Myat Taw Win Hospital - Ayetharyar

Myat Taw Win Hospital - Ayetharyar ကျန်းမာ ပျော်ရွှင် မြတ်တော်ဝင်

🩺 အသည်းအဆီဖုံးတာ ဘာကြောင့်လဲ❓အသည်းအဆီဖုံးတယ်ဆိုတာ အသည်းထဲမှာ အဆီတွေ ပုံမှန်ထက်ပိုပြီး စုလာတဲ့အခြေအနေကို ဆိုလိုပါတယ်။အရက်...
09/09/2026

🩺 အသည်းအဆီဖုံးတာ ဘာကြောင့်လဲ❓

အသည်းအဆီဖုံးတယ်ဆိုတာ အသည်းထဲမှာ အဆီတွေ ပုံမှန်ထက်ပိုပြီး စုလာတဲ့အခြေအနေကို ဆိုလိုပါတယ်။

အရက်သောက်မှပဲ အသည်းအဆီဖုံးတာ မဟုတ်ပါဘူးနော်။ အရက်မသောက်သူတွေမှာလည်း ဖြစ်နိုင်ပါတယ်။

အဓိကအားဖြင့် နေ့စဉ်စားသောက်မှုပုံစံ၊ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်းနဲ့ ကိုယ်ခန္ဓာရဲ့ အဆီနဲ့ သကြားဓာတ်ကို ထိန်းညှိနိုင်မှုတို့နဲ့ ဆက်စပ်ပြီး ဖြစ်လာနိုင်ပါတယ်။

အထူးသဖြင့်

🔸 အဆီနဲ့ သကြားဓာတ်များတဲ့ အစားအသောက်တွေကို မကြာခဏစားသုံးခြင်း

🔸 ကိုယ်လက်လှုပ်ရှားမှု နည်းခြင်း

🔸 အဝလွန်ခြင်း

🔸 သွေးတွင်းသကြားဓာတ် မြင့်မားခြင်း

🔸 အမျိုးအစား (၂) ဆီးချိုရောဂါရှိခြင်း

🔸 သွေးတွင်းအဆီဓာတ် များခြင်း

🔸 အရက်ကို အလွန်အကျွံ သောက်သုံးခြင်း
တို့ကြောင့် အသည်းအဆီဖုံးနိုင်ခြေ မြင့်တက်လာနိုင်ပါတယ်။

အသည်းအဆီဖုံးတာဟာ အစပိုင်းမှာ သိသာတဲ့လက္ခဏာမပြဘဲ အချိန်ကြာလာတာနဲ့အမျှ အသည်းရောင်ရမ်းခြင်း၊ အသည်းအမာရွတ်ဖြစ်ခြင်းတွေပါ ဖြစ်လာနိုင်ပါတယ်ရှင်။

ဒါကြောင့် အသည်းအဆီဖုံးနေတယ်လို့ သံသယရှိတာနဲ့ မပေါ့ဆဘဲ ကျန်းမာရေးအခြေအနေကို စစ်ဆေးပြီး လိုအပ်သလို ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

အသည်းနဲ့ပတ်သက်တဲ့ ရောဂါများအတွက် စစ်ဆေးတိုင်ပင်ကုသလိုပါက မြတ်တော်ဝင်ဆေးရုံ (အေးသာယာ) မှာ အသည်းအထူးကုဆရာဝန်ကြီးနှင့် အပတ်စဥ် (စနေ - တနင်္ဂနွေနေ့) တိုင်း ပြသနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်ရှင်။

💙 ကျန်းမာ ပျော်ရွှင် မြတ်တော်ဝင် 💙

မြတ်တော်ဝင်ဆေးရုံ(အေးသာယာ)
အမှတ် ၅ (က)၊ စက်မှုဇုံလမ်း၊ (၄) ရပ်ကွက်၊ အေးသာယာမြို့။

☎ 09 940 157 555
☎ 09 940 157 666






World Physiotherapy Day 2026 💪💙စက်တင်ဘာလ (၈) ရက်နေ့ဟာ World Physiotherapy Day ဖြစ်ပါတယ်ရှင်။2026 ခုနှစ်ရဲ့ Theme ကတော့ "...
07/09/2026

World Physiotherapy Day 2026 💪💙

စက်တင်ဘာလ (၈) ရက်နေ့ဟာ World Physiotherapy Day ဖြစ်ပါတယ်ရှင်။

2026 ခုနှစ်ရဲ့ Theme ကတော့ "The role of physiotherapy and physical activity in the prevention, management, and rehabilitation of cardiovascular disease and stroke." ဖြစ်ပါတယ်ရှင်။

နှလုံးနဲ့ သွေးကြောဆိုင်ရာရောဂါများနဲ့လေဖြတ်ခြင်းတို့ကို ကာကွယ်ခြင်း၊ ကုသမှုစီမံခြင်းနဲ့ ပြန်လည်ထူထောင်ခြင်းတို့မှာ Physiotherapy နဲ့ ကိုယ်လက်လှုပ်ရှားမှုတို့ရဲ့ အရေးပါမှုကို မီးမောင်းထိုးပြထားခြင်းဖြစ်ပါတယ်ရှင်။

ယနေ့ကျရောက်တဲ့ World Physiotherapy Day 2026 အထိမ်းအမှတ်အနေနဲ့ လူနာများရဲ့ လှုပ်ရှားနိုင်စွမ်းနဲ့ လူနေမှုဘဝအရည်အသွေး ပိုမိုကောင်းမွန်လာစေရန် ပါဝင်ကူညီပေးနေကြတဲ့ Physiotherapist အားလုံးကို မြတ်တော်ဝင်ဆေးရုံ (အေးသာယာ) မှ လေးစားဂုဏ်ပြုအပ်ပါတယ်ရှင်။ 💙

💙 ကျန်းမာ ပျော်ရွှင် မြတ်တော်ဝင် 💙

မြတ်တော်ဝင်ဆေးရုံ(အေးသာယာ)
အမှတ် ၅ (က)၊ စက်မှုဇုံလမ်း၊ (၄) ရပ်ကွက်၊ အေးသာယာမြို့။

☎ 09 940 157 555
☎ 09 940 157 666






စျေးနှုန်းချိုသာ ကျန်းမာစွာ မြတ်တော်ဝင်ဆေးရုံ(အေးသာယာ)မှာ မွေးဖွားပါ။ 🤰💞အေးသာယာမြို့က ကလေးမွေးဖွားမဲ့ ဖေဖေ၊ မေမေတို့အတွက...
29/08/2026

စျေးနှုန်းချိုသာ ကျန်းမာစွာ မြတ်တော်ဝင်ဆေးရုံ(အေးသာယာ)မှာ မွေးဖွားပါ။ 🤰💞

အေးသာယာမြို့က ကလေးမွေးဖွားမဲ့ ဖေဖေ၊ မေမေတို့အတွက် သက်တောင့်သက်သာနဲ့ စိတ်အေးချမ်းစွာမွေးဖွားနိုင်ဖို့ မြတ်တော်ဝင်ဆေးရုံ(အေးသာယာ)မှာ ကလေးမွေးဖွားခြင်း
ပက်ကေ့ချ်လေးတွေ စီစဥ်ပေးထားပါတယ်ရှင်။

ခွဲမွေးဖွားခြင်းအစီအစဥ် ~ ၄ ညအိပ် ၅ ရက်
(ဆရာဝန်ကြီးကုသစရိတ်မပါ)

🔷 𝐒𝐭𝐚𝐧𝐝𝐚𝐫𝐝 𝐑𝐨𝐨𝐦 - 𝟗𝟓𝟎,𝟎𝟎𝟎 𝐤𝐬
🔷 𝐒𝐩𝐞𝐜𝐢𝐚𝐥 𝐑𝐨𝐨𝐦 - 𝟏,𝟏𝟎𝟎,𝟎𝟎𝟎 𝐤𝐬

Package ထဲမှာပါဝင်တဲ့ အခန်းလေးတွေအားလုံးက ရေချိုးခန်း၊ သန့်စင်ခန်းအပါ
သီးသန့်အခန်းလေးတွေပါရှင်။

✅ တောင်ကြီးမြို့အထိ သွားစရာမလိုတော့ဘဲ တောင်ကြီးမြို့က သားဖွားမီးယပ်အထူးကုဆရာဝန်ကြီးတွေနဲ့ တိုင်ပင်ဆွေးနွေးကုသနိုင်ခြင်း

✅ နိုင်ငံတကာအဆင့်မီ Facilities အပြည့်အစုံံနဲ့ တောင်ကြီးမြို့မှာထက် သက်သာတဲ့စျေးနှုန်းနဲ့ မွေးဖွားနိုင်ခြင်း

ဒီလို အားသာချက်တွေကြောင့် အေးသာယာမြို့နဲ့ အနီးတဝိုက်က ကလေးမွေးဖွားမဲ့ ဖေဖေ၊ မေမေတို့ အနေနဲ့ ကျွန်မတို့ မြတ်တော်ဝင်ဆေးရုံ(အေးသာယာ)မှာ ယုံကြည်စိတ်ချစွာ လာရောက်မွေးဖွားဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင်။

💙 ကျန်းမာ ပျော်ရွှင် မြတ်တော်ဝင် 💙

မြတ်တော်ဝင်ဆေးရုံ(အေးသာယာ)
အမှတ် ၅ (က)၊ စက်မှုဇုံလမ်း၊ (၄) ရပ်ကွက်၊ အေးသာယာမြို့။

☎ 09 940 157 555
☎ 09 940 157 666






ကျန်းမာနေတယ်ထင်လို့ Medical Check-up မလုပ်ဖြစ်ဘူးလား? 🩺ရောဂါလက္ခဏာ မပြသေးတာနဲ့ ကျန်းမာရေးနေတယ်လို့ မဆိုနိုင်ပါဘူး။ တချို...
19/08/2026

ကျန်းမာနေတယ်ထင်လို့ Medical Check-up မလုပ်ဖြစ်ဘူးလား? 🩺

ရောဂါလက္ခဏာ မပြသေးတာနဲ့ ကျန်းမာရေးနေတယ်လို့ မဆိုနိုင်ပါဘူး။ တချို့ရောဂါတွေဟာ လက္ခဏာမပြဘဲ အချိန်လွန်မှ သိရတာမို့ မလိုအပ်ဘဲ အသက်ဆုံးရှုံးရတာတွေအထိ ဖြစ်နိုင်ပါတယ်။

ဒါကြောင့် ရောဂါကို စောစောသိရှိပြီး စောစောကာကွယ်နိုင်ဖို့ ပုံမှန်ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်ထားသင့်ပါတယ်။

ကျန်းမာ​ရေးစစ်ဆေးခြင်း (Medical Check-up) ကို ဘယ်သူ​တွေပြုလုပ်သင့်လဲ?

🔵 အသက် ၃၀ ဝန်းကျင်နှင့်အထက်ရှိသူများ

🔵 သွေးတိုး၊ ဆီးချို၊ နှလုံးစတဲ့ ရောဂါတွေ ဖြစ်နိုင်ခြေရှိသူများ

🔵 မိသားစုမျိုးရိုးမှာ ရောဂါအခံရှိသူများ

🔵 အိပ်ရေးမဝ၊ စိတ်ဖိစီးမှုများပြီး အလုပ်ပင်ပန်းသူများ

🔵 အစားအသောက်မမှန်၊ ကိုယ်လက်လှုပ်ရှားမှုနည်းသူများ

🔵 ဆေးလိပ်/အရက် သုံးစွဲသူများ

🔵 ကိုယ့်ကျန်းမာရေးအခြေအနေကို ပုံမှန်စစ်ဆေးပြီး ကြိုတင်ကာကွယ်ချင်သူများ အနေနဲ့ ပုံမှန် ကျန်းမာရေးစစ်ဆေးခြင်း ပြုလုပ်သင့်ပါတယ်ရှင်။

အခုဆိုရင် တောင်ကြီးမြို့အထိ သွားစရာမလိုတော့ဘဲ မြတ်တော်ဝင်ဆေးရုံ(အေးသာယာ)မှာတင် ကျန်းမာရေးစစ်ဆေးခြင်း (Medical Check-up) ​ပြုလုပ်လို့ရနေပြီဖြစ်တာမို့ မိမိနဲ့ မိသားစုကျန်းမာရေးအတွက် တစ်နှစ်တစ်ကြိမ် ပုံမှန်ကျန်းမာရေးစစ်ဆေးဖို့ တိုက်တွန်းလိုက်ပါရစေရှင်။

💙 ကျန်းမာ ပျော်ရွှင် မြတ်တော်ဝင် 💙

မြတ်တော်ဝင်ဆေးရုံ(အေးသာယာ)
အမှတ် ၅ (က)၊ စက်မှုဇုံလမ်း၊ (၄) ရပ်ကွက်၊ အေးသာယာမြို့။

☎ 09 940 157 555
☎ 09 940 157 666






ကွန်ပျူတာဓာတ်မှန် (CT Scan) ဆိုတာ ဘာအတွက် ရိုက်တာလဲ? 🩻ဒစ်ဂျစ်တယ် ဓာတ်မှန် (X-ray) ရိုက်ရုံနဲ့ မမြင်နိုင်တဲ့ ခန္ဓာကိုယ်အတ...
17/08/2026

ကွန်ပျူတာဓာတ်မှန် (CT Scan) ဆိုတာ ဘာအတွက် ရိုက်တာလဲ? 🩻

ဒစ်ဂျစ်တယ် ဓာတ်မှန် (X-ray) ရိုက်ရုံနဲ့ မမြင်နိုင်တဲ့ ခန္ဓာကိုယ်အတွင်းပိုင်း အခြေအနေတွေကို ပိုမိုအသေးစိတ် စစ်ဆေးနိုင်ဖို့ ကွန်ပျူတာ ဓာတ်မှန် CT Scan ကို အသုံးပြုပါတယ်ရှင်။

အထူးသဖြင့်—

🔹 ဦးခေါင်းထိခိုက်ဒဏ်ရာရတဲ့အခါ ဦးနှောက်အတွင်း အခြေအနေ စစ်ဆေးရန်

🔹 ရင်ဘတ်နဲ့ အဆုတ် အတွင်း အခြေအနေတွေကို စစ်ဆေးရန်

🔹 ဝမ်းဗိုက်နဲ့ ကိုယ်တွင်းအင်္ဂါများ ကို အသေးစိတ် စစ်ဆေးရန်

🔹 အချို့သော ရောဂါများကို ရှာဖွေဖော်ထုတ်ရန် နှင့် ကုသမှုအခြေအနေကို စောင့်ကြည့်ရန်အသုံးပြုနိုင်ပါတယ်။

ဒါပေမယ့် လူတိုင်း CT Scan ရိုက်ဖို့ မလိုအပ်ပါဘူး။ မိမိရဲ့ ရောဂါလက္ခဏာနဲ့ ကျန်းမာရေးအခြေအနေအပေါ်မူတည်ပြီး ဆရာဝန်က လိုအပ်မှသာ အကြံပြုပေးမှာ ဖြစ်ပါတယ်ရှင်။ 💙

အခုဆိုရင် CT Scan ရိုက်ဖို့ တောင်ကြီးထိ သွားစရာမလိုတော့ဘဲ အေးသာယာမြို့မှာတင် ရိုက်ကူးနိုင်ပါပြီနော်။

𝟐𝟎𝟐𝟔 တစ်နှစ်လုံး ကွန်ပျူတာဓာတ်မှန် 𝐂𝐓 𝐒𝐜𝐚𝐧 ကို 📍𝟏𝟓% 𝐎𝐅𝐅 ပေးထားတဲ့ အထူးပရိုမိုရှင်းလည်းရှိတာမို့ CT Scan ရိုက်ဖို့လိုအပ်လာခဲ့ရင် မြတ်တော်ဝင်ဆေးရုံ(အေးသာယာ)ကိုသာ သတိရလိုက်ပါရှင်။

💙 ကျန်းမာ ပျော်ရွှင် မြတ်တော်ဝင် 💙

မြတ်တော်ဝင်ဆေးရုံ(အေးသာယာ)
အမှတ် ၅ (က)၊ စက်မှုဇုံလမ်း၊ (၄) ရပ်ကွက်၊ အေးသာယာမြို့။

☎ 09 940 157 555
☎ 09 940 157 666






𝐉𝐨𝐛 𝐕𝐚𝐜𝐚𝐧𝐜𝐲 𝐀𝐧𝐧𝐨𝐮𝐧𝐜𝐞𝐦𝐞𝐧𝐭  📣မြတ်တော်ဝင်ဆေးရုံ (အေးသာယာ) တွင် အောက်ပါလစ်လပ်ရာထူးနေရာများအတွက် ဝန်ထမ်းများ ​ခေါ်ယူလျက်ရှိပါ...
15/08/2026

𝐉𝐨𝐛 𝐕𝐚𝐜𝐚𝐧𝐜𝐲 𝐀𝐧𝐧𝐨𝐮𝐧𝐜𝐞𝐦𝐞𝐧𝐭 📣

မြတ်တော်ဝင်ဆေးရုံ (အေးသာယာ) တွင် အောက်ပါလစ်လပ်ရာထူးနေရာများအတွက် ဝန်ထမ်းများ ​ခေါ်ယူလျက်ရှိပါတယ်ရှင်။

▪ သန့်ရှင်းရေးဝန်ထမ်း - (၁) ဦး
▪ အထွေထွေလုပ်သား - (၂) ဦး
▪ မီးဖိုချောင်အကူ - (၁) ဦး

စိတ်ပါဝင်စားသူများအနေနဲ့ ​𝐂𝐕 𝐟𝐨𝐫𝐦 အပြည့်အစုံဖြင့် မြတ်တော်ဝင်ဆေးရုံ(အေးသာယာ) ဝန်ထမ်းရေးရာဌာနသို့ ပေးပို့လျှောက်ထားနိုင်ပါတယ်ရှင်။

Interested candidates can apply to ❗[email protected]
📞09 790803527 via Viber

ကလေးငယ်တို့ ကျန်းမာရေးအတွက် 👶🤍ကျွန်မတို့ မြတ်တော်ဝင်ဆေးရုံ(အေးသာယာ) မှာ❝ ကလေးအထူးကုဆရာဝန်ကြီးဒေါက်တာမီမီတာM.B.,B.SM.Med....
13/08/2026

ကလေးငယ်တို့ ကျန်းမာရေးအတွက် 👶🤍

ကျွန်မတို့ မြတ်တော်ဝင်ဆေးရုံ(အေးသာယာ) မှာ

❝ ကလေးအထူးကုဆရာဝန်ကြီး
ဒေါက်တာမီမီတာ
M.B.,B.S
M.Med.Sc (Paed) ❞ နဲ့ နေ့စဥ်တိုင်ပင်ဆွေးနွေးကုသနိုင်ပြီဖြစ်တာမို့ အောက်ပါဖုန်းနံပါတ်များကိုဆက်သွယ်ပြီး ကြိုတင်စာရင်းပေးသွင်းနိုင်ပါတယ်ရှင်။

💙 ကျန်းမာ ပျော်ရွှင် မြတ်တော်ဝင် 💙

မြတ်တော်ဝင်ဆေးရုံ(အေးသာယာ)
အမှတ် ၅ (က)၊ စက်မှုဇုံလမ်း၊ (၄) ရပ်ကွက်၊ အေးသာယာမြို့။

☎ 09 940 157 555
☎ 09 940 157 666





အဖြေမှန်ရွေးကာ ဖုန်းဘေလ် လက်ဆောင် (၁၀,၀၀၀) ကျပ် အရယူပါ။ 🌱ဒီတစ်ပတ်အတွက် မေးခွန်းလေးကတော့" အမျိုးသမီးများ ကိုယ်ဝန်ဆောင်စဉ်...
09/08/2026

အဖြေမှန်ရွေးကာ ဖုန်းဘေလ် လက်ဆောင် (၁၀,၀၀၀) ကျပ် အရယူပါ။ 🌱

ဒီတစ်ပတ်အတွက် မေးခွန်းလေးကတော့

" အမျိုးသမီးများ ကိုယ်ဝန်ဆောင်စဉ် မဖြစ်မနေ လိုအပ်တဲ့ အာဟာရဓာတ်က ဘာဖြစ်မလဲ။"

A. ဖောလစ်အက်ဆစ်
B. သကြားဓာတ်
C. ဗီတာမင်စီ

အဖြေမှန်ကို ဖြေနိုင်တဲ့သူများထဲမှ (၁) ဦးကို ဖုန်းဘေလ် (၁၀,၀၀၀) ကျပ် လက်ဆောင်ပေးသွားမှာပါရှင်။

မေးခွန်းလေးကို ဖြေမဲ့သူတွေအနေနဲ့

📌 အရင်ဆုံး မြတ်တော်ဝင်ဆေးရုံ (အေးသာယာ) 𝐏𝐚𝐠𝐞 ကို 𝐋𝐢𝐤𝐞 လုပ်ထားသူဖြစ်ရပါမယ်။

📌 𝐏𝐨𝐬𝐭 ကို 𝐏𝐮𝐛𝐥𝐢𝐜 နဲ့ 𝐒𝐡𝐚𝐫𝐞 ရပါမယ်။

📌 အဖြေမှန်ကို 𝐂𝐨𝐦𝐦𝐞𝐧𝐭 မှာဖြေပေးရပါမယ်ရှင်။

ရွေးချယ်ခံရသူကို လာမဲ့အပတ် တနင်္ဂနွေနေ့မှာ အဖြေမှန်နဲ့အတူ ယခု 𝐏𝐨𝐬𝐭 ရဲ့ 𝐂𝐨𝐦𝐦𝐞𝐧𝐭 𝐁𝐨𝐱 မှာ ဖော်ပြပေးသွားမှာဖြစ်လို့ စောင့်မျှော်ကြည့်ရှုဖို့မမေ့ပါနဲ့ရှင်။🤗

💙 ကျန်းမာ ပျော်ရွှင် မြတ်တော်ဝင် 💙

မြတ်တော်ဝင်ဆေးရုံ(အေးသာယာ)
အမှတ် ၅ (က)၊ စက်မှုဇုံလမ်း၊ (၄) ရပ်ကွက်၊ အေးသာယာမြို့။

☎ 09 940 157 555
☎ 09 940 157 666





သားဖွားနဲ့ မီးယပ်ရောဂါအတွက်ဆို စိတ်မပူပါနဲ့။ 🤗အေးသာယာမြို့နဲ့ အနီးတဝိုက်က မိဘပြည်သူများအတွက် မြတ်တော်ဝင်ဆေးရုံ(အေးသာယာ)တ...
07/08/2026

သားဖွားနဲ့ မီးယပ်ရောဂါအတွက်ဆို စိတ်မပူပါနဲ့။ 🤗

အေးသာယာမြို့နဲ့ အနီးတဝိုက်က မိဘပြည်သူများအတွက်

မြတ်တော်ဝင်ဆေးရုံ(အေးသာယာ)တွင်
❝ သားဖွားနှင့် မီးယပ်ဆိုင်ရာ အထူးကုဆရာဝန်ကြီး ဒေါက်တာစုစုမာ
M.B.,B.S, M.Med.Sc (OG) ❞ နှင့်

📌 အပတ်စဥ် တနင်္ဂနွေနေ့ ညနေ (၅) နာရီတိုင်း တိုင်ပင်ဆွေးနွေးကုသနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်ရှင်။

💙 ကျန်းမာ ပျော်ရွှင် မြတ်တော်ဝင် 💙

မြတ်တော်ဝင်ဆေးရုံ(အေးသာယာ)
အမှတ် ၅ (က)၊ စက်မှုဇုံလမ်း၊ (၄) ရပ်ကွက်၊ အေးသာယာမြို့။

☎ 09 940 157 555
☎ 09 940 157 666





မွေးကင်းစ ကလေးလေးတစ်ယောက်ရဲ့ သဘာဝအတိုင်း ကြီးထွားဖွံ့ဖြိုးမှုအတွက် မိခင်နို့ရည်ဟာ အဓိကအကျဆုံးသော အာဟာရဖြစ်ပါတယ်ရှင်။ 🤱သြ...
04/08/2026

မွေးကင်းစ ကလေးလေးတစ်ယောက်ရဲ့ သဘာဝအတိုင်း ကြီးထွားဖွံ့ဖြိုးမှုအတွက် မိခင်နို့ရည်ဟာ အဓိကအကျဆုံးသော အာဟာရဖြစ်ပါတယ်ရှင်။ 🤱

သြဂုတ်လ (၁) ရက်နေ့ကနေ (၇) ရက်နေ့အထိ ကျရောက်တဲ့ ကမ္ဘာ့မိခင်နို့ချိုတိုက်ကျွေးရေး ရက်သတ္တပတ်မှာ ရင်သွေးလေးတွေနဲ့ မေမေတို့အတွက် မိခင်နို့တိုက်ကျွေးခြင်းကနေ ရရှိနိုင်တဲ့ အဖိုးတန် ကျန်းမာရေး အကျိုးကျေးဇူးများကို မျှဝေပေးလိုက်ရပါတယ်ရှင်။ ✨

မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးခြင်းရဲ့ ကောင်းကျိုးတွေကတော့

🌱 ကလေးဥာဏ်ရည်ဖွံ့ဖြိုးမှုကို အထောက်အကူပြုစေခြင်း

🌱 ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားများကို ကာကွယ်ပေးကာ ကိုယ်ခံအားကောင်းစေခြင်း

🌱 ဗီတာမင်၊ အသားဓာတ်နဲ့ အဆီဓာတ်စတဲ့ အာဟာရဓာတ်များပြည့်စုံစွာပါဝင်ခြင်း

🌱 ကိုယ်အလေးချိန်ကို မှန်ကန်စွာဖွံ့ဖြိုးစေခြင်း

🌱 မိခင်အတွက် ရင်သားကင်ဆာ၊ သားဥအိမ်ကင်ဆာနဲ့ အရိုးပွရောဂါ ဖြစ်နိုင်​​​​ခြေကို လျှော့ချပေးခြင်း

🌱 မိခင်နဲ့ ကလေးကြား သံယောဇဥ်ပိုမိုခိုင်မာစေခြင်း

စတဲ့ အကျိုးကျေးဇူးများစွာရှိတာကြောင့် ကလေးငယ်များအား မွေးစမှ အသက် (၆) လအထိ မိခင်နို့တစ်မျိုးတည်းသာ တိုက်ကျွေးသင့်ကြောင်း မြတ်တော်ဝင်ဆေးရုံ(အေးသာယာ)က အကြံပြုတိုက်တွန်းလိုက်ရပါတယ်ရှင်။

💙 ကျန်းမာ ပျော်ရွှင် မြတ်တော်ဝင် 💙

မြတ်တော်ဝင်ဆေးရုံ(အေးသာယာ)
အမှတ် ၅ (က)၊ စက်မှုဇုံလမ်း၊ (၄) ရပ်ကွက်၊ အေးသာယာမြို့။

☎ 09 940 157 555
☎ 09 940 157 666






Address

No. 5 (A), Industry Zone Street, 4 Qtr, Ayetharyar
Taunggyi
06101

Alerts

Be the first to know and let us send you an email when Myat Taw Win Hospital - Ayetharyar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share