01/09/2026
#ဓမ္မတာလာရင်ခေါင်းမလျော်ရ_ပြသနာလေးကိုလဲရှင်းပြပါအုံးနော်
#တကယ်ဘဲဓမ္မတာထိန်တာတို့_သွေးလန့်ပီးကယောင်ချောက်ချားဖြစ်တာတို့က
#တကယ်လား_ခေါင်းလျော်တာနဲ့ဆိုင်လို့လား
( #ဓမ္မတာလာခြင်း #ရာသီသွေးပေါ်ခြင်း )
အမျိုးသမီးတွေ တစ်လတစ်ခါ သွေးပေါ်တာကို #ဓမ္မတာလာခြင်း #ရာသီသွေးပေါ်ခြင်း လို့ခေါ်ကြပါတယ်။
#ရာသီသွေးပေါ်ခြင်း နဲ့ ပတ်သက်ပြီး အယူအဆတွေ အမျိုးမျိုးရှိကြပါတယ်။
အဲ့ဒီအယူအဆ တွေ
- ဟုတ်လား ⁉️
- မဟုတ်ဘူးလား ⁉️
ဆိုတာ ကို ကိုယ့်ရဲ့ ကိုယ်ပိုင်ဉာဏ်နဲ့ စဉ်းစားဆင်ခြင် နိုင်စေဖို့။
#ရာသီသွေးပေါ်ခြင်း ဆိုတာကို တတ်နိုင်သလောက် နားလည်အောင် ရှင်းပြချင်ပါတယ်။
အမျိုးသမီးများဟာ လူသားမျိုးနွယ်စုကို ထိန်းသိမ်းတဲ့ တာဝန်ကိုထမ်းဆောင်ကြရပါတယ်
ခန္ဓာကိုယ်က ဒီအမျိုးသမီးဟာ အပျိုလား/အအိုလား အိမ်ထောင်ရှိလား မရှိဘူးလားကို မသိပါဘူး
အဲ့တော့ အမျိုးသမီးတွေရဲ့ သားအိမ်က ဖြစ်တည်လာနိုင်မယ့် လူသားလေးအတွက် ပြင်ဆင် ရပါတယ်။
ဖိုသုက်ပိုး နဲ့ မမျိုးဥ ပေါင်းပြီး ဖြစ်လာမယ့် သားလောင်းလေး သက်သောင့်သက်သာ နေဖို့ သားအိမ်အတွင်းနံရံကို သွေးတွေ၊ အသားတွေနဲ့ ကူရှင်/အိပ်ယာကြီး အနေနဲ့ ဖန်တီးတည်ဆောက်ပါတယ်။
(၁၄ ရက်ဝန်းကျင်လောက်ကြာအောင်တည်ဆောက်ပါတယ်။)
O***y မျိုးဥအိမ်ကနေ သားဥကြွေပါတယ် (ovulation) ကြွေတဲ့သားဥက သူဆီလာမယ့် သုက်ပိုး(S***m) ကို (၃) ရက်ဝန်းကျင်လောက်စောင့်ပါတယ်။
S***m ရောက်မလာတဲ့ အခါမှာ သန္ဓေအောင်ခြင်း (Fertilization) မဖြစ်တဲ့ အတွက် သန္ဓေသားအတွက် သားအိမ်ကပြင်ထားတဲ့ အသွေးတွေ၊အသားတွေနဲ့ တည်ဆောက်ထားတဲ့ ကူရှင်က မလိုတော့ပါဘူး။
မလိုတော့တဲ့ အသွေးတွေ၊အသားတွေနဲ့ တည်ဆောက်ထားတဲ့ ကူရှင်ကို ခန္ဓာကိုယ်က အပြင်ကိုစွန့်ထုတ်တာကို ဓမ္မတာလာတယ်၊ ရာသီလာတယ်၊ သွေးပေါ်တယ် (menstruation ) လို့ခေါ်ပါတယ်။
_________
ဆိုတော့ကာ
#ရာသီသွေးပေါ်တယ် ဆိုတာ
- ခန္ဓာကိုယ်ထဲက သွေးတွေ ထွက်ကျလာတာ မဟုတ်ပါဘူး။
- သားအိမ်နံရံအတွင်းဘက်မှာ သန္ဓေသားအတွက် ပြင်ထားတဲ့ (ရှိပြီးသား) ကူရှင်ကြီး ကွာကျလာတာပါ
အဲ့တော့ ရာသီသွေးပေါ်တဲ့အချိန် ရေချိုးရင် ခေါင်းလျှော်ရင်
👉 ဓမ္မတာထိန်သွားတယ်
👉 ကယောင်ချောက်ချားဖြစ်တယ် ဆိုတာ ဖြစ်နိုင်/မဖြစ်နိုင် စဉ်းစားကြည့်ကြပါ။
လွန်ခဲ့တဲ့ ရက် ၂၀ ကျော် တစ်လနီးပါး လောက်ပြင်ဆင်လာတဲ့သားအိမ်ထဲကဥစ္စာတွေက ကိုယ်လုံးကို ရေလောင်းလိုက်တာ နဲ့ အပြင်ထွက်မလာတော့ရင် ဘယ်ရောက်သွားကြမလဲ။
ရာသီလာပြီးရင် ခန္ဓာကိုယ်က ကူရှင်အသစ်ထပ်လုပ်ဦးမှာလေ၊ အဟောင်းတွေက ရှိသမျှအကုန်ထွက်သွားရမှာပါ။
ကယောင်ချောက်ချားဖြစ်တယ် ဆိုတာကတော့
Hormone အပြောင်းအလဲကြောင့် အမျိုးသမီးတိုင်းနီးပါးဟာ Period မှာ စိတ်အခြေအနေဟာ fragile ဖြစ်တယ် (ထိလွယ်ရှလွယ်ပေါက်ကွဲလွယ်တယ်) လို့ပြောရမယ်ထင်ပါတယ်
- စိတ်အလိုမကျဘူး
- စိတ်တိုတယ် စိတ်ဆတ်နေတယ်
- ဝမ်းနည်းတယ် အားငယ်တယ်
- လူတွေကြားထဲမှာနေရင်းနဲ့ကို အထီးကျန်တယ်
Dysmenorrhoea လို့ခေါ်တဲ့ ကိုက်ခဲနာကျင်နေရင် ပိုတောင်ဆိုးပါတယ်။
{အဲ့ဒါကို နားလည် အားပေးရမှာပါ ၊ အဲ့ဒီအချိန် စိတ်မမှန်ဘူးဆိုပြီး ရှောင်မနေကြပါနဲ့ အော်လည်း အအော်ခံလိုက်ပါ ချလည်း အချခံလိုက်ပါ}
👉 ရေချိုးတာ/ခေါင်းလျှော်တာ နဲ့ မဆိုင်ပါဘူး။
________
#ရာသီသွေးနည်းတယ်/ထိန်တယ်ဆိုတာက
- အာဟာရပြည့်ဝစွာမစားဘူး
- အလွန်အကျွံ Diet လုပ်နေတယ်
- စိတ်ဖိစီးမှုတရားလွန်များတယ်
- ဝမ်းနည်းကြေကွဲစရာအကြီးကြီးကြုံတယ်
- တရားလွန်လေ့ကျင့်ခန်းအပြင်းအထန်လုပ်တယ်
- အကြီးအကျယ်ဖျားနာတယ်
- Hormone နဲ့ပတ်သက်တဲ့ရောဂါတွေ ဖြစ်တယ်
- သွေးအားနည်းရောဂါရှိတယ်
အစရှိတာတွေကြောင့်ဖြစ်ရတာပါ။
_________
ဒါပေမယ့်
ရာသီသွေးပေါ်တဲ့အချိန်မှာ ခန္ဓာကိုယ်က အလွန်အမင်းပင်ပန်းနွမ်းနယ် နေတတ်တဲ့အတွက်
- ရေကို အကြာကြီး ချိုးမယ်
- ဆံပင်အရှည်နဲ့ကို စိမ်ပြေနပြေ ခေါင်းလျှော်မယ် ဆိုရင်တော့ #အအေးမိဖျားနာ ဖို့ လွယ်ကူပါတယ်
နဂိုထဲက ညောင်းပြီးကိုက်ခဲနေတတ်တာကို ရေအေးနဲ့ထိရင် ပိုပြီးဆိုးတတ်ပါတယ်။
အဲ့ဒါတွေကြောင့် ရှေးလူကြီးတွေက ရေအကြာကြီးမချိုးဖို့ ခေါင်းကို အကြာကြီးစိမ်ပြေနပြေ မလျှော် ဖို့ ဆုံးမ ခဲ့ပုံရပါတယ်။
အရာရာကို ချဲ့ကားတတ်တဲ့ အကျင့်၊ ရှင်းပြလို့ရတာကို ရှင်းမပြပဲ ခြိမ်းခြောက်တတ်တဲ့ အကျင့်တွေကြောင့် ပေါက်ကရတွေ အခုထိရှိနေပုံရတာပါ။
(ကျွန်တော်တို့ ငယ်ငယ်ကလိုပေါ့ အမှောင်ထဲသွားရင် မြွေတွေ၊ကင်းတွေ၊အကောင်တွေ ကိုက်လိမ့်မယ် အန္တရာယ်ရှိတယ် လို့ သေသေချာချာ မပြောပြပဲ "အမှောင်ထဲသွားရင် #ဒေဝေါကြီးကိုက်လိမ့်မယ်" လို့ခြောက်ထားတော့ ဘာမှန်းမသိတဲ့ #ဒေဝေါကြီး ကို တော်တော်ကြီးတဲ့အထိ ကြောက်တုန်းပါ 😅)
_______
ပြန်ခြုံရရင်
- ရာသီသွေးပေါ်တယ်ဆိုတာ ဘာလဲ
- ရေချိုး ခေါင်းလျှော်တာ နဲ့ ရာသီသွေးပေါ်တာ ဆိုင်/မဆိုင်
- စိတ်ထိလွယ်ရှလွယ်ဖြစ်ရင် ဂရုစိုက်ရမယ်ဆိုတာ
သိကြပြီထင်ပါတယ်
______
တကိုယ်ရည်သန့်ရှင်းရေးဟာ အရေးကြီးပါတယ်။
အခုလို ရောဂါပိုးတွေ ကူးစက်လွယ်နေတဲ့ အချိန်ဆိုရင် ပိုအရေးကြီးပါတယ်။
ဒါပေမယ့် ကျွန်တော်ပြောနေကျ အတိုင်းပေါ့
"မိမိ ခန္ဓာ မိမိ သဘောပါ"
(ဆရာဝန်အထီးကြီးက ဘာနားလည်လို့လဲ လို့ မြင်မယ့်သူတွေလည်း ရှိလောက်မှာပါ 😅)
(Photo Credit; Healthshots )
ကျန်းမာရေးဗဟုသုတ တိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ
Dr. ဘုန်းစည်သူလွင်
(ကျန်းမာရေးဆောင်းပါးများ နေ့စဉ်တင်ပေးနေသောကြောင့် #ကျွန်တော့_Pageကို_Like လုပ်ထားခြင်းဖြင့် ကျန်းမာရေးဗဟုသုတတိုးပွား လာပါလိမ့်မယ် 💕💕💕 )