30/09/2022
Medical Cannabis ဆေးဖက်ဝင် ဆေးခြောက်
#ဆေးခြောက်ကဘာကြောင့်ဆေးဖက်ဝင်တာလဲ
#ဆေးခြောက်မှာဘယ်လိုအာနိသင်တွေပါဝင်လဲ
#ဆေးဖက်ဆိုင်ရာသုံးဆေးခြောက်ဆိုတာဘယ်လိုမျ်ုးလဲ
#ဆေးခြောက်ကိုစနစ်တကျဘယ်လိုအသုံးပြုမလဲ
ဆေးဝါးအနေနဲ့သုံးတယ်ဆိုတဲ့နေရာမှာ
ခေါင်းကိုက်လို့ ဆေးသောက်တာမျိုးနဲ့တော့
မတူဘူးဆိုတာသတိမူစေချင်ပါတယ်။
ဆေးခြောက်ပင်ဟာ မြောက်များရှုပ်ထွေးလှ
စွာသောဓာတုဒြပ်ပေါင်းများစွာနဲ့ ဖွဲ့စည်းထား
တာပါ။ ကျွန်တော်တို့ ဓာတ်ခွဲခန်းတွေမှာ
စိုက်ပျိုးတဲ့ဆေးခြောက်တွေကို လိုချင်တဲ့ဒြပ်
ပေါင်း အချိုးအစားညီညီညွတ်ညွတ်ရအောင်
စိုက်ပျိုးလို့ရပါတယ်၊ တစ်ပင်နဲ့တစ်ပင်ကြား
ကွာခြားမှုနည်းနည်းလောက်တော့ရှိကောင်း
ရှိနိုင်မှာပါ။ ကျွန်တော်တို့ နောက်တစ်ချက်
သတိမူရမှာက တော့ဘယ်လိုသုံးစွဲမလဲဆိုတဲ့
ခေါင်းစဉ်ကိုပါပဲ။
ဆေးခြောက်ကို စားသုံးပုံစားသုံးနည်း(သုံးစွဲပုံသုံးစွဲနည်း) များစွာရှိပါတယ်။နည်းတစ်မျိုးစီမှာတော့ သူတို့ရဲ့အကျိုးတွေ အပြစ်တွေကတော့ရှိပါတယ်။ တစ်နည်းနဲ့တစ်နည်းသုံးတဲ့ပမာဏ တူမယ်ဆိုရင်တောင်အကျိုးသက်ရောက်နှုန်းတွေကကွာခြားမှာဖြစ်ပါတယ်။
ဆေးဘက်ဆိုင်ရာအတွက် အသုံးချခြင်းနည်း
လမ်းတွေဟာထင်ထားတာထက်ပိုရှုပ်ထွေးပါ
တယ်။ကိုယ်လိုချင်တဲ့အကျိုးသက်ရောက်မှုမျိုးကို
ရနိုင်ဖို့အတွက်နည်းလမ်းအမျိုးမျိုးရှိတယ်
ဆိုတာသင်သာသေချာသိရင်ပျော်သွားမှာပါ။
မိမိရဲ့အခြေအနေအတွက် ဘယ်လို
ဆေးခြောက်မျိုးကိုဘယ်လိုသုံးစွဲပုံနည်းမျိုးနဲ့သုံး
ရမယ်ဆိုရင် ပိုအကျိုးရှိမယ်ဆိုတာကို စိတ်ရှည်
ရှည်ထားပြီးစမ်းသပ်ကြည့်သင့်ပါတယ်။
ဆေးဝါးအဖြစ်ပြုပြင်ပြောင်းလဲထားတဲ့
ဆေးခြောက်ကိုဘယ်လိုသုံးမလဲ
ဆေးဝါးအဖြစ်ပြုပြင်ပြောင်းလဲထားတဲ့ဆေးခြောက်ကို မသုံးခင် သူ့အကြောင်းလေးကိုသိထားရင် ပိုကောင်းပါတယ်။ ဆေးခြောက်ကျွမ်းကျင်ဆရာ၀န်ကနေပြီးတော့ မင်းအခြေအနေနဲ့ဆီလျော်မှုရှိတဲ့ မျိုးကိုညွှန်းမှာပါ။
ဒါပေမယ့် မင်းအတွက်ဘယ် ဆေးခြောက်က
ပိုအကျိုးရှိမယ်ဆိုတာကို လွတ်လပ်စွာရွေးချယ်ပိုင်ခွင့် မင်းမှာရှိပါတယ်။ မင်းဘယ်လိုအရာမျိုးကိုသုံးရမယ်ဆိုတာကို ဂဃနဏသိရင် ဆေးဝါးအဖြစ် ပြုပြင်ပြောင်းလဲထားတဲ့ဆေးခြောက်ဟာ ကြောက်စရာမဟုတ်မှန်း မင်းသိသွားမှာပါ။
ဆေးခြောက်ကို အဓိကအားဖြင့်မျိုးရင်းစိတ်ကြီး သုံးမျိုးခွဲခြားနိုင်ပါတယ်။ သူတို့တွေကတော့ indica၊ ruderalis နဲ့ sativa တို့ဖြစ်ပါတယ်။ အခုခေတ်အစိုက်များကြတာကတော့ indica နဲ့ sativa ကိုရောပြီးမျိုးစပ်ကာစိုက်ပျိုးကြတာ
များပါတယ်။ အပင်မျိုးဖောက်သူတွေဟာ ယနေ့ခေတ်မှာမျိုးစေ့ပေါင်းမြောက်များစွာကို မျိုးစပ်နေကြပါတယ်။
ဆေးဝါးအဖြစ်ပြုပြင်ပြောင်းလဲထားတဲ့ဆေးခြောက်ရဲ့အကျိုးကျေးဇူးတွေက ပုံမှန်အားဖြင့်
ဆင်တူလေး တွေလို့ထင်ရပေမယ့် indica နဲ့ sativa တို့ရဲ့ သီးခြား trade mark တွေလို့ပြောလို့ရတဲ့ သူတို့တွေ
ရဲ့သီးခြားသက်ရောက်မှုရလဒ်လေးတွေ တစ်ခုနဲ့တစ်ခုမတူကွဲပြားခြားနားပါတယ်။
Indica ကိုသုံးမယ်ဆိုရင် သူ့စီကရမယ့်အ
ကျိုးကျေးဇူးလေးတွေကတော့
-ကိုယ်လက်စိတ်နှလုံး သက်သောင့်သက်သာ
ရှိစေခြင်း
-ကောင်းမွန်စွာ အိပ်ပျော်စေနိုင်ခြင်း
-မူးဝေအော့အန်ခြင်း၊ မအီမသာဖြစ်စေခြင်းများကို သက်သာစေနိုင်ခြင်း
-ခန္ဓာကိုယ်ရောင်ရမ်းခြင်းများကို သက်သာ
စေခြင်း
-မောပန်းနွမ်းနယ်ခြင်းများကို လျော့ကျစေနိုင်
ခြင်း
-ကြွက်သားများတင်းမာနေမှုများအား
သက်သောင့်သက်သာဖြစ်စေနိုင်ခြင်း
-တိမ်ပေါ်ထိရောက်အောင်အတွေးများ
အားဆွဲခေါ်သွားနိုင်ခြင်း (If y'all know what i mean ;-) ) တို့ပဲဖြစ်ပါတယ်။
Sativa ကိုသုံးမယ်ဆိုရင် သူ့စီကရမယ့်အကျိုးကျေးဇူးလေးတွေကတော့
-နိုးကြားတက်ကြွမှုအပြည့်ရှိနေစေခြင်း
-အစာစားချင်စိတ်များဖြစ်စေခြင်း
-စိတ်ခံစားချက်အခြေအနေများ မြင့်မားနေစေခြင်း( စိတ်ကျရောဂါအတွက်
လွန်စွာအသုံး၀င်)
-မူးဝေအော့အန်ခြင်း၊ မအီမသာဖြစ်စေချင်းများကို သက်သာစေနိုင်ခြင်း
-စိတ်ကြည်ကြည်လင်လင်ရှိစေကာ အာရုံစူးစိုက်မှုအားကောင်းစေခြင်း တို့ပဲဖြစ်ပါတယ်။
ဒီမျိုးစိတ်နှစ်မျိုးကို မျိုးစပ်ထားတဲ့ အပင်တွေစီမှ ဒီနှစ်ခုလုံးမှရရှိတဲ့ အကျိုးကျေးဇူးအများစု ကိုရရှိနိုင်ပါတယ်။ ဘယ်လိုအကျိုးကျေးဇူးတွေရတာများလဲဆိုတော့ မူးဝေအော့အန်ခြင်း၊ မအီမသာဖြစ်စေချင်းများကို သက်သာစေနိုင်ခြင်း နဲ့ကိုယ်လက်စိတ်နှလုံး သက်သောင့်သက်သာရှိစေခြင်းတို့ပဲဖြစ်ပါတယ်။
ဒါပေမယ့် သုံးစွဲတဲ့ ပမာဏကများမယ်ဆိုရင်တော့ ဆိုးကျိုးရလဒ်တွေကိုရရှိစေနိုင်ပါတယ်။ဘယ်လိုဆိုး
ကျိုးရလဒ်တွေလဲဆိုရင် စိုးရိမ်ပူပန်စိတ်များပြား
လာခြင်း၊ မျက်စိများကြောင်ကာအိပ်မပျော်နိုင်ခြင်း သို့မဟုတ် စိတ်ဂဏာမငြိမ်ဖြစ်ကာ အရာရာအပေါ်ယုံမှားသံသယစိတ်များ၀င်လာ
နိုင်ခြင်း စတဲ့ရလဒ်တွေဖြစ်ပေါ်လာနိုင်ပါတယ်။
မျိုးစိတ်နှစ်မျိုးကိုမျိုးစပ်ကာစိုက်ပျိုးခြင်းဟာ ဆေးခြောက်မှာရှိတဲ့ဓာတုဒြပ်ပေါင်းတွေထဲကမှ ကိုယ်လိုချင်တဲ့အကျိုးသက်ရောက်မှုတစ်ခုကိုပေးစွမ်း
နိုင်သော ဒြပ်ပေါင်းတစ်ခုထဲကိုပဲသီးသီး
သန့်သန့်လိုချင်လို့ဖြစ်ပါတယ်။
ဒီဒြပ်ပေါင်းတွေထဲကမှ စိတ်ခံစားမှုလုပ်ငန်း
စဉ်ကိုထိထိရောက်ရောက်သက်ရောက်မှုရှိတဲ့ ဒြပ်ပေါင်းတစ်ခုဖြစ်တဲ့ THC ကို cannabis ထဲမှာစတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်။
Cannabis ထဲမှ အခြားသောဒြပ်ပေါင်းတွေကို
တော့ သီးသန့်ခွဲထုတ်စေကာ ရောဂါကုထုံးများတွင် ပုံမှန်မာရီသုံးသကဲ့သို့ ယစ်မူးဇိမ်မရှိစေပဲ ရောဂါအတွက်သာအကျိုးသက်ရောက်မှုရှိစေရန်ပြု
လုပ်ပြီးသုံးစွဲကြပါတယ်။
ဆေးဝါးအဖြစ်သုံးမယ့်ဆေးခြောက်ရဲ့ အကျိုးအာနိသင်သက်ရောက်မှုတွေကို သူ့မှာပါတဲ့ဒြပ်ပေါင်းတွေအလိုက် ခွဲခြားပြီးလိုသလိုစိုက်ပျိုးခြင်းဟာအရေးပါတဲ့လုပ်ငန်းစဉ်တစ်ခုပါ။
အခုဖော်ပြသွားမယ့် ဒြပ်ပေါင်းတွေကတော့ ဆေးခြောက်မှာတွေ့ရှိနိုင်တဲ့ဒြပ်ပေါင်းတေ
ွဖြစ်ပြီးတော့ သူတို့တွေရဲ့အာနိသင်တွေတွေက
ဘယ်လိုရှိတယ်ဆို တာလဲဖော်ပြသွားမှာပါ။
CBD - ဆေးဘက်ဆိုင်ရာကုထုံးတွေအတွက်အရေးပါဆုံးဒြပ်ပေါင်းလို့တောင်ပြောလို့ရပါတယ်။ CBD က မူးဝေအော့အန်ခြင်း၊ မအီမသာဖြစ်စေခြင်းများ၊ လွန်ကဲစွာစိုးရိမ်ပူပန် စိတ်များခြင်းများ၊ ရောင်ရမ်းဖောယောင် ခြင်းများ နှင့် ပြင်းထန်စွာ တက်ခြင်း အကြောဆွဲခြင်းများ အစရှိသည်တို့ကိုသက်သာစေနိုင်ပါတယ်။
CBC - ဒီဒြပ်ပေါင်းကတော့အနည်းငယ်စိတ်ကိုငြိမ်စေနိုင်တဲ့ အာနိသင်ရှိတဲ့အတွက် THC နဲ့ရောစပ်ကာ နာကျင် ကိုက်ခဲမှုများကိုသက်သာစေနိုင်တဲ့နေရာမှာသုံးကြပါတယ်။
**dDay