Better Age - Burma

  • Home
  • Better Age - Burma

Better Age - Burma စစ်မှန်လတ်ဆတ်ပြီး ဈေးနှုံးချိုသာတဲ့ ဖြည့်စွက်စာများ သုံးစွဲနိုင်ရန် အမြဲတာဝန်ယူပါ့မယ်

02/02/2025

ဖြည့်စွက်စာတွေဝယ်မသောက်နိုင်လျှင်
သော်လည်းကောင်း/ကျောက်ကပ်ထိမှာစိုး၍
ဆေးအများကြီးမသောက်ချင်လျှင်သော်လည်းကောင်း
ဆရာမကြီး ဒေါက်တာ ဒေါ်ခင်နွယ်ဝင်းက
(To A Better Health)
သဘာဝနည်းလေးတွေကို ဒီလို ပြောပြထားပါတယ်။

၁. Vitamin D အတွက် မနက်ခင်း နေရောင်ခြည်
ခံပေးပါ။ နေပူထဲမှာ နာရီဝက်လောက်နေပါ။
အိမ်အပြင်ထွက်ရမှာဖြစ်ပါတယ်။
အိမ်ထဲမှာနေပြီး လှမ်းမရပါ။
အိမ်ပြင်မှာUltra violet B ray
ရနိုင်လို့ ဖြစ်ပါတယ်။
Vitamin D ရဖို့ B ray လိုပါတယ်။
အိမ်ထဲမှာ ပြတင်းပေါက်ကနေတဆင့် ရသော
နေရောင်ခြည်မှာ A ray သာ ဖြစ်ပါတယ်။
B ray က ပြတင်းပေါက်ကို မဖောက်နိုင်ပါ။
A ray က Vitamin D မလုပ်နိုင်ပါ။

၂. အပြင်ထွက်ရင်း တလက်စတည်း မြေကြီးဓာတ်ကိုပါ
ယူလိုက်ပါ။ မြေကြီးမှာ electron ဓာတ်တွေ
အများကြီးရှိတာကတစ်ကြောင်း၊ သူတို့တွေက
ဝါယောဓာတ်တွေ ဖြစ်တာမို့ ရွေ့လျားနိုင်ပါတယ်။
များတဲ့နေရာကနေ နည်းတဲ့နေရာကို
ရွေ့လျားတတ်တာကြောင့် မြေကြီးကနေ
ခန္ဓာကိုယ်ထဲကိုဝင်နိုင်ပါတယ်။
စိုနေတဲ့မြက်ခင်းဆိုရင် အင်မတန်
သင့်တော်ပါတယ်။
အစိုဓာတ်ရှိရင် စီးဝင်ခြင်းဟာ ပိုပြီး
ထိရောက်ပါတယ်။
ဖိနပ် မစီးရပါ။ ဒီ electron ဓာတ်ဟာ ခန္ဓာကိုယ်
ယောင်ကိုင်းခြင်းကို သက်သာစေနိုင်ပါတယ်။
သဘာဝ antioxidants တွေ ဖြစ်ပြီး
သွေးကိုလည်းကျဲစေတတ်တာကြောင့်
လေဖြတ်ထားသူများ၊
နှလုံးသွေးကြောပိတ်သူများ အတွက်
အလွန်သင့်တော်ပါတယ်။

၃. D3 နဲ့ အတူသောက်ခိုင်းတဲ့ Vitamin K2 ကို
သဘာဝနည်းနဲ့ အရယူကြရအောင်။
- ရှမ်းတို့ဖူး (Natto)(Plant based MK7)
- ကလီစာဟင်း (Animal based MK4 )
- ကြက်ဥအနှစ် (Animal Based MK4)

၄. Probiotics အလှမ်း မမှီနိုင်ရင်
- ချဉ်ဖတ် စားပါ။
- ဒိန်ချဉ် စားပါ။
- ဗမာအချဉ်ရော၊ ရှမ်းချဉ်ရော အလွန်
ကောင်းပါတယ်။

၅. နနွင်းကို ( အုန်းဆီ/သံလွင်ဆီ ) နဲ့ သောက်ပါ။

၆. အသီးအနှံနှင့်အစိမ်းရောင်အရွက်များများစားပါ။

၇. အရိုးပြုတ်ရည် သောက်ပါ။
( ကြက်ရိုး၊ အမဲရိုး၊ ဆိတ်ရိုး..)

၈. ရှားစောင်းလက်ပတ် စားပါ။
အူလမ်းကြောင်းပြုပြင်ရေးအတွက်
ကောင်းပါတယ်။

၉. အုန်းရည် သောက်ပါ။
သတ္တုဓာတ်မျိုးစုံရမှာဖြစ်ပါတယ်။

၁၀. နွယ်ချိုက အူကျန်းမာရေးအတွက်
ကောင်းပါတယ်။

၁၁. ဆားခါးရေ စိမ်ပါ။ Magnesium
အလှမ်းမမှီသူများအတွက်ပါ။

၁၂. သစ်ကြားသီး စားပါ။
Plant based Omega3 ရပါတယ်။

၁၃. တတ်နိုင်ရင် တစ်ခါတရံ
အဆီများသော ငါး စားပါ။

၁၄. အချဉ်ဓာတ် VitaminC ရစေရန် ငရုတ်ပွသီး၊
သံပုရာသီး၊ ရှောက်သီး၊ ဆီးဖြူသီး၊ လိမ္မော်သီး၊
ကျွဲကောသီး၊ မာလကာသီး၊ ကီဝီသီး၊
ဘယ်ရီသီးအမျိုးမျိုး၊ပန်းဂေါ်ဖီစိမ်း၊
ကင်ပွန်း ချဉ်ချဉ်ပေါင်ရွက် အစရှိသည်
တို့ကို စားသုံအာလူးနဲ့ကန်စွန်းဥတို့မှာလည်း ဓာတ်တွေပါဝင်ပါတယ် )

၁၅. Zinc ဇင့်ဓာတ်ရရှိစေရန် ပင်လယ်စာနဲ့
အနီရောင်အသားများ၊ ကြက်ဥ၊ နို့နှင့်နို့ထွက်
ပစ္စည်းများ၊ အုတ်ဂျုံ၊ ပဲအမျိုးမျိုး၊ မှို၊ ကညွတ်၊
ကိုက်လန်၊ ရုံးပတီသီး၊ ပန်းပွင့်စိမ်း၊ ဟင်းနုနယ်၊
ပြောင်းဖူးစသောဟင်းသီးအရွက်များနှင့်ကွာစေ့၊
ဖရုံစေ့ ကဲ့သို့သော အစေ့အဆန်များ စားသုံးပါ။

၁၆. Anti-viral အနေဖြင့် ဂျင်း၊ ကြက်သွန်နီ၊
ကြက်သွန်ဖြူ၊ နနွင်း၊သစ်ကြံပိုးများစားသုံးပေး၍
ရေနွေးကြမ်း green teaသောက်ပါ။
ရေများများသောက်ပါ။
ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ နေ့စဉ်
အနည်းဆုံး ၁၅မိနစ် ပုံမှန် ပြုလုပ်ပါ။

2024 ဥရောပဖလား အမှတ်တရ ပျော်စရာ အစီအစဥ်လေးတခု ပြုလုပ်ပါ့မယ် မည်သူမဆိုပါဝင်နိုင်ပါတယ် မေးခွန်းကလဲအရမ်းလွယ်ပါတယ်2024  #ဥရေ...
19/06/2024

2024 ဥရောပဖလား အမှတ်တရ ပျော်စရာ အစီအစဥ်လေးတခု ပြုလုပ်ပါ့မယ် မည်သူမဆိုပါဝင်နိုင်ပါတယ် မေးခွန်းကလဲအရမ်းလွယ်ပါတယ်
2024 #ဥရောပဖလားမှာဘယ်အသင်းဗိုလ်စွဲမလဲ ခန့်မှန်းလို့မှန်တာနဲ့ ဆုငွေ 10000mmk ရရှိမှာပါ #တဦးလျှင်၃သင်းအထိခန့်မှန်းနိုင်ပါတယ် အဖြေမှန်သူ #ပထမဆယ်ဦးကိုသာဆုချီးမြှင့်ပါမယ်
#ဒီပို့စ်အောက်မှာမန့်လိုက်ယုံပါပဲ
✨အသက်၃၅နှစ်ကျော်ပြီဆိုတာနဲ့အမျိုးသား‌တွေဟာ အိမ်နှင့်အလုပ်မှာ
စိတ်ဖိစီးမှုအများဆုံးအရွယ်ကိုရောက်ရှိပါတယ်။

✨စိတ်ဖိစီးမှုရဲ့နောက်ဆက်တွဲအဖြစ် ကိုယ်ရောစိတ်ပါစွမ်းဆောင်ရည်ကျဆင်းလာတတ်ပါတယ် တချို့ကလဲ စိတ်ဖိစီးမှုကိုဖြေလျှော့ဖို့ အရက်၊ဘီယာတွေ ကိုအသုံးပြုကြပါတယ်
အယ်လ်ကိုဟော၊စိတ်ဖိစီးမှု၊အသက်အရွယ်၊ဆေးလိပ် အစားအသောက်များမူမမှန်မှု ပေါင်းပြီး အောက်ပါပြသနာတွေစတင်လာပါတယ်

✨ဆံခြည်မျှင်သွေးကြောတွေကျဉ်းလာခြင်း၊ကျားဟော်မုန်းလျော့နည်းလာခြင်း၊အသည်းစွမ်းဆောင်ရည်ကျဆင်းလာခြင်း၊ဆီးကျိတ်စတင်ကြီးလာခြင်း၊အိပ်မပျော်ခြင်း‌၊သွေးတိုးဆီးချိုများ အစပျိုးလာခြင်း၊အူလမ်းကြောင်းပြသနာ၊ဝမ်းချုပ်ခြင်း၊ဝမ်းခနခနပျက်ခြင်းသွေးပျစ်လာခြင်း၊ညောင်းညာတတ်လာခြင်း၊လိင်ရေးရာစွမ်းဆောင်နိုင်မှု ကျဆင်းလာခြင်း စတဲ့ပြသနာများ စတင်လာပါတယ်

✨ဒီပြသနာများကိုစောစီးစွာဖြေရှင်းထားနိုင်မှသာ ကျန်တဲ့သက်တမ်းကို ပေါ့ပါးပြီးစွမ်းအားအပြည့်ဖြတ်သန်းနိုင်မှာဖြစ်ပါတယ်
အရက်ဆေးလိပ်ဖြတ်ပါမဖြတ်နိုင်ရင်လျှော့ချပါ
ကိုယ်လက်လှုပ်ရှားမှု နာရီဝက်အနည်းဆုံးလုပ်ပါ
နေရောင်ခြည်ခံပါ
အရွက်များများစားပါ
ကဖင်း၊သကြားဓါတ်ကို လျှော့ချပါ
အိပ်ယာစောစောဝင်ပါ
ဖြည့်စွက်အဟာရများ စတင်မှီဝဲပါ

Centrum silver men 50+ multi vitamins and minerals
One A Day men 50+ multi vitamins and minerals
Weider Prime ကျားဟော်မုန်းဖြည့်စွက်ဆေး
GNC MEGA MEN (50+/-/Arginine) ကျားဟော်မုန်းဖြည့်စွက်ဆေး
MILK THISLE အသည်းအားဖြည့်၊အဆိပ်ထုတ် ဖြည့်စွက်စာ
GINKOBILOBA အာရုံကြောဖြည့်စွက်စာ
Multi collagen for men အသားအရည်၊အရိုးအဆစ်၊ဆံပင်၊လက်သည်း၊ကျားစွမ်းအား ဖြည့်စွက်စာ စတဲ့ဖြည့်စွက်စာများကိုစားသုံးပေးခြင်းဖြင့် ကျန်းမာသန်စွမ်းပေါ့ပါးစွာဖြတ်သန်းသွားနိုင်မှာဖြစ်ပါတယ်
ဘေးထွက်ဆိုးကျိုးရှိလားဆိုရင်တော့
1000% မရှိပါဘူးနော်

✨တပွဲတိုးဆေးများမဟုတ်ပဲ
ဖြည့်စွက်အဟာရများဖြစ်သည့်အတွက် နေ့စဉ်သုံးဆောင်ရပါသည် တဖြည်းဖြည်းတိုးတက်မှုကို ကိုယ်တိုင်ကိုယ်ကျ
ခံစားသိရှိ လာပါလိမ့်မည်

ဘကြီးလက်တွေ့😀






  USA  သောက်သုံးနေကြသူများအတွက်အတန်ဆုံးစျေးတွေ နဲ့ Stock ရှိသလောက် ရောင်းပစ်ပါတော့မယ် လူကိုယ်တိုင် လာရောက်ကြည့်ရှုချင်တယ...
22/03/2024

USA
သောက်သုံးနေကြသူများအတွက်
အတန်ဆုံးစျေးတွေ နဲ့ Stock ရှိသလောက် ရောင်းပစ်ပါတော့မယ် လူကိုယ်တိုင် လာရောက်ကြည့်ရှုချင်တယ်ဆိုရင်လဲ တောင်ဥကလာပ သံသုမာလမ်းမကြီးပေါ်က ၃၁ဂိတ်ဟောင်းမှတ်တိုင်နားလာကြည့်လို့ရပါတယ်
#ရိပ်သာလှူမည့်သူတွေ
#ပြန်ခွဲရောင်းမည့်သူတွေ
#တယောက်တဝက်ဝယ်လိုသူတွေအလွန်အဆင်ပြေပါတယ်
#ဘူးတဝက်အနည်းဆုံးယူလို့ရပါတယ်

Men 275 tabs exp 12/24 တဘူး 75000
တဝက် 40000
Men50+ 300tbs
01/25 တဘူး 75000 တဝက် 40000

-Burma

#ဖြည့်စွက်စာအမျိုးမျိုး


07/12/2023

Parkinson’s disease အကြောင်း သိကောင်းစရာ

ဥဏှောက် နဲ့ အာရုံကြော ရောဂါ ဖြစ်ပါတယ်။

ကြွက်သား လှုပ်ရှားခြင်းကို မထိန်းနိုင်တာ ဖြစ်ပြီး လက် ခြေ၊ ခေါင်း တုန်ခြင်း တွေလဲ ဖြစ်ပါတယ်။

ခန္ဓာကိုယ်က တောင့်တင်းနေတတ်ပါတယ်။

လှုပ်ရှားမှုလည်း နှေးကွေးသွားပြီး ခန္ဓာကိုယ်၏ ဟန်ချက်ကိုလည်း ထိန်းရတာ ခက်လာတတ်ပါတယ်။

ကြာလာတဲ့ အခါမှာ လမ်းလျှောက်ရတာ ခက်ခဲလာပါတယ်

စကား ပြောရတာက အစ အဆင်မပြေ ဖြစ်တတ်ပါတယ်။

လုပ်နေကျ အလုပ်တွေကိုလည်း မလုပ်နိုင်တော့ပါ။

တစ်ယောက် နဲ့ တစ်ယောက်ကလည်း မတူကြတာမို့ ယိုယွင်းလာနှုံးဟာလည်း မတူကြပါ။

ဟန်ချက် မညီတော့တာကြောင့် လိမ့်ကျပြီး အနာတရ ဖြစ်တတ်ပါတယ်။

Pneumonia အဆုပ် အအေးပတ်ခြင်းလဲ ဖြစ်တတ်ပါတယ်။

များသောအားဖြင့် အသက် ၆၀ ကျော်လာရင် ဖြစ်တတ်ပါတယ်။

သို့ပါသော်လည်း အသက် ငယ်သူများမှာလည်း တွေ့ရတတ်ပါတယ်။

ခေတ်မီ ဆေးမျိုး ပေါင်းစုံနဲ့ ကုသမှုကို ပေးနေသော်လည်း ရောဂါ၏ လက္ခဏာကို ထိန်းနိုင်ရုံလောက်သာ ရှိပါတယ်။

ဘာကြောင့်လဲ ဆိုတော့ ဒီဆေးတွေဟာ အဓိက အကြောင်းရင်းကို မကုလို့ ဖြစ်ပါတယ်။

ဒီရောဂါ ဖြစ်လာပြီ ဆိုရင် ပြန်ကောင်းလာသူ အင်မတန်မှ ရှားပါတယ်။

တဖြေးဖြေးနဲ့ ပိုဆိုးလာတာကို တွေ့ရတာ များပါတယ်။

ဥဏှောက်ဟာ သူ့နေရာနဲ့ သူ လုပ်ငန်းများ ရှိကြပါတယ်။

Parkinson’s disease မှာ ထိခိုက်တဲ့ နေရာကတော့ အင်္ဂလိပ်လို substantia nigra ဖြစ်ပါတယ်။ ဒီစာလုံးကို မြန်မာပြန် မရှိပါ။

ဒီနေရာမှာ ရှိတဲ့ ဥဏှောက် ကလာပ်စည်း အတွင်းမှာ ရှိတဲ့ စွမ်းအင် ထုတ်တဲ့ စက်ရုံ mitochondria (မြန်မာပြန် မရှိပါ) ရဲ့ လုပ်ရည် ကျဆင်းခြင်း ဖြစ်ပါတယ်။

စွမ်းအင် ထုတ်တာ အားနည်းသွားတာ ဖြစ်ပါတယ်။

အကြောင်း အမျိုးမျိုးကြောင့် ဖြစ်ပါတယ်။ အထူးသဖြင့် ပတ်ဝန်းကျင် အဆိပ်များ ဖြစ်ပါတယ်။

စွမ်းအင် ထုတ်ဖို့ ဥဏှာက် အကြိုက်ဆုံး လောင်စာကတော့ အဆီ ဖြစ်ပါတယ်။

အဆီကို လောင်ကျွမ်းစေတဲ့အခါ သကြားဓာတ်ထက် စွမ်းအင်လဲ ပို များများ ထွက်တယ်။

သူက သန့်ရှင်းသော လောင်စာလည်း ဖြစ်တယ်။

သကြားလို ခန္ဓာကိုယ်ကို ဥပါဒ်ပေးမဲ့ free oxygen species (မြန်မာပြန် မရှိပါ) တွေလဲ မထွက်ပါ။

အဆီဟာ ဓာတု ဖြစ်စဉ်မှာ ketone bodies တွေ လောင်စာ အနေနဲ့ ထွက်ပါတယ်။

ဥဏှောက်ရဲ့ အကြိုက်ဆုံး လောင်စာ ဖြစ်ပါတယ်။

စဉ်းစားကြည့်ရင် ဘယ်လိုမှ အရှုံး မရှိနိုင်တာကြောင့် ဥဏှောက် ကလာပ်စည်း စွမ်းအင် ကောင်းရအောင် အောက်ဖော်ပြပါအတိုင်း လိုက်နာနိုင်ပါတယ်။

၁. အဆီကို အဓိက ထားပြီး စားပါ။ ကျွန်မ ရေးထားပေးတာကို ပြန်ရှာပြီး ဖတ်ကြည့်စေချင်ပါတယ်
၂. D Ribose sugar 1 teaspoon twice a day with water or coffee
၃. CoQ10 200mg twice a day
၄. Acetyl L Carnitine 1000mg a day
၅. Magnesium malate or citrate 400-600mg a day in divided doses
၆. Take D3 according to blood level
ဒီလူနာများဟာ အိမ်ပြင်ကို ထွက်ခဲတာမို့ များသောအားဖြင့် vitamin D3 level နည်းနေတတ်ပါတယ်။
၇. Thyroid function test လုပ်ပါ။
၈. DHEA 25mg a day သင့်တော်ပါတယ်။
၉ . ဆနွင်းကို ဆီ နဲ့ ဖျော်သောက်ရမှာ ဖြစ်ပါတယ်။
၁၀. Cod liver oil 1 tablespoon once a day.
၁၁. အရွက်ကြိတ်ရည် သောက်ပါ။
၁၂. ဝမ်း မှန်မှန် သွားရမှာ ဖြစ်ပါတယ်
၁၃. ချွေး ထွက်ပါစေ။

နောက်ဆုံး သုံးချက်ကတော့ ခန္ဓာကိုယ်မှ အဆိပ် ထုတ်ပြစ်ခြင်း ဖြစ်ပါတယ်။

ဘာ ဥပါဒ်မှလဲ မရှိတာကြောင့် စဉ်းစားကြည့်ရင် ဘယ်လိုမှ အရှုံး မရှိပါ။

ကျွန်မ အနေနဲ့ အကြံပေးခြင်းသာ ဖြစ်ပါတယ်။

ရောဂါ ရှိသူများ စိတ်ဝင်စားတယ် ဆိုရင် ကိုယ်တွေ့ စမ်းကြည့်ချင်ရင် ရအောင် ဖြစ်ပါတယ်။

(ဥဏှောက် ကင်ဆာ ရောဂါသည်များ အတွက်လဲ သင့်လျော်ပါတယ်)

နာတာရှည် ဥဏှောက် ရောဂါသည်များအတွက် ဖြစ်ပါတယ်။ (Neurodegenerative diseases)။ Credit:to a better health

စစ်မှန်လတ်ဆတ်ပြီး ဈေးနှုံးချိုသာတဲ့ ဖြည့်စွက်စာများ သုံးစွဲနိုင်ရန် အမြဲတာဝန်ယူပါ့မယ်

28/11/2023

ဘီပိုး ကျန်းမာရေး ဗဟုသုတ ဒါန အပိုင်း ၁။

B ပိုးကြောင့် ဖြစ်လာမည့် ဆိုးကျိုးတွေ ဖြစ်သည့်

၁. အသည်း ခြောက်ခြင်း၊
၂. အသည်း အလုပ် မလုပ်နိုင်တော့ခြင်း၊ liver failure
၃. အသည်း ကင်ဆာကို ဘယ်လို ကာကွယ်ကြမလဲ ?

ကမ္ဘာပေါ် မှာ မြန်မာပြည်ဟာ ဘီပိုး အများဆုံး နိုင်ငံ တစ်ခု ဖြစ်ပါတယ်။

ကာကွယ်ဆေးတွေလဲ ထိုးကြ၊ ကျန်းမာရေး ဗဟုသုတတွေလဲ ပေးကြ၊ ဘီပိုး လူနာတွေကို ကုလဲ ကုပေးနေကြသည့် အထဲက တစ်နေ့ထက် တစ်နေ့ ပိုပြီး များလာတာကို တွေ့ရပါတယ်။

အသည်းကင်ဆာ ဟာလည်း အလွန် များလှပါတယ်။

ကုနေကြ လုပ်နေကြ လုပ်ငန်းစဉ်များဟာ ဒီပြဿနာကို မဖြေရှင်းနိုင်တာ သေချာနေပါတယ်။ ဒါကြောင့်လဲ ထိန်းမနိုင် သိမ်းမရ ဖြစ်နေတာပေါ့။

ပုံး အပြင်ကို ထွက်ပြီး ကြည့်ဖို့ အချိန် တန်နေပါပြီ။

ကျွန်မသာဆိုရင် ဘယ်ဆေးခန်းမှာမှ တကယ် မလိုအပ်ပဲ ဆေးမထိုးပါ။ ဘာကြောင့်လဲ ဆိုတော့ ဆေးထိုးအပ်ကနေ အများဆုံး ကူးစက်နိုင်လို့ ဖြစ်ပါတယ်။

တစ်ခါသုံး အပ်တွေ သုံးတယ် ဆိုပေမဲ့ လောဘ ဦးဆောင်နေတဲ့ ခေတ်ကြီးမှာ ဘာမှ အာမခံချက် မရှိလို့ ဖြစ်ပါတယ်။

ကျွန်မတို့ မြန်မာလူမျိုးတွေ အများစုဟာ ဆေးစွဲနေကြသူများလည်း မဟုတ်ကြပါ ။ drug addicts

ဒါကြောင့်လဲ ကိုယ့်ကိုယ်ကို မူးယစ်ဆေးဝါးတွေကို မသန့်ရှင်းတဲ့ အပ်တွေနဲ့ ပြန်ထိုးနေကြမယ်လည်း မထင်ပါ။

နောက်တစ်နည်းနဲ့ ရနိုင်တာကတော့ ဘီပိုး ရှိနေသည့်သွေး သွင်းခံရခြင်း ဖြစ်ပါတယ်။ blood transfusion

နေမကောင်းရင် ဆေးပဲ သောက်ကြပါ။

အနောက်နိုင်ငံတွေမှာ နေမကောင်းလို့ ဆေး မထိုးကြပါ။ ဆေးထိုးတာ မြန်မာပြည်မှ လူနာတွေက သဘောကြကြပါတယ်။

ဒီအယူဟာ အင်မတန် မှားနေတာမို့ ကြိုးစားပြီး ပြင်ရမှာ ဖြစ်ပါတယ်။ တစ်ချက် မှားတာနဲ့ တစ်သက်စာ ဖူလုံမှာ ဖြစ်ပါတယ်။

အစားအသောက်က ကူးစက်နိုင်ဖို့ ခဲယဉ်းလှပါတယ်။ တစ်အိမ်ထဲမှာ အတူ နေလို့လဲ မကူးစက်နိုင်ပါ။ သားသမီးကို ဖက်ပြီး နမ်းရှုံ့ခြင်းမှလည်း မကူးစက်နိုင်ပါ။ အလုပ် အတူတူ လုပ်နေကြသည့် လုပ်ဖော် ကိုင်ဖက်တွေကိုလဲ မကူးနိုင်ပါ။

လင်မယား ဆက်ဆံရင်တော့ သုက်ရည်ကနေ ကူးနိုင်တာမို့ ကာကွယ်မှု ယူရမှာ ဖြစ်ပါတယ်။

နောက်တစ်ချက် လူတွေ ထင်နေကြတာကတော့ ဘီပိုးပဲ ဖြစ်စေ စီပိုးပဲ ဖြစ်စေ ကုသလို့ ပိုးအကောင်ရေ မရှိတော့ဘူးဆိုရင် ရောဂါ ပျောက်ကင်းပြီဆိုပြီး ကျေနပ်နေကြပါတယ်။

ဘီပိုး စီပိုးတွေ မရှိတော့ဘူး ပျောက်ကင်းပြီလို့ ပြောပြီး အသည်း ကင်ဆာ ဖြစ်ပြီး သေသွားသည့် လူတွေ မြန်မာပြည်မှာ ကျွန်မ အသိတွေ အတော် များများ ရှိကြပါတယ်။ ဆရာဝန်တွေလဲ ပါပါတယ်။

ကျွန်မ ဆိုလိုချင်တာကတော့ ပိုးကြောင့် ကင်ဆာ ဖြစ်တာ မဟုတ်ပဲ ပိုးကို တိုက်ခိုက်ဖို့ ခန္ဓာကိုယ်မှ ထုတ်သော ​ရောင်ကိုင်းခြင်းကို ဖြစ်စေသည့် ဓာတ်များကြောင့် ဖြစ်တာ ဖြစ်ပါတယ်။

ဒါကြောင့် ပိုးတစ်ခုထဲကိုပဲ အဓိကထား ကုပြီး ခန္ဓာကိုယ် ​ရောင်ကိုင်းခြင်းကို ဘေးချိတ်ထားမယ် ဆိုရင် ကင်ဆာက ဖြစ်နိုင်ပါသေးတယ်။ ကုသမှုဟာလည်း မပြည့်စုံသေးပါ။

ကင်ဆာ ဖြစ်ခြင်းမှာ ခန္ဓာကိုယ် ​ရောင်ကိုင်းခြင်းမှ စလို့ ဖြစ်ပါတယ်။ ဒါကြောင့် antioxidants တွေ သောက်ရမှာ ဖြစ်ပါတယ်။

အသည်းကို ပံ့ပိုးပေးမဲ့ ဓာတ်စာများလည်း သောက်ရမှာ ဖြစ်ပါတယ်။ ဥပမာ Milk Thistle

အသည်း အဆိပ်သင့်နိုင်သော အရာများကို ရှောင်ရမှာ ဖြစ်ပါတယ်။ ဥပမာ အရက် သောက်ခြင်း၊ ပတ်ဝန်းကျင် အဆိပ်များ၊

အောက်ပါ ဆေးဝါးများ

1. Paracetamol အထူးသဖြင့် အများကြီး သောက်သူများ
2. TB ဆေး Isoniazid
3. Cholesterol ချ ဆေး statins
4. Methotrexate chemotherapy ဆေး၊ arthritis လူနာ အချို့လည်း မှီဝဲတတ်ပါသည်။
5. Anticonvulsants တက်သည့်အခါ သောက်သည့်ဆေးများ
6. Psychiatric medications စိတ်ရောဂါ ဆေးများ
7. Cancer chemotherapy ကင်ဆာကုသည့် အဆိပ်ဆေးများ
8. Antihypertensive agents သွေးတိုးချဆေးများ
9. Cardiovascular drugs နှလုံးရောဂါ ဆေးများ
10. Antidiabetic agents ဆီးချို ဆေးများ
11. Estrogens birth control pills ကိုယ်ဝန် တားဆေးများ
12. Anabolic steroids ကိုယ်ကာယ ကြီးထွားအောင် ထိုးသည့် ဆေးများ
14. မှိုတက်သော အစာများ အသည်းကို ထိခိုက်စေပါသည်။

ဆက်ပါဦးမည်။

ဘီပိုး ကျန်းမာရေး ဗဟုသုတ ဒါန အပိုင်း ၂ ။

ဘီပိုး အတွက် သွေးစစ်ပြီး အဖြေများကို ကြည့်ပေးဖို့ တောင်းဆိုလာသည့် မိတ်ဆွေများအတွက်နှင့် အခြား စိတ်ဝင်စားသူများ အတွက်ပါ ဖြစ်ပါတယ်။

ဆရာဝန် မဟုတ်သူများအတွက် နားလည်ဖို့ ခက်ပေမဲ့ ကျွန်မ အတတ်နိုင်ဆုံး အရှင်းဆုံး တင်ပြထားပေးပါတယ်။

တစ်ခေါက်နှင့် နားမလည်နိုင်ရင် အခေါက်ခေါက် ပြန်ဖတ်စေလိုပါတယ်။

မြန်မာပြည်မှာ အလွန် အဖြစ်များတာမို့ နားလည်ရင် ကိုယ့်အတွက်လည်း ကောင်း၊ သူတစ်ပါး အကျိုးကိုပါ ဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်။

ဘီပိုးကို စစ်ဖို့ သွေးဖောက်သည့် အခါ

အောက်ပါ အချက်အလက်များကို သေသေချာချာ နားလည် အောင် ပြောပြပါမယ်။ ဂရုတစိုက်နဲ့ လေ့လာပြီး နားလည်မယ် ဆိုရင် အားလုံးအတွက် အကျိုးရှိမှာ ဖြစ်ပါတယ်။

ဘီပိုး ရလိုက်ပြီ ဆိုရင် ပထမဦးစွာ သွေးထဲမှာ ပေါ်လာတာကတော့

၁. Hepatitis B surface antigen ( HBsAg )positive ဖြစ်ပါတယ်။
သူက ဘီပိုးရဲ့ အပြင်ဆုံးအလွှာမှာ ရှိနေတဲ့ ပရိုတင်းဓာတ် ဖြစ်ပါတယ်။ ရောဂါ လက္ခဏာ ဘာမှ မပေါ် သေးမီ သူက အရင်ဆုံး ပေါ် ပါတယ်။

သွေးထဲမှ ဒီ ပရိုတင်းဓာတ် HBsAg ရှိနေပြီ ဆိုရင် သိထားရမဲ့ အချက်က ဘီပိုးကို ရလိုက်ပြီ ဆိုတာပါပဲ။

လောလောဆယ် ရတာလဲ ဖြစ်နိုင်သလို အရင်က တစ်ချိန်ချိန်မှာ ရထားတာလဲ ဖြစ်နိုင်ပါတယ်။

၂. အခု လောလောဆယ် ရတာလား အရင် တစ်ချိန်ချိန်က ရခဲ့တာလား ဆိုတာ ခွဲခြားဖို့ကတော့ နောက်တစ်မျိုးနဲ့ သွေးစစ်ကြည့်ရမှာ ဖြစ်ပါတယ်။

IgM antibody to hepatitis core antigen ( IgM anti-HBc လို့ ခေါ် ပါ တယ်။) ဒီ IgM anti-HBc positive ဆိုရင် ၆လ အတွင်းမှာ ရရှိလိုက်တာ ဖြစ်ပါတယ်။ အင်္ဂလိပ်လို ပြောရရင် acute infection ပေါ့။
Negative ဆိုရင် အရင်က ရခဲ့တဲ့ chronic infection ဖြစ်ပါတယ်။

၃. HepatitisB e antigen ( HBeAg )
Positive ဖြစ်ရင် ခန္ဓာကိုယ်ထဲမှာ ဘီပိုးဟာ အတော်ပွား နေတယ် ဆိုတဲ့ အဓိပ္ဗါယ် ဖြစ်ပါတယ်။ ဒီအချိန်မှာ အလွန် ကူးစက်တတ်ပါတယ်။

၄. Hepatitis B core antibody ( anti- HBc )
Positive ဖြစ်ရင် လောလောဆယ် ရထားတဲ့ infection ဖြစ်နိုင်သလို အရင်က ရထားတဲ့ infection လဲ ဖြစ်နိုင်ပါတယ်။ ဒီဟာ positive ဖြစ်ရင် သွေးထဲမှာ တသက်လုံး positive ဖြစ်ပါတယ်။

ဒီ Hepatitis B core antibody ဟာ အလွန် အရေးကြီးပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကိုယ့်ဘာသာ ကိုယ် ရသွားတဲ့ infection လူတွေမှာ အမြဲ positive ဖြစ်ပြီး hepatitis B ကာကွယ်ဆေး ထိုးထားတဲ့ လူတွေမှာ အမြဲ negative ဖြစ်ပါတယ်။

ဒါကို ကြည့်ပြီး အရင်က ရဖူးတဲ့ infection လား ကာကွယ်ဆေး ထိုးထားလို့ ခန္ဓာကိုယ်ထဲမှာ antibodies လို့ ခေါ်တဲ့ ခုခံအားတွေ ရှိနေတာလား ဆိုတာ ခွဲခြား သိနိုင်ပါတယ်။

၅. Hepatitis B surface antibody ( anti- HBs )
အရေးအကြီးဆုံးမို့ နောက်ဆုံးမှာ တင်ပြရခြင်း ဖြစ်ပါတယ်

ကျွန်မ အမြဲ ပြောနေကျ စကားကတော့ ခန္ဓာကိုယ် ခုခံအား ကောင်းရ မယ် ဆိုတာ ဖြစ်ပါတယ်။

ဘီပိုးကို ရတဲ့ အခါမှာ ခုခံအား မကောင်းရင် ဒီပိုးကို တိုက်ဖျက်ဖို့ အားမရှိတာကြောင့် ခန္ဓာကိုယ်က antibodies လို့ ခေါ်တဲ့ ရောဂါကို တိုက်ဖျက်မဲ့ စစ်တပ် တစ်ခု မရှိပါ။

ဒါကြောင့်မို့လို့ ဘီပိုးကို ကိုယ် မနှိမ်နင်းနိုင်တာကြောင့် ကိုယ့် ခန္ဓာကိုယ်ထဲမှာ ဘီပိုးနဲ့ ကျန်ရစ်ခဲ့တာ ဖြစ်ပါတယ်။ အင်္ဂလိပ်လို ပြောပြရရင် chronic carrier state ဖြစ်သွားပါတယ်။

ဒါကြောင့် ခန္ဓာကိုယ် ခုခံအား မကောင်းရင် ဘီပိုးကို နှိမ်နင်းရန် antibodies မရှိပါ။

ဒါကြောင့် ခုခံအား နည်းနေသူတွေမှာ လောလောဆယ် ဘီပိုး ရသူတွေမှာ Hepatitis B surface antibody negative

chronic infection ကြာမြင့်စွာ ရထားသူတွေမှာလည်း hepatitis surface antibody negative.

ခုခံအား ကောင်းသူတွေကြတော့ ဘီပိုးကို တိုက်ထုတ်နိုင်တာကြောင့် ဒီပိုးလဲ မရှိတော့ပဲ hepatitis B surface antibodies တစ်သက်လုံး ရှိသွားတာမို့ နောက်ထပ်လဲ ဘီပိုး မဝင်နိုင်တော့ပါ။ ခုခံအားကောင်း သူတွေမှ ဒီ antibodies ဟာ positive ဖြစ်ပါတယ်။

မြန်မာပြည်နဲ့ အကိုက်ညီဆုံး အရေးကြီးဆုံး အချက်တွေကတော့ မြန်မာပြည်က လူအများစုတွေဟာ ခန္ဓာကိုယ် ခုခံအား မကောင်းကြပါ။ ဒါကြောင့် ဘီပိုး ရတဲ့ အခါမှာ ခုခံအား တစ်ခုဖြစ်တဲ့ antibodies တွေ မထုတ်နိုင်ကြပါ။ ဘီပိုးကို မသုတ်သင်နိုင်တာကြောင့် ဘီပိုးနဲ့ နာတာရှည် ရောဂါ ဖြစ်ပြီး ကျန်ခဲ့ကြတာ ဖြစ်ပါတယ်။

အဓိကကတော့ ခန္ဓာကိုယ် ခုခံအား ကောင်းအောင် လုပ်ထားရင် ဘီပိုးနဲ့ နာတာရှည်ရောဂါ မဖြစ်နိုင်တော့ပါ။ အသည်းခြောက်ခြင်း၊ အသည်း အလုပ် မလုပ်နိုင်တော့ခြင်း၊ အသည်း ကင်ဆာ ဖြစ်ခြင်းမှာလဲ လွတ်နိုင်ကြမှာ ဖြစ်ပါတယ်။

လောလောဆယ် ဘီပိုး ရလိုက်တဲ့ လူတွေကလဲ ခန္ဓာကိုယ် ခုခံအားကို အထွတ် အထိပ် ဖြစ်နေအောင် လုပ်လိုက်မယ် ဆိုရင်လဲ မှီနိုင်ပါသေးတယ်။

အခြားဟာတွေ မသောက်ချင် နေ၊ အဓိက သောက်ရမှာတွေကတော့

၁. Vitamin D3 5000IU – 10,000 IU daily with I capsule of superK
၂. Thyroid hormone နည်းနေရင် ဖြည့်ပေးလိုက်ပါ။
၃. Zinc 50 mg a day.
၄. Probiotics အနည်းဆုံး 20 billion count a day.
၅. VitaminC 1000 – 2000mg a day ဖြစ်ပါတယ်။

ဒါကို လိုက်နာ သောက်သုံးနိုင်မယ်ဆိုရင် အလွန်ဆိုးတဲ့ ဘီပိုး နာတာရှည် ရောဂါမှ လွတ်မြောက်နိုင်မယ်လို့ ကျွန်မ အကြွင်းမဲ့ ယုံကြည်ပါတယ်။

ကျွန်မ ပြောတာကို သဘောတူသူတွေ ရှိနိုင်ပေမဲ့ သဘော မတူသူတွေလဲ ရှိကြမှာ အမှန်ပါပဲ။ ဘာအရှုံးမှလဲ မရှိ ဥပါဒ်လဲ မရှိတာမို့ ဘယ်လိုပဲ ကြည့်ကြည့် လုံးဝ အရှုံး မရှိနိုင်ပါ။

ကျွန်မ ပြောတာ အဓိပ္ပါယ် ရှိတယ် ထင်ရင်လဲ လိုက်နာကြရုံပါပဲ။ သဘော မတူရင်လဲ ဒီရောဂါ ရေယဉ်ကြောမှာ ဆက်ပြီးမြောကြနိုင်ပါတယ်။

ဒီပိုးက မြန်မာပြည်မှာ အလွန် များတာကြောင့် တစ်နေ့ မဟုတ် တစ်နေ့ ကြုံရမှာ အမှန်ပါ။ Credit - To A Better Health

Call now to connect with business.

Better Age ရဲ့ မိတ်ဆွေများအားလုံး တန်ဆောင်မုန်းလပြည့်နေ့မှစရျ် ကျမ်းမာ ချမ်းသာ ရျ် ကောင်းကျိုး လိုရာဆန္ဒများ ပြည့်ဝကြပါစ...
27/11/2023

Better Age ရဲ့ မိတ်ဆွေများအားလုံး တန်ဆောင်မုန်းလပြည့်နေ့မှစရျ် ကျမ်းမာ ချမ်းသာ ရျ် ကောင်းကျိုး လိုရာဆန္ဒများ ပြည့်ဝကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင့်🙏🏻🙏🏻🙏🏻

Man City Vs ARSENAL  ပွဲရလာဒ်လေးကိုခန့်မှန်းလိုက်တာနဲ့ ၃၀၀၀၀ ရမည့်အခွင့်အရေး💰💰💰💰ပျော်ရွှင်စရာဂိမ်းအစီအစဥ်မှကြိုဆိုပါတယ် ...
01/06/2023

Man City Vs ARSENAL ပွဲ
ရလာဒ်လေးကိုခန့်မှန်းလိုက်တာနဲ့ ၃၀၀၀၀ ရမည့်အခွင့်အရေး
💰💰💰💰
ပျော်ရွှင်စရာဂိမ်းအစီအစဥ်မှကြိုဆိုပါတယ် လာမည့်တနင်္ဂနွေည 10 pm မှာယှဥ်ပြိုင်ကြမည့်
& တို့ရဲ့

ပွဲကို ကြိုတင်ခန့်မှန်းပြီး ဆုငွေများထုတ်ယူရန်ဖိတ်ခေါ်ပါတယ်
ခန့်မှန်းရမှာကရိုးရှင်းပါတယ် ၁ ခုထဲပါ
ဘယ်အသင်းက
ဘယ်နှဂိုးနဲ့နိုင်မလဲ(ပွဲပြီးရလာဒ်သာ)
Example.. ManCity 2-1
ARSENAL
2-1
၂ကြိမ်ထက်ပိုမမန့်ရ
ဒီပို့စ်အောက်မှာမန့်လိုက်ယုံနဲ့ရမှာပါ

ချီးမြှင့်မည့်ဆုငွေ
30000 mmk
အဖြေမှန်သူ တဦးထက်ပိုပါက ခွဲယူ သို့မဟုတ် မဲနှိုက်ပါမည် နည်းလမ်းကို အဖြေမှန်သူကာယကံရှင်များဆုံးဖြတ်ပါ
⚽⚽⚽⚽⚽
Sunday 9:50pm
နောက်ဆုံးမန့်ပေးပါနော်

Batter Age Burma
မှရောင်းချပေးနေတာတွေကတော့
👇👇👇👇
အမေရိကန်(ဖြည့်စွက်စာများ)အစုံ

Collagenများ
ရွက်စိမ်းမှူန့်များ
Coconut oil,Olive oil& Apple cider vinegar အရည်၊အခဲများ
ကလေး၊လူကြီးအားဆေးများ၊အားဖြည့်ဆေးများ
အမျိုးသားသီးသန့်အမျိုးသမီးသီးသန့်
အမွေးပေါက်အမွေးသန်
ဆေးများ
.....စသဖြင့်

ကို စျေးနှုန်းမှန်ကန်စွာဖြင့် တစ်နေရာတည်းမှာစုံလင်စွာ in stock ရရှိနိုင်ပါတယ်ရှင်။
လိုအပ်တဲ့ ဖြည့်စွက်အာဟာရဆေးများကို အမြန်ဆုံးရရှိ စေရန်အတွက် phone,& viberတို့ဖြင့် ဆက်သွယ်မေးမြန်း၊ဝယ်ယူရရှိနိုင်ပါတယ်ရှင်။

မြန်မာတစ်နိုင်ငံလုံးအနှံ့ အိမ်အရောက် (သို့)ကားဂိတ်ချဖြင့် ပို့ဆောင်ပေးပါတယ်ရှင်။

ရန်ကုန်မြို့တွင်းသို့ (2)ရက်အတွင်း အိမ်အရောက်ပို့ဆောင်ပေးပါတယ်ရှင့်









Address


Telephone

+959257437723

Website

Alerts

Be the first to know and let us send you an email when Better Age - Burma posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Health & Beauty Business?

Share