28/08/2026
🫁 ကျောက်ကပ်ဆေးကုသမှု ခံယူရတော့မယ်ဆိုရင် ဝေဒနာရှင်ရော မိသားစုဝင်တွေပါ နေ့စဉ် လူနေမှုဘဝနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုပေါင်းများစွာနဲ့ မေးစရာ မေးခွန်းတွေရှိလာတတ်ကြပါတယ်… အဲဒီမေးခွန်းတွေထဲကနေမှ အမေးအများဆုံး မေးခွန်း (၁၀) ခုကို မဟာသုခကနေ အဖြေလေးတွေနဲ့အတူ စုစည်းဖြေဆိုပေးထားပါတယ်နော်…🤗
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~
(၁) ကျောက်ကပ်ဆေးပြီးရင် ပုံမှန် အလုပ်လုပ်လို့ ရလား?
ရပါတယ်။ ကျောက်ကပ်ဆေးပြီးလို့ လူနာရဲ့ ခန္ဓာကိုယ်အခြေအနေ ပြန်လည်လန်းဆန်းလာပြီဆိုရင် အလုပ်ကြမ်းတွေကလွဲပြီး ပုံမှန် နေ့စဥ်လုပ်ငန်းဆောင်တာတွေကို လုပ်ကိုင်နိုင်ပါတယ်။
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~
(၂) ခရီးသွားလို့ ရလား?
သွားလို့ ရပါတယ်။ ရက်ရှည်ဆိုရင်တော့ ခရီးမထွက်ခင် တာဝန်ခံဆရာဝန်နဲ့ ကြိုတင်တိုင်ပင်ပြီး သွားမယ့် မြို့/ဒေသမှာရှိတဲ့ ယုံကြည်စိတ်ချရတဲ့ ကျောက်ကပ်ဆေးစင်တာမှာ ရက်ချိန်း ကြိုတင် ရယူထားဖို့တော့ လိုပါမယ်။
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~
(၃) ကျောက်ကပ်ဆေးပြီးရင် အားနည်း၊ မူးဝေ၊ ပင်ပန်းတာမျိုး ဖြစ်နိုင်လား?
ရံဖန်ရံခါဖြစ်နိုင်ပါတယ်။ လူနာမှာ ရေအပိုတွေများလို့ ထုတ်ရတဲ့အခါမျိုးမှာ သွေးပေါင်ကျရင် အဲဒီလက္ခဏာတွေဖြစ်နိုင်တာကြောင့် ရေထိန်းသောက်ပေးဖို့ လိုသလို၊ ဆီးထွက်တဲ့ ပမာဏလောက်ပဲ ရေပြန်သောက်ပေးရပါမယ်။
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~
(၄) ပုံမှန်လူတွေလို အားကစား လုပ်လို့ရလား?
ရပါတယ်။ လမ်းလျှောက်ခြင်း၊ အကြောလျှော့ခြင်း စတဲ့ ပေါ့ပေါ့ပါးပါး ကိုယ်လက်လှုပ်ရှားမှုတွေကို ပြုလုပ်နိုင်ပြီး ကျောက်ကပ်ဆေးဖို့ ပြုလုပ်ထားတဲ့ လက်သွေးကြော (𝗔𝗩 𝗙𝗶𝘀𝘁𝘂𝗹𝗮) ရှိတဲ့ လက်နဲ့ အလေးမခြင်းမျိုးကိုတော့ ရှောင်ကြဉ်ပေးရပါမယ်။
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~
(၅) ဘာတွေ စားလို့ရလဲ?
ကြက်ဥအကာ၊ ငါးနဲ့ အဆီနည်းတဲ့ အသားတွေလို ပရိုတင်းကောင်းတာတွေကို ဆရာဝန် ညွှန်တဲ့ ပမာဏအတိုင်း အားရှိအောင် စားပေးလို့ ရပါတယ်။
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~
(၆) ဘာတွေ ရှောင်ရမလဲ?
အငန်၊ အချိုမှုန့်၊ အသင့်စား အစားအသောက်တွေ၊ ပိုတက်စီယမ်များတဲ့ အသီးအရွက်တွေနဲ့ ရေ/အရည် သောက်တာကို ဆရာဝန် ညွှန်ကြားချက်အတိုင်း တိကျစွာ ကန့်သတ်ရှောင်ကြဉ်ရပါမယ်။
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~
(၇) ကျောက်ကပ်က တစ်သက်လုံး ဆေးရမှာလား?
ရုတ်တရက် ကျောက်ကပ် ပျက်စီးခြင်း (𝗔𝗰𝘂𝘁𝗲 𝗞𝗶𝗱𝗻𝗲𝘆 𝗜𝗻𝗷𝘂𝗿𝘆) ဖြစ်ပါက ကျောက်ကပ် ပြန်လည်ကောင်းမွန်လာတဲ့အထိ ယာယီသာ ဆေးပေးဖို့လိုပေမယ့် နာတာရှည် ကျောက်ကပ်ပျက်စီးခြင်း (𝗖𝗵𝗿𝗼𝗻𝗶𝗰 𝗞𝗶𝗱𝗻𝗲𝘆 𝗗𝗶𝘀𝗲𝗮𝘀𝗲) ဖြစ်ပါက ကျောက်ကပ် အစားထိုး မကုသနိုင်ခင်အထိ ပုံမှန်အတိုင်း ဆက်လက် ဆေးပေးနေဖို့ လိုပါတယ်။
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~
(၈) ကျောက်ကပ်ဆေးတဲ့ရက် ပျက်ကွက်လို့ ရလား?
လုံးဝ မပျက်ကွက်သင့်ပါ။ ကျောက်ကပ်ဆေးရက် ပျက်ကွက်ပါက ခန္ဓာကိုယ်အတွင်း အဆိပ်အတောက်နဲ့ အရည်တွေ စုပုံလာပြီး အန္တရာယ်များစေနိုင်တာကြောင့် သတ်မှတ်ရက်အတိုင်း တိကျစွာ ကုသမှု ခံယူဖို့ လိုပါတယ်။ ဒါပေမယ့် အရေးပေါ်ကိစ္စတစ်ခုခုကြောင့် မဖြစ်မနေ ပျက်ကွက်ရမယ့် အခြေအနေမျိုး ဖြစ်လာခဲ့ရင် ကျောက်ကပ်ဆေးဌာနနဲ့ သေချာညှိနှိုင်းပြီး အနီးဆုံးရက်မှာ ပြန်ဆေးပေးဖို့ လိုပါတယ်။
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~
(၉) ကျောက်ကပ်ဆေးရင် ဘယ်လောက်ကုန်ကျလဲ?
ကျောက်ကပ်ဆေးဖို့ ရွေးချယ်ထားတဲ့ စင်တာ၊ ဆေးဝါးနဲ့ ဝန်ဆောင်မှု 𝗣𝗮𝗰𝗸𝗮𝗴𝗲 တွေ အပေါ် မူတည်ပြီး ကုန်ကျစရိတ် ကွာခြားနိုင်ပါတယ်။ ဒါကြောင့် အသေးစိတ်ကို ရွေးချယ်ထားတဲ့စင်တာဆီ တိုက်ရိုက်ဆက်သွယ် မေးမြန်းတာက အဆင်ပြေဆုံးနည်းလမ်းပါပဲ။
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~
(၁၀) ရက်ချိန်း ဘယ်လို ယူရမလဲ?
မဟာသုခကျောက်ကပ်ဆေးစင်တာမှာ ကျောက်ကပ်ဆေးဖို့အတွက် ရက်ချိန်းရယူလိုတယ်ဆိုရင်တော့ ဖုန်းနံပါတ် 𝟬𝟵𝟳𝟳𝟯𝟬𝟮𝟮𝟮𝟮𝟯 ဆီ ဆက်သွယ်ပြီးဖြစ်စေ၊ 𝗣𝗮𝗴𝗲 𝗠𝗲𝘀𝘀𝗲𝗻𝗴𝗲𝗿 ကနေဖြစ်စေ လူကြီးမင်းတို့ အဆင်ပြေမယ့် နေ့ရက်နဲ့ အချိန်ကို ပြောပြီး လွယ်ကူစွာ ကြိုတင်စာရင်းပေးသွင်းနိုင်ပါတယ်။
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~
🙏 ကျောက်ကပ်ဝေဒနာရှင်များ အားလုံး စိတ်ရောကိုယ်ပါ ကျန်းမာချမ်းသာကြပါစေကြောင်း မဟာသုခကျောက်ကပ်ဆေးစင်တာကနေ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ခင်ဗျာ…❤️
✨𝗥𝗲𝘀𝘁𝗼𝗿𝗶𝗻𝗴 𝗛𝗲𝗮𝗹𝘁𝗵. 𝗥𝗲𝗻𝗲𝘄𝗶𝗻𝗴 𝗛𝗼𝗽𝗲
မဟာသုခ ကျောက်ကပ်ဆေးစင်တာ
𝗛𝗲𝗺𝗼𝗱𝗶𝗮𝗹𝘆𝘀𝗶𝘀 𝗖𝗲𝗻𝘁𝗲𝗿
☎ 09 7730 22223
🏠 Lan Thit Yeik Thar, Lan Thit Office Tower, Between Phone Gyi Street & Lan Thit Street, Lanmadaw, Yangon.
#မဟာသုခ #ကျောက်ကပ်ဆေးစင်တာ #ကျောက်ကပ်ကျန်းမာရေး #ကျောက်ကပ်ရောဂါ