Dr.Aung Lwin Phyo

Dr.Aung Lwin Phyo တိုးတက်ပြောင်းလဲလာတဲ့နည်းပညာဆေးဝါးများနဲ့ကျားဆိုမှကျားပီသချင်တဲ့ဦးဦး၊ကိုကို၊မောင်မောင်တို့အတွက်

24/12/2022

အမျိုးသားများတွင် အဖြစ်များသော ဆီးလမ်းကြောင်း ပိုးဝင်ခြင်း

ဆီးကျင်ခြင်း၊ ဆီးမကြာခဏသွားခြင်း၊ ဆီးလမ်းကြောင်းယားယံခြင်း၊ ရောင်ရမ်းခြင်း များသည် အမျိုးသားများ ဆီးလမ်းကြောင်း ပိုးဝင်ခြင်း ၏ အဓိက လက္ခဏာများဖြစ်ပါသည်။ တကိုယ်ရည်သုံးပစ္စည်းများ မျှဝေ သုံးစွဲခြင်းနှင့် ကျား/မ ဆက်ဆံမှုများမှလည်း ပိုးဝင်နိုင်ပါသည်။

ဆီးလမ်းကြောင်းပိုးဝင်ခြင်းသည် ပြင်းထန်သောကူးစက်မှုဖြစ်သည့်အတွက် လိင်မှုဘဝမှတစ်ဆင့် အခြားလူများထံ ကူးစက်နိုင်ပါသည်။ အချိန်မီ မကုသနိုင်သော ဆီးလမ်းကြောင်းပိုးဝင်ခြင်းများကြောင့် ဆီးကျိတ်ရောင်ခြင်းနှင့် ဆီးအိမ်ရောင်ခြင်းစသည့် ရောဂါများ ပြန့်နှံ့နိုင်ပါသည်။ ထို့အပြင် အမျိုးသား မျိုးပွားမှုဆိုင်ရာ အခက်အခဲများ ၊ အူလမ်းကြောင်းရောင်ခြင်း ၊ မျက်မြှေးရောင်ခြင်း ၊ ဦးနှောက်အမြှေးရောင်ခြင်းများပါ ဖြစ်စေနိုင်ပါသည်။

ဆီးလမ်းကြောင်း ပိုးဝင်ခြင်းသည် ပြင်းထန်သော ကူးစက်မှု ဖြစ်သည့်အတွက် အခြားသူများထံကူးစက်နိုင်ပါသည်။ အချိန်မှီ ကုသမှု မရှိပါက ဆီးကျိတ်ရောင်ခြင်း၊ ဆီးအိမ်ရောင်ခြင်းတို့ဖြစ်နိုင်ပါသည်။ မျိုးပွားမှုဆိုင်ရာ အခက်အခဲများ၊ အူလမ်းကြောင်းရောင်ခြင်း၊ မျက်မြှေးရောင်ခြင်း နှင့် ဦးနှောက်အမြှေးရောင်ခြင်းထိပါ

24/12/2022

လိပ်ခေါင်းအမျိုးအစားများ/နဲ့ လက္ခဏါများ

လိပ်ခေါင်းကိုအတွင်းလိပ်၊အပြင်လိပ်၊ အတွင်းနဲ့အပြင် တစ်ဆက်တည်းရောနှောနေတဲ့လိပ် ဆိုပြီးတော့အမျိုးအစားလဲခွဲထားပါတယ်။အပြင်ကိုပြူထွက်နေတဲ့အတိုင်းအတာပေါ်မူတည်ပြီးတော့လည်း အဆင့်၄မျိုး(degree)ခွဲထားပါတယ်။

ဘယ်သူတွေမှာရောဂါအဖြစ်များလဲ ❓

လိပ်ခေါင်းဟာ ကျားမ မရွေး အသက်အရွယ်မရွေးဖြစ်တတ်ပါတယ်။အသက် ၃၀ နဲ့ ၇၀ ကြားအဖြစ်များတတ်ပါတယ်။

ရောဂါလက္ခဏာ♨

ဝမ်းသွားလျှင်သွေးပါခြင်း၊ စအိုနားတဝိုက်ယားယံခြင်း၊ ချွဲများစိုနေခြင်း၊ နေထိုင်ရခက်ခြင်းများ ဖြစ်တတ်ပါတယ်။
အိမ်သာတက်ရင် ဝမ်းကိုစညှစ်လိုက်တဲ့အချိန် ဖောင်းနေတဲ့သွေးကြောလေးတွေပေါက်ထွက်ပြီး သွေးတွေအိမ်သာကမုတ်ပေါ်ကို ပန်းထွက်ပါတယ်။နောက်တစ်မျိုးက ဝမ်းစညှစ်တဲ့အချိန်မှာ သွေးကြောမပေါက်သေးပဲ စမြင်းတုံးနဲ့ပွတ်မိပြီးတော့မှ ပေါက်တာမို့လို့ ဝမ်းသွားပြီးနောက်မှ သွေးကကျလာခြင်းဖြစ်ပါတယ်။

✅ အကြံပြုချက် ✅

ရေများများသောက်ပေးခြင်း၊ အသီးအရွက် အသီးအနှံ များများစားပေးခြင်း၊ ကိုယ်ကာယလေ့ကျင့်ခန်းကို သင့်တင့်မျှတစွာ လုပ်ပေးခြင်း အားဖြင့် လိပ်ခေါင်းရောဂါသက်သာအောင် ပြုလုပ်နိုင်ပါတယ်။

လိပ်ခေါင်းရောဂါနည်းတူ အသည်းရောဂါ အချို့သော အူမကြီးကင်ဆာတို့တွင်လဲ ဝမ်းသွားလျှင်သွေးပါတတ်သဖြင့် သွေးပါတိုင်း လိပ်ခေါင်းရောဂါ ဟု တထစ်ချမမှတ်စေလိုပဲ သတိမူစေချင်ပါတယ်
We care About your Health!

24/12/2022

👉🏻လိင်ပညာပေးနှင့် အလွဲအမှားများ

၁။ ကြီး ရှည်

အပြာစာအုပ်တွေကို မယုံပါနဲ့ ၈လက်မ၊ကိုးလက်မဆိုတာ မြန်မာထဲ့မှာ ရှားရှားပါးပါးပါ။ပုံမှန်မြန်မာတယောက်ဟာ ၅လက်မကျော်ကျော်သာရှိတတ်ပါတယ်။
အဲဒါကို ကြီးချင်ရင် သောက်ဆေး၊စားဆေး၊လိမ်းဆေးတွေ၊လေ့ကျင့်ခန်းတွေရှိပါတယ်။ဒါမဲ့အဲဒါတွေက ၁၀၀% အာမခံလို့မရပါဘူး လူအပေါ်ရော ဆေးအပေါ်ရော မူတည်ပါသေးတယ်။ထိုးဆေးကတော့ အားမပေးပါဘူး
စီလီကွန်တွေကလူကို
ကောင်းကြိုးမပေးပါဘူး။ကြီးလို့မက်တယ်ဆိုတာတွေက ဒိတ်အောက်နေတဲ့ အယူအဆတွေပါ။ငှက်ပြောသီးလိုပေါ့ အမြင်လှတာက အသီးချိုမချိုကို အာမမခံပါဘူး။

၂။ ကြာ

အဲဟာကိုလည်း အတော်ရူးကြတယ်။စော်က ၇ခါ ၈ခါပြီးမှ တခါပြီးတာတို့ဘာတို့ကို အဲဒါကလည်း ပြောရရင် မွေးလာကတည်းက အဲလိုသန်တာ ရှားပါတယ်။တစ်သောင်းမှာတယောက်လောက်ပဲရှိမှာပါ။
ပုံမှန်အရ လေ့လာဖူးသလောက်က ယောကျားတယောက်က ပုံမှန်အရ ၃မိနစ်ကနေဆယ်ငါးမိနစ်ထိရှိတတ်ပါတယ်။တစ်နာရီ၊နှစ်နာရီကြာတယ်ဆိုတာ ဆေး၊အရက်တခုခုသုံးထားတာဖြစ်နိုင်ပြီး တချို့လူတွေကတော့ လေ့ကျင့်ယူထားတာဖြစ်ပါတယ်။

အဲတော့ အဲဒါတွေပြည့်စုံပြီး ကိုယ့်ကောင်မလေးကတမ်းတမ်းစွဲဖြစ်အောင် ဘယ်လိုလုပ်မလည်း

ကျနော်စဉ်းစားစေချင်တာက ရိုးရိုးလေးပါ။လူတွေက အိပ်ယာပေါ်က ကိစ္စဆိုရင် လိင်ချောင်းပေါ်ပဲ အာရုံစိုက်နေတယ်။အဲအရာက ကိုယ်ခန္ဓာမှာကပ်ပေါက်နေတယ်ဆိုတာ မသိချင်တာလား မသိချင်ယောင်ဆောင်နေတာလား မသဲကွဲပါ။တကယ်တော့ ကျန်းမာသန်စွမ်းတဲ့သူဖြစ်ရင် ကျန်းမာသန်စွမ်းတဲ့ စွမ်းဆောင်ရည်ကိုရမယ်ဆိုတာကို မတွေးကြဘူး။ဒီမှာကျနော်ပြောချင်တာက အိပ်ယာပေါ်မှာစွမ်းဆောင်ရည်မြင့်ဖို့က ကိုယ်နေထိုင်စားသောက်ပုံမှန်ဖို့လိုတယ်။လူအားရှိတဲ့အစာတွေစားပါ သုတ်အားရှိတာတွေစားပါ။ကျန်းမာရေးမဲ့အညီ လေ့ကျင့်နေထိုင်ပါ။အဲ့လိုမျိုးပြည့်စုံလာရင် တဖြည်းဖြည်းနဲ့ ကိုယ်လိုရာသွားနိုင်လာလိမ့်မယ်။ပြီးတော့ လေ့ကျင့်ခန်းလုပ်ပါ ဇင်ရဲ့အသက်ရှုလေ့ကျင့်ခန်းတွေတခြားကီးဂယ်လေ့ကျင့်ခန်းတွေကိုလေ့ကျင့်။အဲ့အပေါ်မှာမှ အားဆေးသောက်။အဲ့လို ကျန်းမာရေးလိုက်စားရင် စွမ်းဆောင်ရည်မြင့်ဖို့ ဘာများခဲယဉ်းမှာလည်း

ပြီးတော့ အပေးအယူမျှဖို့လိုတယ် ယောင်္ကျားဆိုတဲ့အမျိုးဟာဝုန်းဒိုင်းကြဲမြန်တတ်ပေမဲ့ မိန်းကလေးကတော့ တငြိမ်ငြိမ့်တက်လာတတ်တယ်။အဲ့ဒီအပေါ်မှာ အပေးအယူမျှပြီး သူ့ဘက်ကိုတွေးဖို့လိုတယ် ငါကောင်းပြီးရောမလုပ်ဖို။ပြီးတော့ ပုံစံစုံဖို့လုပ်သင့်တယ် တမျိုးနှစ်မျိုးဆို ဘယ်လောက်ကောင်းကောင်း အချိန်တန် ရိုးအီလာတတ်တာပဲလေ။

နောက်ဆုံးအရေးကြီးဆုံးအချက်က ကိုယ့်အဖော်စိတ်ကျေနပ်ရင် အရာရာအေးဆေးပါ သူ့စိတ်ကိုပဲနားလည်အောင်လုပ်ပါ။
ကျနော်တို့ဆီမှာ အကြီးဆုံးအမှားက ကြာကြာလုပ်နိုင် ပုံစံစုံနိုင်ရင် မိန်းမတွေက စွဲလမ်းတယ်ထင်ကြတယ်။မဟုတ်ပါဘူး မိန်းမတွေက တယောက်နဲ့တယောက်မတူကြပါဘူး။တချို့ကကြာတာကြိုက်တယ် တချို့က သိပ်မကြာလည်း အလေးမထားပါဘူး။
အဲ့တော့ အကြာကြီးဆက်ဆံနိုင်ဖို့တခုတည်း အာရုံမထားပါနဲ့ ကိုယ့်အဖော်အကြိုက်အလိုက်သိပါ

24/12/2022

👉🏻အမျိုးသားများသိသင့်တဲ့ အချက်များ

✅အကြီးဆုံး လိင်တံ

💥လိင်တံ အများစုဟာ ၃ လက်မလောက် ရှည်တတ်ပေမယ့် လိင်တံ ထောင်မတ်မှု ဖြစ်တဲ့အခါမှာ ၄.၅ ကနေ ၆.၅ လက်မ အထိ ကြီးထွားလာနိုင်ပါတယ်။ အကြီးဆုံးလိင်တံကတော့ ၁၃.၅ လက်မ ရှည်ပါတယ်။ ဒါပေမယ့် အမျိုးသားတွေက ဒါကို စိတ်မပူသင့်ပါဘူး။ လိင်ဆက်ဆံစဉ်မှာ လိင်တံ အရွယ်အစားဟာ အရေးမကြီးဘူးလို့ သိပ္ပံပညာရှင်တွေက သက်သေပြခဲ့တာကြောင့် စိတ်လျှော့ပြီး မိမိရဲ့ ကျွမ်းကျင်မှုကိုသာ အသုံးပြုသင့်ပါတယ်။

✅လိင်တံတွေဟာ ကွေးနိုင်ပြီး ကျိုးလဲကျိုးနိုင်ပါတယ်။

💥၂၀၀၂ မှာ လုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုအရ အမျိုးသားတွေရဲ့ လိင်တံဟာ boomerang သဏ္ဍာန်ရှိပြီး ဒါဟာ အမှန်ပဲဖြစ်ပါတယ်။ ဒါ့ပြင် လိင်ဆက်ဆံမှုသာ သိပ်ပြင်းထန်ခဲ့ရင် လိင်တံကျိုးနိုင်ပါတယ်။ လိင်တံမှာ အရိုးတွေ မရှိတာကြောင့် ကျိုးတယ်ဆိုတာဟာ အကွေးလွန်သွားတာဖြစ်ပြီး သူကိုယ်တိုင် ပုံမှန်အတိုင်း ပြန်ဖြစ်လာနိုင်ဖို့ ဆေးကုသမှု လိုအပ်နိုင်ပါတယ်။

💥အမျိုးသားတွေဟာ လိင်တံထောင်မတ်စဉ်မှာ ခုတင်ပေါ်က ပြုတ်ကျပြီး လိင်တံကျိုးသွားတဲ့ အဖြစ်အပျက်တွေ ရှိပါတယ်။ သေချာကုသဖို့နဲ့ လိုတာထက်ပိုပြီး လှုပ်ရှားမှုပြုတာကို ၆ ပတ်လောက် ရှောင်ကြဉ်ဖို့ လိုအပ်ပါတယ်။

✅သုက်ရည်ဟာ ကယ်လိုရီ နည်းပါးပါတယ်။

💥သုက်ရည်ဟာ spinach တစ်ခွက်မှာ ပါဝင်တဲ့ ကယ်လိုရီလောက်ပဲ (၁-၇ ကယ်လိုရီသာ) ပါဝင်ပါတယ်။ သူဟာ ရေတွေ၊ အင်ဇိုင်းတွေ၊ citric acid၊ fructose နဲ့ amino acids တွေ ပါဝင်ပါတယ်။ သုက်ရည်ဟာ အာဟာရဓာတ်တွေနဲ့ ပြည့်နေတတ်ပါတယ်။

✅တိုင်းတာတဲ့ အရာမရှိဘူး။

💥ခြေထောက် အရွယ်အစားနဲ့ လိင်တံအရွယ်အစားဆက်စပ်မှုတွေဟာ ယုံတမ်းစကားတွေသာဖြစ်ပါတယ်။ ကိုယ်အလေးချိန်၊ အရပ်၊ ခြေထောက်အရွယ်အစား၊ လက် အရွယ်အစား၊ နောက်ဆုံး ခေါင်းအရွယ်အစားကပါ လိင်တံအရွယ်အစားကို ခန့်မှန်းခြင်းအတွက် အသုံးမဝင်ပါဘူး။

💥အချို့လူတွေမှာ ပျော့ပျောင်းနေတဲ့ လိင်တံအရွယ်အစားဟာ လိင်ဆက်ဆံစဉ်မှာလည်း ဒီလိုပဲ ဖြစ်လိမ့်မယ်လို့ မဆိုလိုပါဘူး။ သုတေသနများစွာက ပျော့ပျောင်းစဉ် သေးငယ်တဲ့ လိင်တံတွေဟာ ကြီးမားတဲ့ လိင်တံတွေနဲ့စာရင် လိင်ဆက်ဆံစဉ် အဆမတန် ကြီးထွားလာတတ်တယ်လို့ ဆိုပါတယ်။

✅နေထိုင်မှုပုံစံက လိင်တံကျန်းမာရေးကို ထိခိုက်နိုင်တယ်

💥ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ လေ့ကျင့်ခန်း မလုပ်ခြင်းတွေ ရှိမယ်ဆိုရင် လိင်တံရဲ့ ကျန်းမာရေး ထိခိုက်နိုင်ပါတယ်။ လေ့လာမှုတွေက အိပ်စက်ခြင်း အရည်အသွေးနဲ့ လေ့ကျင့်ခန်းတွေဟာ အမျိုးသားတွေမှာ ယောက်ျား ဟော်မုန်းပမာဏနဲ့ တိုက်ရိုက်ဆက်စပ်နေပါတယ်။ဒါ့ပြင် ဆေးလိပ်သောက်ခြင်းဟာ လိင်တံထောင်မတ်မှုကို လျော့နည်းစေပြီး လိင်တံကိုလည်း တိုစေပါတယ်💯💯

24/12/2022

လိင်စိတ်နည်းလာတာ ဒါတွေကြောင့် ဖြစ်နိုင်ပါတယ်❗️

များသောအားဖြင့် လိင်စိတ်နည်းရခြင်းရဲ့ ယေဘုယျအကြောင်းရင်းတွေကို ကြည့်မယ်ဆိုရင်

အမျိုးသားတွေမှာ
• စိတ်ဖိစီးမှုများလာတာ
• ကျားဟော်မုန်း ကျဆင်းခြင်း
• ရောဂါအတွက် ဆေးပြင်းများ သောက်ရခြင်း
• အိပ်ချိန်မမှန်ခြင်း
• အရက်၊ ဆေးလိပ်၊ မူးယစ်ဆေးဝါး အလွန်အကျွံသုံးစွဲခြင်း
• စိတ်ကျန်းမာရေးပြဿနာများ ရှိခြင်း
• စိတ်ကျရောဂါရှိခြင်း
• ခြေထောက်ကို မကြာခဏဆန့်တန်းလိုတဲ့ ရောဂါရှိခြင်း
• ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါရှိခြင်း
• အသက်ကြီးလာခြင်း
• မိမိကိုယ်ကို ချစ်ခင်စိတ်၊ တန်ဖိုးထားစိတ် နည်းခြင်း
• လေ့ကျင့်ခန်း မလုပ်ခြင်း စတာတွေကြောင့်ပဲ ဖြစ်ပါတယ်။

အမျိုးသမီးတွေမှာတော့
• လိင်မှုကိစ္စဖြစ်ရမှာ အလွန်ရှက်တာ
• သွေးဆုံးချိန် ရောက်တာ
• မဟော်မုန်း မျှခြေပျက်ယွင်းတာ
• ရာသီစက်ဝန်းမှာ ကိုက်ခဲမှုဒဏ်တွေ
• စိတ်ဖိစီးမှုများခြင်း
• လိင်မှုကိစ္စမှာ စိတ်ဒဏ်ရာရခဲ့ခြင်း စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။

လိင်စိတ်နည်းပါးခြင်း ပြဿနာတွေဟာ လူကြီးပိုင်းမှာတော့ အသက်အရွယ်သဘောအရ ဖြစ်လေ့ရှိတယ်ဆိုပေမယ့် လူငယ်ပိုင်းမှာဆိုရင် များသောအားဖြင့် နေထိုင်စားသောက်မှုပုံစံ မှားယွင်းခြင်းနဲ့ စိတ်ကျန်းမာရေးပြဿနာတွေကြောင့် ပိုအဖြစ်များပါတယ်။

ဒါကြောင့် ကိုယ့်ရဲ့ ကျန်းမာရေးကို အရင်ကထက် ပိုဂရုစိုက်ပေးပါ။

Dr.Aung Lwin Phyo
09444855886

18/12/2022

Address

Parami Road
Yangon
11061

Alerts

Be the first to know and let us send you an email when Dr.Aung Lwin Phyo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Dr.Aung Lwin Phyo:

Share