Kay Thi - Shwebo ရွှေဘို

Kay Thi -  Shwebo ရွှေဘို online shop

🍀စိတ်ကို ကြည်လင်ကျန်းမာနေအောင်မိမိဘာသာ ပြုလုပ်နည်း🍀ဒီကာလတွေဟာ စိတ်နှလုံး ရှုပ်ထွေး နောက်ကျိပင်ပန်းနေကြတဲ့ ကာလတွေ ဖြစ်လို...
16/12/2023

🍀စိတ်ကို ကြည်လင်ကျန်းမာနေအောင်
မိမိဘာသာ ပြုလုပ်နည်း🍀

ဒီကာလတွေဟာ စိတ်နှလုံး ရှုပ်ထွေး နောက်ကျိ
ပင်ပန်းနေကြတဲ့ ကာလတွေ ဖြစ်လို့
NP vlogs Fan လေးတွေအတွက် မျှဝေပေးလိုက်ပါတယ်။

🍀 1. အိပ်ရာခင်းကို သန့်ရှင်းနေအောင် ပြုလုပ်ပေးပါ။

မနက်မိုးလင်းလို့ အိပ်ရာနိုးရင် အိပ်ယာခင်းကို
သန့်ပြန့်နေအောင် ဆွဲဆန့်ပြီး ပြန်ခင်းပါ။
အိပ်ရာကို သပ်သပ်ရပ်ရပ် သိမ်းပါ။
သန့်ရှင်းနေတဲ့ အိပ်ရာခင်းက စိတ်နှလုံးကို
အံ့ဩစရာကောင်းလောက်အောင်
ကြည်လင်လာစေတာကို တွေ့ရပါလိမ့်မယ်။
မနက်တိုင်း မမေ့ပါနဲ့နော်။

🍀 2. ဗုဒ္ဓဘာသာဝင်ဖြစ်လျှင် မျက်နှာသစ်တဲ့အချိန် သရဏဂုံသုံးပါးကို တည်ပါ။
“ဗုဒ်ဓံ သရဏံ ဂစ်ဆာမိ၊ ဓမ်မံ သရဏံ ဂစ်ဆာမိ၊ သံဃံ သရဏံ ဂစ်ဆာမိ” (ပါဠိလို ရိုက်မရပါ)
ဒါလေး ရွတ်ရုံပါပဲ။
ဘာသာခြားဖြစ်လျှင် မိမိတို့ ယုံကြည်ရာ
ဘာသာအတိုင်း ရွတ်ဖတ်ပါ။
ဘာသာမဲ့ ဖြစ်လျှင် “ဒီနေ့အတွက် အကောင်းဆုံး ရှင်သန်မယ်” လို့ မိမိဘာသာ သတိပေးပါ။

🍀 3. ငါးမိနစ် တရားထိုင်ပါ။

ဘာသာပေါင်းစုံ အတွက်ပါ။
တကယ်ကို ငါးမိနစ်ပဲ အချိန်ပေးပါ။
ဝင်သက် ထွက်သက်ကို နှာသီးဖျားမှာ ထားပြီး
အာရုံကို မပျံ့လွှင့်စေဖို့ သတိထားပါ။
ငါးမိနစ်စီ တိုးသွားလည်း ရတယ်။
နေ့စဉ် ငါးမိနစ် တရားထိုင်လည်း ရပါတယ်။

အဲ့ဒီအတိုင်း ကျင့်ကြံတာဟာ ကမ္ဘာက သုံးတဲ့နည်းပါ။
နာကျင်မှုတွေကနေ လွတ်မြောက်နိုင်တဲ့ အစွမ်း ရှိပါတယ်။
ကင်ဆာ ကုထုံး တစ်ခုအနေနဲ့လည်း သုံးပါတယ်။
သွေးတိုးဝေဒနာရှင်၊ စိတ်ကျ ဝေဒနာရှင်တွေအတွက်
အထူး ကောင်းမွန်ပါတယ်။

အာရုံစူးစိုက်မှု ပိုကောင်းစေပြီး
အကောင်းမြင်တဲ့စိတ်ကို ရရှိနိုင်ပါတယ်။

ဗုဒ္ဓဘာသာဝင်ဖြစ်လျှင် နေ့စဉ် ထပ်တလဲလဲ ပြုနေကျ
ကုသိုလ်အနေနဲ့ အာစိဏ္ဏကံ မြောက်ပါတယ်။
ငါးမိနစ်လောက် သုံးပြီး တကယ် လုပ်ကြည့်ပေးပါ။

🍀 4. တရားတော်များ နာယူခြင်း။

မနက်စောစော ပရိတ် ပဌာန်း တရားများ နာယူခြင်းဟာ စိတ်ကို ဆထက်ထမ်းပိုး ကြည်လင်အေးချမ်းစေပါတယ်။
တရားတော်တွေကို ရွတ်ဖတ်ပူဇော်ထားတဲ့
ဆရာတော်ကြီးတွေရဲ့ အသံကို နာယူပါတယ်။
သပ်သပ် နာယူစရာ မလိုပါ။
အိမ်သန့်ရှင်းရေး ပြုလုပ်နေရင်း ဖြစ်စေ၊ မနက်စာ စားနေရင်း ဖြစ်စေ၊ ဘုရားခန်း ပန်း၊ သောက်တော်ရေချမ်း လဲလှယ်နေရင်း ဖြစ်စေ ဖွင့်ထားနိုင်ပါတယ်။

မင်မင် နာယူနေကျကတော့
- တောင်တန်းသာသနာပြု ဆရာတော် ဘုရားကြီး၏ ဂုဏ်တော်ကွန်ချာ၊
- ပဌာန်းပါဠိတော်နှင့် ခုနှစ်ရက်သားသမီး မေတ္တာပို့ (ဆရာတော် ဘွဲ့တော်မသိပါ)
- ရွှေလင်းယုန် ဆရာတော် ဘုရားကြီး၏ ပရိတ်ကြီး (၁၁)သုတ်ပါ။

စိတ်ကို ကြည်လင် ချမ်းမြေ့စေပြီး
မိမိ အိမ်ဂေဟာကို ဘေးရန်ကင်းစေပါတယ်။
အရောင်းအဝယ် သမားများ လာဘ်လာဘ ရွှင်စေပါတယ်။

🍀 5. သန့်ရှင်းရေး ပြုလုပ်ပါ။

အိမ်ကို သန့်ရှင်းရေး ပြုလုပ်တာက စိတ်ကျဝေဒနာကို သက်သာစေတဲ့ အံ့ဩဖွယ် နည်းလမ်းပါ။
သန့်ရှင်းစင်ကြယ်နေအောင် ပြင်ဆင်ပြီး
အညစ်အကြေးတွေကို ဖယ်ရှားရှင်းလင်းလိုက်ခြင်းက
စိတ်မှာ ကပ်တွယ်နေတဲ့ အညစ်အကြေးတွေကိုပါ
ယူပစ်လိုက်သလို ပေါ့ပါးလန်းဆန်းစေပါတယ်။

🍀 6. ရနံ့ကုထုံး

ဒီအတွက်တော့ ပိုက်ဆံ နည်းနည်း သုံးရပါတယ်။
မွှေးမွှေးအေးအေးလေး ဖြစ်အောင် နေပါ။
မိမိနှစ်သက်တဲ့ Air freshener လေးတွေ ဆောင်ထားပါ။
Aircon အခန်း မဟုတ်ရင် Air freshener မသုံးဘဲ
စံပယ်ပန်းလေးများ ရွှေပန်း ငွေပန်းလေးများ
စသဖြင့် ရနံ့မွှေးသော ပန်းလေးတွေ ချိတ်ဆွဲထားနိုင်ပါတယ်။
အနံ့ပါတဲ့ ဖယောင်းတိုင်ကို ညအိပ်ခါနီး တစ်နာရီမှာ
ထွန်းပေးပြီး အိပ်စက်ခြင်းက စိတ်ဖိစီးမှု လျော့ကျစေတယ်။
မီးတော့ သေချာငြိမ်းပေးပါ။ မမေ့ပါနဲ့။
ရေမွှေး အနံ့ကောင်းကောင်းလေးတွေကလည်း
အတူတူပါပဲ။
စိတ်ကို positive vibes ပေးနိုင်ပါတယ်။
ဆန္ဒရှိရင် ရနံ့ကုထုံးလေးကို သုံးကြည့်ပေးပါ။

🍀 7. မနက်ခင်း ရေချိုးပေးပါ။

ရေနွေးရှိတဲ့သူက ရေနွေးလေးနဲ့ ချိုးပါ။
ဆပ်ပြာကို အမြှုပ်တွေ ဖွေးထနေအောင် တိုက်ပေးပါ။
ရေချိုးရင်း သီချင်းအော်ဆိုပါ။
စိတ်ဖိစီးမှုတွေ ယူပစ်သလို ပျောက်ပါတယ်။

🍀 8. သီချင်း နားထောင်ပါ။

ကိုယ်အကြိုက်ဆုံး သီချင်းလေးတွေကို
Album လေးတွေခွဲပြီး နားထောင်ပေးပါ။

🍀 9. ငွေရှာပါ။

ငွေကြေးအခက်အခဲကတော့ စိတ်ဖိစီးမှုနဲ့ စိတ်ကျမှု အများစုရဲ့ အခြေခံ အကျဆုံး အကြောင်းတရား ဖြစ်ပါလိမ့်မယ်။
ငွေရှာပါ။ ငွေရနိုင်မယ့် နည်းလမ်းကို ရှာပါ။
အခု မရနိုင်သေးလည်း ရှာရင်း တွေ့ပါလိမ့်မယ်။
ကြိုးစားအားထုတ်မှုကတော့ ရှိမှ ရပါမယ်။
ဒီအခက်အခဲက လွတ်မြောက်ဖို့ မိမိစွမ်းအင်ကို
ယုံကြည်လေးစားစွာ အသုံးချပါ။

🍀10. စကားပြောပေးပါ။

တစ်ယောက်တည်း အခန်းပိတ် မနေပါနဲ့။
မိမိချစ်ခင်ရသူ မိတ်ဆွေ အပေါင်းအသင်း
ဆွေမျိုးများနဲ့ ဖုန်းအဆက်အသွယ် ဖြစ်စေ လုပ်ပါ။
သင့် မကျေနပ်ချက်များကို ရင်ဖွင့်ပါ။
နိုင်ငံရေး စီးပွါးရေး လူမှုရေး အချစ်ရေး
ကြိုက်ရာ ပြောနိုင်တဲ့သူနဲ့ ကြာကြာ စကားပြောပေးပါ။
အခက်အခဲများကို တိုင်ပင် ရင်ဖွင့်ပါ။
၅၀% သော ပြသနာတွေ ဖြေရှင်းနိုင်သွားသလို ခံစားရလိမ့်မယ်။
ကံကောင်းရင် အကူအညီနဲ့ လမ်းစတွေ ရနိုင်ပါတယ်။

🍀 11. လေကို ဝ ဝ ရှူပါ။

မနက်ခင်း လတ်ဆတ်တဲ့လေ ဖြစ်ရပါမယ်။
ငါးမိနစ်လောက် အောက်စီဂျင် ပြည့်နေအောင်
အဆုတ်ထဲ ရှူသွင်းလိုက်ပါ။

🍀 12. ကော်ဖီသောက်ပါ။

ကဖင်းဓာတ်က စိတ်ကို ပျော်ရွှင်စေပါတယ်။
ကော်ဖီ ကြိုက်တတ်သူဆိုရင်
ပူပူလေး တစ်ခွက်လောက် အခုပဲ ထသောက်လိုက်ပါ။

🍀13. ဘုရားကို ပန်း၊ ရေချမ်း၊ ဆီမီး ကပ်ပါ။

မွှေးကြိုင်သောပန်းများ၊ အေးချမ်းသော ရေစင်နဲ့
ဆီမီးတိုင်တို့ရဲ့ ရောင်ဝါအလင်းဟာ မိမိစိတ်ကို
ရောင်ပြန်ဟပ်လာသလိုကို အေးချမ်းစေပါတယ်။
ဆက်ကပ်လှူဒါန်းကြည့်ပါ။
အခြား ဘာသာဝင်များလည်း မိမိတို့ ဘုရားရှင်ကို
လှူဒါန်း ပူဇော်ပေးပါ။

🍀 14. စာအုပ်ဖတ်ပါ။ ရုပ်ရှင်ကြည့်ပါ။

သင် အကြိုက်ဆုံး တစ်ခုခုကို လုပ်နေရတာဟာ
ဘဝရဲ့ ပျော်ရွှင်စရာ အစိတ်အပိုင်းထဲက တစ်ခုပါပဲ။
အဲ့အတွက် တစ်နာရီလောက် အချိန်ပေးလိုက်ပါ။

🍀 15. မၽွေဝပါ။

ကိုယ့်မှာ ပိုနေတဲ့အထဲကနေ လိုအပ်သူကို ခွဲပေးလိုက်ပါ။
ချမ်းသာနေမှ မဟုတ်ပါဘူး။
ငှက်ကလေးအတွက် စပါးတွဲလေး ဖြစ်စေ၊
နွမ်းပါးသူအတွက် အင်္ကျီလေးတစ်ထည်၊
ဖိနပ်လေး တစ်ရံ ဖြစ်စေ၊
မုန့်လေး တစ်ခုဖြစ်စေ၊ ပြန်အမ်းငွေလေး ဖြစ်စေ
မျှဝေပေးလိုက်ပါ။
သူတို့ရဲ့ ပျော်ရွှင်မှုက ကိုယ့်ထံ ကူးစက်လာပါလိမ့်မယ်။

🍀 16. အဆိပ်အတောက်တွေကို ရှောင်လိုက်ပါ။

Social Media ပေါ်မှာဖြစ်စေ သင့်စိတ်ကို
အနှောင့်အယှက်ပေးနေတဲ့ အရာမှန်သမျှကို
ဖယ်ရှားရှင်းလင်းလိုက်ပါ။
မမြင်ချင်တဲ့ အရာမှန်သမျှ unfollow လိုက်ပါ။
စိတ်အတွက် အဆိပ်အတောက်တွေကို
ဖယ်ရှားပစ်ဖို့ သတ္တိရှိပါ။

🍀 17. ဘာမှ မတွေးဘဲ အိပ်စက်လိုက်ပါ။

မနက်ဖြန်တွေကို တွေးပူမနေပါနဲ့။
ကြောက်ရွံ့ မနေပါနဲ့။
ဖြစ်လာသမျှ အရာရာကို ရင်ဆိုင်ပစ်လိုက်ပါ။
လူသားတွေဟာ တစ်နေ့ သေဆုံးမှာ သိသိကြီးနဲ့တောင်
ရှင်သန်ရဲနေကြတဲ့ အာဂလူသားတွေ မဟုတ်လား။
ဘယ်ပြသနာကများ ထပ်ပြီး ကြီးကျယ်ဦးမှာလဲ။
ဒီတစ်ညတော့ နှစ်နှစ်ခြိုက်ခြိုက်သာ အိပ်လိုက်ပါ။

ဒီနည်းလမ်းလေးကို တစ်ပါတ်လောက် သုံးကြည့်ပါ။
စိတ်ကလေး သက်သောင့်သက်သာနဲ့
အေးချမ်းလာပါလိမ့်မယ်။
စိတ်ကျန်းမာမှ လူကျန်းမာပါမယ်။
လူချမ်းသာပါမယ်။
ဘဝကို ရှေ့ဆက်နိုင်ပါလိမ့်မယ်။

🍀 ခုနှစ်ရက် သားသမီးအပေါင်း ဘေးရန်ကင်းကွာ
စိတ်ချမ်းသာ ကိုယ်ကျန်းမာ ကြပါစေ။ 🙏🏻

🌴Crd Tropical myanmar

တန်ဆောင်မုန်း လပြည့်နေ့ (27.11.2023)ဆန်၊ဆီ၊ဆေး၊ဆားကို ကပ်လှူဖို့ တိုက်တွန်းနှိုးဆော်လိုက်ပါတယ် 🙏🙏🙏ဆန်၊ဆီ၊ဆေး၊ဆား ကပ်လှူန...
25/11/2023

တန်ဆောင်မုန်း လပြည့်နေ့ (27.11.2023)

ဆန်၊ဆီ၊ဆေး၊ဆားကို ကပ်လှူဖို့ တိုက်တွန်းနှိုးဆော်လိုက်ပါတယ် 🙏🙏🙏

ဆန်၊ဆီ၊ဆေး၊ဆား ကပ်လှူနည်း
*****************************

လပြည့်နေ့တိုင်း ပြုလုပ်နိင်သည့် ဆန်ဆီဆေးဆား အလှူတော်🙏
လပြည့်နေ့အခါသမယ မှာ ဆန်ဆီဆေးဆား လှူဒါန်းကုသိုလ်ပြုနိုင်မယ့် နည်းလမ်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
လပြည့်နေ့ မနက် ၉ နာရီ (သို့) ၉ နာရီ ၄၅ မိနစ်တွင် အိမ်၏ ဘုရားကျောင်းဆောင်၌ ဆန်၊ ဆီ၊ ဆေး၊ ဆား တို့ကို လှူဒါန်းပြီး မေတ္တာသုတ် (၁၀) ခေါက်၊ သမ္ဗုဒ္ဓေ (၁၀) ခေါက်၊ ဒိဝါတပတိ (၁၀) ခေါက် ရွတ်ဖတ်ပူဇော်ပါ။ ကုသိုလ်၏ အဖို့ဘာဂကို မေတ္တာပို့၊ အမျှဝေပါ။

လှူဒါန်းရာတွင် မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးနှင့်တကွ သံဃာတော်များအတွက် ရည်စူးကာ မိမိတတ်နိုင်သလောက် ဆန်အပြည့်၊ ဆီအပြည့် ၊ဆေးပစ္စည်းအပြည့်၊ ဆားအပြည့်ထည့်ကာ ကပ်လှူထားရှိပေးပါ။ ပြည့်ဝခြင်းသဘောကိုဆောင်တဲ့ အဓိပ္ပာယ်ပါ။

ဆန် ဆီ ဆားဆေး လှူဒါန်းရခြင်းအကျိုးမှာ အကျပ် အတည်းများ ရင်ဆိုင်နေရသောအခါ၊ စားဝတ်နေရေးအတွက် ရုန်းကန်ရေသောအခါများတွင် အရံသင့်ပေးမည့်၊ ကျွေးမည့် လက်တစ်စုံ အမှီရစေ၏။ လုပ်ငန်းစီးပွားများ တိုးတက်စေ၏။

ကျန်းမာရေး ချို့ယွင်းသူများ ကျန်းမာလာစေ၏။ မိမိအိမ်တွင် လိုအပ်ချက် မှန်သမျှပြည့်စုံလာစေ၏။ မိမိအိမ်တွင် မရှိစကား၊ ပေးပါတောင်းပါဟု ပြောဆိုနေစရာမလိုဘဲ လိုအပ်တာများပြည့်စုံလာစေ၏။

မိမိတို့၏ အိမ်မီးဖိုချောင်သည် စားစရာများဖြင့် ပြည့်စုံနေခြင်း၊ စိတ်ဝမ်းကွဲနေသော မိတ်ဆွေ ညီအကိုမောင်နှမများလည်း ပြန်လည်သင့်မြတ်ပါလိမ့်မည်။

လှူပြီး နေ့လည် ၁၂ နာရီ ၊ ၁ နာရီလောက် ပြန်စွန့်ပေးပါ။ စွန့်ပြီးသား ဆန်ကို သံဃာတော်များ၊ သီလရှင်များအား လောင်းလှူခြင်း၊ ဆွမ်းချက်၍ သံဃော်တော်များအား လှူဒါန်းခြင်း၊ မရှိနွမ်းပါးသူများအား ပြန်လည် လှူဒါန်းခြင်းတို့ကို ပြုလုပ်နိုင်ပါတယ်။
အခါကြီးရက်ကြီးတိုင်း ပုံမှန်လုပ်ပေးခြင်းဖြင့် ကုသိုလ်လည်းရ ဝမ်းလည်းဝပြီး ကောင်းကျိုးများဖြင့် ပြည့်စုံနိုင်ကြပါစေ။

Credit original
Via -

ရချင်လိုက်တာ ဒီဆိုင်ကို မရောက်ရောက်အောင်သွားအုံးမယ် မန္တလေးရောက်တိုင်း မဝင်ဖြစ်ခဲ့လို့ နောက်တစ်ခါတော့ အဲ့ဆိုင်ကိုပဲ သပ်သ...
18/11/2023

ရချင်လိုက်တာ ဒီဆိုင်ကို မရောက်ရောက်အောင်သွားအုံးမယ် မန္တလေးရောက်တိုင်း မဝင်ဖြစ်ခဲ့လို့ နောက်တစ်ခါတော့ အဲ့ဆိုင်ကိုပဲ သပ်သပ်သွားအုံးမယ်😘😘😘

Zin Thu Ya Tun Pwar Pwar Hnine Hnin Yate Wai Thin Yu Htwe Nilar Tun Su Mon Kyaw Phyo Gyi Daw Hnin Nu
26/10/2023

Zin Thu Ya Tun Pwar Pwar Hnine Hnin Yate Wai Thin Yu Htwe Nilar Tun Su Mon Kyaw Phyo Gyi Daw Hnin Nu

ယခု နေရာကို နှိပ်ပြီး သီတင်းကျွတ်မုန့်ဖိုး အစီအစဉ်မှာ ပါဝင်လိုက်ပါ

Page က New Feed မတတ်လို့ ကျန်တာ အကုန်သုံးရတယ် ဘာဖြစ်တာလဲသိတဲ့သူရှိရင် ပြောပေးကြပါအုံး။သူများတွေရောဖြစ်ကြလားဟင်။
15/10/2023

Page က New Feed မတတ်လို့ ကျန်တာ အကုန်သုံးရတယ် ဘာဖြစ်တာလဲသိတဲ့သူရှိရင် ပြောပေးကြပါအုံး။သူများတွေရောဖြစ်ကြလားဟင်။

  ထဲက လိုက်လုပ်နိုင်သူလေးတွေ ကုသိုလ်ရအောင်လို့တင်ပေးတာပါ။ #မင်္ဂလာနံနက်ခင်းပါရှင့်🙏🙏🙏🙏🙏 #၇ရက်သားသမီးအားလုံးကိုယ်စိတ်နှစ်...
19/09/2023

ထဲက လိုက်လုပ်နိုင်သူလေးတွေ ကုသိုလ်ရအောင်လို့တင်ပေးတာပါ။

#မင်္ဂလာနံနက်ခင်းပါရှင့်🙏🙏🙏🙏🙏

#၇ရက်သားသမီးအားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။

ဟဲလို....Queen 👸👸👸 တို့ရေ....  လေး ပိစိလောက် စျေးတတ်တယ်နော်.... #စျေးတတ်ပေမယ့် ပစ္စည်းကတော့လက်ထဲ မရှိသေးပါဘူးရှင့်။ #19,...
13/09/2023

ဟဲလို....Queen 👸👸👸 တို့ရေ....

လေး ပိစိလောက် စျေးတတ်တယ်နော်....

#စျေးတတ်ပေမယ့် ပစ္စည်းကတော့လက်ထဲ မရှိသေးပါဘူးရှင့်။

#19,500/-

မိဘရှိလို့ ဘဝက အဆင်ပြေနေတာပါ..........မိဘမရှိရင် ဘဝက အင်မတန်ခက်ခဲပါတယ်......ချစ်တယ် အဖေနဲ့အမေ....😘😘😘😘အခုထိ ကျန်းကျန်းမာမ...
11/09/2023

မိဘရှိလို့ ဘဝက အဆင်ပြေနေတာပါ..........

မိဘမရှိရင် ဘဝက အင်မတန်ခက်ခဲပါတယ်......

ချစ်တယ် အဖေနဲ့အမေ....😘😘😘😘

အခုထိ ကျန်းကျန်းမာမာနဲ့ ရှိနေပေးလို့လည်း......

ကျေးဇူးတင်ပါတယ်....အဖေနဲ့အမေ😘😘😘😘

#ကေသီ
#ဒီစာသားလေးကိုတွေ့ပြီးအရမ်းကြိုက်လို့ပါ

ကဲ.....သဲတို့ရော ..... ဘာရောင်လေးလဲ.... 😍😍😍😍😍
11/09/2023

ကဲ.....သဲတို့ရော ..... ဘာရောင်လေးလဲ.... 😍😍😍😍😍

Address

Shwebo
00000

Telephone

+959787639074

Website

Alerts

Be the first to know and let us send you an email when Kay Thi - Shwebo ရွှေဘို posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share