27/09/2024
DV ပေါက်ပြီး အမေရိက သွားဖို့ ငွေဘယ်လောက်ကုန်မလဲ?
********************************************
ောက်သေးမီကုန်ကျစရိတ်
🟦 Passport = 40,000 Ks
ပုံမှန်အတိုင်း QR/Booking ယူပြီးလျှောက်မယ်ဆို 40,000 Ks ပါ။ ရုံးပေါ်မူတည်ပြီး ကြာချိန် 1~5 လလောက်ကြာနိုင်ပါတယ်။ လက်ရှိ အမြန်လိုအပ်လို့ လမ်းကြောင်းနဲ့ လုပ်မယ်ဆို 10~20+ သိန်းကြား တွေ့ရပါတယ်။
🟦 DS260 Form = 150,000 Ks
(ကိုယ်တိုင်တင်ရင် FREE ပါ။ Service အပ်မယ်ဆို 100,000 ~ 300,000 Ks ကြားကုန်ကျနိုင်ပါတယ်)
🟦 ရဲစခန်းထောက်ခံစာ = 30,000 Ks
🟦 Medical Check Up = 1,000,000+ Ks
(ဆေးခန်းက လိုအပ်လို့ ထပ်စစ်ရင် အပိုကုန်ကျဖို့ ရှိပါမယ်)
🟦 Notary = 200,000 Ks
🟦 ကျမ်းကျိန်လွှာ = 25,000 Ks (လိုလျှင်)
လိုအပ်လို ကျမ်းကျိန်ရရင် တစောင် 25,000 Ks လောက်ကျနိုင်ပါတယ်။
(A) Total = 1,420,000 Ks (300$)
=====================
🟩 Visa Interview = 330$
🟩 Green Card & SSN = 220$
🟩 Air Ticket (One Way) = 1,000$
(စီးမည့်လေကြောင်းလိုင်း၊ 1 or 2 Transit ပေါ်မူတည်ပြီး 800 ~1,500$ ကြား အစားစားရှိပါတယ်)
Airticket One way အတွက် [ RGN~LAX ] Departure Date ကို Oct လလယ် အတွင်း ရက်များကို ဈေးကြည့်ရသလောက်တော့ အနှိမ့်ဆုံးဈေး (40) သိန်း ကနေ (40 ~ 80) သိန်း ကြား ကုန်ကျစရိတ်ရှိတာ တွေ့ရပါတယ်။
(B) Total = 1,550$
======================
ောက်ပြီးကုန်ကျစရိတ် x (3) လစာ
🟥 Room Deposit = 1,000$
(အပေါင်သဘောမျိုး ငှားရမ်းခ တလစာပေးထားရတာ ဖြစ်ပါတယ်။ အခန်းမငှားတော့ရင် ပြန်ထုတ်လို့ရပါတယ်)
🟥 Room Rental (3 လစာ) = 3 x 1,000$
(နေထိုင်မည့်ပြည်နယ်၊ အခန်းအကျယ်အဝန်း၊ အိမ်အမျိုးအစား၊ စုပေါင်း/သီးခြား စတဲ့အချက် ပေါ်မူတည်ပြီး ငှားရမ်းခ ဈေးနှုန်း အပြောင်းအလဲ +++ ရှိပါတယ်)
🟥 Meal & Other (3 လစာ) = 3 x 300$
စားစရိတ်အနေနဲ့က 200~300$ ကြား လစဉ် ကုန်ကျစရိတ်ရှိပါမယ်။
🟥 Transportation (3 လစာ) = 3 x 150$
🟥 Phone & Internet Bills (3 လစာ) = 3 x 50$
(C) Total = 5,500$
=======================
(A) = 1,420,000 Ks (300$)
(B) = 1,550$
(C) = 5,500$
📌📌Grand Total = 7,350$📌📌
အခုရေးပေးထားတဲ့ကုန်ကျစရိတ်တွေက SINGLE တယောက်စာအတွက် ခန့်မှန်းကုန်ကျစရိတ်တွေ ဖြစ်ပါတယ်။
📍Interview မတိုင်ခင် ကုန်ကျစရိတ် = (A)
📍Interview အောင်ပြီးနောက် ကုန်ကျစရိတ် = (B) + (C)
USA ရောက်လို့ စောစောအလုပ်ရရင် အများကြီး သက်သာနိုင်ပါတယ်။
USA မှာ မိမိကို ကူညီစောင့်ရှောက်ပေးမည့် ဆွေမျိုး၊ မိတ်ဆွေ ရှိရင် (C) ကုန်ကျစရိတ်များ ချွေတာ/ချုံ့ နိုင်ပါသေးတယ်။
မိသားစုပါတဲ့သူတွေအတွက်ဆို (A) & (B) ကတော့တယောက်ချင်း ဒီအတိုင်းနီးပါး ကုန်ကျနိုင်ပါတယ်။ သိပ်အပြောင်းအလဲမရှိပါ။ (C) မှာတော့ Room Deposit & Room Rental စရိတ်အပိုကုန်ကျစရိတ် +/- အနည်းငယ်ရှိပါမယ်။ Meal, Transportation & Phone + Internet Bil တွေ ကိုယ်အနေနဲ့ ချွေတာ (ချုံ့) နိုင်ပါတယ်။
တဦးစာ = 7,350$
နှစ်ဦးစာ = 7,350$ + 2,500$
သုံးဦးစာ = 7,350$ + 2,500$ + 2,500$
နားလည်လွယ်အောင်၊ တွက်ချက်ရလွယ်အောင် အကြမ်းဖျင်းတွက်ပြတာ ဖြစ်ပါတယ်။ ရွေးချယ်တဲ့ပြည်နယ်၊ အိမ်အကျယ်၊ စုနေ/သီးခြားနေ၊ အိမ်အမျိုးအစား၊ စားသောက်နေထိုင်မှုပုံစံအလိုက် ကုန်ကျစရိတ် အနည်းအများ ကွဲပြားနိုင်ပါတယ်။
နိုင်ငံရပ်ခြားသို့ အခြေချနေထိုင်ဖို့ သွားတာဖြစ်တဲ့အတွက် ငွေများများပါသွားရင် ပိုအဆင်ပြေလေ ပါပဲ။ (DV ပေါက်ပြီး မြန်မာနိုင်ငံကနေ အခုရေးပေးထားတဲ့ ကုန်ကျစရိတ်ထက် အများကြီး ပိုနည်းသော ကုန်ကျစရိတ်လောက်ပဲ သုံးပြီး USA ကို ရောက်ရှိနေသော မိသားစုများလည်း ရှိပါတယ်)
ဒီ Topic က ဒီတလော Page မှာအမေးများနေပြီး အနာဂတ် DV Winner တိုင်း သိချင်ကြမယ်ဆိုတာ သိလို့ ကုန်ကျစရိတ်များကို Update လုပ်ပြီး ထပ်မံ ဝေမျှပေးလိုက်ပါတယ်။ မိတ်ဆွေများ အားလုံးမြင်ရအောင် Share ပေးလိုက်ကြပါဦး။
မိတ်ဆွေများအားလုံး အမေရိကန်အိမ်မက်များကိုယ်စီမက်နိုင်ကြပါစေ။