NiLar & Hanuman

NiLar & Hanuman ဒူးနာ၊ခါးနာ၊လက်ပြင်နာ၊ကျီး​ပေါင်း ဒူနာခါးနာအတွက်အကောင်းဆုံးဆေးတစ်လက်

မိမိုက်နေသော pro
03/02/2024

မိမိုက်နေသော pro

အရမ်းအသုံး၀င်ကာ သိမ်းထားသင့်သော အဖိုးတန် ဆေးမြီးတိုများ။==================သိမ်းထားသင့်သောအဖိုးတန် ဆေးမြီးတိုများ၁။ သွေးတ...
05/12/2023

အရမ်းအသုံး၀င်ကာ သိမ်းထားသင့်သော အဖိုးတန် ဆေးမြီးတိုများ။
==================

သိမ်းထားသင့်သောအဖိုးတန် ဆေးမြီးတိုများ

၁။ သွေးတိုးလို့သွေးကျလိုလျှင် သံပုရာသီးတစ်လုံးကို ၁၅ မိနစ်ခန့်ကြာအောင်ရေစိမ်ပြီး အရည်ညှစ်၍ ကြက်ဥတစ်လုံး ဖောက်ထည့်ကာ ရောမွှေ သောက်လိုက်ပါ။
သွေးကျဆေး အထူးသောက်စရာ မလိုဘဲ သက်သာပျောက်ကင်းစေပါသည်။

၂။ အပူကျိတ်ဖြစ်ရင် ပါးချိတ်အောက်နှင့် ပေါင်ကြားတို့တွင် ပေါက်တက်သော အပူကျိတ်များကိုပျောက်လိုလျှင် နနွင်းခါးဥကို သွေးလိမ်းပါ။
သုံးကြိမ်မျှ လူးရုံ လိမ်းရုံနှင့် ပျောက်ကင်းစေပါသည်။

၃။ အိပ်မပျော်ခြင်းဖြစ်လျှင် ဒန့်ကျွဲမြစ်ကိုပြုတ်၍သကြားအနည်းငယ် ထည့်ပြီးသောက်ပါ။တစ်ခါသောက်လျှင် အကြမ်းပန်းကန်နှင့်တစ်လုံးသောက် ည ၊ နံနက် သောက်ပါ။
အိပ်မပျော်ခြင်းဝေဒနာ သက်သာပျောက်ကင်းစေမည်။

၄။ ပန်းသေပန်းညှိုးရောဂါဖြစ်လျှင် ကစော့ပုပ်မြစ်ကိုအခြောက်လှန်း အမှုန့်ပြုပြီး ပျားရည်နှင့်သောက်ပါ။ ရက်မရှည်ဘဲ ပျောက်ကင်းစေပါသည်။

၅။ အမျိုးသမီးများ မီးယပ်ဖြူဆင်းရောဂါဖြစ်လျှင် အဝေရာရွက်ကို မကြာခဏ သုပ်စားပါ။ ထို့အပြင် သိန္ဓော ဆားတစ်ဆ ၊ လက်ပံပွင့်ခြောက်မှုန့်နှစ်ဆတို့ကို ထောပတ်နှင့် ရော၍ ကွမ်းသီးလုံးခန့့်နံနက် ၊ ည ခွဲပြီးစားပါ ပျောက်ကင်းစေပါသည်။

၆။ သွားကိုက်သွားဖုံးရောင်သွားပြည်ယိုဖြစ်လျှင် မာလကာခေါက်ကို ပြုတ်၍ ငုံပေးပါ။ သက်သာပျောက်ကင်းစေပါသည်။ မာလကာစေ့ခြောက်မှုန့်ကိုသွားခြေထဲ ထည့်ပေးလျှင်လည်း သက်သာ ပျောက်ကင်းစေပါသည်။

၇။ သွေးဝမ်းလွန်ခြင်းဖြစ်လျှင် ထမင်းခြောက်ကိုလှော်၍ထန်းလျက်နှင့် အညက်ကြိတ်၍စားပါ ၊ သက်သာပျောက်ကင်းစေပါသည်။

၈။ လေထိုးလေအောင့်ဖြစ်လျှင် ပုန်းညှက်ပန်းပွင့်ခြောက်များကို ရေနွေးတွင်ထည့်၍ လက်ဖက်ရည်ကြမ်းလုပ်သောက်ပါ သက်သာပျောက်ကင်းစေသည်။

၉။ အော့အန်ခြင်း ဝေဒနာဖြစ်လျှင် ရှောက်မြစ်ကိုသွေး၍ ပျားရည်နှင့် စားပါက သက်သာပျောက်ကင်းစေပါသည်။

၁၀။ ဆီးအိမ်တွင်းမှာကျောက်တည်ခြင်းဖြစ်လျှင်သမင်ချိုကိုသွေး၍ သံပုရာရည်နှင့် လက်ဖက်ရည်ဇွန်းနှစ်ဇွန်းသောက်ပါ။
သုံးခါပင် မသောက်ရဘဲ သက်သာပျောက်ကင်းစေပါသည်။

၁၁။ ဆီးကျဉ်ဆီးနီဆီးနှောက်ဖြစ်လျှင် ( ဘုရားကပ်လှူသည့် ) ကျောက်စိမ်းပန်းကျားပင် အမြစ်ရောအရိုးပါ ထုခြေလို့ရသောအရည်၅ ကျပ်သားကိုရေနှင့်ပြုတ်ကျိုပြီး နံနက် ၊ ည နှစ်ခွက်သောက်ပါ။ နေချင်းပင်သက်သာပျောက်ကင်းစေပါသည်။

၁၂။ စားမဝင် အိပ်မပျော်ဖြစ်လျှင်
ပျားရည်စစ်စစ်ကို ….လက်ဖက်ရည်ဇွန်းလေးနဲ့တစ်ဇွန်းကို ညအိပ်ရာဝင်တိုင်း သောက်ပေးပါ။ ခံတွင်းကောင်းစားဝင်အိပ်ပျော်စေနိုင်ပါသည်။

၁၃။ မီးယပ်သွေးဆင်းချိန်တွင် မူးဝေတက်ပါသည်။ ထို့သို့ဖြစ်လျှင် ရှောက်သီးနှင့်် ထန်းလျက်ကိုရောစားလိုက်ပါ။ သက်သာပျောက်ကင်းစေပါသည်။

၁၄။ ပန်းနာရင်ကျပ်ချောင်းဆိုးခြင်းဖြစ်လျှင် သစ်ဆိမ့်သီးအခွံကိုသွေး ပျားရည်နှင့် စားပေးပါ ။သက်သာပျောက်ကင်းစေပါသည်။

၁၅။ ကင်းကိုက်ခြင်းခံရလျှင် ကစော့မြစ်ကိုဆန်ဆေးရည်နှင့် သွေးပြီး အဆိပ်သင့်တဲ့နေရာကို လိမ်းပေးပါ။ ဝေဒနာချက်ချင်းသက်သာစေပါသည်။

၁၆။ ဆံပင်ကျွတ်လျှင် ပိထောက်ရွက်ကို ထုထောင်း၍ခေါင်းလျှော်ရည်နှင့်တွဲဖက် လျှော်ပေးပါ။ဆံပင်များလုံးဝမကျွတ်စေပါ။

၁၇။ အဖုအကျိတ်များပေါက်လျှင်လဝန်းဂမုန်းပင် ပဉ္စငါးပါးကို ထုထောင်း၍အကျိတ်ပေါ်သို့အုံပေးကာပတ်တီးစည်းထားပါပျောက်ကင်းစေပါသည်။

၁၈။ ဒူးနာခါးနားလျှင် နံ့သာဖြူနှင့် ဂျင်းကိုဆတူရော၍လိမ်းပါ။ ယူပစ်သလို သက်သာပျောက်ကင်းသွားပါလိမ့်မည်။

ဤဆေးနည်းပြောပြပေးတဲ့့ မောင်နန္ဒာ _မန္တလေး ကိုအထူးကျေးဇူးတင်ရှိပါတယ်။

ဆေးမေတ္တာ တိုင်းရင်းဆေး

ပြန်လာပါပြီ....ချစ်သော💗လေးတို့ရေ့😍😍😍နီလာ မီးဖွားနေလို့ လိုင်းမသုံးတဲ့အတွက်ပျောက်နေတာမေ့နေကြပြီလားရှင့်အခုတော့ဒီပုံလေးတင်...
24/11/2023

ပြန်လာပါပြီ....ချစ်သော💗လေးတို့ရေ့😍😍😍
နီလာ မီးဖွားနေလို့ လိုင်းမသုံးတဲ့အတွက်ပျောက်နေတာမေ့နေကြပြီလားရှင့်
အခုတော့ဒီပုံလေးတင်မယ်နော်
ဒီပုံလေးကအမှတ်တရများစွာနဲ့ အဖေဆုံးတာ၂နှစ်ပြည့်ဆွမ်းချိုင့်ပို့ရင်းရိုက်ဖြစ်တဲ့ပုံလေး အဲအပြင် ကိုယ်ဝန်ဆောင်စဉ်ရိုက်တဲ့ရှားပါးပုံလေး😍😍
ပြီးတော့အဲပုံရိုက်ပြီးနောက်၃ရက်နေမီးဖွားဖြစ်တာမို့ ပုံလေးသိမ်းပါရစေ

11/07/2023

Address

Taungthaman

Telephone

+959790269369

Website

Alerts

Be the first to know and let us send you an email when NiLar & Hanuman posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to NiLar & Hanuman:

Shortcuts

Share