတော့ လူ့ဘဝရဲ့၈၀ရာခိုင်နှုန်းက
စား ဝတ် နေရေး လုပ်ကိုင်ရှာဖွေခြင်းဆိုတဲ့
အလုပ်တွေနဲ့ ဖွဲ့စည်းထားလို့ပါဘဲ

နောက်ထပ် ပျော်စေမယ့်အရာတွေကတော့
မလိုတာတွေကို ခေါင်းထဲမထည့်တက်တာ
အဖြစ်အပျတ်တွေအပေါ် ခံစားမလွယ်တာ
အတိတ်ကို ပြန်ပြန်သွားပြီးတော့
နာကျင်စရာတွေကို ပြန်မတွေးဘဲမေ့ပစ်လိုက်တာ
အရမ်းကြီး စိတ်နစ်ပြီး ပုံချစ်မထားတက်တာ
အများကြီး မျော်လင့်ချက်တွေ မထားတက်တာ
ကိုယ့်တန်ဖိုးနားမလည်တဲ့သူတွေနားမှာ
အချိန်အကြာကြီး တွယ်ကပ်မနေတက်တာ
နောက် ပြီး တော့
ပြီးခဲ့တာတွေကို တစ်ဖန်နောင်တ ရမနေဘဲ
စိတ်ကို လေးလံစေတဲ့အရာမှန်သမျှကို
ပြတ်ပြတ်သားသား လွှတ်ချထားနိုင်ခဲ့တာ
ဒါတွေဟာ ကိုယ်မပူလောင်စေဖို့အတွက်နဲ့
အချိန်အများစုမှာ ပျော်နေနိုင်ဖို့အတွက်ပါ

ဘ ဝ မှာ
နေရာကောင်းကောင်း ရဖို့ထက်
ရောက်တဲ့နေရာမှာ ကောင်းအောင်နေဖို့က
ပိုပြီး အရေးကြီးပါတယ်

ဘယ်သူ့ကိုမှ အားကျနေစရာ မလိုသလို
ကိုယ့်ဘဝကို သူများနဲ့နှိုင်ယှဉ်ပြီးတော့လည်း
အားငယ် စိတ်ပျက်နေစရာ မလိုဘူး
ရှိတာလေးနဲ့ လှအောင် ဝတ်မယ်
ရတာလေးနဲ့ ဝအောင် စားမယ်
ပြောင်းလဲသွားတာတွေကို လက်ခံပြီး
ကိုယ့်ဖြစ်တည်မှုကို ကိုယ့်ချစ်ပြီးတော့
ကိုယ့်ဘဝအတွက်သာ ကိုယ်ရှိနေဖို့ပါဘဲ

ဒီအခက်အခဲပြီးသွားရင်
နောက်အခက်အခဲတစ်ခု လာဦးမှာဘဲ
ဒီပြဿနာတစ်ခု ဖြေရှင်းပြီးသွားရင်လဲ
ပုံစံမတူတဲ့ နောက်ပြဿနာတစ်ခုလာဦးမှာပါ
ဘဝကြီးက အရာရာအဆင်ပြေနေမှဆိုရင်တော့
ဘယ်တော့မှ အဆင်ပြေလာမှာမဟုတ်သလို
ဘယ်တော့မှလဲ ပျော်ရမှာမဟုတ်ဘူး

အမှားတွေထဲက သင်ခန်းစာယူ
လဲကျသွားရင် ကိုယ့်ဘာသာ ပြန်ထ
ခက်ခက်ခဲခဲရှင်သန်မှုတွေထဲကနေပြီးတော့
အားတင်းပြီး ပြုံးထားနိုင်မှသာ
ဘဝဟာ ပြိုလဲမသွားဘဲ ရှေ့ဆက်နိုင်မှာပါ

တစ်ခါတလေကျတော့
အဆိုးဆုံးအခြေအနေတွေကို
ကြိုကြိုတင်တင် လက်ခံဖို့ တွေးထားရတယ်

အဆိုးဆုံးတွေကိုတောင် လက်ခံနိုင်တဲ့အတွက်
ကိုယ့်မှာ နောက်ထပ်
ဘာမှ ဆုံးရှုံးစရာ ထပ်မရှိတော့ပါဘူး
အခါခါပြိုလဲရ အကြိမ်ကြိမ်ကျရှုံးရ
လောကဓံတရားတွေအောက်မှာ
နာကျင် ကြေကွဲ ဝမ်းနည်းခြင်းတွေဟာ
ကိုယ်နဲ့ရင်းနှီးပြီး နေသားကျလာတဲ့အခါ
တကယ်တမ်း အဆိုးတွေနဲ့ကြုံလာတော့
ကိုယ်ဟာ သန်မာနေပြီးသား
ရင်ဆိုင်ဖို့ အသင့်ရှိနေပြီးသား ဖြစ်နေပါလိမ့်မယ်

တန်းဖိုးမသိလို့ စွန့်ပစ်ခံလိုက်ရပေမယ့်
တန်ဖိုးထားတက်သူလက်ထဲမှာတော့
ကိုယ်ဟာ အဖိုးတန်ရတနာ ဖြစ်နေပါလ်ိမ့်မယ်

သူ့ကြောင့်ငိုရလွန်းလို့
နာကျင်နေရတဲ့ မျက်ဝန်းတွေဟာလဲ
တစ်ခြားသူရဲ့ ချစ်ခြင်းမေတ္တာတွေကြောင့်
အလှပဆုံး ပြုံးပျော်လာနိုင်ပါသေးတယ်

အဆိုးဆုံးတွေဆိုတာ
ကိုယ်က ရုန်းမထွက်သေးလို့ပါ
တကယ်တမ်း ကိုယ်ကလက်မခံတော့တဲ့အခါ
ဘယ်လိုအရာတွေကမှ
ကိုယ့်ကိုပြိုလဲသွားအောင် အနိုင်မယူနိုင်ပါဘူး

ကိုယ့်နာမည်ကို
ကိုယ့်စိတ်ထဲကနေ အခါခါပြန်ရွတ်ပါ
ပြီးရင် ကိုယ့်ကိုယ်ကို ဒီလိုသေချာပြောပြပါ

ကဲ ငါဟာ ဒီနေ့ကစပြီး
လူသစ် စိတ်သစ်နဲ့ ရှင်သန်မယ်
အကောင်းဆုံးတွေကို ရှာဖွေပြီး
အဆိုးတွေကနေ ရုန်းထွက်မယ်

ငါဟာ ငါဘဲမို့
ငါ့ကိုယ်ငါ နားလည်ရမယ်
ငါ့ကိုယ်ငါ ချစ်တဲ့စိတ် မွေးရမယ်
ငါ့အတွက်ဘဲ ငါအကောင်းဆုံး ရှင်သန်မယ်

ခွင့်လွှတ်သင့်တာတွေကို ငါခွင့်လွှတ်ပြီး
စွန့်လွှတ်သင့်တာတွေကို ငါ စွန့်လွှတ်မယ်
မေ့ပြစ်လိုက်ခြင်းကသာ
ဒဏ်ရာကို သက်သာစေမယ့်
အကောင်းဆုံးနည်းလို့ ငါထင်တယ်

ဘယ်လောက်ခက်ခက် ငါစိတ်မပျက်ဘူး
မိသားစုအတွက် ငါအကောင်းဆုံးရပ်တည်မယ်
ချစ်တဲ့သူတွေကို ငါ တန်ဖိုးထားတယ်
မုန်းတဲ့သူတွေကို လျစ်လျူရှုလိုက်မယ်
မေတ္တာတရားကသာ အေးချမ်းစေနိုင်ပြီးတော့
ရိုးသားခြင်းကသာ လူပီသမှုဖြစ်တယ်

ပျက်နေတဲ့စိတ်နဲ့တော့
အိမ်မက်ဟာ လက်တွေ့ဖြစ်မလာနိုင်သလို
ကျနေတဲ့စိတ်ဓာတ်နဲ့လဲ
ဘဝဟာ ရှေ့ဆက်ဖို့ မဖြစ်နိုင်ပါဘူး

ဖြစ်ချင်တာတွေ များစွာရှိနေပေမယ့်
ဖြစ်သင့်တာလောက်ကိုဘဲ
လောကကြီးက အခွင့်အရေးပေးပါတယ်

လုပ်တိုင်းမဖြစ်တဲ့အရာတွေကို စိတ်ညစ်ပြီး
အချိန်တွေ မဖြုန်းတီးပါနဲ့
အားအင်တွေကို အလကားမလုပ်ပါနဲ့
ကိုယ့်ကိုယ်ကိုလဲ မနှိပ်စက်ပါနဲ့

တ ကယ် တော့
စိတ်ညစ်တာ အဖြေမဟုတ်ပါဘူး
ဘာဆက်လုပ်မလဲဆိုတာကသာ အဖြေပါခင်ဗျာ။

#အောင်ဆွေဝင်း (စာပေ ပရဟိတ)
(ခင် မင် လေး စား လျှက် ပါ)
__________________________________
𝙒𝙧𝙞𝙩𝙚𝙧
✍✍✍✍✍✍✍✍✍

ကမ္ဘာ့စီးပွါးရေး တကယ်ပြဿနာတက်နေပြီ။ စတော့ချ်စျေးကွက်တွေ ဆက်တိုက်ကျလာတယ်။ ဒေါလာစျေးအရမ်းမာလာပါတယ်။ တခြားကမ္ဘာသုံးငွေကြေးတ...
26/09/2022

ကမ္ဘာ့စီးပွါးရေး တကယ်ပြဿနာတက်နေပြီ။ စတော့ချ်စျေးကွက်တွေ ဆက်တိုက်ကျလာတယ်။

ဒေါလာစျေးအရမ်းမာလာပါတယ်။ တခြားကမ္ဘာသုံးငွေကြေးတွေ ဒေါ်လာကိုယှဉ်ပြိုင်နိုင်စွမ်းမရှိတော့ဘူး။ မိမိနိုင်ငံရဲ့ငွေကြေးအဆမတန် ပြုတ်ကျတော့ ဒေါ်လာကိုဝိုင်းစုလာတယ်။ ဒေါ်လာစျးတက်လာတယ်။

ပေါင်စတာလင် နဲ့ အိန္ဒိယ ရူဘီငွေဟာ ဒေါ်လာကိုယှဉ်ရင် သမိုင်းတလျောက် မှာ အနိမ့်ဆုံးဖြစ်လာတယ်၊ ဂျပန်ယန်းငွေ ယူရို ဟာ အနှစ် ၂၄ နှစ်အတွင်းအနိမ့်ဆုံးဆင်းသွားတယ်။ အိန္ဒိယစတော့ချ်စျေးကွက်ဟာ တရက်အတွင်း ၄၉ ဘီလီယံဒေါ်လာဆုံးရှုံးသွားပါတယ်။ လူတွေဟာ စတော့ချ်စျေးကွက်ထဲကငွေတွေဆွဲထုတ်ပြီး ဒေါ်လာပြောင်းဝယ်ကြတယ်။

ဒီအချက်အလက်တွေဟာ ကမ္ဘာ့စီးပွါးရေးကမောက်ကမ ဖြစ်လာပြီလို့ ပြနေတယ်။ ကမ္ဘာ့စီးပွါးရေးတိုးတက်နှုံး နှေးလာပြီ လို့ပြပါတယ်။ အင်္ဂလန်နဲ့ ဥရောပ ဟာ သေချာပေါက် စီးပွါးပျက်ကပ်ထဲဝင်လာမယ်။

ဥရောပဟာ ရုရှက ဓါတ်ငွေ့လုံလုံလောက်လောက်ဝယ်မရလို့ လက်ရှိမှာ လမ်းမီးတွေပိတ်၊ စက်ရုံတွေ ဓါတ်ငွေ့လျော့သုံးနဲ့ ရာရှင်စနစ်အသုံးပြုနေရတယ်။

ရုရှ- ယူကရိန်းစစ်ပွဲဆက်ဖြစ်နေရင်…. အမေရိကန်ဗဟိုဘဏ်က အတိုးနှူံးဆက်မြှင့်နေရင် သေချာပေါက် စီးပွါးပျက်ကပ်ထဲဝင်မယ်။ လူတွေ ခရီးမသွား၊ အသုံးအဖြုန်းနဲလို့ ရေနံစျေး ကျသွားမယ်။

ကွန်ပြူတာ ဆက်စပ်လုပ်ငန်းတွေ ခဏ စျေးကွက်ပျက်သွားနိုင်တယ်။ ရွှေ ဒေါ်လာစျေးတက်လာနိုင်တယ်။

ကျွန်တော်တို့ ဘာပြင်ဆင်ထားလဲ? အစိုးရတွေဟာ အတော် ပြင်ဆင်ထားဖို့လိုမယ်။ အမုန်းတရားတွေ အဆုံးသတ်နိုင်တဲ့ ခေါင်းဆောင်ဖြစ်လာဖို့ လိုမယ်။ စီးပွါးပျက်ကပ်မှာ ကမ္ဘာနဲ့ မြန်မာကြား ဂျမ်းတုံးခုပေးနိုင်တဲ့ စီးပွါးရေးနားလည်တဲ့ leadership ကောင်းကောင်း ဖြစ်ဖို့လိုမယ်။ တည်ငြိမ်မှု အမြန်တည်ဆောက်နိုင်မှု လိုမယ်။ မဟုတ်ရင် ၂၀၂၃ ဟာ မြန်မာအတွက် လေးနှစ်မြောက် အခက်အခဲတွေပြည့်နေတဲ့ နှစ် ဖြစ်လာနိုင်တယ်။ ငြိမ်းချမ်းရေးမတည်ဆောက် နိုင်ရင် စစ်ပြီးခေတ်သမိုင်းမှာ မျိုးဆက်သစ်အတွက် အနာဆုံးနှစ်တွေ အဖြစ် သမိုင်းတင်သွားမယ်။

လွမ်းတယ်ဗျာ 💕💕💕💕💕💕ဦးခေါင်းပြောင်ပြောင်လေးမှာ ဦးထုတ်သေးသေးလေးဆောင်းထားတဲ့  #ဦးတွတ်ပီကိုလဲ လွမ်းတယ်....💕ပိုက်ဆံရရင် သဘောက...
25/09/2022

လွမ်းတယ်ဗျာ
💕💕💕💕💕💕

ဦးခေါင်းပြောင်ပြောင်လေးမှာ
ဦးထုတ်သေးသေးလေး
ဆောင်းထားတဲ့
#ဦးတွတ်ပီကိုလဲ လွမ်းတယ်....💕

ပိုက်ဆံရရင်
သဘောကောင်းတတ်ပြီး ပါတိတ်ဝမ်းဆက် ဝယ်ဖို့ပဲ တွေးနေတဲ့ #မသေးမျှင်ကိုလဲ လွမ်းတယ်.....💕

ငမ်းဖို့ဆို စိတ်ချရတဲ့
#ဗိုက်ကလေးနဲ့ စောတင်မောင်တို့
နှစ်ယောက်ကိုလည်း လွမ်းတယ်....💕

သိပ္ပံပစ္စည်း မျိုးစုံအောင် တီထွင်တတ်တဲ့ #အီးတီ နဲ့ မောင်တီထွင် ကိုလည်း လွမ်းတယ်....💕

ပေါက်ကရတွေ
အမြဲ လျှောက်လုပ်တတ်ပြီး
ဦးထုတ်တကားကားနဲ့ #ဘိုဘိုရယ် မီနီ နဲ့ ဖက်တီးကိုလည်း လွမ်းတယ်....💕

အာတာလွတ်မြို့က
သူရဲကောင်းကြီး #သမိန်ပေါသွပ်နဲ့
သူ့ရဲ့ အသည်းတစ်ခြမ်း
ရှင်ဂွမ်းဂွိကိုလည်း လွမ်းတယ်....💕

သူတပါးကို ညစ်ပတ်တတ်တဲ့
#စိန်မျောက်မျောက်ရယ်
သူအနိုင်ကျင့်သမျှ ခံရတဲ့
စိတ်ပေါက်ပေါက်ရယ်ကိုလည်း လွမ်းတယ်...💕

ဖွန်ကြောင်ဖို့ဆို ကပ်စေးမနဲ့တဲ့
လူပျိုကြီး #ပိုးဇာနဲ့ အမွှာညီမလေး
လေးမွန် ထွေးမွန်ကိုလည်း လွမ်းတယ်....💕

မတော်တဲ့ အက်ျီ အကြီးကြီး
ဝတ်ထားပြီး မျက္မှန် ဝိုင်းလေးနဲ့
#ပြာဂလောင် ပြာလချောင်ကိုလဲ
လွမ်းတယ်....💕

ရယ်စရာကောင်းတဲ့
ဆံပင်ဘုတ်သိုက်နဲ့ ဘယ်ကျော်ရယ် သျှောင်ပေစူး ဆံပင်နဲ့ ပေစိရယ် ဂျာရစ် ဆံပင်လေးကေနဲ့
ဂျာရစ်ကိုလည်း လွမ်းတယ်...💕

အပြန်အလှန် ချောက်ချတတ်ပြီး
မတည့်အတူနေ ကြောင်ဒေါသနဲ့
ကြွက်လောဘကိုလည်း လွမ်းတယ်...💕

ပလို့ဂျိ ရွာက ဖိနပ်မစီးတတ်တဲ့
ခါဥ ရယ် အမြဲလိုလို ကျောထုခံရတဲ့ ကိုရင်ထွန်းခင်ရယ်ကိုလည်း လွမ်းတယ်....💕

သူတပါးအပေါ် စိတ်ကောင်းထားတတ်တဲ့
စင်သီယာ လေးကိုလည်း လွမ်းတယ်....💕

နောက်ဆုံးမှာ ကိုယ်ပဲအမြဲခံရတဲ့
ရေမြင်းလေးရယ်
အမြဲလိုလို ဆုံးမတတ်တဲ့
နှင်းနှင်းလေးကိုလည်း လွမ်းတယ် ....💕

မှန်ဘီလူးကြီး တစ်ကားကားနဲ့
စုံထောက်ကြီး ဦးစံရှားရယ်
တပည့်ကျော် ဒိန်းဒေါင်ကိုလည်း လွမ်းတယ်....💕

ယောကျာ်းဆို နိုင်တတ်တဲ့
မချိုနဲ့ ရက်ကွက်ထဲ ပြဿနာမှန်သမျှ ဖြေရှင်းပေးရတဲ့ ကိုတင့်ကိုလည်း လွမ်းတယ်.....💕

အဝေးကကြည့်ရင်တောင်
မြင်ရတဲ့ မျက်မှန်အဝိုင်း ဆံပင် အမောက်ကလေးနဲ့ တာရာပွကြီးကိုလည်း လွမ်းတယ်.....💕

ယောက်ျား ပီသပြီး
ကိုယ်ခံပညာ ကျွမ်းကျင်တဲ့
ဒီရဲဂျာရယ် အင်ဂျန်းရယ်
စိုင်းဗေဒါ ရယ်ကိုလည်း လွမ်းတယ်....💕

ပန်းချီဆွဲတာ အရမ်းတော်တဲ့
စိုင်းလာရှိုးနဲ့ လုလင် ပန်ချီ
မောင်ငြိမ်းချမ်းကိုလည်း လွမ်းတယ်....💕

ဇာတ်အိမ် ဇာတ်ညွန်း
ကောင်းကောင်းနဲ့
အောက်ခြေတန်းစား ဘဝပုံရိပ်တွေကို ပီပြင်အောင် သရုပ်ဖော်နိုင်တဲ့ မိုက္မိုက် (ပြည်) ကိုလည်း
လွမ်းတယ်....💕

အလွမ်းအဆွေးတွေနဲ့
အမြဲအသဲကွဲ ပြီး တခါတရံမှ
ပေါင်းဖက်ပေးတတ်တဲ့ ကာတွန်းနန်းဦးကိုလည်း လွမ်းတယ်...💕

ကလေးဘဝက
အားလပ်ချိန်တွေတိုင်
မျောက်ရှုံးအောင် ဆော့ခဲ့ကျတဲ့
သူငယ်ချင်း တစုကိုလည်း
လွမ်းတယ်....💕

ခုခေတ် ကလေးတွေကို
ပြောပြရင် ယုံတမ်းစကားများ
ဖြစ်နေမလား တခါတရံတော့
ငယ်ဘဝလေးကို
အရမ်း လွမ်းနေမိတယ်ဗျာ....💕

✍👸
#ᴾ͟ʰ͟ᵒ͟ᵗ͟ᵒ͟ᶜ͟ʳ͟ᵉ͟ᵈ͟ⁱ͟ᵗ͟ ♡︎
#ᴾᵃⁿⁿᴺᵘᴴᵗʷᵉ ♡︎
မိတ်ဆွေများအား ချစ်ခင်မူ့ ဖြင့်...💕
Moy Tun ( စာပေ ပရဟိတ )

12လက်မ = 1 ပေ3ပေ = 1 ကိုက်22 ကိုက် = 1 သံကြိုး10 သံကြိုး = 1 ဖာလုံ8ဖာလုံ =1 မိုင်16 အောင်စ = 1 ပေါင်14 ပေါင် = 1 စတုန်2 ...
15/09/2022

12လက်မ = 1 ပေ
3ပေ = 1 ကိုက်
22 ကိုက် = 1 သံကြိုး
10 သံကြိုး = 1 ဖာလုံ
8ဖာလုံ =1 မိုင်
16 အောင်စ = 1 ပေါင်
14 ပေါင် = 1 စတုန်
2 စတုန် = 1ကွာတ
4 ကွာတ = 1 ဟန်ဒရိတ်
20 ဟန်ဒရိတ်= 1 တန်
2 ရွေးကလေး = 1 ရွေးကြီး
4 ရွေးကြီး = 1 ပဲ
2 ပဲ = 1 မူး
2 မူး = 1 မတ်
2 မတ် = 1 ငါးမူး
2 ငါးမူး = 1 ကျပ်
16 ပဲ = 1 ကျပ်သား
၃၆ ပရမာဏုမြူ = ၁ အဏုမြူ
၃၆ အဏုမြူ = ၁ လိက္ခာမြူ
၇ လိက္ခာမြူ = ၁ သန်းဦးခေါင်း
၇ သန်းဦးခေါင်း = ၁ မုန်ညင်းလုံး
၃ မုန်ညင်းလုံး = ၁ နှမ်းလုံး
၄ နှမ်းလုံး = ၁ ဆန်လုံး
၄ ဆန်လုံး = ၁ ချင်းရွေး
၈ ချင်ရွေး = ၁ ပဲ
၅ ပဲ = ၁ မတ်
၂ မတ် = ၁ ငါးမူး
၂ ငါးမူး = ၁ ကျပ်
၅ ကျပ် = ၁ ပို
၂၀ ပို = ၁ ပိသာ
၃ လက်ဘက်ရည်ဇွန်း = ၁ စားပွဲဇွန်း
၂ စားပွဲဇွန်း = ၁ အရည်အောင်စ
၂လမြူ = ၁ လမြက်
၂လမြတ် = ၁ လမယ်
၂လမယ် = ၁စလယ်
၂စလယ် = ၁ခွက်(၄ဘူး)
၂ခွက် = ၁ပြည်(၈ဘူး)
၄ပြည် = ၁စိတ်
၂စိတ် = ၁ခွဲ
၂ခွဲ = ၁တင်း
၁တင်းခွဲ = ၁အိပ်
စပါး ၂၅တင်း = လှည်းတစ်စီးတိုက်
ဆန်တစ်အိပ် = ၁၀၈ ပေါင်
မြန်မာအတိုင်းအတာအခေါ်များ -
၁၀ ဆံချည် = ၁ နှမ်း
၆ နှမ်း = ၁ မုယော
၄ မုယော = ၁ လက်သစ်
၈ လက်သစ် = ၁ မိုက်
၃ မိုက် = ၁ တောင်
၄ တောင် = ၁ လံ
၇ တောင် = ၁ တာ
၂၀ တာ = ၁ ဥသာဘ
၂၀ ဥသာဘ = ၁ ကောသ
၄ ကောသ = ၁ ဂါဝုဒ်
၄ ဂါဝုဒ် = ၁ ယူဇနာ
၁ ယူဇနာ = ၁၂ မိုင် ၆ ဖာလုံ ၄ သံကြိုး
၁ တောင် =၁ ပေခွဲ
၁ လံ = ၆ ပေ
၁ မိုက် = ၆ လက်မ
၁ ထွာ = ၉ လက်မ
°F = 1.8 °C+32 (°F to °C)
K =°C +273 (K to °C )

1 Bit = Binary Digit
8 Bits = 1 Byte
1024(B) Bytes = 1 Kilobyte (KB)
1024(KB) Kilobytes = 1(MB) Megabyte
1024(MB) Megabytes = 1(GB) Gigabyte
1024(GB) Gigabytes = 1(TB) Terabyte

1 Bit = Binary Digit
8 Bits = 1 Byte
1000 (B)Bytes = 1(KB) Kilobyte
1000(KB) Kilobytes = 1 (MB)Megabyte
1000(MB) Megabytes = 1(GB) Gigabyte
1000 (GB)Gigabytes = 1(TB) Terabyte
1000 millisecond = 1 second
1000000 microsecond = 1second
1000000000 nanosecond = 1second
1 kilohertz = 1000 hertz
1megahertz = 1000 kilohertz
1 gigahertz = 1000 megahertz
A1 594 x 841 mm 23.4 x 33.1 in
A2 420 x 594 mm 16.5 x 23.4 in
A3 297 x 420 mm 11.7 x 16.5 in
A4 210 x 297 mm 8.3 x 11.7 in
A5 148 x 210 mm 5.8 x 8.3 in
A6 105 x 148 mm 4.1 x 5.8 in
A7 74 x 105 mm 2.9 x 4.1 in
A8 52 x 74 mm 2.0 x 2.9 in
A9 37 x 52 mm 1.5 x 2.0 in
A10 26 x 37 mm 1.0 x 1.5 in
Letter 216 x 279 mm 8.5 x 11.0 in 1:1.2941
Legal 216 x 356 mm 8.5 x 14.0 in 1:1.6471

1 centimetre (cm)= 10 millimetres(mm)
1 metre(m) = 100 centimetres(cm)
1kilometre(km)= 1000 metres(m)
1Inch = 2.54 centimeter
1 m = 3.28 ft
1mile = 1.6090 Km
1 gram (g) = 1,000 milligrams(mg)
1 kilogram (kg) = 1,000 grams (g)
1 Liter (L) = 1000 grams(g)
1 Liter (L) = 1000 milliliter(ml)
1 Liter (L)=1.057 quarts(qt)
1 milliliter(ml) = 1 cubic centimeter (cc)
1 gram(g) = 1 cubic centimeter (cc)
1 pound (lb)= 453.59 grams(g)
2.21 pounds = 1 kilograms
၁ တန် = ၂၂၄၀ ပေါင်
၁ ပိသာ = ၃.၆ ပေါင်
ဘိလပ်မြေ၁ အိတ် = ၁၁၂ ပေါင်
1Gallon = 2 Viss ( ပိသာ )
1 gallon = 4 quarts
သစ် ၁ တန် = ၅၀ ကုဗပေ
၁ ဟန်ဒရိတ် = ၁၁၂ ပေါင်
၂၀ ဟန်ဒရိတ်( CWT ) = ၁ တန်
၁ တန် = ၂၂၄၀ ပေါင်
၁ ပိသာ = ၃.၆ ပေါင်
၁ ဧက = ၄၃၅၆၀ စတုရန်းပေ
၁ ဧက = 0.404686 Hectares
ဘိလပ်မြေ၁ အိတ် = ၁၁၂ ပေါင် ( ၁ ဟန်ဒရိတ် ၊ 1 CWT)
1 Gross= 12 Dozen
Liquid 1 m3 = 218.67 Gallons
1Drum = 50 Gallons
1ft3 = 6.24 Gallons
1 Gallons = 2 viss ( ပိသာ )
1 CWT = 31.11 viss
1 lb = 0.278 viss
Water 1 Gallon = 8.34 lbs
Glue 1 Gallon = 10 .70 lbs
1 Inch = 2.54 centimeter
1cm = 0. 3937 inch
1 ft = 0.3048 meter
1m = 3.28 ft
1m2 = 10.80 ft2
1 yard ( ကိုက် ) =0.9144 m
1m = 1.0940 yards
1 mile = 1. 6090 km
1 km = 0. 6214 mile
1 Gallon =4. 54 liters
1 liter = 0.22 Gallon
1 ounces = 28.53 grams
1 grams = 0.0352 ounce
1 kg = 2.2 lb
1lb = 0.4536 kg
၁ ကျပ်သား = ၁၆ . ၃၂၉၃ ဂရမ်

၁ကျင်း=၁၀၀ ကုဗပေ
အလျား×အနံ×အမြင့် မြှောက်ကာ ကျင်းဖွဲ့တွက်သည်။

1ton = 50 cft
အသား ၅၀ ကုဗပေက်ို တစ်တန်ဟုတွက်သည်။
လက်သမားတွက် သစ်တစ်တန်
ထု ၂၀ လက်မ× ဗြက် ၂၀ လက်မ× အရှည် ၁၈ ပေ
( သို့ )
၄၀၀ လက်မ× အရှည် ၁၈ ပေ
ကိုတစ်တန်ဟုတွက်သည်
( ကျသင့်ငွေ = ထု×ဗြက်×အရှည်×1တန်တန်ဖိုး×အချောင်းရေ÷ 7200)
ဥပမာ 1တန် 720000 ဖြင့် 4"2" အရှည် 9 ပေအချောင်း 50 တန်ဖိုးရှာရန်
ကျသင့်ငွေ= 4×2×9×720000×50÷7200ကျပ်
=360000ကျပ်
၁ဧက = ၄၃၅၆၀ စတုရန်းပေ
၁ဧကရှိသော စတုရန်းပုံအနားတစ်ဖက်=
၂၀၈.၇၁ပေ ( ၂၀၉ )
၁ဧကရှိသော စတုရန်းပုံ ပတ်လည်အနား = ၈၃၄.၈၄
ပေ ( ၈၄၆ )
မြေဧကဖွဲ့နည်း တွက်နည်းနှင့် စိုက်ပျိူးပင် တွက်နည်း
======================
တစ်ဧက = ၄၃၅၆၀ စတုရန်းပေ
လေးနားညီ စတုရန်း = လျား ၂၀၈.၇၁ ပေ× နံ ၂၀၈.၇၁ ပေ
နှစ်နားညီ စတုဂံ = လျား×နံ÷ 43560
နှစ်နားညီတြာဗီဇီယံ= ပြိူင်နား နှစ်ခုပေါင်း ÷ ၂ ×နံ÷
43560
တြိဂံ = ၀.၅×အခြေ×အမြင့်÷ 43560
တြိဂံ =1/2 အခြေ×အမြင့် ÷ 43560
ထောင့်မှန်တြိဂံ - အခြေ×အမြင့် = ရလာဒ်÷၂÷43560
စက်ဝိုင်း - အချင်းဝက်×အချင်းဝက်×3.1416÷43560
စက်ဝိုင်း - အချင်း× အချင်း×.၇၈၅၄
၀.၇၈၅၄ သည်ပိုင်ကိန်း ၃.၁၄၁၆ကို ( အနားလေးဖက် ) ၄ နှင့်စားပြီး စတုရန်းကွက်ဖေါ်သည်။
အနား၅မျက်နှာ ၆မျက်နှာနှင့်အနားများစွာ =စတုဂံ
စတုရန်း
တြိဂံစသည် အကွက်စိပ် ပြီးတွက်
ရလာဒ်အားလုံးကိုပေါင်း၍ ၄၃၅၆၀ ဖြင့်စား။
#ခြံမြေကွက်အကျယ်အ၀န်းအရ_စိုက်ပင်_တွက်နည်း
( ဒေါက်တာချစ် စိုက်ပျိူးရေး စာအုပ်မှ......)
(A)လျား×နံ ရှိ စိုက်ပင် အရေအတွက်ကို မြှောက်။
(B) ခြံကွက်၏ လျား× နံ မြောက်ကိန်း ÷ ပင်ခြား ကွာဝေး မြှောက်ကိန်း
မြေကွက် လျား ၃၀၀× နံ၂၀၀ = ၆၀၀၀၀ စတူရန်းပေ
သစ်ပင် ၁၂ပေခြားစိုက်လျှင် ၁၂× ၁၂= ၁၄၄
၆၀၀၀၀ ÷ ၁၄၄ = ၄၁၆ပင်
ဖိုခနောက်ဆိုင်စိုက်လျှင် ၁၅% အပိုထွက်မည်
၄၁၆ × . ၁၅ = ၆၂
၄၁၆ +၆၂ = ၄၇၈ ပင်
( C ) ဧကပြည့်( ၁ ) ဧကတွက်လျှင်
စိုက်ပင်အကွာအဝေးနှစ်ခုမြှောက်ကိန်း နှင့် ၄၃၅၆၀ ကိုစား။
စိုက်ပင်အကွာအဝေး ၁၉ ×၁၉ = ၃၆၁
၄၃၅၆၀ ÷ ၃၆၁ = ၁၂၀
ဖိုခနောက်ဆိုင်စိုက်လျှင် ၁၂၀ × . ၁၅ = ၁၈ ပင်ပိုထွက်
၁၂၀ + ၁၈ = ၁၃၈ ပင်

# crd

မောင်နှမချင်းပြိုင်ဆိုင်တာ မိဘကြောင့်ပါတစ်ချို့မိဘတွေက ငယ်ငယ်ထဲက တစ်ဦးအပေါ် တစ်ဦး ချစ်တတ်အောင် သင်ပေးတယ် 😢တစ်ချို့မိဘတွေ...
14/09/2022

မောင်နှမချင်းပြိုင်ဆိုင်တာ မိဘကြောင့်ပါ

တစ်ချို့မိဘတွေက ငယ်ငယ်ထဲက
တစ်ဦးအပေါ် တစ်ဦး
ချစ်တတ်အောင် သင်ပေးတယ်

😢တစ်ချို့မိဘတွေကျ မသိကြတာလား
ပေါ့ပေါ့တန်တန်ပဲပြောလိုက်ကြတာလား မသိဘူး

😢အကြီးက လိမ္မာတယ် အငယ်ကမလိမ္မာဘူးတို့

😢အကြီးက စာတော်တယ် အငယ္က
အကြီးလောက် ဉာဏ်မကောင်းဘူး တို့

😢အငယ္က အလိုက်ကန်းဆိုးသိတယ်တယ်
အကြီးက အရိပ်သုံးပါး နားမလည်ဘူး တို့

🙏ကျေးဇူးပြုပြီး အကြီးလေးကတော့ လိမ္မာတယ်
အငယ်လေးကတော့ဆိုးတယ် ဘာညာတို့

အကြီးလေးထက် အငယ်လေးကပိုချောတယ်တို့
အငယ်လေးကိုပဲချစ်တော့မယ် ဆိုတာမျိုး

ကလေးတွေ စိတ်ဝမ်းကွဲစေမဲ့ စကားမျိုး လုံးဝလာမပြောပါနဲ့🙏

ငယ်တုန်း အချင်းချင်း ကြေးတန်းထိုး
ငယ်ရာက ကြီးတော့ အပြိုင်အဆိုင်နဲ့
ပြိုက်ဘက်ကြီးတွေလို ဖြစ်ကုန်ရော ....

ငယ်တုန်း ကလေးတွေ ကြေးတန်းထိုးတာ ဟာ
ကြီးလာရင် သိပ်ကြောက်ဖို့ကောင်းတယ်ဆိုတာ
မိဘ တွေ သတိမထားမိလို့ပါ

မောင်နှမတွေ အချင်းချင်း ...
ပြိုင်ဆိုင်ကြတာရဲ့ အစက
မိဘတွေကြောင့်ပါ

ကိုယ်တိုင်ကလည်း သားသမီးတွေ အပေါ်
Fair ဖြစ်တယ်လို့ မြင်သာအောင် ဆက်ဆံပါ

သင့်မျိုးဆက်အတွက် မစည်းလုံးစေမဲ့
အကြီးမားဆုံး Bad Habit က
အချင်းချင်း ကြေးတန်းထိုးကြတာပဲ
ငယ်တုန်း ပြုပြင်ပေးကြပါ

မောင်နှမတွေ ကြီးလာ မွ
ငါ့သား ငါ့သမီးတွေ
အချင်းချင်း မချစ်ကြပါလား မပြောခင်

အချင်းချင်း ချစ်အောင် သင်ပေးခဲ့လား ?
ကေလး တစ်ယောက်နဲ့ တစ်ယောက်ကို
ခဏ ခဏ နှိုင်းယှဉ် ပြီး ဆုံးမေနလား ? စဉ်းစားပါ

မသိလို့ပြောမိတာ ဆိုရင်
ကလေးတွေ အတွက် ပြင်ပါ

မောင်နှ မေတြကို ချစ်လာအောင်
သင်ပေးဖို့က မိဘေတြ တာဝန်ပါ

မိသားစု တခုမှာ ...
မောင်နှမတွေ ဘယ်လောက်ချစ်လဲ ဆိုတာ

လက်ဦးဆရာ မိနဲ့ ဖ ရဲ့ အပြောအဆို
အပြုအမူတွေရဲ့ သက်ရောက်မှုတွေ အများကြီးပါတယ်

မောင်နှမတွေ မချစ်တာ
မိဘတွေ ငယျငယ်က
ချစ်အောင် မသင်ပေးတတ်ခဲ့လို့ပါ

အချင်းချင်း ချစ်တက်အောင်ပဲသင်ပေးပါ။
ဘယ်သူမှားမှားမှန်မှန် အကြီးကအငယ်ကို အနိုင်ကျင့်တာတို့ အငယ္က အကြီးကိုပြန်ပြောတာတို့
လုံးဝလက်မခံနိုင်ပါဘူး။

မိဘတွေအနေနဲ့ အဲလိုအပြုမူမျိုးဖြစ်လာရင်
တခါတလေပဲဆိုပြီးတော့လည်း အပြောမခံပါနဲ့
အစရှိနောင်အခါခါ ပြောစရှိရင်
နောက်လည်း ရိုသေမှုရှိမှာမဟုတ်တော့ပါဘူး

အကြီးနဲ့ အငယ္ကို
မင်း/ နင်/ငါ/ နာမည် စသဖြင့် ပေးမခေါ်ရဘူး

အခေါ်မခံရဘူး

ကိုကြီး/ မမ / ညီလေး / ညီမေလး/ မောင်လေး
အဲလိုပဲ ခေါ်ခိုင်းပါ...
ဒါတွေက ကြီးမှ သင်ပေးလို့ မရပါဘူး

ကလေးချင်းချစ်အောင် လုပ်ရတာ လွယ်ပါတယ်
လူကြီးချင်း ချစ်အောင် လုပ္ဖို့က် ခက်သွားပါပြီ

Credit ဘဝအတွက် စာစုများ စာတိုပေစ

သီးစုံ သာကူဟာလဝါသာကူဟာလဝါလေးကို သီးစုံလေးနဲ့လုပ်ထားပါတယ်။ သူ့ရဲ့အရသာကတော့ သီဟိုဠ်စေ့ပါလို့ ဆိမ့်နေသလို ဖရုံယိုပါလို့ချို...
14/09/2022

သီးစုံ သာကူဟာလဝါ

သာကူဟာလဝါလေးကို သီးစုံလေးနဲ့လုပ်ထားပါတယ်။ သူ့ရဲ့အရသာကတော့ သီဟိုဠ်စေ့ပါလို့ ဆိမ့်နေသလို ဖရုံယိုပါလို့ချိုချိုလေးနဲ့ အလွန်စားကောင်းပါတယ်။ လုပ်စားကြည့်ရအောင်နော်။
ပါဝင်သောပစ္စည်းများ
၁။ အသေးဆုံး သာကူစေ့ - ၂ ခွက်
၂။ ရေ - ၃ ခွက် (သို့) ၇၂၀ မီလီလီတာ ml
၃။ အုန်းနို့- ၄၀၀ ml
၄။ နွားနို့- ၄၀၀ ml
၅။ သကြား - ထမင်းစားဇွန်း ၁၀ ဇွန်း
၆။ ညောင်စေးကျအောင်ကျိုထားသော ကြံသကာရည် - ၁ ခွက် (သို့) ထမင်းစားဇွန်း ၁၆ ဇွန်း (ကြံသကာကိုအရောင်ရင့်ရင့်လေးဟာသုံးရင် အရောင်ပိုလှပါတယ်။)
၇။ ဆား - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
၈။ ထောပတ် - ထမင်းစားဇွန်း ၁၀ ဇွန်း
၉။ ဆီ - ထမင်းစားဇွန်း ၅ ဇွန်း
၁၀။ ဘိန်းစေ့ - ထမင်းစားဇွန်း ၃ ဇွန်း
၁၁။ ခြစ်ထားသော အုန်းသီးဖတ် - ၁ ခွက်
၁၂။ Top သီဟိုဠ်စေ့ - ၁ ခွက်
၁၃။ ဖရုံယို - ၅ ခု
(၁ခွက် =240 ml = ရိုးရိုးကော်ဖီခွက် ၁ ခွက် = ထမင်းစားဇွန်း ၁၆ ဇွန်း)
( ထမင်းစားဇွန်း ၁ ဇွန်း = 1 tablespoon= 15ml)
(လက်ဖက်ရည်ဇွန်း ၁ ဇွန်း = 1 teaspoon= 5 ml)
ပြုလုပ်နည်း
၁။ သာကူစေ့ကိုရေဆေးပြီးရေစစ်ထားပါ။ Top သီဟိုဠ်စေ့ကို အတုံးအသးလေးတွေဖြစ်သွားအောင် အနည်းငယ်ထောင်းပေးပါ။ ဖရုံယိုကို အတုံးအသေးလေးတွေတုံးထားပါ။
၂။ အိုးကြီးကြီးတခုထဲမှာ ရေ၊ အုန်းနို့၊နွားနို့၊ဆား၊ ဆီတို့ကိုထည့်ပြီးပွက်လာအောင်တည်ပါ။ ပွက်လာလျှင် သာကူကိုထည့်ရ်ျ အဆက်မပျက်မွှေပေးပါ။
၃။ မွှေနေပြီး ၃ မိနစ်လောက်နေလျှင် သကြား၊ ကြံသကာရည်တို့ကိုထည့်ပါ။ ထို့နောက်ထောပတ်၊ Top သီဟိုဠ်စေ့၊ အုန်းသီးဖတ်တို့ကို ထည့်ပြီး အဆက်မပျက် ဆီပြန်လာသည်အထိမွှေပေးပါ။
၄။ ဆီပြန်လာလျှင် ဘိန်းစေ့နှင့် ဖရုံယိုတို့ကိုထည့်မွှေပါ။ (ဘိန်းစေ့ကိုအပေါ်ကဖြူးမည်ဆိုလျှင်တော့ နောက်ဆုံးဘန်းထဲကိုထည့်ပြီးမှအပေါ်ကဖြူးပါ။) ရေမကျန်တော့ပဲ ဆီပြန်ပြီးလုံးလာလျှင် မီးဖိုပေါ်မှချရ်ျ ဘန်းထဲထည့်အအေးခံပါ။ (Comment မှာ video နဲ့ပြထားပါတယ်။)
၅။ အေးသွားလျှင် ကြိုက်နှစ်သက်ရာ အရွယ်အစားလှီးရ်ျ သုံးဆောင်နိုင်ပါပြီရှင်။

Crd.Eisan စိတ်ခွန်အားစာပေများ

၁၉၈၀..ကျော်ကာလဘရာဇီးနိုင်ငံမှာထားစရာမရှိအောင်ချမ်းသာသူနဲ့စားစရာမရှိအောင်ဆင်းရဲသူဆိုပြီး..လူတန်းစားတအား....ကြာဟ နေချိန်ပေ...
09/09/2022

၁၉၈၀..ကျော်ကာလ
ဘရာဇီးနိုင်ငံမှာ
ထားစရာမရှိအောင်ချမ်းသာသူနဲ့
စားစရာမရှိအောင်ဆင်းရဲသူဆိုပြီး..
လူတန်းစား
တအား....ကြာဟ နေချိန်ပေါ့။

စားသောက်ဆိုင်ကြီးတစ်ခုထဲ
ကားကြီးတစ်စီးဝင်လာတယ်။

ဆိုင်ပေါက်ဝက
စုတ်တီးစုတ်ပြက်
ကေလး(၃)ယောက်က

"သူဌေးကြီး..ဖိနပ်တိုက်ပါရစေ.."
ဝိုင်းအော်ကြတယ်။

သူဌေးကြီးဆိုသူလည်း.....
ဆိုင်ထဲဝင်ပြီးမှ
နာလႏၴ စ..လို
အာဟာရချို့တဲ့..နေတဲ့
ကလေးတွေကိုကြည့်ပြီး
ပြန်လှည့်လာတယ်။

"ဘယ်လောက်လည်းကွ"

အားတတ်သေရာ...
"(၂၀၀)ပါခင်ဗျ"

"အေး...ဟုတ်ပြီ
(၁၀)ဆပေးမယ်ွကာ
ဘယ်သူကတိုက်မလဲ?
တစ်ယောက်ချင်းဖြေ.."

ပထမတစ်ယောက်
"ကျွန်တော်..တိုက်မယ်"

"မင်းဘာလို့..တိုက်ချင်တာလဲ?"

"ကျွန်တော်တနေကုန်
ဘာမှ..မစားရသေးလို့ပါ"

"အေး...ဟုတ်ပြီ"

ဒုတိယတစ်ယောက်

"မင်းကရော..?

ကျွန်တော်လည်း..မစားရေသးဘူး
အိမ်မှာ..အမေကလည်း
နေ..မကောင်းဘူးခင်ဗျ"

"ဟေ..ဟုတ္လား?..အေးပါ"

နောက်ဆုံးတစ်ယောက်
"မင်းကရောကွ.!

"ကျွန်တော်က
ဦးလေးပေးတဲ့ဖိနပ်တိုက်ခကို
သူတို့နှစ်ယောက်ကိုပေးချင်လို့ပါ"

"ဟေ..မင်းကဘာစားပြီးပြီလဲ?"

"ကျွန်တော်က
ပေါင်မုန့်နှစ်ချပ်စားထားပါတယ်'

"အင်း......ဟုတ်ပြီ
ဒါဆို...မင်းတိုက်ကွာ"ဆိုပြီး
ငွေ(၂၀၀၀)ထုတ်ပေးလိုက်တယ်။

ကောင်လေးက
ချက်ချင်းပဲ
သူ့..သူငယ်ချင်းနှစ်ယောက်ကို
ပိုက်ဆံ........ခွဲပေး
"မင်းတို့ပြန်နှင့်ကြ.."ဆိုပြီး
ဝမ်းသာအားရ
ဖိနပ်ကုန်းတိုက်ပါလေရော!

နောက်တော့
အဲ့ဒီသူဌေးကြီးက
သူ့ကို...အလုပ်ပေးတယ်။

အသက်(၄၅)နှစ်မှာ
အလုပ်သမားပါတီထောင်တယ်။

သူ့ရဲ့
အနစ်နာခံစိတ်
ကိုယ်ချင်းစာစိတ်တွေကြောင့်
လူချစ် လူခင် ပေါလှပြီး.....
၂၀၀၂ ခုနှစ် ရွေးကောက်ပွဲမှာ
ဘရာဇီးနိုင်ငံရဲ့
(၃၅)ယောက်မြောက်
သမ္မတ ဖြစ်လာတယ်။

(Fernando Henrique Cardoso.)တဲ့

ဘယ်လိုအခြေအနေမျိုးဖြစ်ဖြစ်..
ကိုယ့်လောက်
အဆင်မပြေဖြစ်နေသူတွေကို
အနစ်နာခံပါ။

ကိုယ်ချင်းစာတရားထားပါ။

မေတ္တာ အရင်းခံတဲ့စိတ်ထား ထားရှိရင်
ဘဝမှာအောင်မြင်မှုတွေရလာမှာ
အသေအချာပါပဲ ...။

ဖြစ်ရပ်မှန်ဇာတ်လမ်းတပုဒ်ပါ။

Credit to original uploader
ဘဝအတွက် စာစုများ

လူငယ်စိတ်ဓာတ်ခွန်အားဖြည့်အတွေးစာစုများ

စာပေဗဟုသုတ လူတိုင်းရ

အနှေးနဲ့ အမြန်ပါပဲ......~~~~~~~~~~~~~ပိုက်ဆံရှိလည်း သေမှာပဲပိုက်ဆံမရှိလည်း သေမှာပဲရုပ်ချောလည်း သေမှာပဲရုပ်ဆိုးလည်း သေမှာ...
07/09/2022

အနှေးနဲ့ အမြန်ပါပဲ......
~~~~~~~~~~~~~
ပိုက်ဆံရှိလည်း သေမှာပဲ
ပိုက်ဆံမရှိလည်း သေမှာပဲ

ရုပ်ချောလည်း သေမှာပဲ
ရုပ်ဆိုးလည်း သေမှာပဲ

ဂုဏ်ရှိလည်း သေမှာပဲ
ဂုဏ်မဲ့လည်း သေမှာပဲ

အဆင့်အတန်းရှိလည်း သေမှာပဲ
အဆင့်အတန်း မဲ့လည်း သေမှာပဲ

မာနကြီးလည်း သေမှာပဲ
မာနမရှိလည်း သေမှာပဲ

အသက်ကြီးလည်း သေမှာပဲ
အသက်ငယ်လည်း သေမှာပဲ

အလုပ်ရှိလည်း သေမှာပဲ
အလုပ်မဲ့လည်း သေမှာပဲ

ဘာသာမတူလည်း သေမှာပဲ
ဘာသာတူလည်း သေမှာပဲ

ပညာတတ်လည်း သေမှာပဲ
ပညာမတတ်လည်း သေမှာပဲ.....

သက်ရှိ မပြောပါနဲ့
သက်မဲ့တွေတောင် ယိုယွင်းပျက်စီး ကျိုးပဲ့သေးတာပဲ
သက်ရှိဆိုတာလည်း
ပျက်စီးမယ့်နေ့ဆိုတာ ရှိပြီးသားပါ

သတ္တဝါမှန်သမျှ သေမျိုးချည်းပါပဲ
အရာအားလုံးဟာ မမြဲခြင်းနဲ့ပဲ
အဆုံးသတ်တယ်....

သြော် ငါလဲ တစ်နေ့ကျ သေရအုံးမှာပါလား......

သို့ပေမယ့်
မသေခင်တော့ တန်ဖိုးရှိသင့်ပါတယ်....

လူဖြစ်ခိုက်လေးမှာ
မေတ္တာ တရား ပွားများကြစေချင်တယ်
တစ်ဖက်သားအပေါ် စာနာစိတ်ရှိစေချင်တယ်။

အကြင်နာတရား ရှိစေချင်တယ်
အသိတရား ရှိစေချင်တယ် ။

ရိုးသားဖြူစင် သန့်ရှင်းစွာ နေထိုင်စေချင်တယ်
အပြုံပန်းတွေ ပွင့်စေချင်မိတယ်။

ကောင်းမှုကုသိုလ် များများလုပ်စေချင်တယ်။

စေတနာ ကို
မတုန့်ပြန်ချင် နေပါ
စေတနာကို မစော်ကားမိပါစေနှင့်။
ခုနှစ်ရက်သားသမီးများနှင့် ရာဟုသားသမီးများအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေဗျ။
🙏🙏🙏🙏🙏🙏
ဘဝအတွက် စာစုများ

Address

Kalemyo
Sagaing

Telephone

+959956069666

Website

Alerts

Be the first to know and let us send you an email when ပြည့်တိုး အလှကုန်ရောင်းဝယ်ရေး kalay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share