FDA Consultant Myanmar

FDA Consultant Myanmar Provides particular quality consulting, quality assurance and regulatory compliance for medical devices, food and food supplements, and pharmaceuticals

ပြည်တွင်းစားသောက်ကုန် ထုတ်လုပ်သော လုပ်ငန်းများအတွက်..
14/06/2022

ပြည်တွင်းစားသောက်ကုန် ထုတ်လုပ်သော လုပ်ငန်းများအတွက်..

ပြည်ပက တင်သွင်းလိုတဲ့ စားသောက်ကုန်၊ ဖြည့်စွက်စာနဲ့ အလှကုန်တွေကို ဘေးသင့်မသင့်နဲ့ မှန်ကန်မှုရှိမရှိဆိုတာ သိရှိဖို့နဲ့ စား...
02/06/2022

ပြည်ပက တင်သွင်းလိုတဲ့ စားသောက်ကုန်၊ ဖြည့်စွက်စာနဲ့ အလှကုန်တွေကို ဘေးသင့်မသင့်နဲ့ မှန်ကန်မှုရှိမရှိဆိုတာ သိရှိဖို့နဲ့ စားသုံးသူကာကွယ်ရေးအတွက် FDA မှာ မဖြစ်မနေ မှတ်ပုံတင်ဖို့လိုပါတယ်...

အတွေ့အကြုံရှိ ပညာရှင်များနဲ့ ဖွဲ့စည်းထားတဲ့ FDA Consultant Myanmar မှ မြန်ဆန်တိကျသော ဝန်ဆောင်မှုကို အပ်နှင်းသည့်အပြင် သက်သာသော နှုန်းထားများဖြင့် တာဝန်ယူမှု တာဝန်ခံမှုများဖြင့် FDA မှာ မှတ်ပုံတင်ပေးနေပြီဖြစ်ပါတယ်...

ကုန်စျေးနှုန်းတွေတက်ပေမယ့် ဝန်ဆောင်ခကတော့ ကျဆင်းသွားပါပြီနော်...

ယခင် ဝန်ဆောင်ခ 150000/
ယခု ဝန်ဆောင်ခ 70000/ ဖြင့် အပြီးအစီး FDA တင်ပေးပါတယ်ရှင်...

အသေးစိတ်သိရှိလိုပါက
ဆက်သွယ်ရန် - 09757940640

🎊 Happy new year to you all ! 🎊 🎉 နှစ်သစ်မှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေကြောင်းဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်ရှင်🙏...
31/12/2021

🎊 Happy new year to you all ! 🎊

🎉 နှစ်သစ်မှာ ကိုယ်စိတ်နှစ်ဖြာ
ကျန်းမာချမ်းသာပါစေကြောင်း
ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်ရှင်
🙏🙏🙏🎉

26/12/2021

အပြည်ပြည်ဆိုင်ရာ ပို့ကုန် သွင်းကုန်လုပ်ငန်းကို လေ့လာလိုသောသူများအတွက် လေ့လာ ဖတ်ရှု့တက်ရောက်သင့်သော စာအုပ်၊ Facebook account နှင့် သင်တန်းများအား ဝေမျှလိုပါသည်။

ပထမဦးစွာ အပြည်ပြည်ဆိုင်ရာ ပို့ကုန် သွင်းကုန်လုပ်ငန်းတွင် လုပ်ဆောင်ရသော အခြေခံ အဆင့်များကို ဦးစွာ ရှင်းပြလိုပါသည်။

ကုန်ပစ္စည်းများကို တစ်နေရာ (တိုင်းပြည်တစ်ခု)မှ အခြားတစ်နေရာ(တိုင်းပြည်တစ်ခု) သို့ တင်ပို့ရောင်းချရာတွင်-အခြေခံအားဖြင့်
(၁) ကုန်ရောင်းမည့်သူ / ကုန်ဝယ်မည့်သူ ကမ်းလှမ်းရှာဖွေခြင်း
(၂) စျေးနှူန်း နှင့် ကုန်ပစ္စည်းအမျိုးအမည် စုံစမ်းမေးမြန်းခြင်း
(၃) ကုန်ပစ္စည်းနမူနာ တင်ပို့ခြင်း
(၄) ကုန်ပစ္စည်းအရည်အသွေး၊ ပမာဏ၊ ငွေပေးချေမှုနည်းလမ်း၊ ကုန်တင်ပို့မှုနည်းလမ်းများအား နှစ်ဘက်ညှိနှိူင်းခြင်း
(၅) ကုန်ရောင်းကုန်ဝယ် စာချုပ်ချုပ်ဆိုခြင်း
(၆) ဘဏ်နှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း
(၇) ထုတ်ကုန်လိုင်စင် လျောက်ထားခြင်း
(၈) ထုတ်ကုန်နှင့်သက်ဆိုင်သော အစိုးရ
ဝန်ကြီးဌာနများမှ ထောက်ခံချက်ရယူခြင်း
(၉) သင်္ဘောလိုင်း နှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း
(၁၀) ကုန်ပစ္စည်းတင်ပို့ခြင်း
(၁၁) ဘဏ်နှင့်ချိတ်ဆက်၍ သင်္ဘောတင်စာရွက်စာတမ်းများ အပ်နှံခြင်း နှင့်
(၁၂) ဘဏ်မှ ကုန်တန်ဖိုးငွေ ထုတ်ယူခြင်း
ဟူ၍ အခြေခံအဆင့်များရှိပါသည်။

အထက်ဖော်ပြပါ အဆင့်များအား လွယ်ကူစွာလုပ်ဆောင်နိူင်ရန် -

(က) ကုန်ရောင်းကုန်ဝယ်စတင်မှုနှင့်သက်ဆိုင်သော ဗဟုသုတများအား။
(၁) မောင်ရေအေး(ဟားဗက်တက္ကသိုလ်)ရေးသားသော” ပို့ကုန်သွင်းကုန်လုပ်ငန်း ဘယ်လိုထူထောင်မလဲ”စာအုပ်
(၂) မောင်ရေအေး(ဟားဗက်တက္ကသိုလ်)ရေးသားသော “ အင်ကိုတမ်း ၂၀၁၀”
(၃) ဦးသိန်းလွင်(ပြည်ပပို့ကုန်)ရေးသားသော “လက်တွေ့အသုံးချ အင်ကိုတမ်း ၂၀၁၀”စာအုပ်များကို လေ့လာဖတ်ရှူနိူင်ပါသည်။

MSCC မှဖွင့်လှစ်သော “ Customs Clearance နှင့်ဆက်နွယ်သောသင်တန်းများအား” လေ့လာတက်ရောက်သင့်ပါသည်။

(ခ) ဘဏ်လုပ်ငန်းဆိုင်ရာ ဗဟုသုတများအား-
(၁) ဦးစိုးတင်(ကြည်ခင်)ရေးသားသော”ဘဏ်လုပ်ငန်းနှင့် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေး”

(၂) ဦးသိန်းနိူင်(အာရှဓနဘဏ်)ရေးသားသော”နိူင်ငံတကာသွင်းကုန်ထုတ်ကုန်ဘဏ်လုပ်ငန်း လုပ်ထုံးလုပ်နည်းများ”
စာအုပ်များတွင်ဖတ်ရှူလေ့လာနိုင်ပါသည်။

(ဂ)သင်္ဘောလုပ်ငန်းဆိုင်ရာ ဗဟုသုတများအတွက်
(၁) ဆရာဦးသန့်ဇင် (MICS-UK) ရေးသားသော “ပင်လယ်ရေကြောင်း ကုန်သွယ်ရေးဆိုင်ရာ သိကောင်းစရာများ”
(၂) ဦးကျော်ညွှန့်ရေးသားသော - “ကမ္ဘာ့သင်္ဘောလုပ်ငန်းအကြောင်း”
(၃) ကိုငြိမ်း(S.A.D) ရေးသားသော- “စိတ်ဝင်စားစရာ ကွန်တိန်နာ နှင့် သင်္ဘောလုပ်ငန်းဆိုင်ရာမှတ်စု”
စာအုပ်များအားလေ့လာဖတ်ရှူသင့်ပါသည်။

ဆရာဦးသန့်ဇင် ၏ “ Thant Zin” face book account တွင်လည်းဝင်ရောက်လေ့လာနိူင်ပါသည်။

ဆရာဦးသန့်ဇင်(MICS-UK) YISL ကျောင်းမှဖွင့်လှစ်သော “ Bill of Lading" သင်တန်း နှင့် “ "Chatering" များအား လေ့လာတက်ရောက်သင့်ပါသည်။

(ဃ) ကုန်ရောင်းကုန်ဝယ်စာချုပ်ချုပ်ဆိုမှုနှင့်ဆိုင်သော ဗဟုသုတများအတွက်-
- ဦးသိန်းလွင်(ပြည်ပပို့ကုန်)ရေးသားသော”လက်တွေ့အသင့်သုံး ပြည်ပပို့ကုန်သွင်းကုန် စာချုပ်များ” စာအုပ်အားဖတ်ရှူလေ့လာသင့်ပါသည်။

(င) ကုန်ပစ္စည်းရှင်းလင်းထုတ်ယူမှု(Customs Clearance )နှင့်သက်ဆိုင်သော ဗဟုသုတများအတွက် -
- ဆရာဦးညီညီအောင် ရေးသားသော “အကောက်ခွန် ဝန်ဆောင်မှုအကြောင်းသိကောင်းစရာ”
စာအုပ်အားဖတ်ရှူလေ့လာသင့်ပါသည်။
UMFCCI မှ ဖွင့်လှစ် ပို့ချသော အကောက်ခွန်ရှင်းလင်းရေးနှင့်သက်ဆိုင်သော သင်တန်းများအားလေ့လာတက်ရောက်သင့်ပါသည်။

(စ) သိုလှောင်ရုံ နှင့်ပတ်သက်သော ဗဟုသုတများအတွက်-
(၁) ကိုဇာနည်(Synergy) ရေးသားသော”Warehouse Management
(၂) “Inventory စီမံသူတို့ လက်စွဲ”
စာအုပ်များအားလေ့လာဖတ်ရှူသင့်ပါသည်။

“Wh how to “ facebook group တွင်လည်း၀င်ရောက်လေ့လာနိူင်ပါသည်။

(ဆ) Logistics ပိုင်း နှင့်ပတ်သက်သော ဗဟုသုတများအတွက်-
- ဆရာဦးမျိုးငြိမ်းအေး ရေးသားသော
“ Logistics ဆိုင်ရာအဝေးကြည့်ဆောင်းပါးများ” စာအုပ်အားဖတ်ရှူလေ့လာသင့်ပါသည်။

ဆရာဦးမိုးသန့်မှ ဖွင့်လှစ်သော “Logisitcs|Supply Chain and Warehousing “နှင့်သက်ဆိုင်သော သင်တန်းများအားလေ့လာတက်ရောက်သင့်ပါသည်။

(ဇ) Insurance လုပ်ငန်းနှင့် ပတ်သက်သော ဗဟုသုတများအတွက်-
- ဦးဗကြိုင်(B.A.;B.L) ရေးသားသော
“ပင်လယ်ရေကြောင်းအာမခံနှင့် အာမခံလုပ်ငန်းများဥပဒေပေါင်းချုပ်” စာအုပ်အားလေ့လာဖတ်ရှူသင့်ပါသည်။

“Experience is the best teacher “ဟူသောစကားအတိုင်း စာပေဗဟုသုတဖတ်ရှူသလို၊ လက်တွေ့လုပ်ဆောင်ပါက ပိုမိုအကျိုးပြုနိူင်ပါသည်။

သင်ဆရာ မြင်ဆရာ ကြားဆရာ အပေါင်းအား လေးစားဂါရဝပြု ပါသည်။
Credit - Myolwin

25/10/2021

ကိုယ့်ကိုယ်ကို အထင်မသေးပါနဲ့
************************

အလုပ်တစ်ခုကို ငါမလုပ်နိုင်ပါဘူးလို့
ဘယ်တော့မှ မတွေးလိုက်ပါနဲ့။

ကိုယ့်ကို စွန့်ခွာသွားသူတစ်ယောက်ကို
ငါ မမေ့နိုင်ပါဘူးလို့ မတွေးလိုက်ပါနဲ့။

သူများအလုပ် လုပ်ကိုင်နေရတော့
ငါ လုပ်ငန်းရှင်တစ်ယောက် ဖြစ်မလာနိုင်ဘူးလို့
မတွေးလိုက်ပါနဲ့။

ကိုယ့်မှာတီးတိုးဖော် မရှိတော့လို့
ငါ တစ်ယောက်တည်းမနေနိုင်ပါဘူးလို့
မတွေးလိုက်ပါနဲ့။

ကိုယ်တန်ဖိုးထားရသူတွေ ဆုံးရှုံးသွားတော့လို့
ငါ့ဘဝက အဓိပ္ပာယ်မဲ့သွားပြိီလို့ မတွေးလိုက်ပါနဲ့။

ရှုံးနိမ့်ခြင်းတွေ ကြုံနေရလို့
ကိုယ့်ကိုကိုယ် အသုံးမကျတဲ့သူပါလားလို့
မတွေးလိုက်ပါနဲ့။

ကြမ္မာဆိုးတွေ မွှေနှောက်နေတိုင်း
ငါ့ဘဝက ဘယ်တော့မှ ကံမကောင်းနိုင်ဘူးလို့
မတွေးလိုက်ပါနဲ့။

ရောဂါဝေတနာတွေ ခံစားနေရလွန်းလို့
ငါ့ဘဝက ဇာတ်သိမ်းခန်းရောက်ပြီလို့
မတွေးလိုက်ပါနဲ့။

အဲဒီလို တွေးလိုက်မိပြီဆိုတာနဲ့ သင့်ဘဝက
တစ်ဝက်သေသွားတာ သေချာသွားပြီလေ။

ပိုးစုန်းကြူးလို အကောင်သေးသေးလေးတွေတောင်
သူတို့မှာရှိနေတဲ့ ကိုယ်ပိုင်အလင်းရောင်နဲ့
လောကကြီးကို အလင်းရောင် ပေးစွမ်းနေကြတယ်။

အဆင်မပြေမှုတွေ နှလုံးသားရဲ့ ခံစားမှုတွေ
ဖိစီးနှိပ်ဆက်ခံရတိုင်း ဘဝကို ရေစုန်မျောနေမိရင်
လောကကြီးက မင်းကို ကောင်းချီးပေးလာမှာ မဟုတ်ဘူးလေ။

သူငယ်ချင်း
ကိုယ့်ကိုကိုယ် အထင်သေးတဲ့တစ်နေ့
မင်းဟာ တန်ဖိုးမဲ့လူသားတစ်ယောက် ဖြစ်မှန်းမသိဖြစ်လာပြီး
လူ့လောကကို လက်ကမ်းကြိုဆိုခဲ့တဲ့
မိဘမျက်နှာကို အိုးမဲ သုတ်သလိုပဲ။
ငါမလုပ်နိုင်ဘူး မဖြစ်နိုင်ဘူးလို့
တွေးတဲ့တစ်နေ့ မင်း သေသွားတဲ့နေ့ပဲ ဖြစ်သင့်တယ်။

ခံစားချက်တွေများလွန်းလို့ မခံမရပ်နိုင် ဖြစ်နေရင်
တစ်ရက်တော့ ငိုပါ။
ပြီးရင်တော့ ပြုံးနိုင်အောင် ကြိုးစားပါ။

Crd

အစားအသောက်ဌာနခွဲတွင် E-submission System ဖြင့် Health Supplement များအား သွင်းကုန်ထောက်ခံချက် လျှောက်ထားခြင်းနှင့် ပတ်သက...
25/10/2021

အစားအသောက်ဌာနခွဲတွင် E-submission System ဖြင့် Health Supplement များအား သွင်းကုန်ထောက်ခံချက် လျှောက်ထားခြင်းနှင့် ပတ်သက်သည့် ကြေညာချက်အမှတ် (၁/၂၀၂၁)

Food or Food supplement or Health supplement များ FDA မှာ လျှောက်ထားလိုပါက ကိုယ်စားဆောင်ရွက်ပေးပါတယ်...

အသေးစိတ်သိရှိလိုပါက ဆက်သွယ်ရန်-
09757940640, 09971651684


Address

Yangon

Website

Alerts

Be the first to know and let us send you an email when FDA Consultant Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to FDA Consultant Myanmar:

Share