Cow Cow - ကောင်းကောင်းနို့မှုန့်

  • Home
  • Cow Cow - ကောင်းကောင်းနို့မှုန့်

Cow Cow - ကောင်းကောင်းနို့မှုန့် သင့်မိသားစုရဲ့ ပြည့်ဝတဲ့ အာဟာရနို့မှုန့် Cow Cow

နေထိုင်မကောင်းသလို ခံစားရတာ၊ ဗိုက်ကယ်တာ ဒါမှမဟုတ် အစားစားပြီးတိုင်း နေရခက်တာမျိုးတွေ ဖြစ်နေပြီလား? အစာခြေစနစ် ကျန်းမာဖို...
18/05/2026

နေထိုင်မကောင်းသလို ခံစားရတာ၊ ဗိုက်ကယ်တာ ဒါမှမဟုတ် အစားစားပြီးတိုင်း နေရခက်တာမျိုးတွေ ဖြစ်နေပြီလား? အစာခြေစနစ် ကျန်းမာဖို့ဆိုတာ အရမ်းခက်ခဲတဲ့အရာ မဟုတ်ပါဘူး။ Cow Cow Wellness နဲ့အတူ လွယ်ကူတဲ့ အလေ့အကျင့်ကောင်းလေးတွေကို စတင်လိုက်ရအောင်။ ✨🥛

✅ အစာခြေစနစ် ကောင်းမွန်စေဖို့ နေ့စဉ်လုပ်ဆောင်သင့်တဲ့ အချက် (၄) ချက်

၁။ အစာစားချိန် မှန်ပါစေ - နေ့စဉ် အချိန်မှန်မှန် စားပေးခြင်းက သင့်အစာခြေစနစ်ကို စည်းချက်ကျကျ အလုပ်လုပ်နိုင်အောင် ကူညီပေးပါတယ်။

၂။ အလွန်အကျွံစားခြင်းကို ရှောင်ပါ - ဗိုက်အရမ်းတင်းနေအောင် စားလိုက်တာက အစာခြေစနစ်ကို ဝန်ထုပ်ဝန်ပိုးဖြစ်စေပါတယ်။ ဗိုက်ဝရုံလောက်ပဲ စားပေးတာက အကောင်းဆုံးပါ။

၃။ ရေဓာတ် ပြည့်ဝပါစေ - ရေများများသောက်ပေးခြင်းက အစာလမ်းကြောင်းအတွင်း အစာတွေရွှေ့လျားမှုကို ချောမွေ့စေပြီး ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးပါတယ်။

၄။ ပေါ့ပေါ့ပါးပါး အစားအစာများကို ရွေးချယ်ပါ - အဆီအဆိမ့်များလွန်းတာတွေထက် အာဟာရပြည့်ဝပြီး အစာကြေလွယ်တဲ့ အစားအစာတွေကို ပိုမိုစားသုံးပေးပါ။

🥛 Cow Cow ရဲ့ အကြံပြုချက်
အစာခြေစနစ် ကောင်းမွန်ခြင်းက သင့်ရဲ့ တစ်နေ့တာ စွမ်းအင်ကို တိုးတက်စေပါတယ်။ နေ့စဉ် အာဟာရဖြည့်တင်းတဲ့အခါ လန်းဆန်းပြီး အစာကြေစနစ်ကို အထောက်အကူပြုတဲ့ Cow Cow Premium Milk Powder ကို ရွေးချယ်နိုင်ပါတယ်။
380g အထုပ်ကြီးများလည်းရှိတာ​ကြောင့် ​နေစဥ် ပုံမှန်​သောက်သုံးပြီး ကျန်းမာ​သော အ​လေ့အ​ကျင့်​လေး​တွေကို စတင်လိုက်ကြရ​အောင်။

အိပ်စက်ခြင်းက နာရီပေါင်းများစွာ အိပ်ရုံနဲ့မလုံလောက်ဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့က ပိုအရေးကြီးပါတယ်။ Cow Cow Well...
15/05/2026

အိပ်စက်ခြင်းက နာရီပေါင်းများစွာ အိပ်ရုံနဲ့မလုံလောက်ဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့က ပိုအရေးကြီးပါတယ်။ Cow Cow Wellness နဲ့အတူ အရည်အသွေးပြည့်ဝတဲ့ အိပ်စက်ခြင်းကို ပိုင်ဆိုင်နိုင်ဖို့ ဒီအချက်လေးတွေကို သတိထားကြည့်လိုက်ရအောင်။ 🥛💤

🛑 အိပ်ရေးဝဝအိပ်ပေမယ့် အရည်အသွေးမပြည့်ဝကြောင်း ပြသနေတဲ့ အချက်​လေး (၅) ချက်ပါ

၁။ မနက်အိပ်ရာထ လာရင် နုံးချိနေခြင်း - အိပ်ရာက နိုးလာတဲ့အခါ လန်းဆန်းမနေဘဲ လူက ဆက်အိပ်ချင်နေသေးတာမျိုးပါ။

၂။ အာရုံစူးစိုက်မှု မရနိုင်ခြင်း - တစ်နေ့တာ လုပ်ငန်းဆောင်တာတွေ လုပ်တဲ့အခါ စိတ်မပါတာ ဒါမှမဟုတ် အာရုံစိုက်ဖို့ ခက်ခဲနေတာမျိုး​တွေ ဖြစ်​နေတတ်ပါတယ်။

၃။ စိတ်တိုလွယ်ခြင်း - အသေးအမွှားလေးကအစ စိတ်မရှည်ဖြစ်တာ၊ စိတ်တိုလွယ်တာတွေက အိပ်စက်မှု မပြည့်ဝတာကြောင့်လည်း ဖြစ်တတ်ပါတယ်။

၄။ အစားတွေ အရမ်းဆာခြင်း - အိပ်ရေးမဝတဲ့အခါ ခန္ဓာကိုယ်က စွမ်းအင်လိုအပ်တယ်လို့ ထင်မှတ်ပြီး ညဘက်မှာ အစားအသောက်တွေကို ပိုမိုတောင့်တတတ်ပါတယ်။

၅။ စွမ်းအင် မြန်မြန်ကုန်ခမ်းခြင်း - မနက်ပိုင်းမှာ အလုပ်လေးနည်းနည်းလုပ်ရုံနဲ့ လူက အရမ်းပင်ပန်းသွားတာမျိုးပါ။

✨ ပိုမိုကောင်းမွန်တဲ့ အိပ်စက်ခြင်းအတွက် အကြံပြုရမယ်ဆိုရင် အိပ်ရာမဝင်ခင်မှာ နွားနို့ပူပူလေး တစ်ခွက်သောက်ပေးခြင်းက စိတ်ကိုကြည်လင်စေပြီး ခန္ဓာကိုယ်ကို အနားရစေပါတယ်။ Cow Cow Premium Milk Powder ရဲ့ Tyrptophan ဓါတ်က အိပ်စက်ခြင်း အကူအညီ​ပေးတာ​ကြောင့် သင့်ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့ အ​ထောက်အကူပေးမှာဖြစ်ပါတယ်။

အိပ်စက်ခြင်းဆိုတာ အချိန်ပမာဏထက် အရည်အသွေးက ပိုအရေးကြီးတာ​ကြောင့် ကျန်းကျန်းမာမာ​နေကြဖို့ သတိ​ပေးလိုက်ပါတယ်​နော်။


နွေရာသီရဲ့ ပြင်းထန်တဲ့ အပူဒဏ်ကြောင့် အမြဲတမ်း နုံးချိပြီး ပင်ပန်းနေသလို ခံစားနေရပြီလား? ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းတွေနဲ့...
11/05/2026

နွေရာသီရဲ့ ပြင်းထန်တဲ့ အပူဒဏ်ကြောင့် အမြဲတမ်း နုံးချိပြီး ပင်ပန်းနေသလို ခံစားနေရပြီလား?
ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းတွေနဲ့အတူ Cow Cow Wellness က​နေ ပေးမယ့် အကြံပြုချက်လေးတွေကို ကြည့်လိုက်ရအောင်။ ☀️🌡️

🔥 အပူရှိန်ကြောင့် ဘာကြောင့် တစ်နေ့တာလုံး ပင်ပန်းနေရတာလဲ?
၁။ ရေဓာတ်ဆုံးရှုံးခြင်း ဟာ အပူဒဏ်ကြောင့် ချွေးထွက်များတဲ့အခါ ခန္ဓာကိုယ်ထဲက ရေဓာတ်တွေ ကုန်ခမ်းပြီး လူကို နုံးချိသွားစေပါတယ်။

၂။ အပူချိန်ကို ထိန်းညှိပြီး ခန္ဓာကိုယ် အေးမြနေအောင် လုပ်ဆောင်ရတဲ့အတွက် ခန္ဓာကိုယ်ကစွမ်းအင်တွေ ပိုမိုကုန်ခမ်းစေပါတယ်။

၃။ ပူအိုက်တဲ့အခါ အစားစားချင်စိတ် နည်းသွားတာ ဒါမှမဟုတ် အစာကြေဖို့ခက်တဲ့ အစားအစာတွေ စားမိတာက အစာမကြေခြင်းနှင့် အစားအသောက်မမှန်ခြင်းတို့ဖြစ်​စေပြီး လူကို ပိုပြီးထိုင်းမှိုင်းစေပါတယ်။

၄။ ချွေးနဲ့အတူ ပါသွားတဲ့ သတ္တုဓာတ်တွေကြောင့် ဓာတ်ဆားဓာတ် မမျှတခြင်းဖြစ်​ပေါ်​စေပြီး ခန္ဓာကိုယ်ရဲ့ စွမ်းအင်ပမာဏကို လျော့နည်းသွားတတ်ပါတယ်။

🥛 နွားနို့မှာ ပါဝင်တဲ့ သဘာဝသတ္တုဓာတ်နဲ့ ဗီတာမင်တွေက သင့်ကို အပူဒဏ်ကြားမှာ လန်းဆန်းတက်ကြွနေစေမှာပါ။

အပူရှိန်ပြင်းတဲ့နေ့ရက်တွေမှာ ရေဓာတ်ပြည့်ဝနေဖို့နဲ့ အာဟာရပြည့်ဝတဲ့ အစားအသောက်တွေ စားဖို့ မမေ့ပါနဲ့။

"တန်ခူးအပူကို အန်တုပြီး... အတာနွေရဲ့ လန်းဆန်းမှုကို အတူတူရှာဖွေစို့" ☀️လျော့ရဲမှုမရှိတဲ့ နွေဦးရဲ့ အပူရှိန်အောက်မှာ ပိတော...
30/04/2026

"တန်ခူးအပူကို အန်တုပြီး... အတာနွေရဲ့ လန်းဆန်းမှုကို အတူတူရှာဖွေစို့"

☀️လျော့ရဲမှုမရှိတဲ့ နွေဦးရဲ့ အပူရှိန်အောက်မှာ ပိတောက်ရနံ့တွေက သင်္ကြန်ရဲ့ အနှစ်သာရဆိုတာကို သတိပေးနေပါပြီ။ ဧပြီလရဲ့ နေပူရှိန်ဟာ ပြင်းထန်လှပေမယ့် အတာသင်္ကြန်ရဲ့ ပျော်ရွှင်မှုတွေက ကျွန်မတို့ကို အမြဲတမ်း တက်ကြွလန်းဆန်းစေပါတယ်။
​ဒီလို အပူဒဏ်နဲ့ အပျော်ဒဏ်တွေ ဒွန်တွဲနေတဲ့ ကာလမှာ Cow Cow Wellness က လူကြီးမင်းတို့အတွက် အေးမြတဲ့ "နွေဦးအိုအေစစ်" လေးတစ်ခု ဖြစ်ပါရစေ။

​အပြင်ဘက်မှာ ဘယ်လောက်ပဲ ပူပြင်းပါစေ... နို့​အေး​အေး​လေးတစ်ခွက်ဟာဆိုရင်ဖြင့် -
✨ အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်နေတဲ့ ခန္ဓာကိုယ်ကို ပြန်လည်လန်းဆန်းစေခြင်း၊
✨ သင်္ကြန်ရဲ့ စည်ကားမှုတွေကြားမှာ ကိုယ်ပိုင် "Me-Time" အေးအေးလေးကို ခံစားရရှိ​စေခြင်း၊
✨ နွေရာသီရဲ့ ပင်ပန်းမှုဟူသမျှကို သက်သောင့်သက်သာ ဖြေဖျောက်ပေးခြင်း။

​အတာရေစင်ရဲ့ အေးမြမှုနဲ့အတူ Cow Cow Wellness က လူကြီးမင်းတို့ကို နွေဦးရဲ့ အလှပဆုံး နေ့ရက်တွေဆီကို ခေါ်ဆောင်သွားမှာပါ။ 🌿💦

​နွေအပူကို အပြုံးနဲ့ရင်ဆိုင်နိုင်ဖို့... Cow Cow နဲ့အတူ အင်အားပြည့်လန်းဆန်းလိုက်ပါ။ ✨🍃





28/04/2026

💪ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်ပြီး ဉာဏ်ရည်ဖွံ့ဖြိုးဖို့ ကလေးတိုင်းအတွက် အာဟာရပြည့်ဝတဲ့ Cow Cow ရဲ့ Whole Milk ကို ရွေးချယ်လိုက်ပါ။🥛✨

27/04/2026

🌿🥛Cow Cow ရဲ့ Skim Milk က လူကြီးမိဘများရဲ့ကျန်းမာရေးအတွက် အထူးသင့်လျော််တဲ့ နေ့စဉ်အာဟာရ ရွေးချယ်မှုပဲဖြစ်ပါတယ်၊၊✨

26/04/2026

သင်္ကြန်အပြီးမှာ ခန္ဓာကိုယ်အတွက် High-Quality Protein နဲ့ Vitamin D က ဘယ်လောက်အရေးကြီးလဲဆိုတာ သိပြီးပြီလား? 🧬🥛

အတွင်းပိုင်းကနေ အပြင်ဘက်အထိ ပြန်လည်ကျန်းမာ လန်းဆန်းလာစေဖို့ Dr. May ရဲ့ အကြံပြုချက်တွေကို နားထောင်ကြည့်လိုက်ရအောင်။

ဒီနေ့အတွက် Cow Cow တစ်ခွက် သောက်ပြီးပြီလား? 🥛✨

24/04/2026

နူးညံ့အိစက်ပြီး လုပ်ရတာလည်း အရမ်းလွယ်တဲ့ နို့ခဲလုံး လုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။ အိမ်မှာရှိတဲ့ ပစ္စည်းလေးတွေနဲ့တင် မိနစ်ပိုင်းအတွင်း အချိုပွဲကောင်းကောင်းလေး လုပ်စားလို့ရပြီနော်။ အပူဒဏ်ကြောင့် အပြင်မထွက်ချင်တဲ့နေ့မျိုးမှာ ကလေးတွေအတွက် အာဟာရလည်းရှိ၊ လုပ်ရတာလည်း ပျော်စရာကောင်းတဲ့ မုန့်လုပ်နည်းလေးပါ။



နှစ်သစ်ရဲ့ ခြေလှမ်းတိုင်းကို လန်းဆန်းတက်ကြွတဲ့ အားအင်တွေနဲ့အတူ ရှေ့ဆက်ကြရ​အောင် ☀️✨​အတာသင်္ကြန်ရဲ့ စည်ကားမှုတွေအပြီးမှာ ...
23/04/2026

နှစ်သစ်ရဲ့ ခြေလှမ်းတိုင်းကို လန်းဆန်းတက်ကြွတဲ့ အားအင်တွေနဲ့အတူ ရှေ့ဆက်ကြရ​အောင် ☀️✨

​အတာသင်္ကြန်ရဲ့ စည်ကားမှုတွေအပြီးမှာ တည်ငြိမ်​အေးချန်းတဲ့ နံနက်ခင်းရဲ့​နေ့သစ်တွေနဲ့အတူ နှစ်သစ်ကို စတင်လိုက်ပါပြီ။ သင်္ကြန်ကာလအတွင်း အပြည့်အဝ ပျော်ရွှင်ခဲ့သမျှ... အခုဆိုရင် သားသားမီးမီး၊ ကိုကိုမမ တို့ရဲ့ ခန္ဓာကိုယ်နဲ့ အားအင်​တွေကို ပြန်လည်ဖြည့်တင်းဖို့ အချိန်တန်ပြီဖြစ်ပါတယ်။

​Cow Cow Wellness မှာတော့ နှစ်သစ်ရဲ့ ခြေလှမ်းသစ်တွေအတွက် -
🌱 ပင်ပန်းနွမ်းနယ်မှုကို ပျောက်ကွယ်စေမည့် လန်းဆန်းမှု၊
🌱 အလုပ်ခွင်သို့ ပြန်လည်ဝင်ရောက်ရန် လိုအပ်သည့် တက်ကြွမှု၊
🌱 နှင့် ကြည်လင်၊ တက်ကြွသော စိတ်ခွန်အားတွေကို ပြန်လည်ရရှိစေမှာပါ။

​အတာသင်္ကြန်ဆိုတာ နှစ်ဟောင်းအညစ်အ​ကြေး​တွေကိုစွန့်ပြီး အသစ်ကို လှမ်းတက်ခြင်းဖြစ်သလို... သင်္ကြန်အလွန်မှာလည်း ပိုမိုကောင်းမွန်တဲ့ လူနေမှုပုံစံ နဲ့အတူ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာစွာ ရှေ့ဆက်နိုင်ဖို့ Cow Cow Premium Milkpowder က အမြဲအတူရှိ​နေမှာပါ။

​နှစ်သစ်ရဲ့ ပထမဆုံး အသက်ရှူသံမှာ... အလန်းဆန်းဆုံး ခံစားမှုတွေနဲ့အတူ Cow Cow Wellness က စောင့်ကြိုနေမှာပါရှင်။ ✨🌿





Address

123/C, Oak Street, Shwe Gon Taing West Ward, Bahan Township

11201

Telephone

+9595005800

Website

Alerts

Be the first to know and let us send you an email when Cow Cow - ကောင်းကောင်းနို့မှုန့် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Cow Cow - ကောင်းကောင်းနို့မှုန့်:

  • Want your business to be the top-listed Health & Beauty Business?

Share