မျှဝေ၊ ကုသ၊ ကင်းစင် - End TB Together

  • Home
  • Myanmar
  • Yangon
  • မျှဝေ၊ ကုသ၊ ကင်းစင် - End TB Together

မျှဝေ၊ ကုသ၊ ကင်းစင် - End TB Together "မျှဝေ၊ ကုသ၊ ကင်းစင် - End TB Together" aims to raise awareness about Tuberculosis in Myanmar.

End TB Together ပရိတ်သတ်တို့ရေ၊ မေလ တစ်လျှောက်လုံးမှာ ဖော်ပြခဲ့တဲ့ အကြောင်းအရာတွေအတွက် ဉာဏ်စမ်း အစီအစဉ်အချိန်လေး ရောက်ရှ...
29/05/2026

End TB Together ပရိတ်သတ်တို့ရေ၊ မေလ တစ်လျှောက်လုံးမှာ ဖော်ပြခဲ့တဲ့ အကြောင်းအရာတွေအတွက် ဉာဏ်စမ်း အစီအစဉ်အချိန်လေး ရောက်ရှိလို့ လာပါပြီ။ အောက်ပါ မေးခွန်းလေးတွေရဲ့ အဖြေမှန်ကို ရွေးပြီး ဖုန်းဘေလ် (၁၀,၀၀၀) ကျပ် လက်ဆောင်ရယူဖို့ ဖိတ်ခေါ်ပါရစေနော်။

🎉ဖုန်းဘေလ်ကံထူးရှင်ဖြစ်ဖို့ စည်းကမ်းချက်လေးတွေကတော့
(၁) End TB Together page ကို Like & Follow လုပ်ထားရန်
(၂) ယခုပို့စ်ကို share ထားတဲ့ screenshot နဲ့အတူ မိမိရွေးချယ်ထားတဲ့ အဖြေမှန်ကို comment မန့်ပေးရန်တို့ပဲ ဖြစ်ပါတယ်။

📌ဖြေဆိုရန် သတ်မှတ်ရက်ကတော့ ဇွန်လ (၅) ရက်နေ့အထိပဲ ဖြစ်ပါတယ်။ အဖြေမှန်တွေနဲ့အတူ ကျပန်းရွေးချယ်ထားတဲ့ ကံထူးရှင်တွေကိုတော့ ဇွန်လ (၈) ရက်မှာ ကြေညာပေးပါမယ်။

အဖြေမှန်ကို ရွေးချယ်ပါ။
(၁) တီဘီပိုးကူးစက်ခံထားရသည့် အခြေအနေမှ တီဘီရောဂါဖြစ်သည့်အဆင့်သို့ မရောက်ရှိအောင် တီဘီရောဂါကာကွယ်ကုထုံး (TPT) သောက်၍ ကာကွယ်နိုင်ပါသည်။
(က) မှန်
(ခ) မှား

(၂) ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏အဆိုအရ တီဘီရောဂါကာကွယ်ကုထုံး (TPT) ဆေး သောက်ထားပါက တီဘီရောဂါဖြစ်လာနိုင်သည့် အလားအလာကို _____________လျှော့ချနိုင်ပြီး (၆) နှစ်မှ (၁၉) နှစ်အထိ နှစ်ပေါင်းများစွာ ကာကွယ်ပေးနိုင်ပါသည်။
(က) ၁၀ % မှ ၃၀ % အထိ
(ခ) ၆၀ % မှ ၉၀ % အထိ
(ဂ) ၅၀% မှ ၁၀၀ % အထိ

End TB Together ပရိတ်သတ်တို့ရေ…………………အရင်ပတ်တွေက မျှဝေပေးခဲ့တဲ့ တီဘီရောဂါကာကွယ်ကုထုံး (TPT) အကြောင်းကို ဆက်လက်ဖတ်ရှုကြပါ...
22/05/2026

End TB Together ပရိတ်သတ်တို့ရေ…………………

အရင်ပတ်တွေက မျှဝေပေးခဲ့တဲ့ တီဘီရောဂါကာကွယ်ကုထုံး (TPT) အကြောင်းကို ဆက်လက်ဖတ်ရှုကြပါစို့။

✅ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အဆိုအရ တီဘီရောဂါကာကွယ်ကုထုံး (TPT) ဆေး သောက်မယ်ဆိုရင် တီဘီရောဂါဖြစ်လာနိုင်တဲ့ အလားအလာကို (၆၀) % မှ (၉၀) % အထိ လျှော့ချနိုင်ပြီး (၆) နှစ်မှ (၁၉) နှစ်အထိ နှစ်ပေါင်းများစွာ ကာကွယ်ပေးနိုင်ပါတယ်။

✅တီဘီရောဂါကာကွယ်ကုထုံး (TPT) ရဲ့ ဆေးသောက်ကာလကတော့ ဆေးအမျိုးအစားနဲ့ ဆေးအတွဲ အပေါ်မူတည်ပြီး ဆေးသောက်ရတဲ့ ကာလ ကွဲပြားနိုင်ပါတယ်။ တစ်ရက် (၁) ကြိမ် နဲ့ (၆) လ သောက်ရတဲ့ ကုထုံး ရှိသလို တစ်ပတ် (၁) ကြိမ်နဲ့ (၃) လ သောက်ရတဲ့ ကုထုံးလည်း ရှိပါတယ်။ ဒါ့အပြင် အခြားကုထုံးတွေလည်း ရှိပါသေးတယ်။

📌ဒီတော့ မိမိမှာ တီဘီရောဂါကူးစက်ခံရနိုင်တဲ့အခြေအနေတွေ (ဥပမာ- တီဘီလူနာနဲ့အနေနီးတာ) ရှိမယ်ဆိုရင် နီးစပ်ရာကျန်းမာရေးဌာနကိုသွားရောက်ပြီး တီဘီရောဂါရှိ/မရှိ စမ်းသပ်စစ်ဆေးတာ၊ တီဘီရောဂါကာကွယ်ကုထုံး (TPT) သောက်ရန် လို/မလို စတာတွေကို မေးမြန်းဆွေးနွေးသင့်ပါတယ်။

“တီဘီရောဂါကင်းဝေးဖို့ ကာကွယ်ကုထုံးသောက်ကြစို့”

❗တီဘီပိုးကူးစက်ခံထားရပေမယ့် တီဘီရောဂါမဖြစ်အောင် ကာကွယ်တဲ့ဆေးရှိနေပြီဆိုတာ တကယ်လား❓✅ဟုတ်ပါတယ်၊၊ တီဘီပိုးကူးစက်ခံထားရပေမယ့...
15/05/2026

❗တီဘီပိုးကူးစက်ခံထားရပေမယ့် တီဘီရောဂါမဖြစ်အောင် ကာကွယ်တဲ့ဆေးရှိနေပြီဆိုတာ တကယ်လား❓

✅ဟုတ်ပါတယ်၊၊ တီဘီပိုးကူးစက်ခံထားရပေမယ့် တီဘီရောဂါမဖြစ်အောင် ဆေးသောက်ပြီး ကာကွယ်နိုင်ပါတယ်။
𝐓𝐏𝐓 လို့လူသိများတဲ့ တီဘီရောဂါကာကွယ်ကုထုံး (𝐓𝐁 𝐏𝐫𝐞𝐯𝐞𝐧𝐭𝐢𝐯𝐞 𝐓𝐫𝐞𝐚𝐭𝐦𝐞𝐧𝐭) ရှိနေပါပြီ။

❗တီဘီပိုးကူးစက်ခံရတဲ့အခြေအနေဆိုတာ ရောဂါဖြစ်တာနဲ့ မတူပါဘူး။ ရောဂါဖြစ်တဲ့ အဆင့်ကို မရောက်သေးတဲ့ကာလလို့ အလွယ်ပြောလို့ရပါတယ်။ ရောဂါဖြစ်နေတာ မဟုတ်တဲ့အတွက် ဘာရောဂါလက္ခဏာမှ မခံစားရသလို အခြားသူတွေကိုလည်း မကူးစက်နိုင်ပါဘူး။ တီဘီပိုး ကူးစက်ခံရတဲ့ အခြေအနေမှာ လူကောင်းသဖွယ်ဖြစ်နေပေမယ့် ကိုယ်ခံအားစနစ် အားနည်းလာတဲ့ အချိန်မှာ တီဘီရောဂါအဖြစ်ကို ကူးပြောင်းနိုင်တဲ့ အလားအလာရှိပါတယ်။ တီဘီရောဂါ ကာကွယ်ကုထုံး (𝐓𝐏𝐓) က ဒီလိုမျိုး ရောဂါဖြစ်ပွားတဲ့ အဆင့်ကို မရောက်လာအောင် ကာကွယ်တားဆီးပေးတဲ့ ကုထုံးဖြစ်ပါတယ်။

📌𝐓𝐏𝐓 ဆေးနဲ့ ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကို နောက်အပတ်ထဲမှာ ဆက်လက်မျှဝေပေးသွားမှာဖြစ်လို့ စောင့်မျှော်ဖတ်ရှု‌ပေးပါဦးနော်။

“တီဘီရောဂါကင်းဝေးဖို့ ကာကွယ်ကုထုံးသောက်ကြစို့”

🎉 အရင်တစ်ပတ်က ပြုလုပ်ခဲ့တဲ့ “တီဘီရောဂါကာကွယ်ကုထုံး (TPT) ဗီဒီယိုကြည့်ပြီး ဖုန်းဘေလ် (၁၀,၀၀၀) လက်ဆောင်ယူ” အစီအစဉ်ရဲ့ ကျပန...
06/05/2026

🎉 အရင်တစ်ပတ်က ပြုလုပ်ခဲ့တဲ့ “တီဘီရောဂါကာကွယ်ကုထုံး (TPT) ဗီဒီယိုကြည့်ပြီး ဖုန်းဘေလ် (၁၀,၀၀၀) လက်ဆောင်ယူ” အစီအစဉ်ရဲ့ ကျပန်းရွေးချယ်ထားတဲ့ ဖုန်းဘေလ်ကံထူးရှင်လေးတွေ ပေါ်ထွက်လာပါပြီ။

❗️ကံထူးရှင်တွေအနေနဲ့ Page messenger မှာ မေလ (၈) ရက်နေ့ နောက်ဆုံးထားပြီး လာရောက်ဆက်သွယ်ပေးဖို့ မေတ္တာရပ်ခံပါတယ်။

🙏ပါဝင်ပေးခဲ့တဲ့ တစ်ယောက်ချင်းစီကို ကျေးဇူးတင်ပါတယ်။ ကံမထူးသေးတဲ့သူတွေလည်း နောက်ထပ်လာမယ့် လစဉ် ဉာဏ်စမ်းအစီအစဉ်တွေမှာ ထပ်ပြီး ပါဝင်နိုင်သေးတာမို့ ဆက်လက်စောင့်မျှော်ပေးပါဦးနော်။

End TB Together ပရိတ်သတ်တို့ရေ………….ပြီးခဲ့တဲ့လက ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အနေနဲ့ “တီဘီရောဂါကာကွယ်ကုထုံး ...
24/04/2026

End TB Together ပရိတ်သတ်တို့ရေ………….

ပြီးခဲ့တဲ့လက ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အနေနဲ့ “တီဘီရောဂါကာကွယ်ကုထုံး (𝐓𝐏𝐓) အကြောင်း” ကို ပါမောက္ခ ဒေါက်တာဦးစောဝင်း (ကလေးအထူးကုဆရာဝန်ကြီး) နဲ့ ဒေါက်တာအေမီတို့က မျှဝေပေးထားတာလေးကို ကြည့်ရှုနားထောင်ခဲ့ကြပြီးဖြစ်မယ်လို့ ထင်ပါတယ်နော်။

📌အခု အစီအစဉ်လေးကတော့ ဗီဒီယိုလေးကို React ပေးပြီး ဗီဒီယိုထဲက ကိုယ်မှတ်မိတဲ့အကြောင်းအရာကို ယခုပို့စ်(post)ရဲ့ ကွန်းမန့် (comment) မှာရေးရုံနဲ့ ဖုန်းဘေလ် (၁၀,၀၀၀) လက်ဆောင်ရယူနိုင်မယ့် အစီအစဉ်လေးပဲ ဖြစ်ပါတယ်။

✅လုပ်ရမယ့်အချက်လေးတွေကလည်း လွယ်ကူပါတယ်။
အဆင့်(၁) 𝐓𝐏𝐓 ဗီဒီယို (အပိုင်း ၁+၂)ကို React (like👍/ Love❤️) တစ်ခုခုပေးမယ်။
အဆင့်(၂) 𝐓𝐏𝐓 ဗီဒီယို (အပိုင်း ၁+၂) ထဲက ကိုယ်မှတ်မိတဲ့ အကြောင်းအရာတစ်ခုကို ယခုပို့စ်ရဲ့ Comment မှာ ရေးမယ်။
အဆင့်(၃) ယခုပို့စ် (post) ကို public နဲ့ share ပေးရန်။

📌 𝐓𝐏𝐓 ဗီဒီယိုလေးတွေကို ပြန်လည်ကြည့်ရှုဖို့နဲ့ React ပေးဖို့အတွက် အောက်ပါလင့်ခ် (link) ကနေ ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်နော်။

ဗီဒီယိုအပိုင်း (၁)- https://www.facebook.com/share/v/1GoRjCPMAH/
ဗီဒီယိုအပိုင်း (၂)- https://www.facebook.com/share/v/17U9UZu5PM/

📌ပါဝင်ရန်နောက်ဆုံးရက်ကတော့ ဧပြီလ (၃၀) ရက်နေ့အထိဖြစ်ပြီး ကျပန်းရွေးချယ်ထားတဲ့ ကံထူးရှင် (၃) ဦးကို မေလ (၆) ရက်နေ့မှာ ကြေညာပေးမှာ ဖြစ်ပါတယ်။

💦မြန်မာနှစ်သစ်ကူး ဆုတောင်း💦🙏 မင်္ဂလာရှိတဲ့ မြန်မာနှစ်သစ်ကူး အချိန်အခါ သမယလေးမှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့...
13/04/2026

💦မြန်မာနှစ်သစ်ကူး ဆုတောင်း💦

🙏 မင်္ဂလာရှိတဲ့ မြန်မာနှစ်သစ်ကူး အချိန်အခါ သမယလေးမှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေကြောင်း "မျှဝေ၊ ကုသ၊ ကင်းစင်- End TB Together" အဖွဲ့သားများမှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်နော်။ 🙏

📌နှစ်သစ်မှာ ကျန်းမာရေး ပိုမိုဂရုစိုက်ပြီး တီဘီ‌ရောဂါနဲ့ ပတ်သက်တဲ့ ကျန်းမာရေး သတင်းစကားတွေကို ဆက်လက်လေ့လာ ဖတ်ရှုစေဖို့လည်း အကြံပြုတိုက်တွန်းပါရစေ။

🫁တီဘီရောဂါ ကင်းစင်ဖို့ တီဘီသံသယလက္ခဏာတွေကို ကောင်းစွာသိရှိပြီး လက္ခဏာတစ်ခုခုခံစားရပါက တီဘီရောဂါရှိ/မရှိ စစ်ဆေးကြည့်ဖို့လည်း မေတ္တာဖြင့် တိုက်တွန်းလိုက်ပါတယ်နော်"

👉သိလိုသည်များကိုလည်း Page messenger မှတစ်ဆင့် မေးမြန်းနိုင်ပါတယ်။


#နှစ်သစ်ကူးဆုတောင်း

06/04/2026

👉မတ်လ (၂၄) ရက်နေ့ “ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်‌ရေးနေ့” မှာ End TB Together အဖွဲ့သားများနဲ့ မိတ်ဖက်အဖွဲ့အစည်းများရဲ့ တီဘီရောဂါတိုက်ဖျက်ရေး လှုပ်ရှားမှုပုံရိပ်များကို မျှဝေပေးပါရစေ၊၊

👉ပရိတ်သတ်တို့လည်း တီဘီ‌ရောဂါတိုက်ဖျက်ရေးလုပ်ငန်းစဉ် တစ်ခုခုမှာ ပါဝင်ဆောင်ရွက်နေသူဖြစ်ပါက ကွန်းမန့် (comment) မှာ မျှဝေပေးခဲ့ပါဦးနော်။

25/03/2026

“ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့” အထိမ်းအမှတ် အစီအစဉ်ရဲ့ ဗီဒီယိုဒုတိယပိုင်းလေး လာပါပြီနော် ..
🎥ဒီဗီဒီယိုလေးမှာတော့ 𝗧𝗕 𝗣𝗿𝗲𝘃𝗲𝗻𝘁𝗶𝘃𝗲 𝗧𝗿𝗲𝗮𝘁𝗺𝗲𝗻𝘁 (𝗧𝗣𝗧) လို့ခေါ်တဲ့ တီဘီရောဂါကာကွယ်ကုထုံး အကြောင်းနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် အစုံအလင်ကို ဒေါက်တာအေမီနဲ့အတူ ကလေးကျန်းမာရေး အထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာ ဦးစောဝင်းက သေချာလေး ပြောပြပေးထားပါတယ်၊၊

“တီဘီရောဂါကာကွယ်ကုထုံး (TPT) ဆိုတာဘာလဲ... တီဘီရောဂါကာကွယ်ကုထုံး ခံယူထားမယ်ဆိုရင် ဘယ်လို အကျိုးကျေးဇူးတွေ ရှိနိုင်မလဲ...” အစရှိတဲ့ အကြောင်းအရာတွေကို အသေးစိတ်ပြောပြပေးထားတာမို့ အားလုံးပဲ ဗဟုသုတ ရရှိကြမယ်လို့ မျှော်လင့်ပါတယ်…

#တီဘီရောဂါမဖြစ်ပွားဖို့ကာကွယ်ကုထုံးသောက်ကြစို့


25/03/2026

အားလုံးသိထားသင့်တဲ့ တီဘီရောဂါနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ကလေးအထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာဦးစောဝင်းမှ ဒီဗီဒီယိုလေးထဲမှာ သေချာလေး ဆွေးနွေးပေးထားပါတယ်။

ကြည့်ရှုရန်👇

Full video link: https://www.facebook.com/share/v/1FcuNf7nDb/?mibextid=wwXIfr

page: https://www.facebook.com/EndTBTogether

24/03/2026

မင်္ဂလာပါ End TB Together ပရိတ်သတ်တို့ရေ………

📌ဒီနေ့ မတ်လ (၂၄) ရက်နေ့၊ “ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့” အထိမ်းအမှတ်အနေနဲ့ အားလုံးသိထားသင့်တဲ့ တီဘီရောဂါနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ဒေါက်တာအေမီနဲ့အတူ ကလေးအထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာဦးစောဝင်းက ဒီဗီဒီယို ပထမပိုင်းမှာ သေချာလေးဆွေးနွေးပေးထားတာမို့ ဗီဒီယိုလေးကို အဆုံးထိကြည့်ရှုဖို့ တိုက်တွန်းလိုက်ပါရစေ…

#တီဘီရောဂါမဖြစ်ပွားဖို့ကာကွယ်ကုထုံးသောက်ကြစို့


Address

Yangon

Website

Alerts

Be the first to know and let us send you an email when မျှဝေ၊ ကုသ၊ ကင်းစင် - End TB Together posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share