12/08/2023
အပြင်တစ်ခါထွက်ရင် ရှိသမျှ skincare တွေအကုန်သယ်စရာမလိုဘူးနော်😊
အပြင်သွားတဲ့အခါ ဘယ်လို skincare products တွေကို ကိုယ်နဲ့အတူ ဆောင်သွားသင့်လဲ❓
လက်တွေ့ဆန်တဲ့ ခေါင်းစဉ်လေးတခုအကြောင်း Nyi တို့ ဒီနေ့ ပြောရအောင်နော်... အပြင်သွားတဲ့အခါ ဘယ်လို skincare မျိုးတွေကို ကိုယ်နဲ့အတူ တပါတည်းယူသွားကြလဲ? Nyi အနေနဲ့ရော ဘာတွေယူဖြစ်လဲ? ဘာကြောင့်လဲ? ဆိုတာ ပြောပြပေးချင်ပါတယ်။
ဆိုတော့ ဒီ Products တွေကတော့ အပြင်သွားတဲ့အခါ Nyi အမြဲဆောင်ဖြစ်တာတွေပေါ့နော်။
✨Face Sunscreen
Sunscreen ကတော့ ဘယ်ရာသီပဲရောက်ရောက် အရေးကြီးဆုံးမလို့ အိတ်ထဲကတော့ 3,4ခု အမြဲကိုပါတယ်။ မနက် အိမ်ကထွက်ခါစ မိုးအုံ့နေလို့ဆိုပြီး ယုံစားလို့မရဘူး၊ နေ့ခင်းဘက်ရောက်ရင် နေကပြူးနေအောင်ထွက်တတ်တော့ sunscreen တခုကတော့ ကိုယ့်ရဲ့အိတ်ထဲမှာ အမြဲ staple အနေနဲ့ ရှိသင့်ပါတယ်။
အဲ့လို sunscreen ဆောင်တဲ့အခါ Nyi အမြဲရွေးဖြစ်တာက physical sunscreen ပေါ့နော်။ ဘာကြောင့်လဲဆို ရာသီဥတုကြောင့် လူကချွေးပြန် အဆီပြန်တာရယ်၊ ကိုယ်တိုင်ကလဲ combination skin ဖြစ်တာရယ်ဆိုတော့ အဆီထိန်းပြီး white cast နည်းတဲ့ mineral type မျိုး ရွေးဖြစ်ပါတယ်။ အကယ်၍ မနက်ခင်းက physical sunscreen လိမ်းခဲ့လို့ မျက်နှာက ခြောက်ကပ်ကပ်ဖြစ်နေရင်တော့ အရမ်း dewy မဖြစ်တဲ့ chemical sunscreen မျိုး သုံးတယ်ပေါ့နော်။ ဒါပေမဲ့ များသောအားဖြင့် physical/hybrid sunscreen မျိုး သုံးဖြစ်တာတော့ များပါတယ်။
ဒီမှာဆို sunscreen ဆောင်တဲ့သူတွေကို Nyi အနေနဲ့ မှာချင်တာက အပူဒဏ်ကနေ သေချာသိမ်းဆည်းဖို့ပဲ။ ကိုယ်နဲ့အတူ အိတ်ထဲနေလုံအောင် ထည့်ရင်ပဲဖြစ်ဖြစ် အဆင်ပြေတယ်။ ရှောင်ရမှာက အပူရှိန်ပြင်းတဲ့ ကားထဲတို့၊ ဆိုင်ကယ် box ထဲတို့ပဲ၊ အဲ့လိုနေရာမျိုးတွေသိမ်းတာ လုံးဝရှောင်ပေးနော်။ Extreme temperature ကြောင့် ဈေးကြီးပေးပြီး ဝယ်ထားရတဲ့ ကိုယ့်ရဲ့ sunscreen တွေ ပျက်စီးကုန်နိုင်ပါတယ်။
✨Body Sunscreen
သူများကိုလဲ 'Face နဲ့တန်းတူမဟုတ်တောင် body ကို အနည်းဆုံး sunscreen တော့ လိမ်းပါ'လို့ အမြဲမှာလေ့ရှိသူမလို့ ကိုယ်တိုင်လဲ လိုက်နာတဲ့အနေနဲ့ body sunscreen အမြဲဆောင်ဖြစ်ပါတယ်။ ယုတ်စွအဆုံး၊ body sunscreen မပါရင်တောင် ကိုယ့်အိတ်ထဲမှာ မျက်နှာလိမ်းလို့ အဆင်မပြေတဲ့, body လိမ်းမယ်ဆိုပြီး ဖယ်ထားတဲ့ Spf မျိုးတော့ ပါတယ်ပေါ့နော်။ သေချာတာတော့ Nyi က sunscreen မပါဘဲ အပြင်လုံးဝထွက်လေ့မရှိပါဘူး(အကဲပိုတယ်ပြောလဲ ခံရမှာပါပဲ၊ ဒါပေမဲ့ ကိုယ့်ကိုကိုယ်တော့ sunscreen မှန်မှန်လိမ်းတဲ့အတွက် ဂုဏ်ယူတယ်၊ လူကြားထဲလဲ ထုတ်လိမ်းတာပဲ၊ မဟုတ်တာလုပ်တာ မဟုတ်လို့ ရှက်ဖို့မလိုဘူး)။ Nyi ရဲ့ blog readers တွေကိုလဲ skincare ရကျိုးနပ်အောင် sunscreen သေချာလိမ်းဖို့ မှာပါရစေ။ ဈေးတန်တန်နဲ့ body sunscreen ကောင်းတာဆိုရင် Nivea နဲ့ Vaseline ကဟာလေးတွေ recommend ပေးပါတယ်။
သူလဲပဲ အရေးကြီးတာက ကားထဲတွေ၊ ဆိုင်ကယ်ထဲတွေ မချန်ခဲ့ဘဲ ကိုယ့်အိတ်ထဲပဲ အမြဲဆောင်ထားပေးနော်။
✨Sebum care products
ပူပြင်းတဲ့နိုင်ငံမှာ နေသူတွေအဖို့ sebum control products တွေကလဲ အမြဲဆောင်ထားသင့်တဲ့ အရာတွေထဲ ပါတယ်နော်။ သူတို့ကိုက အိမ်မှာသိမ်းထားသင့်တဲ့ products မျိုးတွေမဟုတ်ဘဲ ဒီလိုအပြင်ထွက်တဲ့အခါမှာ ဆောင်သွားသင့်တာမျိုး ဖြစ်တယ်။ ဥတုအခြေအနေကြောင့် တော်တော်များများဆိုရင် အဆီပြန်တဲ့သူတွေ များတယ်မလား? အပြင်ထွက်လိုက်ပြီဆိုတာနဲ့ မျက်နှာက အဆီတွေစို့တက်လာပြီး ညစ်ညစ်ကြီးဖြစ်သွားတယ်လေ။ အဲ့အတွက် ဒီ products တွေက ကူညီလိမ့်မယ်။
Sebum control powder, powder pact, matte sun stick, physical sunscreen, oil control paper စသဖြင့် အမျိုးမျိုးရှိတဲ့ထဲက ကြိုက်ရာရွေးသုံးပါ။ များသောအားဖြင့် compact type လေးတွေဖြစ်လို့ သုံးရတာ အဆင်ပြေပါလိမ့်မယ်။ နေ့ခင်းဘက် အဆီပြန်တဲ့အချိန် ထုတ်သုံးပေးရုံပဲနော်။ ကိုယ့်မျက်နှာက အဆီပြန်တတ်တယ်၊ အပြင်မှာလဲ အလုပ်လုပ်ရတယ်ဆိုရင် ဒီထဲက တခုခုတော့ဆောင်သင့်တယ်။
✨Lip Balm
နှုတ်ခမ်းဆိုတာကလဲ တခုခုစားပြီးလို့ သုတ်လိုက်ရင် လိမ်းထားသမျှ ပျက်တာမျိုးဆိုတော့ နှုတ်ခမ်းခြောက်တတ်တဲ့သူဆိုရင် lip balm တခုကလဲ မဆောင်မဖြစ်ပါပဲ။ Nyi လဲ အမြဲနီးပါး အပြင်ယူသွားဖြစ်ပါတယ်။ မိန်းကလေးတွေကတော့ အဓိက color lip stick မျိုး ဆောင်ကြတယ်ပေါ့နော်။ အဲ့မှာ မှာချင်တာတခုက နှုတ်ခမ်းခြောက်တဲ့သူတွေဆို အရမ်း matte ဖြစ်တဲ့ lip stick တွေ မသုံးဖို့ပေါ့နော်။ မနက်ခင်း ဆိုးလာတာက အောက်က lip balm တခုခုခံထားရင် ကြည့်ရအဆင်ပြေပေမဲ့ နေ့ခင်းဘက် ခြောက်နေတဲ့နှုတ်ခမ်းပေါ်ကနေ retouch လုပ်ရင်ကျ နှုတ်ခမ်းက အရေခွံတွေလန်ပြီး အရမ်းကြည့်ရဆိုးပါတယ်။ ဒါမှမဟုတ် ကိုယ်က lip stick နဲ့အတူ lip balm ပါ ဆောင်ထားရင်တော့ အဆင်ပြေတာပေါ့နော်၊ သတိပြုနိုင်ဖို့ပါ။
✨Hydrating booster
ပြောသာပြောရတယ်၊ Nyi က အဆီပြန်တဲ့ type မလို့ ဒီတခုနဲ့ သိပ်ပြီး relatable မဖြစ်ဘူး။ ဒါပေမဲ့ အသားခြောက်တဲ့သူတွေအတွက် ပြည့်စုံသွားအောင် ထည့်လိုက်တယ်နော်။ ကိုယ်က အသားခြောက်တတ်တဲ့သူ၊ Aircon ခန်းထဲမှာ တနေကုန်အလုပ်လုပ်ရလို့ နေ့ခင်းဘက် အသားခြောက်တယ်ဆိုရင် ကိုယ်လိမ်းထားတာတွေပေါ်ကနေ touch up လုပ်လို့ကောင်းမယ့် hydrating product တခုခု ဆောင်ထားသင့်တယ်။ ဥပမာ- hydrating mist, hydrating stick, အစိုဓာတ်ရတဲ့ cushion စသဖြင့် တခုခုပေါ့နော်။ အသားခြောက်တဲ့အချိန် ဖြန်းလိုက်လို့ ကိုယ့်မျက်နှာ relief ရသွားစေမယ့် products မျိုးပေါ့။ အပွင့်လင်းဆုံး ဝန်ခံရရင် Nyi ကတော့ တခါတရံ sun spray ကလွဲ၊ မဆောင်ဖြစ်ပါဘူး။
အပြင်သွားတဲ့အခါ Nyi ယူဖြစ်တာတွေ၊ ယူသင့်တာတွေ ပြောပြီးရင် သိပ်မလိုအပ်တဲ့၊ မယူလဲ totally fine ဖြစ်တဲ့ products တချို့ကို ပြောချင်တယ်။ ဘာကြောင့် ထည့်ပြောရလဲဆိုရင်တော့ ဒီလိုမလိုအပ်တာတွေယူပြီး တကယ်လိုအပ်တာကျ ယူဖို့မေ့လျော့သွားနိုင်လို့ပေါ့နော်။
❗Hand Cream
Body sunscreen အများစုက moisturizing ဖြစ်လို့ တကယ်တမ်း အပြင်သွားတဲ့အခါ hand cream ဆောင်သွားဖို့ လိုကိုမလိုအပ်ဘူး။ အသားခြောက်တတ်လို့ ယူတာမှန်ပေမဲ့ hand cream ထက်ကို body sunscreen တခုက ပိုအရေးပါတယ်လို့ Nyi မြင်တယ်။ နေ့ခင်းဘက်မှာက အဓိက နေကြောင့် skin မပျက်စီးအောင် ကာကွယ်ဖို့ပဲ။ ညဘက်ရောက်မှ hand cream, lotion လိမ်းရုံမကလို့ သူများနိုင်ငံက hand model တွေလို 10step hand care routine ပဲလုပ်လုပ် ကိစ္စမရှိဘူး။
❗Cleanser
အဆီပြန်တိုင်း မျက်နှာထသစ်တယ်ဆိုတာ skincare အကြောင်း နားမလည်တဲ့သူတွေ လုပ်တဲ့အလုပ်ပါ။ အဲ့အတွက် cleanser ဟာလဲ ကိုယ်နဲ့အတူ အပြင်သွားတိုင်း ဆောင်သွားဖို့ လုံးဝလုံးဝမလိုအပ်ဘူး။ တခုတော့ရှိတာပေါ့နော်၊ ကိုယ်က ရံဖန်ရံခါ night out လုပ်တတ်တဲ့သူမျိုး၊ ကိုယ့်အလုပ်အကိုင်အရလဲ တခါတရံ အပြင်မှာ ညအိပ်လိုက်ရတာမျိုး ရှိတယ်ဆိုရင်တော့ ဆောင်ထားသင့်တာပေါ့။ အဲ့လိုမျိုးဆိုရင် cleanser တင်မဟုတ်ဘူး၊ micellar water/cleansing oil/balm တဗူးပါ ကိုယ့်အိတ်ထဲမှာ ထည့်ထားသင့်တယ်။
ခုရေးသွားတာတွေက လောလောဆယ် Nyi စဉ်းစားမိသလောက်ပေါ့နော်။ အတော်လေးလဲ ပြည့်စုံမယ်လို့ ထင်ပါတယ်။ ဖတ်ကြည့်ပြီး ကိုယ့်ရဲ့အမြင်နဲ့ ကိုယ်ရော အပြင်သွားရင် ဘာတွေယူသွားဖြစ်လဲ? ပြောခဲ့ပါဦးနော်။ အဆုံးထိဖတ်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်💕
သိပ်မကြာခင် 'What's In My Bag? Skincare Edition' ဆိုတဲ့ post လေးလဲ တက်ပါမယ်ခင်ဗျာ။