18/05/2026
""" ကာမ အားတိုးဆေး (လိင်စိတ်ကြွ သောက်ဆေး)
များ၏ အန္တရာယ်"""
ဒီ ဆေးဝါးတွေ အန္တရာယ် ကို ပြောပြချင် တာ ကြာပါပြီ။
ကျနော့် ရဲ့ အချို့ အသိမိတ်ဆွေ များ ၊ အချို့ မိတ်ဆွေ မဟုတ်သော်လည်း ကျနော် သိသော သူများ ဒီလို ကာမအားတိုးဆေး တွေရဲ့ ဘေးထွက်ဆိုးကျိုး တွေကြောင့် အသက် ေ-သ ဆုံးသွားကြတယ်လို့ ကျနော် ထင်တာ တွေ များနေလို့ပါ။
ကျနော့် ရဲ့ အထင် အမြင် သက်သက် ပါ အတိအကျ တော့ မဟုတ်ပါဘူး။ သူများတွေကို လည်း အဲ့တာကြောင့်လို မပြောခဲ့ဖူးပါဘူး။
ကျနော် အမြင် ကို အကြမ်းဖျင်း ပြောပြရရင် ၊ အသက် ၅၀ ပတ်ဝန်း ကျင် နဲ့ ၆၀ ကြား အမျိုးသားတွေ ရုတ်တရက် လဲကျ ပြီး ေ-သ ဆုံးသွားတာ၊ ညနေက မှအကောင်းကြီး ည သန်းခေါင် ထဖေါက် လို့ ဆေးရုံ ပို့တာ လမ်းတင် ဆုံးသွားတယ် ၊ စသည်ဖြင့် အဲ့လို အဖြစ်အပျက်တွေ မကြာခဏ ကြားရတတ်ပါတယ်။
အဲ့ဒီလို ကြားတာ နဲ့ အခု ကျနော် ပြောသလို ဖြစ်တာပါလို့ မဆိုလိုပါဘူး။
ဒါပေမဲ့ အခု ကျနော် ပြောမည့် အကြောင်းအရာ တခု လည်း ဖြစ် တတ်ပါသေးတယ်။
ကာမ အားတိုးဆေး တွေ ကြောင့် ရုတ်တရက် သွေးပေါင် ကျ ပြီး ေ-သ ဆုံးတတ်ပါ သေးတယ်။
ကျနော့် time line မှာ ဒီ အကြောင်းကို သိစေဘို့ ""လေဖြတ် တယ် ဆိုတိုင်း သွေးတိုးလို့ လား"
ဆိုတဲ့ ပိုစ့်ကို pin လုပ်ထားပါတယ်။ ဖတ်ရှူ သူ အင်မတန်နည်း တာ ကို တွေ့ရပါတယ်။
ဒီ အကြောင်းကို အသေးစိတ် လေ့လာ ဘို့ အတွက် အဲ့ဒီ ပိုစ့် ကို ကွန်းမန့် မှာ link ချပေးထားပါမယ်။
အခု ပြောတဲ့ကာမ အားတိုးဆေးဆိုတာ ဗိုက်တာမင် နဲ့သတ္တုဓါတ် အားဆေး တွေ ရယ် ဆရာဝန်တွေ ညွှန်ကြား ပေး တဲ့ ဆေးတွေ ရယ် ကို ဆိုလိုတာ မဟုတ်ပါဘူး။
စိတ်ကြွဆေး မူးရစ်ဆေး အမျိုးမျိုး နဲ့ ကန်တော့ပါရဲ့ ကြီး ရှည် ကြာ ဆိုတဲ့ ဆေးမျိုးတွေ ကို ဆိုလိုခြင်း ဖြစ်ပါတယ်။ ဖီးဆေး ကြာဆေး ဆိုတာမျိုး တွေပေါ့။ (edit)
ဒီလိုဆေးတွေ ရဲ့ အလုပ် လုပ်ဆောင်ပုံဟာ လိင် အင်္ဂါ သွေးကြောတွေ ကို ချဲ့ပေးပြီး လိင်အင်္ဂါမှာ သွေးလှည့်ပတ်မှု တိုးစေတာပဲ ဖြစ်ပါတယ်။
တပါတည်း ခန္ဓာ ကိုယ် တခု လုံး ကသွေးကြောတွေပါချဲ့ပေး ပါတယ်။
အဲ့ဒီအခါမှာ ရေစုပ်စက် နဲ့ရေတင် တဲ့အခါ အထွက်ပိုက် ကို ၂ လက်မ အစား ၄ လက်မ သုံးလိုက်တဲ့အတွက် ရေဖိအား နည်းသွားသလို မျိုးပါပဲ။
ကျနော်တို့ ရဲ့ ခန္ဓာ ကိုယ် သွေးကြောတွေ ကျယ် သွားတဲ့ အတွက် ေသွးဖိအားကလည်း ကျသွားပါတယ်။
အဲ့ဒီ အခါ မှာ ဦးနှောက် ကို သွေး ရောက်အောင် ကောင်းကောင်း မပို့ နိုင်တော့ တဲ့အတွက် ဦးနှောက်ဆဲလ် တွေဟာ အာဟာရ ပြတ်ပြီး လေဖြတ် တာ ရုတ်တရက် ေ-သ ဆုံးတာ ဖြစ်တတ်ပါတယ်။
ဒီလို အ ချိန် မှာ ကျသွားတဲ့ ေ-သွးပေါင်ကို ပြန်မှီ ဘို့ နဲ့ ဦးနှောက်ဆီကို သွေးရောက်ဘို့ နှလုံး က မြန်မြန် ခုန် ပေးရပါတယ်။ အဲ့ဒီ အခြေအနေ မျိုးကိုသွေးပေါင်ကျလို့ နှလုံးခုန် မြန်တာ HypotensiveTachycardia လို့ ခေါ်ပါတယ်။
အဲ့ဒီအခါ မှာ လူနာကလည်း ရင်ဘတ်လေးကိုသူ့လက်နဲ့ ဖိပြီး လဲကျသွားပါမယ်။ ဒီလို သွေးပေါင်ကျ ရာမှာ ဖြစ်တတ် တဲ့ လက္ခဏာ တခု ကို ပြောပြခြင်းဖြစ်ပါတယ်။
တနေ့ကဘန်ဇိုင်း အန္တရာယ် အကြောင်း မှာ ဆိုခဲ့သလိုပါပဲ ၊ လူတွေ ရုတ်တရက် လဲကျ ေ-သ ဆုံးတဲ့ အခါမှာ သွေးေဆာင့် တိုးလို့ ၊ နှလုံး ရောဂါ အခံ ရှိလို့ စသည်ဖြင့် သာ ကျနော်တို့ ဘာသာ အမည် တပ်လိုက် ကြပါတယ်။
တကယ်တော့ အခုလို သွေးပေါင်ကျ ပြီး (ကျရတဲ့ အကြောင်းအရင်းက လိင်စိတ်ကြွဆေးတွေ စားလို့ ) လေဖြတ် တတ်သလို ၊ ရုတ်တရက် ေ-သဆုံးတတ်ပါ သေးတယ်။
ပြောကြပါတယ် " ဒီဆေးက ဆိုဒ် အဖက် မရှိဘူးကွ ခေါင်းမကိုက်ဖူး" အဲ့ဒီလို တီးတိုးပြောသံလေးတွေ လည်း မကြာခဏ ကြားမိပါတယ်။
အဲ့ဒီလို လိင်စိတ်ကြွဆေးတွေဟာ ခေါင်းကိုက် ကိုက် မကိုက်ကိုက် စားပါ များလာရင် ပဲ ဖြစ်ဖြစ် အခန့် မသင့်လျှင် တကြိမ်တခါ တည်းပဲ ဖြစ်ဖြစ် ခုလို သွေးပေါင် ကျပြီး ရုတ်တရက် ေ-သ ဆုံးတတ်ပါတယ်။
(လေဖြတ် တာလည်း ဖြစ်တတ်ပါတယ်)
ဒါ့ကြောင့် ဒီလိုဆေး တွေ ကို ဘယ်နိုင်ငံ မှာ မှ တရားဝင် ခွင့်မပြုပါဘူး။
သဘာဝ ဆေးဘက်ဝင် အပင် တွေ နဲ့ ဖေါ်စပ်ထားတဲ့ တိုင်းရင်းဆေး မျိုး တွေကို တော့ စိစစ် ပြီးခွင့်ပြုေပးကြပါတယ်။
ဒါဝောာင် အဲ့ဒီ ဆေးတွေ မှာ အင်္ဂလိပ်ဆေး တွေ ရောထည့်ထားတာ တွေ့ရလို့ တားမြစ် တဲ့ အကြောင်းကျန်းမာရေးဝန်ကြီး ဌာနာကနေ စာထုတ်ပြီး ကြေညာပေး ထားတာ အခုဆို သိကြရောပေါ့။ ဘယ်ဆေးတံဆိပ် တွေ လည်း ဆိုတာ ကျနော်မပြောတော့ပါဘူး။ ရေပန်းစားနေတဲ့ တံဆိပ်တွေပါပဲ။
ယေဘုယျ တော့ ပြောလို့ရပါတယ်။ ဝုန်းဒိုင်း ဖြစ်တယ် ဆို တိုင်းရင်းဆေး မစစ်လို့ပါပဲ။
ယခုပြောပြနေတဲ့ လိင်စိတ်ကြွဆေးတွေကြောင့် သွေးပေါင် ရုတ်တရက် ကျ ပြီး ေ-သ တတ် ဆိုတာ အသက်အရွယ် မရွေး ဖြစ်တတ်ပါတယ်။
အမျိုးသမီး တွေလည်း ဒီလို ဆေးတွေ စားတဲ့အခါ၊ မသမာသူတွေ ရဲ့ဆေးမိတဲ့ အခါ တွေမှာ ခုလို ဘေးဒုက္ခ တွေ ကြုံတတ်ပါသေးတယ်။
မူးရစ်ဆေးဝါး သုံးစွဲတာ ၊ အိပ်ဆေး စိတ်ငြိမ် ဆေး တွေသောက်တာ လည်း ခုလို သွေးကြောတွေကို ကျယ်စေပြီး သွေးပေါင်ကျတတ်ပါတယ်။
အနည်းဆုံး အရက်သောက်တာကအစ သွေးပေါင်ကျ တတ် ပါတယ်။
အရက်သောက်တဲ့အခါ မှာ ရေဓါတ် ခန်းခြောက်တာ ဖြစ်ပြီး သွေးပမာဏ နည်းသွားတဲ့ အတွက် သွေးပေါင်ကျတတ် တယ် လို့ ဆိုပါတယ်။
နိဂုန်းချုပ် အားဖြင့် ပြောရမယ် ဆိုရင်
ကျနော်တို့ အမျိုးသား ကဏ္ဍ ကျန်းမာရေး မကောင်းရင် ဆရာဝန်တွေ နဲ့ကုသလို့ ရပါတယ်။ အမျိုးသားအားဆေးတွေ ကို ဆရာဝန် တွေညွှန်ကြားတာကိုပဲ သူတို့ ပေးတဲ့ ကန့်သတ်ချက် အတိုင်းပဲ မှီဝဲရင် အန္တရာယ် ကင်းပါလိမ့်မယ်။ ဥပမာ သဘာဝတိုင်းရင်းဆေးလိုပေါ့
လက်တို့ပြီး တိုးတိုးတိတ်တ် ဆေးဝယ်ရတာ တွေ ဟာ အခန့်မသင့်ရင် ကိုယ့် ေ-သ တွင်းကိုယ် တူးနေသလိုပဲ ဖြစ်တတ်ပါတယ်။
မည်သူတဦးတယောက် ကိုမျှ တိုက်ခိုက်လိုစိတ် လုံးဝ မရှိပါ ။
အများပြည်သူ ကျန်းမာရေး အတွက် ၊ အထူးသဖြင့်ကျနော် နဲ့ ရွယ်တူ တန်းတူ များ ကျန်းမာရေး ကောင်းပြီး အသက်ရှည်စေဘို့ အတွက် မျှဝေ ခြင်းသာ ဖြစ်ပါတယ်။
အားလုံးကျန်းမာ ကြပါစေ
Dr ' Min Htet Thar