Jolie D Detox Yangon

Jolie D Detox Yangon Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Jolie D Detox Yangon, Medical and health, Mingler Street , Kamayut Tsp, Yangon, Kamayut.

ဝမ်းချုပ်ဝမ်းမာဝမ်းကျန်နေသူများအတွက်ကျန်းမာရေးနဲ့အညီဝမ်းသွားစေဖို့ jolie d detoxလေးဆောင်ထားပါ။ပုံမှန်အူလမ်းကြောင်းသန့်ရှင်းပေးခြင်းဖြင့်လည်းအူမကြီးကင်ဆာဖြစ်နိုင်ချေနည်းပါးစေဖို့ကာကွယ်ပေးပါတယ်။ဝမ်းတလုံးကောင်းမှခေါင်းမခဲမှာမို့ ဝမ်းမှန်ဖို့ ဂရုစိုက်ကြပါစို့

Jolie C & Jolie D ဒီလို အတွဲလိုက် အထူးပရိုမိုးရှင်းကြီးက ရှိသေးတယ်နော် 🤭ကာကာတွေ မရတော့ဘူးထင်နေမှာစိုးလို့   #
05/09/2026

Jolie C & Jolie D ဒီလို အတွဲလိုက် အထူးပရိုမိုးရှင်းကြီးက ရှိသေးတယ်နော် 🤭

ကာကာတွေ မရတော့ဘူးထင်နေမှာစိုးလို့

#

05/09/2026

Jolie C Coffee လေးနဲ့

#

04/09/2026

ဝမ်းမှန် အူရှင်း ဗိုက်ချပ် ပရိုဘိုင်အောတစ်

Jolie D / Jolie B တွေ ပစ္စည်းအပြည့်ပြန်ဝင်ထားပါပြီရှင်

တစ်ပတ်စာ ၆၁၅၀၀
၁၅ရက်စာ ၁၂၃၀၀၀
၁လစာ ၂၄၀၀၀၀

ဆက်သွယ်မှာယူရန် chat box
viber 09401671785

#အူမကြီးသန့်ရှင်းရေး #ဝမ်းမှန်အူရှင်းဗိုက်ချပ်

Disclaimer : No copyright infringement intended.Music used in this video belong to the rightful owners.This is for entertainment purposes only.

26/08/2026

ဝမ်းမှန်ပြီး အူမကြီးသန့်ချင်သူများတွက်

#ဝမ်းမှန် #အူရှင်း #အူမကြီးသန့်ရှင်းရေး

Disclaimer : No copyright infringement intended.Music used in this video belong to the rightful owners.This is for entertainment purposes only.

ဝမ်းမှန် အူရှင်း အာပုပ်နံ့ကင်းချင်သူများတွက်  #အူရှင်း  #ဝမ်းမှန်    #
17/08/2026

ဝမ်းမှန် အူရှင်း အာပုပ်နံ့ကင်းချင်သူများတွက်
#အူရှင်း #ဝမ်းမှန် #

☕ မနက်ခင်းတိုင်းကို Jolie C Coffee နဲ့ အားအင်အပြည့် စတင်လိုက်ပါမွှေးပျံ့တဲ့ ကော်ဖီရနံ့၊ နူးညံ့ချောမွေ့တဲ့ အရသာနဲ့ တစ်ခွက...
12/08/2026

☕ မနက်ခင်းတိုင်းကို Jolie C Coffee နဲ့ အားအင်အပြည့် စတင်လိုက်ပါ
မွှေးပျံ့တဲ့ ကော်ဖီရနံ့၊ နူးညံ့ချောမွေ့တဲ့ အရသာနဲ့ တစ်ခွက်သောက်လိုက်ရုံနဲ့ စိတ်လန်းဆန်းပြီး တစ်နေ့တာလုံး ယုံကြည်မှုအပြည့်နဲ့ ရှေ့ဆက်နိုင်ပါတယ် 🤎🤎

အလုပ်လုပ်နေသူပဲဖြစ်ဖြစ် ဝိတ်ထိန်းချင်နေတဲ့သူပဲဖြစ်ဖြစ်
Jolie C Coffee က အခုပဲ စမ်းသောက်ကြည့်ကြည့်ပါလို့ပြောချင်ပါတယ်

☕ အရသာလေးကပြည့်ဝနေပြီး ကော်ဖီရနံ့လေးနဲ့မွှေးနေစေတယ်
Jolie C Coffee နဲ့အတူ တစ်နေ့တာကို စွမ်းအင်အပြည့်၊ အပြုံးအပြည့်နဲ့ စတင်လိုက်ပါ

☕ Jolie C Coffee – တစ်ခွက်သောက်၊ တစ်နေ့လုံးလန်းဆန်း 🤎🤎

အားသာချက် - အဆီပိုတွေကို နှစ်ဆလောင်ကျွမ်းပေးတယ်

1. အဆီဟောင်းတွေကို ကောင်းစွာချေဖျက်ပေးနိုင်တယ်
2. တစွတ်စွတ်စားချင်စိတ်ကို လျော့ပေးနိုင်တယ်

(10)ရက်စာ (1)ထုပ် 55000
(3)ထုပ်ဝယ်(1)ထုပ်လက်ဆောင်ပရိုမိုးရှင်းရှိတာမို့
165000 ကို (4)ထုပ်ရသွားမယ်နော် 🤎
Crd

#ကော်ဖီချစ်သူများ #မနက်ခင်းအတွက် #လန်းဆန်းမှု #နေ့သစ်ကိုစတင်ပါ

အသက်အရွယ်ကြီးသူတွေ ဝမ်းချုပ်နေပြီဆိုပါက-•———•———•———•———•———•———•-ဝမ်းချုပ်တဲ့အခြေအနေအကို လူကြီးမိဘတွေ ကြုံတွေ့နေရပြီဆို...
07/08/2026

အသက်အရွယ်ကြီးသူတွေ ဝမ်းချုပ်နေပြီဆိုပါက
-•———•———•———•———•———•———•-
ဝမ်းချုပ်တဲ့အခြေအနေအကို လူကြီးမိဘတွေ
ကြုံတွေ့နေရပြီဆိုရင်
➖တစ်ခါတစ်ရံအနေဖြင့်
ဝမ်းချူဘောလုံးတွေ၊ Belax၊ Delax၊ မြန်မာဆေး
ဤကဲ့သို့သော လတ်တလောအကူအညီဖြစ် သုံးစွဲပေးလို့
ရနိုင်ပါတယ်။
သို့သော် စွဲသောက်တာ၊ ရေရှည် ခနခနသုံးစွဲတာတော့
ဆိုးကျိုးတွေရှိလာနိုင်ပါတယ်

➖နောက်ထပ် ရွေးချယ်စရာတစ်ခုကတော့ MOM ပါ။
MOM ကတော့ လိုရင်ရင် စွဲသောက်ပေးနိုင်တဲ့
ဆေးအမျိုးအစားထဲမှာ ပါဝင်ပြီး (၃/၄) လုံးအထိတော့
သောက်ပေးလို့ရပါတယ်။

➖နောက်ထပ် ရွေးချယ်စရာတစ်ခုကတော့
ပြည်ပနိုင်ငံတွေမှာ တွင်တွင်ကျယ်ကျယ် အသုံးများလာ
တဲ့ ဖြည့်စွက်စာ (Type) ပဲဖြစ်ပါတယ်။
အာနိသင်အရ
-ရေရှည်စွဲသောက်စရာမလို၊
-၂/၃ လအများဆုံးသောက်ပေးခြင်းဖြင့် နှစ်အတော်ကြာထိ
ဝမ်းချုပ်ခြင်းကို တားဆီးပြီး Probiotics ဖြည့်ပေးတယ်၊
-ဆိုးကျိုးတွေမရှိပဲ၊ အူလမ်းကြောင်းပြဿနာတွေကို
ကာကွယ်ပေးတယ်

ခုနောက်ပိုင်းတော့ ပြည်တွင်းရဲ့ ကျန်းမာရေးဌာနတွေမှာပါ
ဖြည့်စွက်စာတွေ အသုံးပြုဖို့ ညွန်းကြားလာကျပါတယ်။

ဖြည့်စွက်စာလို့ပြောသည့်အခါ
Probiotics ဖြည့်စွက်စာ၊ Prebiotics ဖြည့်စွက်စာ
Detoxလုပ်သောက်တာ စသည်ဖြင့် ပုံစံမျိုးစုံရှိပါတယ်။

မင်မင်ဆီမှာတော့JOLIE(ဂျိုလီဖြည့်စွက်စာ)လေးရှိပါတယ်၊
Probiotics/ Prebiotics/ Enzyme/ Detox/ Fiber
အလုံးစုံပါဝင်လို့ အသက်အရွယ်ကြီးလို့ ဝမ်းချုပ်တတ်သူတွေအတွက် ဆိုးကျိုးမရှိ စိတ်ချလက်ချ သုံးစွဲပေးနိုင်ပါတယ်၊

ဒါကြောင့် ဝမ်းဘယ်လိုချုပ်ချုပ်
အနည်းဆုံး ၁၅ ရက်~ အများဆုံး (၂/၃)လ သုံးစွဲပေးရုံနဲ့
•နှစ်ကာလအတော်ကြာထိ ဝမ်းနုတ်​ဆေးအကူမလိုပဲ
ဝမ်းသွားစေတယ်၊
•အူလမ်းကြောင်းပြဿနာနဲ့ ဝမ်းတွင်းအပူအပုတ်တွေကို
ရှင်းပေးလို့ အူမကြီးကင်ဆာမဖြစ်အောင် ကာကွယ်ပေးပါတယ်

ဆက်သွယ်မှာယူရန် page cb
Viber 09401671785/ 09977063516
whatsapp 09977063516

CrdJolieDByMyanmar #အူမကြီးသန့်ရှင်းရေး #ဝမ်းချုပ်နေသူများ

❇ နှစ်ရှည်လများ ဝမ်းချုပ်တဲ့သူတွေ ❇ အူမကြီးကင်ဆာ လက္ခဏာပြတဲ့သူတွေ❇ ဝမ်းနုတ်ဆေးသောက်မှ ဝမ်းသွားတဲ့သူတွေ ❇ အသက်အရွယ်ကြီးလိ...
05/08/2026

❇ နှစ်ရှည်လများ ဝမ်းချုပ်တဲ့သူတွေ

❇ အူမကြီးကင်ဆာ လက္ခဏာပြတဲ့သူတွေ

❇ ဝမ်းနုတ်ဆေးသောက်မှ ဝမ်းသွားတဲ့သူတွေ

❇ အသက်အရွယ်ကြီးလို့ ဝမ်းသွားရ ခက်ခဲနေတဲ့ အဖိုးအဖွားတွေဆိုရင်

JolieD 🍀 detox ကို နေ့စဥ် ပုံမှန်လေး မှီဝဲပေးသင့်ပါတယ်ရှင့် 👏👏

JolieD မှာ အဓိက ဝမ်းကို ကုန်ကုန်စင်စင် သွားစေတဲ့
Gold kiwi ပါဝင်တဲ့အတွက်​ကြောင့်

လူကြီးတွေ သောက်တဲ့ခါ ဗိုက်နာတာ ဗိုက်ရစ်တာ
လုံးဝ လုံးဝ မရှိပါဘူးရှင့် ✅✅

သဘာဝအတိုင်း ဝမ်းကို ပုံမှန်လေး သွားစေပါတယ်

ဒါကြောင့် ကိုယ့်အိမ်မှာ လူကြီးမိဘတွေ ရှိတယ်ဆိုရင်
တစ်လကို အနည်းဆုံး (2) ဘူးလောက်တော့ ပုံမှန်တိုက်ကျွေးပေးပါရှင့် 🥰🥰

စျေးများတာကို မကြည့်ပါနဲ့ရှင့် ❌🚫
ဝမ်းချုပ်လို့ အူမကြီး ကင်ဆာဖြစ်ရင် ဒီထက် ပိုကုန်ပါတယ် ✅✅

မြန်မာငွေ တစ်လစာ 240000 ပါ
ဆက်သွယ်မှာယူလိုပါက cb
Viber 09401671785/09977063516
Whatsapp 09401671785
Ph 09401671785/09977063516

#အူမကြီးကိုထိထိရောက်ရောက်သန့်ရှင်းရေးလုပ်ချင်သူတွေအတွက် #အူမကြီးကင်ဆာကာကွယ်ရေး #ဝမ်းချုပ်ဗိုက်ပူနေတဲ့သူတွေအတွက် #အူလမ်းကြောင်းကျန်းမာရေး

✅၀မ်းချုပ်တတ်သူများ_သိမ်းထားသင့်သည့််_ဆေးနည်း☘️ဝမ်းချုပ်တတ်သူများအတွက် လွယ်ကူထိရောက်တဲ့ နည်းလမ်းကောင်းများ☘️☘️✅ဝမ်းချုပ်...
02/08/2026

✅၀မ်းချုပ်တတ်သူများ_သိမ်းထားသင့်သည့််_ဆေးနည်း☘️ဝမ်းချုပ်တတ်သူများအတွက် လွယ်ကူထိရောက်တဲ့ နည်းလမ်းကောင်းများ☘️☘️

✅ဝမ်းချုပ်နေသူများ သက်သာအောင် ဒီလိုလုပ်လို့ရတယ်

( ၁ ) နံနက်အိပ်ရာထ သောက်ရေ နှစ်ခွက် ဆက်တိုက် သောက်ပေးခြင်းက အူတွေကို အလုပ်လုပ် စေလို့ ဝမ်းသွားစေပါတယ် ။ ( နေ့စဉ် ရေရှစ်ခွက်မှ ၁၀-ခွက်အထိ သောက်တဲ့အကျင့်ကို မွေးမြူပါ ) ။

( ၂ ) သံပရာသီး ကလည်း ဝမ်းချုပ်ခြင်းမှ သက်သာစေလို့ နံနက်အိပ်ရာထ အစာမစားခင်မှာ ရေ နွေး တစ်ဖန်ခွက်ထဲကို သံပရာသီး တစ်လုံး ညှစ်ပြီး ၊ ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းနဲ့ ဆား အနည်းငယ် ဖျော်၍ သောက်ပါ ။

( ၃ ) ပဲသီး ၊ ဟင်းနုနယ် စတဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက် များနဲ့ လိမ္မော်သီး ၊ သစ်တော်သီးကဲ့ သို့ အရည်ရွှမ်းပြီး အမျှင်များတဲ့ သစ်သီးများ စားပါ ။

( ၄ ) အမျှင်ဓာတ် ပေါများသော ဂုန်လျှော်စေ့က အစာကြေစေပြီး ဝမ်းချုပ်ခြင်းကို သက်သာ ပျောက်ကင်းစေ ပါတယ် ။

( ၅ ) နွားနို့ပူပူ သောက်ခြင်းက အူမကြီးကို ကောင်းစွာ လှုံ့ဆော်ပေးတာကြောင့် ဝမ်းမချုပ်စေ တော့ပါဘူး ( သို့မဟုတ် ) ညအိပ်ရာဝင်ခါနီး နွားနို့ ပူပူထဲမှာ ထောပတ်ကို လက်ဖက်ရည်ဇွန်းတစ် ဇွန်း ပမာဏ ခပ်၍ သောက်ခြင်းဖြင့် နံနက်ပိုင်း ရှောရှောရှုရှု ဝမ်းသက် စေပါတယ် ။

( ၆ ) နံနက်စောစော ( ၁၅ ) မိနစ်ခန့် လမ်းသွက်သွက် လျှောက်ခြင်းက အူများကို လှုပ်ရှားကာ ဝမ်းသွား စေပါတယ် ။

( ၇ ) သဖန်းသီး ၊ ပဲကတ္တီပါ ၊ မြေပဲ ၊ စွန်ပလွန်သီး၊ ပဲပင်ပေါက် စားပေးပါ ။ မာလကာသီး (အူနီ) အမှည့်ကလည်း ဝမ်းချုပ်ခြင်းကို သက်သာစေပါတယ် ။

( ၈ ) ကြံရည်၊ ခရမ်းချဉ်သီးနဲ့ beet root ( ခေါ် ) သကြား မုန်လာဥ ( ခေါ် ) သွေးရောင်ကဲ့သို့ မုန်လာဥနီ အလုံးတို့ကလည်း ဝမ်းသက်စေလို့ စားပေးပါ။

( ၉ ) နံနက်တိုင်း သင်္ဘောသီး မှည့်မှည့် စားပါ ။

( ၁၀ ) ပန်းသီးကလည်း ဝမ်းချုပ်ခြင်းကို ကောင်းကျိုးပြုတဲ့ အတွက် တစ်နေ့နှစ်လုံး မှန်မှန် စားသင့်ပါတယ် ။

( ၁၁ ) အရွက်မှာ အမွေးလေးတွေ ပါတဲ့ ကုလားမြင်းခွာ ရွက်ပင်၏ အပွင့်ကို သကြားနဲ့ ကြိတ်၍ စားပါ ။

( ၁၂ ) ကြက်ဟင်းခါးသီးကို သောက်ရေ ၊ ဆားတို့နဲ့ စိမ်ပြီး သောက်ပါ ။

( ၁၃ ) ကြက်ဟင်းခါးသီးကို ရေနံဆီဖ်ြင့် စိမ်၍ ဝမ်းဗိုက်ကို လိမ်းပေးပါ ။

( ၁၄ ) ကြိတ်မှန်ရွက််( ၂၅ ) ကျပ်သားကို ထန်းလျက် ၁၀-ကျပ်သား ၊ အရည်ညှစ်ပြီးသော ရှောက်သီးဖတ် ၁၀- ကျပ်သား၊ ပါးပါးလှီးထားတဲ့ ကြက်သွန်နီ ၁၀-ကျပ်သား၊ စမုံမျိုးငါးပါးကို အမှုန့်နှစ်ပဲ၊ စားဆီတို့ဖြင့် ရောချက်ထားသော ကြိတ်မှန်ရွက်ယိုကို လက်ဖက်ရည်ဇွန်း တစ်ဇွန်းခန့် တစ်နေ့ သုံးကြိမ် စားပေးပါ ။

Credit : ပေါက်ပေါက်
************************
🔴ဝမ်းချုပ်ခြင်းအတွက် သဘာဝကုထုံးများ🔴

ဝမ်းချုပ်တဲ့ပြဿနာကို ကြုံဖူးကြပါလိမ့်မယ်။ ဝမ်းချုပ်ခြင်းဟာ ကြီးမားတဲ့ရောဂါတော့ မဟုတ်ပေမယ့် နေရထိုင်ရခက်စေပါတယ်။ တော်သေးတာက နေထိုင်မှုပုံစံ၊ စားသောက်မှုပုံစံ ပြောင်းလဲပေးခြင်းအားဖြင့် ဝမ်းချုပ်ခြင်းကို သက်သာစေနိုင်ပါတယ်။ များသောအားဖြင့် ဆေးဝါးများသုံးစရာမလိုဘဲ သဘာဝနည်းလမ်းများနဲ့ အဆင်ပြေအောင် ကုစားနိုင်ပါတယ်။

အစာအိမ်အူလမ်းကြောင်းအလုပ်လုပ်ပုံ၊ ဝမ်းသွားပုံဟာ တစ်ယောက်နဲ့တစ်ယောက်တော့ မတူပါဘူး။ ယေဘုယျအားဖြင့် အနည်းဆုံး တပတ်မှာ သုံးကြိမ်ကနေ အများဆုံး တစ်ရက်မှာ သုံးကြိမ်ထိ သွားခြင်းကို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အတိုင်းအတာလို့ သတ်မှတ်ထားပါတယ်။ ဝမ်းသွားခြင်းဟာ နေ့စဉ် စားသောက်မှုပုံစံ ဒါမှမဟုတ် နေထိုင်ကောင်းခြင်း/မကောင်းခြင်းပေါ်လည်း မူတည်ပါသေးတယ်။

ဝမ်းချုပ်တဲ့အခါ ဝမ်းနုတ်ဆေးများသုံးစွဲနိုင်ပေမယ့် သဘာဝကုထုံးများကျင့်သုံးခြင်းအားဖြင့်လည်း သင့်အူလမ်းကြောင်းကို လှုပ်ရှားမှု ပြန်လည်ကောင်းမွန်စေမှာ ဖြစ်ပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ ဝမ်းချုပ်ခြင်းကို သက်သာစေမယ့် သဘာဝနည်းလမ်းများဘဲ ဖြစ်ပါတယ်။

✅လေ့ကျင့်ခန်းပြုလုပ်ခြင်း✅

ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းပြုလုပ်ခြင်းဟာ အစာအိမ်အူလမ်းကြောင်းက ကြွက်သားတွေကို လှုံ့ဆော်ပေးရာ ရောက်ပါတယ်။ အထူးသဖြင့် အစာဟောင်းတွေကို စွန့်ထုတ်ပေးမယ့် အူလမ်းကြောင်းအောက်ပိုင်းကို ဖြစ်ပါတယ်။

ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ ပြုလုပ်စရာ မလိုပါဘူး။ ခပ်သွက်သွက်လမ်းလျှောက်ခြင်း၊ ဖြည်းဖြည်းပြေးခြင်းနဲ့ တခြားလေ့ကျင့်ခန်းများဟာ အူလမ်းကြောင်းလှုပ်ရှားမှုကို တိုးတက်စေပြီး ဝမ်းချုပ်ခြင်းကို သက်သာစေနိုင်ပါတယ်။

✅ဖြေလျှော့ခြင်း✅

ဝမ်းသွားချင်စိတ်ရှိပြီး မသွားနိုင်တဲ့အခါ ဖိစီးမှု ဖြစ်ပေါ်ပါတယ်။ ဒီအခါမှာ စိတ်ရောကိုယ်ပါဖြေလျှော့ပြီး အချိန်ကောင်းကောင်းပေးသင့်ပါတယ်။ ဝမ်းချုပ်နေချိန်မှာ မရမက ညှစ်ထုတ်ဖို့ ကြိုးစားနေခြင်းဟာ ကျန်းမာရေးနဲ့ မညီညွတ်ပါဘူး။ ဒူးခေါင်းများကို မြှင့်ထားခြင်းဟာ ဝမ်းသွားရ ပိုလွယ်စေပါတယ်။ အိမ်သာထိုင်နေချိန်မှာ ဒူးခေါင်းများကို မြှင့်ထိုင်ခြင်းဟာ အကောင်းဆုံးပါပဲ။

✅ဆီးသီးခြောက်✅

ဆီးသီးခြောက်မှာ အမျှင်ဓာတ် ကြွယ်ဝပါတယ်။ အမျှင်ဓာတ်ဟာ အူလမ်းကြောင်းထဲမှာ အစာတွေ ကောင်းစွာ ရွေ့လျားနိုင်အောင် အထောက်အကူပြုပါတယ်။ ဆီးသီးခြောက်ကို ပုံမှန်စားပေးရင် ဝမ်းမှန်စေပါတယ်။

✅ကီဝီသီး✅

ကီဝီသီးဟာလည်း အမျှင်ဓာတ်များစွာ ပါဝင်ပြီး အစာအိမ်အူလမ်းကြောင်းကို လှုပ်ရှားမှု ကောင်းမွန်စေပါတယ်။ ဝမ်းချုပ်နေချိန်မှာ ကီဝီသီးစားပေးခြင်းဟာ ဝမ်းမှန်ဖို့ အထောက်အကူပြုပါတယ်။

✅ကော်ဖီ✅

ကော်ဖီဟာ အစာအိမ်အူလမ်းကြောင်းလှုပ်ရှားမှုကို ကောင်းစေတယ်ဆိုတာ သုတေသနအချို့အရ သိရှိရပါတယ်။ ၂၀၀၆ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ သုတေသနတခုအရ ကော်ဖီပုံမှန်သောက်သူများဟာ ဝမ်းချုပ်ခြင်းကို သိပ်မကြုံရဘူးလို့ ဆိုပါတယ်။

✅နှမ်းကြတ်စေ့ဆီ✅

နှမ်းကြတ်စေ့မှ ထုတ်လုပ်ထားတဲ့အဆီဟာ ဝမ်းချုပ်ခြင်းကို သက်သာစေပါတယ်။ နေ့စဉ် နှမ်းကြတ်စေ့ဆီကို ၄ မီလီလီတာခန့် သုံးစွဲပေးသင့်တယ်လို့ အဆိုပါ သုတေသနမှာ ဖော်ပြထားပါတယ်။ နှမ်းကြတ်ဆီကို ဆေားတောင့်ပုံစံ အားဖြည့်ဓာတ်စာအနေနဲ့လည်း ရရှိနိုင်ပါတယ်။

✅ရေသောက်ခြင်း✅

ရေကို မှန်မှန်သောက်ပေးခြင်းဟာ ဝမ်းချုပ်ခြင်းကို သက်သာစေပါတယ်။ အရွယ်ရောက်ပြီးသူများအနေနဲ့ တစ်နေ့တာမှာ ရေကို ဖန်ခွက်နဲ့ ၆ ခွက်ကနေ ၈ ခွက်ထိ သောက်သုံးပေးသင့်ပါတယ်။

အမျှင်ဓာတ်များတဲ့ အသီးအရွက်များကို စားသုံးပြီး ရေကို ပုံမှန်သောက်ပေးမယ်ဆိုရင် အူလမ်းကြောင်း လှုပ်ရှားမှုကောင်းမွန်ပြီး ဝမ်းမှန်စေမှာ ဖြစ်ပါတယ်။

ဘယ်ချိန်မှာ ဆရာဝန်ပြမလဲ
အိမ်တွင်းကုထုံးများနဲ့ ဝမ်းချုပ်ခြင်း မသက်သာရင်၊ အောက်ပါအခြေအနေကြုံနေရင် ဆရာဝန်ပြသင့်ပါတယ်။

– တစ်ပတ်မှာ သုံးကြိမ်အောက်သာ ဝမ်းသွားခြင်း

– ဝမ်းကျစ်ခြင်း၊ မာကျောခြောက်သွေ့ခြင်း

– မစင်တုံး ပုံမှန်ထက်ကြီးပြီး စွန့်ထုတ်ရန်ခက်ခဲခြင်း

– ဝမ်းတွင်သွေးပါခြင်း

ဝမ်းချုပ်ခြင်းဟာ ပုံမှန်အားဖြင့် စိုးရိမ်ရတဲ့အနေအထား မဟုတ်ပါဘူး။ ဒါပေမယ့် ရောဂါအခံတစ်ခုခုကြောင့်လည်း ဖြစ်နေနိုင်တာမို့ မပေါ့ဆသင့်ပါဘူး။

အမျှင်ဓာတ်များများစားခြင်း၊ ရေသောက်ခြင်း၊ ဝမ်းမှန်စေတဲ့ အစားအစာများစားခြင်း၊ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းပြုလုပ်ခြင်း စတဲ့နည်းလမ်းတွေနဲ့ ဝမ်းချုပ်ခြင်းကို သက်သာစေနိုင်
မှာ ဖြစ်ပါတယ်။

#ကျန်းမာရေးဗဟုသုတရကြပါစေ
#လေးစားသွာcrdပေးပါတယ်


Hello ဆရာဝန်

22/07/2026

🌿IBS (irritable bowl syndrome )
(အူလမ်းကြောင်းလှုပ်ရှားမှု မမှန်သောရောဂါ)

🌱 (အပိုင်း-၁)
၁။ဝမ်းသွားတဲ့ အလေ့အထပြောင်းသွားမည်။(ဝမ်းချုပ်လိုက် ဝမ်းသွားလိုက်ဖြစ်မယ်)၊

၂။ဝမ်းရဲ့ ပုံစံ၊အရောင်၊အပျော့အမာပြောင်းသွားမည်(တစ်ခါတစ်ရံ သေးသေးမာမာ၊တစ်ခါတစ်ရံ ရေလိုသွားမည်)

၃။ဗိုက်အောင့်မည်။လေပွမည်။အစာအိမ်ထဲ လေခိုနေသလို ခံစားရမည်။

၄။ရင်ပူမည်၊ပျို့အန်ချင်မည်။အစာအိမ် အချဉ်ဖောက်မည်။

၅။တစ်ချိန်လုံးဗိုက်ပြည့်နေသလို ခံစားရပြီး အစားအသောက်ပျက်မည်။

၆။အကြိမ်ပေါင်းများစွာ အိမ်သာသွားရမည်။

၇။ပူပန်စိတ်များလာမည်။

၈။နှုန်းခွေနေပြီး အိပ်လို့မရဘူး။ခေါင်းကိုက်မည်။

၉။လျှာပေါ်မှာအရသာပြောင်းသွားမည်။

၁၀။ကြွက်သားနာကျင်မည်၊ခါးနာမည်။

၁၁။အိမ်ထောင်ရေး စိတ်မဝင်စားတော့ဘူး။

၁၂။ရင်တုန်မည်။

၁၃။တချိန်လုံး ဆီးသွားနေမည်။

အပေါ်က အချက်တွေက အိုင်ဘီအက်(IBS)ရဲ့ လက္ခဏာတွေပါ။ဒီလိုအခြေအနေကို သုံးလ သို့ ခြောက်လ အနည်းဆုံးဖြစ်လျှင် တစ်လမှာ အနည်းဆုံးသုံးကြိမ်ဖြစ်လျှင် IBS ဖြစ်မဖြစ်စစ်ကြည့်ရပါလိမ့်မည်။

IBS ဘာကြောင့်ဖြစ်လဲ ဆိုတဲ့တိကျတဲ့ အကြောင်းမတွေ့သေးပါ။ဖြစ်စေသော အကြောင်းများကလည်း တစ်ဦးနဲ့ တစ်ဦးမတူပါ။တူနေတဲ့ ဖြစ်စဉ်က အစာခြေခြင်းမှာ ပြသနာရှိနေတာပါ။ဓာတ်မတည့်တာလည်း ဖြစ်ပါတယ်။အူလမ်းကြောင်း ပိတ်ဆို့တာ၊အူလမ်းကြောင်းမှာ ချို့ယွင်းတာ မတွေ့ရပါ။အူလမ်းကြောင်း လုပ်ဆောင်မှုပိုင်းဆိုင်ရာ ချို့ယွင်းတဲ့ရောဂါ(functional disease)လို့ သတ်မှတ်ပါတယ်။

အစာအိမ်၊အူလမ်းကြောင်း နှင့် ဦးနှောက်ကို vagus အမည်ရတဲ့ အာရုံကြောနဲ့ဆက်ထားပါတယ်။ဒါကြောင့်စိတ်ဖိစီးမှု နဲ့ အစာခြေခြင်းက ဆက်သွယ်နေပါတယ်။အဆက်အစပ်ကို vagus nerve နဲ့အတူ serotonin ဆိုတဲ့ ဟိုမုန်းက လုပ်ပေးပါတယ်။

စိတ်ဖိစီးမှု အပြင် အစာနဲ့ ဓာတ်မတည့်ခြင်း၊အိပ်မပျော်ခြင်း၊မိသားစုထဲမှာ အိုင်ဘီအက်ရောဂါသည်ရှိခြင်း၊ခရီးသွားများခြင်း၊သွေးဆုံးခြင်း နှင့် ကိုယ်ဝန်ဆောင်ခြင်းကဲ့သို့သော ဟိုမုန်းအပြောင်းအလွဲများမှာ ဖြစ်တတ်ပါတယ်။

IBS အများစုက မတည့်တဲ့စာတွေရှောင်၊ဆေးသေချာသောက်ပြီး အနေအထိုင်ပြောင်းလိုက်လျှင် ပျောက်သွားတာများပါတယ်။ကျွန်တော် ကိုယ်တွေ့လည်းဖြစ်ပါတယ်။

1.အသင့်သောက်ဖို့ထုတ်ထားတဲ့နို့
2.ဂလူတန်ပါတဲ့ ကွေကာ
3.သကြားများတဲ့အစာ
4.ကော်ဖီ၊အရက်
5.ပင်လယ်စာ
6.စပ်တဲ့အစာ
7.FODMAPလို့ခေါ်တဲ့ အချို့အစားအစာတွေ(အပိုင်း -၂ မှာ အကျယ်ရေးပါမည်။)ရှောင်လိုက်လျှင် အတော်ပြန်ကောင်းသွားတတ်ပါတယ်။
သောက်ရမည့် ဆေးတွေကလည်း over counter တွေမို့ လွယ်လွယ်ကူကူဝယ်လို့ရပါတယ်။

1.Probiotics (50 billion to 100 billion units daily) သောက်ပါ။အစာမကြေတာတွေ၊လေပွတာတွေ အတော်ပြန်ကောင်းပါတယ်။

2.Digestive enzymes ကို အစာမစားခင် သောက်ပေးပါ။အစာအိမ်အက်ဆစ်ထွက်တာသက်သာပြီး အစာစုပ်ယူမှုလည်း ကောင်းလာပါတယ်။

3.L- glutamine (five grams twice daily)သောက်ပါ။အစာအိမ်အူလမ်းကြောင်းပြုပြင်ပြီး နာတာရှည် ဝမ်းသွားတာ နဲ့ leaky gut ကို သက်သာပါတယ်။

4.ရှားစောင်းလက်ပတ်(half cup three times daily) က ဝမ်းချုပ်တာ သက်သာပါတယ်။

5.Omega-3 ငါးကြီးဆီ(1,000 milligrams daily)အူရောင်ရမ်းခြင်းသက်သာပါတယ်။

✨Reduce Stress
စိတ်ဖိစီးမှု အများစုက အိုင်ဘီအက်ဖြစ်စေပါတယ်။တရားထိုင်ခြင်း၊အပ်စိုက်ခြင်း၊အနှိပ်ခံခြင်း လုပ်ပေးပါ။

✨Exercise
အေရိုဗစ်ပြုလုပ်ခြင်း၊ဝိတ်မခြင်း၊ယောဂတွေ ပြုလုပ်ပေးပါ။2011 ထုတ်American Journal of Gastroenterology ကရေးတာက လေ့ကျင့်ခန်းလုပ်ပေးလျှင် အိုင်ဘီအက် သက်သာတယ်ပြောပါတယ်။

ဒါတွေလုပ်ပေးလျှင်ဆေးခန်း၊ဆေးရုံတတ်ကုသဖို့ မလိုပဲပျာက်ကင်းနိုင်ပါတယ်။

🌿IBS (irritable bowl syndrome )-2
(အူလမ်းကြောင်းလှုပ်ရှားမှု မမှန်သောရောဂါ)
(အပိုင်း-၂)

IBS ကို ကိုယ်တိုင်ကုလို့ရတာမှန်ပါတယ်။တစ်ရံတစ်ရံတစ်ချို့ရောဂါတွေက အိုင်ဘီအက် နဲ့သွားတူနေတတ်တယ်။ဘယ်လိုအခြေအနေမျိုးမှာ ဆရာဝန်နဲ့သွားပြဖို့လိုမလဲဆိုတာ သိထားရပါမည်။

၁။လနဲ့ချီပြီး မောပန်းနေသလိုခံစားရခြင်း နှင့် အခြားသွေးအားနည်းရောဂါလက္ခဏာများ

၂။ဝမ်းသွားလျှင် သွေးပါခြင်း

၃။အစားအသောက် နှင့် နေထိုင်မှုမပြောင်းသော်လည်း ကိုယ်အလေးချိန်အလိုလိုကျသွားခြင်း သို့ တစ်ရှိန်တိုးဝလာခြင်း

၄။ဖျားနာခြင်း

၅။ခေါင်းတစ်ခြမ်းကိုက်ခြင်း

၆။ညဘက်ချွေးထွက်ခြင်း

၇။အမျိုးသမီးရာသီသွေး မမှန်ခြင်း

အိုင်ဘီအက်စ် ရောဂါလက္ခဏာများအပြင် အထက်ပါ အခြေအနေများရှိနေလျှင်ဆရာဝန်နဲ့ပြသသင့်ပါသည်။

✨အိုင်ဘီအက်စ်ရောဂါမှာ ရှောင်ရမည့်အစာတွေကို (FODMAP)လို့ခေါ်ပါတယ်။
Fermentable Oligosaccharides, Disaccharides, Monosaccharides And Polyols လို့
အဓိပ္ပာယ်ရပါတယ်။

ဒါကို နားလည်ဖို့ Probiotics ရဲ့ အကျိုးပြုချက် အချို့ကိုသိဖို့လိုပါတယ်။စားလိုက်တဲ့အစာမှာပါတဲ့ sucrose လိုသကြားအချို့ကို အူအထက်ပိုင်းက ကောင်းစွာမစုပ်နိုင်တဲ့အခါ သကြားကအူမကြီးကိုရောက်လာပါတယ်။အူမကြီးအတွင်းမှာ အကျိုးပြုပိုးမလုံလောက်လို့ ရောဂါဖြစ်စေတဲ့ပိုးတွေရှိနေလျှင် ထိုပိုးတွေက သကြားကို အချဉ်ဖောက်လိုက်ပြီး ဓာတ်ငွေ့ထွက်လာစေပါတယ်။

ဒါကြောင့် တစ်ချို့အချိုတွေစားပြီးလေပွ၊
ဗိုက်အောင့်လာတာပါ။
Lactobacillus plantarum, Bifidobacterium bifidum,Bifidobacterium infantisအကျိုးပြုပိုးတွေပါတဲ့ (Probiotics Supplements)သောက်လိုက်လျှင်ပျောက်ကင်းသွားပါတယ်။

နောက်တစ်ခုက အသက်ကြီးလာလို့ ငယ်ငယ်တုန်းကလို အစာခြေအင်ဇိုင်း မထုတ်နိုင်တော့တာပါ။ဒါကြောင့်
နို့သောက်လျှင် အစာမကြေတာ၊လေပွတာဖြစ်ကြပါတယ်။အမျှင်ဓာတ်က လူကို အကျိုးပြုတယ်ဆိုပေမယ့် အိုင်ဘီအက်စ်သမားအမျှင်များများစားလျှင် ရောဂါပိုဆိုးလာပါတယ်။

ဘယ်သကြားတွေက အူအထက်ပိုင်းမှာကောင်းကောင်းမစုပ်ယူနိုင်ပဲ အူမကြီးမှာ အချဉ်ဖောက်နိုင်လည်းဆိုတာကို
(FODMAP )နဲ့ ရှင်းကြပါတယ်။

✨F (Fermentable)ဆိုတာ အချဉ်ဖောက်စေတယ်လို့ပြောပါတယ်။

✨O က (Oligosaccharides) ပါ သကြားယူနစ် 2-10 ကြားပါပါတယ်။Oligosaccharides အများစုက အစာမကြေပဲ အချဉ်ဖောက်သွားတတ်တယ်။
အဓိက အမျှင်တွေမှာပါတာပါ။
fructooligosaccharides (FOS) or fructans နဲ့ the galactooligosaccharides (GOS) or galactans ဆိုပြီးနှစ်မျိုးရှိပါတယ်။Fructans ကကြွက်သွန်နီ၊ကညွတ်တို့မှာပါပါတယ်။Galactans က ပဲအမျိူးမျိုးမှာပါပါတယ်။

✨D က (Disaccharides)က သကြားယူနစ် နှစ်ခုပါပါတယ်။sucrose ဆိုတဲ့ သကြားမှာ glucose သကြားယူနစ် နဲ့ fructose သကြားယူနစ်ပါပါတယ်။နို့မှာပါတဲ့ lactose မှာ galactose သကြားယူနစ် နဲ့ glucose သကြားယူနစ် ပါပါတယ်။

✨M က(Monosaccharides) ကိုရေးတာပါ။ယူနစ်တစ်ခုထဲသကြားတွေဖြစ်တဲ့ glucose ,fructose နှင့် galactose တွေဖြစ်ပါတယ်။

✨A က စကားဆက် and ပါ

✨P က ပီကေတွေမှာပါတဲ့ polyols တွေဖြစ်တဲ့ alcosorbitol ,mannitol တွေပါ။ထောပတ်သီးမှာ polyols ပါပါတယ်။

Low FODMAP Diet လို့ခေါ်တဲ့ အိုင်ဘီအက်စ်သမားတွေအတွက် အစားအစာ စာရင်းကို Monash University အမည်ရတဲ့ Australia တက္ကသိုလ်တစ်ခုကပြုစုခဲ့ပါတယ်။သူနဲ့ပတ်သတ်တဲ့ ဖုန်း ဆော့ဝဲလ် လည်းရှိပါတယ်။

အစာသေချာစားမည်။ပရိုဘိုင်အိုတစ်သေချာသောက်မည်ဆို အိုင်ဘီအက်စ် ကသက်သာနိုင်ပါတယ်။

IBS နဲ့ နာမည်သာမက ရောဂါလက္ခဏာပါဆင်တဲ့ inflammatory bowel disease (IBD)လို့ခေါ်တဲ့ ရှားပါးပြင်းထန်ပြီး အသက်အန္တာရာယ်ရှိတဲ့ ရောဂါတစ်ခုရှိပါတယ်။
IBD မှာ
Crohn’s disease နှင့် ulcerative colitis
လို့ခေါ်တဲ့ အူလမ်းကြောင်းရောင်ရမ်းခြင်းကြောင့် ဖြစ်တဲ့ autoimmune ရောဂါနှစ်မျိုးရှိပါတယ်။

The Crohn’s and Colitis Foundation of America က 1.6 သန်းသော အမေရိကန်တွေမှာ IBD ခံစားနေရပြီး နှစ်စဉ် 70,000 လောက်တိုးလာတယ် ဆိုပါတယ်။
Cleveland Clinic ရဲ့ အဆိုအရ IBS ကလူကိုဒုက္ခမပေးပေမယ့် IBD ဖြစ်လာနိုင်တယ်လို့ မြန်မြန်ကုရမည်ပြောပါတယ်။

အိုင်ဘီအက်စ် ရောဂါလက္ခဏာတွေအပြင်-

၁။ဗိုက်ရဲ့ ညာဘက်အောက်ဘက်ပိုင်း တစ်ခြမ်းတည်း ရောင်ပြီး နာကျင်နေမည်။

၂။လနဲ့ချီပြီး သွေးဝမ်းသွားမည်။

၃။ဖျားမည်။

၄။ကိုယ်အလေးချိန်ကျသွားမည်။

၅။ညာဘက် ဗိုက်အောက်ပိုင်းတစ်လျှောက်ပြည့်ပြီး တင်းနေမည်ဆိုလျှင် IBD ဖြစ်မဖြစ် စစ်ဆေးကုသသင့်ပါပြီ။
*လေးစားစွာဖြင့်-
-Dr.PHYO MAUNG MAUNG

Address

Mingler Street , Kamayut Tsp, Yangon
Kamayut
11041

Telephone

+959401671785

Website

Alerts

Be the first to know and let us send you an email when Jolie D Detox Yangon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share