25/09/2021
“ မိသားစုကျန်းမာရေးအတွက် သဘာဝရဲ့ဆေး
စွမ်းကောင်းတစ်လက် (သို့မဟုတ်) ပျားသလက် “
ပျားရည်အကြောင်းပြောကြတဲ့အခါ ပျားသလက်အကြောင်းကလည်း မပါမဖြစ်ပါလာရတာပါပဲ။
ခြောက်မြောင့်ပုံစံဆဲလ်ခွက်လေးတွေနဲ့တည်ဆောက်ထားတဲ့ပျားသလက်ကို ပျားဖယောင်းတွေနဲ့ပြုလုပ်ထားပြီးတော့ ဆဲလ်ခွက်လေးတွေထဲမှာ Raw Honey နဲ့ ပျားဝတ်မှုန်တို့ပါဝင်ကြ@ပါတယ်။
ပျားရည်ကိုစားသုံးခြင်းကကျန်းမာရေးအတွက် ကောင်းကျိုးတွေအများကြီးရရှိစေသလိုပဲ ပျားသလက်ကိုစားသုံးခြင်းကလည်း ကျန်းမာရေးအတွက်ကောင်းကျိုးများစွာရရှိစေပါတယ်။ ပျားသလက်ကိုစားသုံးခြင်းကနေရရှိနိုင်တဲ့ကောင်းကျိုးတွေကတော့...
▶ ပျားသလက်မှာပါဝင်တဲ့ Raw Honey မှာ ကယ်လ်ဆီယမ်၊ သံဓာတ်၊ မဂ္ဂနီစီယမ်၊ ဇင့်ဓာတ်တို့ပါဝင်ပြီး Vitamin C, B6, B12 နဲ့ Vitamin A, E နဲ့ D စတဲ့ ဗီတာမင်နဲ့သတ္တုဓာတ်တွေသဘာဝအတိုင်းပါဝင်နေပါတယ်။
▶ ပျားသလက်ရဲ့ခြောက်မြောင့်ပုံစံဆဲလ်ခွက်လေးတွေထဲမှာရှိနေတဲ့ Raw Honey တွေဟာ ပျားဖယောင်းတွေနဲ့ပိတ်ထားတာဖြစ်လို့ ပြင်ပလေနဲ့ထိတွေ့မှုမရှိသေးတာကြောင့် လေထုထဲကရေငွေ့တွေကိုစုပ်ယူထားခြင်းမရှိသေးတာဘဲ တကယ့်ပျားရည်အစစ်အမှန်ကိုစားသုံးနိုင်မှာဖြစ်ပါတယ်။
ဒါကြောင့်ပျားဖယောင်းအတွင်းမှာသဘာဝအတိုင်းရှိနေသေးတဲ့ Raw Honey ပါဝင်တဲ့ပျားသလက်ကိုစားသုံးခြင်းကနေ ပျားရည်ရဲ့အာဟာရအာနိသင်အပြည့်အဝကို ရရှိနိုင်မှာဖြစ်ပါတယ်။
▶ ပျားသလက်မှာပါဝင်တဲ့ Raw Honey ဟာ ဖီနောလ်နဲ့အခြားဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပေါကြွယ်ဝတာကြောင့် နှလုံးရောဂါဖြစ်ပွားမှုကိုလျော့ချပေးပြီး ခန္ဓာကိုယ်မှဆဲလ်တွေပျက်စီးခြင်းလည်းကာကွယ်ပေးပါတယ်။
▶ ပျားသလက်ကိုစားသုံးခြင်းဟာ အသည်းရဲ့လုပ်ငန်းဆောင်တာတွေကိုထိန်းညှိပေးပြီး အသည်းအဆီဖုံးခြင်းမှလည်း ကာကွယ်ပေးပါတယ်။
▶ ပျားသလက်မှာပါဝင်တဲ့ Raw Honey ဟာ အဆင့်ဆင့်ပြုပြင်ပြောင်းလဲထုတ်လုပ်ထားတဲ့သကြားနေရာမှာ အစားထိုးအသုံးပြုလို့ရတဲ့သဘာဝအချိုဓာတ်အစားအစာဖြစ်ပါတယ်။
▶ ပျားသလက်ကိုဝါးစားခြင်းက အစာပြွန်ထဲမှာရှိတဲ့လေပြွန်လမ်းကြောင်းကိုရှင်းလင်းပေးပြီး အအေးမိခြင်းနဲ့ လည်ချောင်းနာခြင်းကိုလည်းသက်သာစေပါတယ်။
▶ ပျားသလက်မှာပါဝင်တဲ့ Raw Honey ဟာ ခန္ဓာကိုယ်ရဲ့ခုခံအားစနစ်ကိုအားကောင်းစေလို့
ရောဂါပိုးကူးစက်ခြင်းနဲ့ဖျားနာခြင်းတို့ကနေကာကွယ်ပေးပါတယ်။
▶ ပျားသလက်မှာပါဝင်တဲ့ဗီတာမင်၊ သတ္တုဓာတ်၊ ပျားဝတ်မှုန်၊ သဘာဝသကြားဓာတ်နဲ့ ကာဘိုဟိုက်ဒရိတ်ဓာတ်တွေဟာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့စွမ်းအင်ကို သဘာဝအတိုင်းဖြည့်ဆည်းပေးပါတယ်။ အထူးသဖြင့် ကိုယ်လက်လှုပ်ရှားအားကစားပြုတဲ့အခါ ပိုမိုအသုံးဝင်ပြီး အားကစားသမားတွေအတွက်သဘာဝဆေးကောင်းတစ်လက်ဖြစ်ပါတယ်။
▶ ပျားသလက်ကိုစားသုံးခြင်းဟာ အသည်းအတွက်သကြားပမာဏကိုမှန်ကန်စေပြီး ညဘက်နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေဖို့အတွက်လိုအပ်တဲ့ဟော်မုန်းကိုထုတ်လွှတ်ပေးပါတယ်။🐝