18/04/2024
သူငယ်ချင်း
ငါခင်ပြီဆိုရင်
စိတ်ရောကိုယ်ပါ ခင်တတ်တာမို့
မင်းအပေါ်ယုတ်မာမှာကို
ဘယ်တော့မှ မစိုးရိမ်ပါနဲ့ သူငယ်ချင်း
📖📖📖📖📖📖📖📖📖
ငါ့ဘက်က
အေးတိအေးစက်နိုင်တဲ့အခါ နိုင်မယ်
ဒါပေမယ့် မင်းသိထားပါ ...
ငါခင်ပြီဆိုရင်
အပေါ်ယံ ဟန်ဆောင်မှုတွေ မပါ
ရင်ထဲက စိတ်ရင်း နဲ့သာ
ပေါင်းတတ်သူ တစ်ယောက် ဆိုတာကို
*နောက် တစ်ခုလည်း
မင်း သိထားပါ
သူများ ချစ်ခင်နေ သူတွေကြား
ဘယ်တော့မှ ငါသွေး ဝင်မခွဲဘူး
ကိုယ့်ကို ပိုခင်လာ အောင်လည်း
နည်းလမ်း တွေသုံး ငါ မလုပ်တတ်ဘူး
*မင်း လိုအပ်တဲ့ အခါ ...
ငါ မင်းအနား နေပေးမယ် ...
အားပေးမယ် ...
နှစ်သိမ့်မယ် ...
မင်းမှီဖို့အတွက် ငါ ပခုံးငှားပေးမယ် ...
*ဒါပေမယ့် မင်းအတွင်းရေးတွေကို
ငါ့ နားနှစ်ဖက် အပြင်
တစ်ခြားလူ ထပ်မကြား စေရဘူး
*ဒါ့ကြောင့် ငါ့ကို ခင်နေပြီဆို
စိတ်ချ လက်ချ
မင်း ရင်ဖွင့် နိူင်ပါတယ်
*ငါလည်း လူသား တစ်ယောက်ပါ
ငါ စိတ်တိုတဲ့အချိန် ရှိမယ်
ဝမ်းနည်း အားငယ်တဲ့ အချိန် ရှိမယ်
*တခါတလေ ငါ့ဘက်က
လိုအပ်မှုတွေ ရှိ လာခဲ့ ရင်လည်း
မင်းပြန်နားလည်ပေးပါ သူငယ်ချင်း
*ငါ တို့တတွေ
ဟိုး ဘဝ နေဝင်ချိန်တွေ ထိ
နားလည်မှု
ခင်မင်မှု တွေနဲ့ တူတူ ...
ဆက်ခင်မင်
သွားကြရအောင်နော် သူငယ်ချင်း
သူငယ်ချင်းကောင်းများကိုMt ပြီးပိုမိုခင်သွားကြပါစေ