Medical Aesthetics & Nutrition Centre

Medical Aesthetics & Nutrition Centre Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Medical Aesthetics & Nutrition Centre, Health & Wellness Website, Shwe kan thar Street, Taungoo.

UK အခြေပြု အာဟာရပညာ(MSc Nutrition& Dietetics)ဘွဲ့ရ အာဟာရအထူးပြုဆရာဝန်များ ဖွဲ့စည်းထားသော Page ဖြစ်ပါ၍ အာဟာရကျန်းမာရေးနှင့် ပတ်သတ်သမျှ page comment/chat box မှာ အချိန်မရွေးမေးနိုင်ပါသည်။

13/06/2026

ဝိတ်ချနေသူတွေ ကြုံတွေ့ရတတ်တဲ့ အခြေအနေတွေကို ဒီဗီဒီယိုလေးထဲမှာ ရှင်းပြပေးထားပါတယ်။

သင်လည်း ဝိတ်ချနေသူတစ်ယောက်ဆိုရင် ကိုယ်တိုင်ကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ မေးခွန်းတွေကို Comment မှာ မျှဝေပေးခဲ့လို့ ရပါတယ်။

🧒 သားသားမီးမီးတို့ အစားရွေးလွန်းနေပြီလား? (Picky Eating ဆိုတာဘာလဲ)ကလေးတချို့ဟာ အစားအစာအမျိုးအစားတွေကို “ရွေးစားတတ်တဲ့အလေ...
11/05/2026

🧒 သားသားမီးမီးတို့ အစားရွေးလွန်းနေပြီလား? (Picky Eating ဆိုတာဘာလဲ)

ကလေးတချို့ဟာ အစားအစာအမျိုးအစားတွေကို “ရွေးစားတတ်တဲ့အလေ့အထ” ရှိတတ်ပါတယ်။ ဒါကို Picky Eating (အစားရွေးလွန်းခြင်း) လို့ ခေါ်ပါတယ်။

🍽️ Picky Eating ရဲ့ လက္ခဏာများ

◾ အကြိုက်တွေ့တဲ့ အစားအစာတွေကိုပဲ ရွေးစားခြင်း။

◾ အစားအစာအသစ်တွေကို မြည်းစမ်းကြည့်ဖို့ ငြင်းဆန်ခြင်း။

◾ အရသာ၊ အနံ့ (သို့မဟုတ်) အစားအစာရဲ့ အထိအတွေ့ (Texture) ကြောင့် မစားဘဲ ငြင်းဆန်ခြင်း။

◾ တူညီတဲ့အစားအစာကိုပဲ ထပ်ခါထပ်ခါ တောင်းဆိုခြင်း။

🌿 ဘာကြောင့် အစားရွေးရတာလဲ...

◾ ကလေးရဲ့ အရသာခံအာရုံ သဘာဝအလျောက် ဖွံ့ဖြိုးလာခြင်း။

◾ အစားအစာအသစ်တွေနဲ့ မရင်းနှီးသေးခြင်း။

◾"အစာမစားရင် TV မကြည့်ရ" ဆိုတာမျိုးလို ဖိအားပေးကျွေးခြင်း။

◾ကလေးအစာမစားတိုင်း သူကြိုက်တာပဲ ရွေးပေးခြင်း။

◾ အသင့်စားအစားအစာများ၊ အချိုများသော အစားအစာများကို ပိုနှစ်သက်လာခြင်း။

🌿 Picky Eating က ရေရှည်ဖြစ်လာရင်...

◾ အာဟာရမမျှတခြင်း (Vitamins, Iron, Fiber ချို့တဲ့နိုင်ခြင်း)။

◾ ကိုယ်အလေးချိန်နှင့် အရပ်အမောင်း (Growth) အပေါ် သက်ရောက်မှုရှိနိုင်ခြင်း။

◾ အစားအစာမျိုးစုံ မစားတတ်သော အလေ့အထ ဖြစ်လာနိုင်ခြင်း။

◾ဝမ်းချုပ်တတ်ခြင်း။

🌿 ဖေဖေမေမေတို့ ဘယ်လိုကူညီနိုင်မလဲ?

◾ အစားအစာအသစ်တွေကို ပမာဏအနည်းငယ်ကနေ တဖြည်းဖြည်း စတင်ကျွေးကြည့်ပါ။

◾ အစားအစာတွေကို အတင်းအကျပ် ဖိအားပေးမကျွေးဘဲ စိတ်ရှည်ရှည်နဲ့ အကြိမ်ကြိမ် ထိတွေ့ပေးပါ။

◾ မိဘကိုယ်တိုင်က အာဟာရပြည့်ဝတဲ့ အစားအစာမျိုးစုံကို စံပြဖြစ်အောင် က​လေးရှေ့မှာစားပေးပါ။

◾ ပုံစံတစ်မျိုးတည်း မဟုတ်ဘဲ အမြင်ဆန်းအောင်၊ အရသာဆန်းအောင် ဖန်တီး ချက်ပြုတ်ပြင်ဆင်ပေးပါ။

🌿 အဓိကအချက်ကတော့ အတင်းအကျပ် ကျွေးတာထက် ကလေးက အစားအစာနဲ့ ရင်းနှီးအောင်၊ စိတ်ဝင်စားအောင် စိတ်ရှည်လက်ရှည် လေ့ကျင့်ပေးဖို့ပဲ ဖြစ်ပါတယ်။

Oat စားရင် သွေးချို တက်နိုင်သလား???🤔​Oat (အုတ်ဂျုံ) ဟာ သွေးချိုရှိသူတွေ ရှောင်ရမယ့် အစားအစာ မဟုတ်ပါဘူး။ ဒါပေမဲ့  ကိုယ်ရွ...
10/05/2026

Oat စားရင် သွေးချို တက်နိုင်သလား???🤔

​Oat (အုတ်ဂျုံ) ဟာ သွေးချိုရှိသူတွေ ရှောင်ရမယ့် အစားအစာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကိုယ်ရွေးချယ်တဲ့ အမျိုးအစား နဲ့ စားသုံးတဲ့ ပမာဏ ပေါ်မူတည်ပြီး သွေးတွင်းသကြားဓာတ် တုံ့ပြန်မှုက ကွာခြားနိုင်ပါတယ်။

​Oat မှာပါဝင်တဲ့ Beta-glucan (ပျော်ဝင်လွယ်သော အမျှင်ဓာတ်) က ကျန်းမာရေးအတွက် အောက်ပါ အကျိုးကျေးဇူးတွေ ပေးနိုင်ပါတယ်။
​LDL (မကောင်းတဲ့ ကိုလက်စထရော) ကို လျော့ကျစေပါတယ်။
​အစာခြေစနစ်ကို နှေးကွေးစေလို့ အစားစားပြီးနောက် သွေးတွင်းသကြားဓာတ် ရုတ်တရက် မြင့်တက်ခြင်း ကို ထိန်းပေးနိုင်ပါတယ်။
​ဗိုက်ပြည့်မှုကို ကြာရှည်စေလို့ ကိုယ်အလေးချိန် ထိန်းသိမ်းသူတွေ အတွက် အထူးသင့်တော်ပါတယ်။

​🌾 ​Oat ကို ပြုပြင်ဖန်တီးထားတဲ့ ပုံစံ (Processing Level) အပေါ်မူတည်ပြီး သွေးချိုအပေါ် သက်ရောက်မှု ကွာခြားပါတယ်။

​🌾 Steel-cut oat / Rolled oat / Oat bran:ပြုပြင်ထားမှု အနည်းဆုံးဖြစ်ပြီး အမျှင်ဓာတ် တည်ဆောက်ပုံ ကောင်းမွန်ပါတယ်။ အစာခြေနှုန်း နှေးတာကြောင့် သွေးတွင်းသကြားဓာတ်ကို ကောင်းကောင်း ထိန်းညှိပေးနိုင်ပါတယ်။

​​🌾 Instant oat:
ပြုပြင်ထားမှု ပိုများလို့ အစာခြေနှုန်း မြန်ပါတယ်။ ဒါကြောင့် သွေးတွင်းသကြားဓာတ် တက်နှုန်း ပိုမြန်နိုင်ပါတယ်။ (ဒါပေမဲ့ Sugar Added မဟုတ်ရင်တော့ ပမာဏကို ထိန်းပြီး စားသုံးနိုင်ပါတယ်)

​🍽️ ကျန်းမာရေးနဲ့ညီညွတ်အောင် စားသုံးနည်း
​Rolled oat ကို Chia seed၊ အစေ့အဆန် (Nuts)၊ အသီးအနှံအနည်းငယ်နဲ့ တွဲစားပါ။
​သကြားမပါတဲ့ Overnight oats ပြုလုပ်စားသုံးပါ။
​Oat bran ပါဝင်တဲ့ ဆန်ပြုတ် (Porridge) ပုံစံမျိုး လုပ်စားပါ။
အသီးအနှံ ထည့်မယ်ဆိုရင် သွေးချိုတက်နှုန်းနှေးတဲ့ (Low GI) အသီးတွေကို ဦးစားပေး ရွေးချယ်ပါ။

​🛒 Oat ဝယ်တော့မယ်ဆိုရင် ဘာတွေကြည့်ရမလဲ?
​No Sugar Added: သကြားဓာတ် ထပ်ဖြည့်ထားခြင်း ရှိ၊ မရှိ။
​Fibre Content: အမျှင်ဓာတ် ပါဝင်မှု ပမာဏ စသည့်အချက်တွေကို Food label မှာ စစ်ဆေးဝယ်ယူဖို့ အကြံပြုပါတယ်။

​🌾Oat ဟာ အာဟာရပြည့်ဝသည့် အစားအစာတစ်မျိုး ဖြစ်ပါတယ်။သွေးချိုထိန်းချုပ်မှုအတွက် အရေးကြီးတာက အမျိုးအစားရွေးချယ်မှု၊ပမာဏထိန်းသိမ်းဖို့နဲ့ မျှတတဲ့ အာဟာရဖြစ်အောင် စားသုံးဖို့ပဲ ဖြစ်ပါတယ်။

​သာယာကျန်းမာတဲ့ နေ့ရက်များစွာ ပိုင်ဆိုင်နိုင်ကြပါစေ။ 🤍

​Dr. Suu
M.B.B.S
MSc (Nutrition & Dietetics), UK

10/05/2026

Happy Mother’s Day 🤍
မေတ္တာနဲ့ နွေးထွေးမှုကို
နေ့စဉ် ပေးနေကြသော မိခင်များအားလုံးကို လေးစားချစ်ခင်စွာ ဂုဏ်ပြုအပ်ပါတယ်

ချစ်ရသော မိသားစုနှင့်အတူ
ပျော်ရွှင်ချမ်းမြေ့သော အချိန်လေးများ ပိုင်ဆိုင်နိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းလျှက်🤍🤍🤍

🏋️‍♂️ ဝိတ်ချတဲ့အခါအသားအရေ လျော့တွဲသွားမှာ​လား???ကိုယ်အလေးချိန် အများကြီး လျော့ချလိုက်တဲ့အခါ အသားအရေ အနည်းငယ် လျော့တွဲခြင...
22/02/2026

🏋️‍♂️ ဝိတ်ချတဲ့အခါအသားအရေ လျော့တွဲသွားမှာ​လား???

ကိုယ်အလေးချိန် အများကြီး လျော့ချလိုက်တဲ့အခါ အသားအရေ အနည်းငယ် လျော့တွဲခြင်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် မှန်ကန်တဲ့ နည်းလမ်းတွေကို လိုက်နာနိုင်မယ်ဆိုရင် အသားအရေ တင်းရင်းပြီး ကြွက်သားကျစ်လျစ်တဲ့ ခန္ဓာကိုယ်ကို ရရှိနိုင်ပါတယ်။

🍀 ဝိတ်ချမယ်ဆို ဖြည်းဖြည်းမှန်မှန် သွားပါ (Slow & Steady)

အလွန်မြန်တဲ့နှုန်းနဲ့ ဝိတ်ချခြင်းက အသားအရေ ပြန်လည်တင်းရင်းဖို့ အချိန်မလုံလောက်နိုင်ပါဘူး။ ဖြည်းဖြည်းမှန်မှန် ဝိတ်ချခြင်းက အရေပြားရဲ့ ကျုံ့နိုင်ဆန့်နိုင်စွမ်းကို ထိန်းသိမ်းပေးပြီး လျော့တွဲမှုကို လျှော့ချပေးနိုင်ပါတယ်။

🍀 အဓိက အာဟာရဓာတ်များကို မျှတအောင် စားသုံးပါ

အသားဓာတ်(Protein):ကြွက်သား မဆုံးရှုံးစေရန် အရေးကြီးပြီး အသားအရေဖွဲ့စည်းမှုအတွက် လိုအပ်သော Collagen ဖွဲ့စည်းမှုကိုလည်း အထောက်အကူပြုပါတယ်။ကြက်ရင်အုံ၊ ငါး၊ကြက်ဥ၊ ပဲအမျိုးမျိုး စသည်တို့ကို စားသုံးပါ။

ကစီဓာတ်(Carbohydrates):လေ့ကျင့်ခန်းလုပ်ရန် စွမ်းအင်ရရှိစေရန် Whole grains (ဆန်လုံးညို၊ အုတ်ဂျုံ) နှင့် အာလူးစတဲ့ complex carbohydrates များကို ရွေးချယ်စားသုံးပါ။

ကျန်းမာသော အဆီဓာတ် (Healthy Fats):ဗီတာမင်များ စုပ်ယူမှုကောင်းစေပြီး အသားအရေ စိုပြေကျန်းမာစေရန် ထောပတ်သီး၊ ငါးကြီးဆီ၊ အခွံမာသီးများ စားသုံးပါ။

🍀 Strength Training ကို Diet နဲ့ တွဲလုပ်ပါ

တစ်ပတ်ကို ၃ ရက်မှ ၅ ရက် အထိ Strength training လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းက အဆီလျော့သွားသော နေရာများကို ကြွက်သားများဖြင့် အစားထိုးဖြည့်တင်းပေးနိုင်ပါတယ်။

🍀 ရေဓာတ်နှင့် အာဟာရဓာတ်များကိုလည်း ဂရုစိုက်ပါ

ရေဓာတ် မလုံလောက်ပါက အသားအရေ ခြောက်သွေ့ပြီး လျော့တွဲသလို ခံစားရနိုင်ပါတယ်။ထို့ကြောင့် တစ်နေ့လျှင် ရေ ၁.၅ လီတာမှ ၃ လီတာခန့် လုံလောက်စွာ သောက်ပေးပါ။

ထို့အပြင် Vitamin C၊ Vitamin E နှင့် Antioxidants ကြွယ်ဝသော ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများကို စားသုံးခြင်းက အသားအရေကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။

🍀 လုံလောက်သော အိပ်စက်အနားယူမှု ရယူပါ

တစ်နေ့လျှင် ၇ နာရီမှ ၈ နာရီခန့် အိပ်စက်အနားယူခြင်းက အသားအရေဆဲလ်များနှင့် ကြွက်သားများ ပြန်လည်တည်ဆောက်ရန် အရေးကြီးပါတယ်။

✨ အသက်အရွယ်၊ မျိုးရိုးဗီဇနှင့် ဝိတ်ချသည့် ပမာဏပေါ်မူတည်ပြီး ရလဒ်များ ကွဲပြားနိုင်ပါသည်။

✨ ကျန်းမာသော ခန္ဓာကိုယ်နှင့် လှပသော အသားအရေကို အတူတကွ ထိန်းသိမ်းနိုင်ကြပါစေ။


"နေ့လယ်စာ စားပြီးရင် အိပ်ငိုက်လာတတ်သလား? ဒါမှမဟုတ် အမြဲတမ်း တစ်ခုခု စားချင်စိတ် (Cravings) ဖြစ်နေသလား?"​ဒါဟာ စားလိုက်တဲ့...
07/02/2026

"နေ့လယ်စာ စားပြီးရင် အိပ်ငိုက်လာတတ်သလား? ဒါမှမဟုတ် အမြဲတမ်း တစ်ခုခု စားချင်စိတ် (Cravings) ဖြစ်နေသလား?"

​ဒါဟာ စားလိုက်တဲ့ အစားအသောက်တွေကြောင့် သွေးတွင်းသကြားဓာတ်က ရုတ်တရက် တက်သွားပြီး ပြန်ထိုးကျသွားတဲ့ "Glucose Spike" ကြောင့်ပါ။

​ခန္ဓာကိုယ်ကို ပိုပြီး ကျန်းမာစေမယ့် အစားစားနည်း (၃) သွယ်ကို ဝေမျှပေးချင်ပါတယ်။

​၁။ အစားစားတဲ့ အစီအစဉ် (Food Sequencing)

လေ့လာမှုတွေအရ သွေးတွင်းသကြာဓာတ်မျှတစေဖို့ အစာစားတဲ့အစီအစဉ်က အရမ်းအရေးကြီးပါတယ်။

🍵 ​အရင်ဆုံး ဟင်းချိုရည် (သို့မဟုတ်) ရေတစ်ခွက် သောက်ပါ။ (အစာအိမ်ကို အရင်နှိုးဆွပေးပါတယ်)

🥗​ထို့နောက် အမျှင်ဓာတ် (Fiber) ရှိတဲ့ ဟင်းသီးဟင်းရွက်ကို စားပါ။

🍖ပြီးမှ အသား/ပရိုတင်း ကို စားပါ။

🍚​ကစီဓာတ် (Carbs) ကို နောက်ဆုံးမှ စားပါ။

ဒီလိုစားပေးခြင်းက သွေးတွင်းသကြားဓာတ် တက်နှုန်းကို ၇၀% ကျော်အထိ လျှော့ချပေးနိုင်ပါတယ်။

​၂။ ကစီဓာတ်ချည်းသက်သက် မစားပါနဲ့

ကစီဓာတ် (ထမင်း၊ မုန့်၊ အာလူး) ကို အသားတစ်မျိုးမျိုး သို့မဟုတ် အသီးအရွက်နဲ့ တွဲစားခြင်းဖြင့် သကြားဓာတ် စုပ်ယူမှုကို နှေးကွေးစေပါတယ်။ ဥပမာ - ပေါင်မုန့်ကို ဒီအတိုင်းမစားဘဲ အသားတစ်မျိုးမျိုး ဒါမှမဟုတ် ကြက်ဥနဲ့ တွဲစားတာမျိုးပါ။

​၃။ စားပြီးနောက် (၁၀) မိနစ် လမ်းလျှောက်ပေးပါ

အစာစားပြီးပြီးချင်း ထိုင်နေမယ့်အစား (၁၀) မိနစ်လောက် လမ်းလျှောက်ပေးတာက ကြွက်သားတွေက သွေးတွင်းသကြားဓာတ်ကို စွမ်းအင်အဖြစ် ချက်ချင်းအသုံးချစေပြီး Spike မဖြစ်အောင် တားဆီးပေးပါတယ်။

​အစားအသောက်ကို လုံးဝ ဖြတ်တောက်ဖို့ထက် စနစ်တကျ စား​ပေးခြင်းအားဖြင့် ကိုယ်အလေးချိန်လည်း ထိန်းနိုင်သလို၊ တစ်နေ့တာလုံး စွမ်းအင်လည်း အပြည့်ရမှာဖြစ်ပါတယ်။

​အားလုံး ကျန်းမာလှပကြပါစေ။

🍱 ဒီတစ်ခါမှာတော့ "ဘယ်လောက်စားစား ဘာလို့မဝတာလဲ" ဆိုတဲ့ မေးခွန်းက ဘေးလူအတွက် အားကျစရာဖြစ်ပေမဲ့၊ တကယ်တမ်း ခံစားနေရသူတွေအတွက...
04/02/2026

🍱 ဒီတစ်ခါမှာတော့ "ဘယ်လောက်စားစား ဘာလို့မဝတာလဲ" ဆိုတဲ့ မေးခွန်းက ဘေးလူအတွက် အားကျစရာဖြစ်ပေမဲ့၊ တကယ်တမ်း ခံစားနေရသူတွေအတွက်တော့ တော်တော်လေး စိတ်ညစ်ရတဲ့ အကြောင်းအရာတစ်ခုပါ။ အစားတွေ အများကြီးစားပါလျက်နဲ့ ပိန်နေရတဲ့ အဓိကအကြောင်းရင်းတွေကို အတူတူ ကြည့်လိုက်ရအောင်။

​🔍 ဘာကြောင့် ပိန်နေရတာလဲ?

☑​မျိုးရိုးဗီဇနှင့် ဇီဝကမ္မဖြစ်စဉ် (Metabolism):
လူတစ်ကိုယ်စီမှာ အစားအစာကို စွမ်းအင်ပြောင်းလဲပေးတဲ့နှုန်း မတူကြပါဘူး။ တချို့က မျိုးရိုးလိုက်လို့ Basal Metabolic Rate (BMR) အရမ်းမြင့်နေတတ်တာကြောင့် ကယ်လိုရီတွေကို အခြားသူတွေထက် ပိုမြန်မြန် လောင်ကျွမ်းစေပါတယ်။

☑​အာဟာရစုပ်ယူမှု အားနည်းခြင်း(Malabsorption):
အစားစားပေမဲ့ အူလမ်းကြောင်းက အာဟာရကို ပြည့်ဝစွာ မစုပ်ယူနိုင်တာမျိုးပါ။ သန်ရှိနေခြင်း ဒါမှမဟုတ် အစာခြေစနစ် ချို့ယွင်းနေခြင်းကြောင့် ဖြစ်တတ်ပါတယ်။

☑​ကျန်းမာရေး ပြဿနာများ:
​Hyperthyroidism: လည်ပင်းကြီးဟော်မုန်း အထွက်လွန်ပြီး ဇီဝကမ္မဖြစ်စဉ် မြန်နေခြင်း။

​Diabetes: အထူးသဖြင့် Type 1 ဆီးချိုမှာ အင်ဆူလင်မထွက်လို့ ခန္ဓာကိုယ်က ကြွက်သားနဲ့ အဆီတွေကို လောင်ကျွမ်းပစ်ခြင်း။

​Stress: စိတ်ဖိစီးမှုကြောင့် အစားပျက်တာ ဒါမှမဟုတ် အာဟာရမဖြစ်တာတွေ စားမိတာမျိုး ကြုံရတတ်ပါတယ်။

☑​အစားအသောက်ရွေးချယ်မှု:

"အများကြီးစားတယ်" လို့ ထင်ရပေမဲ့ တကယ်တမ်းမှာ အာဟာရဖြစ်စေမယ့် အသား၊ ငါး၊ ဥ နဲ့ အသီးအနှံ တွေထက်အစာပြေမုန့်တွေကိုပဲ ပိုစားနေမိတာမျိုး ဖြစ်နိုင်ပါတယ်။

​🥗 ကျန်းမာစွာနဲ့ ဝိတ်တက်လာဖို့ ဘာတွေလုပ်မလဲ?

🔖 ​Calorie Surfeit: ခန္ဓာကိုယ်က လိုအပ်တာထက်ပိုတဲ့ Calorie ပမာဏကို စားပေးပါ။

🔖​Muscle Building: ကြွက်သားတက်ဖို့ အသား၊ ငါး၊ ပဲ၊ ဥ တို့ကို ပိုစားပေးပါ။

🔖​Frequent Meals: တစ်နေ့ကို ၃ နပ်ထဲ မဟုတ်ဘဲ ၅ နပ်ကနေ ၆ နပ်အထိ ခွဲစားပါ။

🔖​Weight Training: ကြွက်သားထု တက်လာစေဖို့ အလေးမတဲ့ လေ့ကျင့်ခန်းမျိုး လုပ်ပေးပါ။

အစားမှန်လျက်နဲ့ ရုတ်တရက် ပိန်သွားတာ ဒါမှမဟုတ် ပင်ပန်းနွမ်းနယ်တာမျိုး ရှိရင်တော့ ဆရာဝန်နဲ့ ပြသပြီး စမ်းသပ်စစ်ဆေးကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

ကျန်းမာလှပတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်ကြပါစေ။



🤔​ခန္ဓာကိုယ်အ​လေးချိန် ဘာလို့ ဆက်မကျတော့တာလဲ?​ဝိတ်စချတုန်းက ကျပေမဲ့ အခု ရပ်နေတာဟာ ခန္ဓာကိုယ်က လက်ရှိအခြေအနေမှာ "အသားကျသွ...
01/02/2026

🤔​ခန္ဓာကိုယ်အ​လေးချိန် ဘာလို့ ဆက်မကျတော့တာလဲ?

​ဝိတ်စချတုန်းက ကျပေမဲ့ အခု ရပ်နေတာဟာ ခန္ဓာကိုယ်က လက်ရှိအခြေအနေမှာ "အသားကျသွားတာ" ကြောင့်ပါ။ ဒါကို ကျော်လွှားဖို့ ​အောက်ပါအချက်​(၅)ချက်ကို ပြန်ဆန်းစစ်ကြည့်ပါ။👇🏻

​⚖️ တစ်နေ့တာ ကယ်လိုရီလိုအပ်ချက် (TDEE) ပြောင်းလဲသွားခြင်း

ကိုယ်အလေးချိန် လျော့သွားတဲ့အခါ ခန္ဓာကိုယ်က အရင်ကလောက် ကယ်လိုရီ မလိုတော့ပါဘူး။ လက်ရှိကိုယ်အလေးချိန်နဲ့ ကိုက်ညီမယ့် ပမာဏကို ပြန်တွက်ဖို့ လိုပါတယ်။

🥚အသားဓာတ် (Protein) နည်းနေခြင်း

အသားဓာတ်က Metabolism ကို မြှင့်တင်ပေးပြီး muscle မကျအောင် ထိန်းပေးပါတယ်။အသားဓာတ် နည်းနေရင် အဆီထက် muscleပဲ အရင်ကျသွားနိုင်ပါတယ်။

💧ရေဓာတ် လုံလောက်စွာ မရခြင်း

ရေသောက်နည်းရင် ဇီဝကမ္မဖြစ်စဉ် နှေးသွားပါတယ်။ တစ်ခါတလေ "ရေငတ်တာ" ကို "ဗိုက်ဆာတယ်" လို့ ခန္ဓာကိုယ်က မှားယွင်းအချက်ပေးတတ်ပါတယ်။

🥦အမျှင်ဓာတ် (Fiber) မလုံလောက်ခြင်း

အသီးအရွက်တွေက ဗိုက်ကြာရှည်ပြည့်စေသလို၊ ကယ်လိုရီစုပ်ယူမှုကိုလည်း လျှော့ချပေးပါတယ်။

🧋မသိမသာစားမိနေတဲ့ အချိုနဲ့ ကယ်လိုရီများ (Hidden Calories)

ကျန်းမာရေးနဲ့ ညီညွတ်တယ်လို့ ထင်ရတဲ့ ဆော့စ်တွေ၊ အသုပ်ရည်တွေနဲ့ ဖျော်ရည်တွေထဲမှာ သကြားနဲ့ ကယ်လိုရီတွေ အများကြီး ပုန်းကွယ်နေတတ်ပါတယ်။

🥗အစားကို ထပ်လျှော့တာထက် "ပရိုတင်းနဲ့ အမျှင်ဓာတ်ကို တိုးစားပါ"။

မိမိရဲ့ ခန္ဓာကိုယ်က ပိုကျစ်လျစ်တဲ့ အခြေအနေကို ပြောင်းလဲတည်ဆောက်နေတာမို့လို့ ဝိတ်တန့်နေပေမယ့် စိတ်မညစ်ပါနဲ့နော်။

​အားလုံးပဲ စိတ်သွားတိုင်းကိုယ်ပါပြီး ကျန်းမာလှပတဲ့ ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ။

.Suu

Gym ကအပြန် ပင်ပန်းလို့ဆိုပြီး အခုလိုမျိုး ဆုချတတ်တဲ့သူတွေ ရှိလား?🍕 🍔 🏋️‍♀️ 😆
29/01/2026

Gym ကအပြန် ပင်ပန်းလို့ဆိုပြီး အခုလိုမျိုး ဆုချတတ်တဲ့သူတွေ ရှိလား?🍕 🍔 🏋️‍♀️ 😆




🛑 ဝိတ်ချနေပေမယ့် ဝိတ်မကျပဲ စိတ်ညစ်နေပြီလား?📟ဝိတ်ချဖို့ ကြိုးစားနေပေမဲ့ ပေါင်ချိန်စက်ပေါ်က ဂဏန်းတွေက လုံးဝမရွေ့ဘူးဖြစ်နေလ...
28/01/2026

🛑 ဝိတ်ချနေပေမယ့် ဝိတ်မကျပဲ စိတ်ညစ်နေပြီလား?

📟ဝိတ်ချဖို့ ကြိုးစားနေပေမဲ့ ပေါင်ချိန်စက်ပေါ်က ဂဏန်းတွေက လုံးဝမရွေ့ဘူးဖြစ်နေလား?

အားစိုက်ထုတ်သလောက် ရလဒ်မထွက်တာဟာ ကိုယ်ညံ့လို့မဟုတ်ဘဲ နည်းလမ်းမှားနေလို့ ဖြစ်ဖို့ များပါတယ်။

🔑​လူအများစု ဝိတ်ချတဲ့အခါ မြန်မြန်ကျချင်ဇောနဲ့ လုပ်မိတတ်တဲ့ "အမှားကြီး ၅ ချက်" ကို အခုပဲ ဆန်းစစ်ကြည့်ရအောင်။

☘️ အစားအသောက်ကို အစွန်းရောက် ဖြတ်တောက်လိုက်တာ (Starvation)

"ဘာမှမစားဘဲ အငတ်ခံရင် ဝိတ်ကျမှာပဲ" ဆိုတဲ့ အတွေးက အမှားကြီးပါ။ အစာကို အစွန်းရောက် ဖြတ်တောက်လိုက်ရင် ခန္ဓာကိုယ်က အသက်ရှင်ဖို့အတွက် Metabolism (ဇီဝကမ္မဖြစ်စဉ်) ကို နှေးချပစ်လိုက်ပါတယ်။ ရလဒ်ကတော့ ခဏပဲကျပြီး ပြန်စားတာနဲ့ အရင်ထက် ပိုဝလာတာပါပဲ။

☘️ပြေးရုံပဲ ပြေးနေတာ (Only Cardio exercise)

Cardio က အဆီလောင်ပေမဲ့ Weight Training (အလေးမခြင်း) မပါရင် ကြွက်သားတွေပါ ပိန်ချောင်သွားတတ်ပါတယ်။ ကြွက်သားနည်းလေ အဆီလောင်ရခက်လေပါပဲ။

☘️Protein လုံလောက်အောင် မစားတာ

"ဟင်းသီးဟင်းရွက်ပဲ စားမယ်" ဆိုတဲ့ စိတ်ကူးက မှားပါတယ်။ ပရိုတင်း (အသား၊ ငါး၊ ဥ) မပါရင် ဗိုက်ခဏခဏ ဆာနေမှာဖြစ်သလို ကြွက်သားတွေလည်း ပျက်စီးသွားပါလိမ့်မယ်။

☘️အရ​ည်ထဲက ကယ်လိုရီတွေကို မေ့ထားတာ

ထမင်းလျှော့ပေမဲ့ အချိုရည်၊ ကော်ဖီ၊ လက်ဖက်ရည်တွေ သောက်နေရင်တော့ ဝိတ်ချမှုက "သုည" ပါပဲ။ သကြားဓာတ်က မသိမသာ အဆီတက်စေပါတယ်။

​☘️ အိပ်ရေးပျက်ခံတာ

တစ်ညကို ဝိတ်ကျဖို့အတွက် ၇ နာရီလောက် အိပ်ပေးရပါမယ်။ အိပ်ရေးပျက်ရင် ဗိုက်ဆာတဲ့ဟော်မုန်းတွေတက်လာပြီး အစားကို ပိုဆာလာစေပါတယ်။

​⚖ ဝိတ်ချတာဟာ ဒီနေ့လုပ်၊ မနက်ဖြန် ပိန်သွားတဲ့ ရက်တိုပွဲ ဟုတ်ပါဘူး။ နည်းလမ်းမှန်မှ သက်တောင့်သက်သာနဲ့ သွားမှသာ ရေရှည်ကျသွားမှာပါ။

သင်ရော ဒီအချက်တွေထဲက ဘယ်နှစ်ချက်လောက် လုပ်မိနေလဲဆိုတာ Comment မှာ ဝိတ်ချနေသူတစ်ဉီးဆိုရင် ပြောသွား​ပေးပါအုံးနော် ။ 👇

Address

Shwe Kan Thar Street
Taungoo

Opening Hours

Tuesday 09:30 - 17:00
Wednesday 09:30 - 17:00
Thursday 09:30 - 17:00
Friday 09:30 - 17:00
Saturday 09:30 - 17:00
Sunday 09:30 - 17:00

Website

Alerts

Be the first to know and let us send you an email when Medical Aesthetics & Nutrition Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share