တော်ဝင်နန်းတော်တိုင်းရင်းဆေး

  • Home
  • Myanmar
  • Yangon
  • တော်ဝင်နန်းတော်တိုင်းရင်းဆေး

တော်ဝင်နန်းတော်တိုင်းရင်းဆေး ပျော်ရွှင်ကျန်းမာသာယာဖို့တော်ဝင်နန်းတော်သုံးကြစို့။ မြန်မာတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး

မျက်မှန်တပ်ထားရသူတွေနဲ့ မျက်စိကျန်းမာရေးကို ဂရုစိုက်ချင်သူတွေအတွက် မဖြစ်မနေ သိထားသင့်တဲ့ နည်းလမ်းကောင်း (၁၃) ချက်ကို ပြန...
16/05/2026

မျက်မှန်တပ်ထားရသူတွေနဲ့ မျက်စိကျန်းမာရေးကို ဂရုစိုက်ချင်သူတွေအတွက် မဖြစ်မနေ သိထားသင့်တဲ့ နည်းလမ်းကောင်း (၁၃) ချက်ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

✨ မျက်စိအားကောင်းစေဖို့ လိုက်နာရမယ့် အလေ့အကျင့် (၁၃) ချက် ✨
🥗 အစားအသောက်ဆိုင်ရာ အချက်များ
(၁) ငါး များများမှီဝဲပါ - မျက်ရည်ခမ်းခြောက်မှုကို ကာကွယ်ပေးတဲ့ Omega-3 ဓာတ်များစွာ ပါဝင်ပါတယ်။ ငါးမကြိုက်ပါက ငါးကြီးဆီ အားဆေး သုံးစွဲနိုင်ပါတယ်။

(၂) ကြက်သွန်နီ ပိုထည့်ပါ - ဟင်းချက်တဲ့အခါ အခြားကြက်သွန်တွေထက် ကြက်သွန်နီကို ပိုသုံးပေးပါ။ မျက်စိတိမ်ကွယ်ခြင်းကို ဟန့်တားပေးနိုင်တဲ့ ဓာတ်များ ပါဝင်လို့ပါ။

(၃) ညစာမှာ မုန်လာဥနီစားပါ - ညဘက်အမြင်အာရုံ ပိုကောင်းစေတဲ့ ဗီတာမင် A ကြွယ်ဝစွာ ပါဝင်ပါတယ်။

(၄) အငန် လျှော့သုံးပါ - အငန်ဓာတ်များရင် မျက်စိတိမ်ဖြစ်နိုင်ခြေ ပိုများတာကြောင့် ဆားကို လျှော့စားပေးသင့်ပါတယ်။
🛡️ ကာကွယ်ခြင်းနှင့် ဂရုစိုက်ခြင်း

(၅) နေကာမျက်မှန် ဝတ်ဆင်ပါ - အပြင်သွားတဲ့အခါ နေကာမျက်မှန် တပ်ပေးခြင်းက ပြင်းထန်တဲ့ နေရောင်နဲ့ လေတိုက်လို့ မျက်ရည်ခမ်းတာကို ကာကွယ်ပေးပါတယ်။

(၆) ရေကူးရင် မျက်မှန်တပ်ပါ - ရေထဲက ကလိုရင်းဒဏ်ကနေ ကာကွယ်ဖို့ ရေကူးမျက်မှန် အမြဲတပ်ပါ။ အလုပ်ခွင်မှာလည်း အကာအကွယ်မျက်မှန်ကို မဖြစ်မနေ သုံးပါ။

(၇) ကား A/C လေကို မျက်နှာတည့်တည့် မထားပါနဲ့ - လေအေးပေးစက်လေက မျက်ရည်ကို ခမ်းခြောက်စေလို့ ခြေထောက်ဘက်ကိုပဲ လှည့်ထားပါ။ မျက်ကြည်လွှာ ပျက်စီးတာမျိုး မဖြစ်အောင် သတိထားပါ။
(၈) မီးခိုးရောင် မှန်ဘီလူးသုံးပါ - အရောင်အမြင် လွဲချော်မှုနည်းတဲ့ မီးခိုးရောင် နေကာမျက်မှန်ကို ဦးစားပေး ရွေးချယ်ပါ။
🧹 သန့်ရှင်းရေးနှင့် ကျန်းမာရေး

(၉) မျက်နှာသုတ်ပဝါ သန့်ရှင်းပါစေ - ကိုယ်ပိုင်ပဝါကိုပဲ သုံးပါ။ အခြားသူနဲ့ ရောမသုံးပါနဲ့။ ကူးစက်တတ်တဲ့ မျက်စိရောဂါတွေ ဖြစ်နိုင်လို့ပါ။

(၁၀) မိတ်ကပ် သေချာဖျက်ပါ - အိပ်ရာမဝင်ခင် မျက်လုံးတစ်ဝိုက်က မိတ်ကပ်တွေကို စင်ကြယ်အောင် ဖယ်ရှားပါ။ မိတ်ကပ်စတွေက မျက်ကြည်လွှာကို ထိခိုက်စေနိုင်ပါတယ်။

(၁၁) သွေးပေါင်ချိန် ပုံမှန်စစ်ပါ - တစ်လတစ်ခါ သွေးပေါင်တိုင်းပါ။ သွေးတိုးရင် မျက်စိထဲက သွေးကြောငယ်လေးတွေကို ထိခိုက်စေနိုင်ပါတယ်။
🧘 အနားပေးခြင်း

(၁၂) စာဖတ်ချိန်မှာ အနားပေးပါ - စာဖတ်တဲ့အခါ မိနစ် ၃၀ တိုင်းမှာ စာအုပ်ကို ခဏချပြီး အဝေးတစ်နေရာကို စက္ကန့် ၃၀ ခန့် ကြည့်ပေးပါ။

(၁၃) စပယ်ရနံ့ကို အသုံးချပါ - စပယ်နံ့က ဦးနှောက်ကို နိုးကြားစေပြီး မျက်စိအားကောင်းစေတဲ့ Beta လှိုင်းတွေကို ဖြစ်ပေါ်စေပါတယ်။

Credit to original

#တော်ဝင်နန်းတော်

ပွေး ဝဲ ယားနာများအတွက်ချက်ချင်းပျောက်တဲ့ဆေ:နည်း ဖတ်ချိန်တမိနစ်_________________နည်းလမ်းလေးကတော့အရမ်းလွယ်ပါတယ်နော် အုန်းသ...
07/05/2026

ပွေး ဝဲ ယားနာများအတွက်ချက်ချင်းပျောက်တဲ့ဆေ:နည်း ဖတ်ချိန်တမိနစ်
_________________
နည်းလမ်းလေးကတော့အရမ်းလွယ်ပါတယ်နော်
အုန်းသီး အခွံကိုသံပြားတစ်ခုခုပေါ်တင်ပြီးမီးရှို့ထွက်လာတဲ့ အဆီကို ယားနာများလူးပေးပါ။

မှတ်ချက်
=++
( ဆေ:မလူးခင်အနာကို အ=ရပ်ပျံဂွမ်းနဲ့ပွတ်ပြီးသန့်ရှင်းရေးလုပ်ပြီးမှလူးပါ ။

လေးငါးရက်လောက်ဆိုရင် အနာဖေးများကွာကျပြီးသက်သာပျောက်ကင်းပါတယ်။
ဆငဆသနသတသဆသတငနနငငနသနသနသတသတ
shareပေးကြပါနော်....တစ်ဆင့်ပြပြန်လည်မျှဝေခြင်းဖြစ်ပါသည်

++++++++++++
ကျွန်တော်တို့တင်ပြပေးထားသည်ဖတ်၍မိဘပြည်သူများအနေဖြင့်
ဗဟုသုတအဖြစ်မှတ်သားစရာတစ်ခုခုကျန်ခဲ့မယ်ဆိုရင် အလွန်ဝမ်းမြောက်မိမှာပါ။
အခြားသူများလည်းသိစေရန်ပြန်လည်မျှဝေခြင်းဖြင့်ကျန်းမာရေး ကုသိုလ်ယူပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

လေးစားစွာဖြင့်မူရင်းရေးသားသူကို
ေးပါတယ်

#တော်ဝင်နန်းတော်

အခုရေတွင်းတူး အခုရေကြည်သောက်လို့ မရနိုင်ဘူးကြီးမားတဲ့ အောင်မြင်မှုတွေ ရဖို့အချိန်ယူရတယ်ဆိုတာ သိထားဖို့လိုတယ်။ အောင်မြင်သ...
05/05/2026

အခုရေတွင်းတူး အခုရေကြည်သောက်လို့ မရနိုင်ဘူး

ကြီးမားတဲ့ အောင်မြင်မှုတွေ ရဖို့
အချိန်ယူရတယ်ဆိုတာ သိထားဖို့လိုတယ်။
အောင်မြင်သွားတဲ့သူတွေကို ကြည့်လိုက်ပါ။

အခုထလုပ် အခုအောင်မြင်သွားတာမှ မဟုတ်တာ
ထိုက်တန်တဲ့ ကြိုးစားအားထုတ်မှုနဲ့အတူ
အချိန်ကာလတစ်ခုတော့ ပေးဆပ်ခဲ့ရတာပဲ။

ဖြတ်လမ်းလိုက်တဲ့ ကြိုးစားမှုက
ရေတိုမှာက
အောင်မြင်ကောင်း အောင်မြင်လိမ့်မယ်။
ဒါပေမယ့် ရေရှည်ဖို့ မလွယ်ပါဘူး။
အချိန်မရွေး ပြန်ပြီး လဲပြိုသွားနိုင်တယ်။

တခါတလေ ကိုယ့်ကြိုးစားမှုတွေ
အရာမထင်ပါလားလို့ တွေးမိတဲ့အခါ
ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ပါ။

တကယ်ပဲ ကြိုးစားရဲ့လား
ယောင်တောင်တောင်နဲ့ ဝေ့လည် ဝေ့လည် လုပ်ရင်း
အချိန်ကုန် နေတာလား
ကိုယ်ကြိုးစားမှုကရော အစွမ်းကုန် ဟုတ်ရဲ့လား
ပြန်သုံးသပ်ပါ။

တကယ်လို့ ကိုယ် အစွမ်းကုန် ကြိုးစားလျှက်နဲ့
မဖြစ်လာသေးတာဆိုရင် အချိန်မကျသေးလို့ပါ။
တချို့ကြိုးစား အားထုတ်မှုတွေက
အချိန်ကို စောင့်ရတာမျိုးလည်း ရှိပါတယ်။

ကြိုးစားသူတိုင်းက
ကြိုစားခြင်းရဲ့အသီးအပွင့်ကိုတော့ ခံစားရမှာပဲ။
မြန်မာစကားပုံရှိပါတယ်။
"ခုရေတွင်းတူး ခုရေကြည်သောက်လို့မှ မရတာ"
အချိန်တစ်ခုတော့ လိုတာပေါ့။

အချိန်ယူပြီး တည်ဆောက်ထားတဲ့
အောင်မြင်မှုဟာ ပြိုလဲဖို့ မလွယ်ပါဘူး။

with respect - crd
Credit to the original uploader
#တော်ဝင်နန်းတော်

ကျန်းမာရေးအတွက်အစာအသောက်သည်လဲအရေးကြီးသောအစိတ်အပိုင်းတစ်ခုဖြစ်ပြီးအစားအစာတိုင်းတွင်ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုစီကိုထောက်ပ...
03/05/2026

ကျန်းမာရေးအတွက်အစာအသောက်သည်လဲအရေးကြီးသောအစိတ်အပိုင်းတစ်ခုဖြစ်ပြီးအစားအစာတိုင်းတွင်ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုစီကိုထောက်ပံ့ပေးသောအစွမ်းသတ္တိရှိကြပါသည်။

အောက်ဖော်ပြပါပုံတွေတွေ့နိုင်ပါသည်။

Credit to original
#တော်ဝင်နန်းတော်

ကျောက်ဖရုံသီးကြိတ်ရည်၏ အံ့မခန်းစွမ်းပကားအားဆေးပင် မလိုတော့ပါ။ကျောက်ဖရုံသီးကြိတ်ရည်ကို တစ်နေ့ ဖန်ခွက်တစ်ခွက် (350 ml) သော...
01/05/2026

ကျောက်ဖရုံသီးကြိတ်ရည်၏ အံ့မခန်းစွမ်းပကား
အားဆေးပင် မလိုတော့ပါ။

ကျောက်ဖရုံသီးကြိတ်ရည်ကို တစ်နေ့ ဖန်ခွက်တစ်ခွက် (350 ml) သောက်သုံးခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများမှာ -

ကျောက်ကပ်ဝေဒနာရှင် အမျိုးသမီး (၅၁ နှစ်):
ဆီးချိုနှင့် ကျောက်ကပ်ကျောက်တည်ရောဂါကြောင့် ဗိုက်အောင့်၊ ဖျားနာကာ ဆေးရုံတက်ကုသသော်လည်း မသက်သာခဲ့ပါ။ သိုသော် ကျောက်ဖရုံရည်ကို တစ်လကျော် နေ့စဉ်သောက်ရာ ၁ ရက်၊ ၂ ရက်အတွင်း သိသိသာသာ သက်သာလာပြီး ကျောက်ပါ ကြေသွားခဲ့သည်။ (အစာသည်လည်းဆေး၊ ဆေးသည်လည်းအစာ ဖြစ်ပါသည်)

သည်းခြေကျောက်တည်သူ အမျိုးသား (၇၀ နှစ်):
ကျောက်ဖရုံရည်နှင့် အရွက်စိမ်းကြိတ်ရည်ကို သောက်သုံးခြင်းဖြင့် ခွဲစိတ်စရာမလိုဘဲ သည်းခြေနှင့် ကျောက်ကပ်ရှိ ကျောက်များ ပျောက်ကင်းသွားပါသည်။

ဆီးခဏခဏသွားသူ အမျိုးသား (၅၅ နှစ်):
ကွမ်းကြိုက်၍ ကျောက်ကပ်စိုးရိမ်သဖြင့် သောက်ရာ တစ်လအကြာတွင် ညဘက် ဆီးထသွားရခြင်းများ ကင်းဝေးသွားပါသည်။
ဆီးကျဉ်၊ ဆီးအောင့်သူ အမျိုးသမီး (၄၃ နှစ်):
ဆီးခဏခဏသွားသော်လည်း နည်းနေသူဖြစ်ရာ ကျောက်ဖရုံရည် စမ်းသောက်ပြီး ၂ ရက်အတွင်း ဆီးပုံမှန် ပြန်ဖြစ်သွားပါသည်။

အပိုဆောင်း အကျိုးကျေးဇူး

ကိုယ်နံ့၊ ချွေးနံ့ ပြင်းထန်သူများလည်း သောက်သုံးသင့်ပါသည်။ ကျောက်ဖရုံသီးသည် ခန္ဓာကိုယ်မှ အညစ်အကြေးများကို စုပ်ယူဖယ်ရှားပေးနိုင်သော ဂုဏ်သတ္တိရှိပါသည်။

အကြံပြုချက်

ကွမ်းကြိုက်သူများနှင့် ကျောက်ကပ်ကျောက်တည်မှာ စိုးရိမ်သူများအတွက် ကျောက်ဖရုံသီးကြိတ်ရည်သည် အကောင်းဆုံး လက်တွဲဖော် ဖြစ်ပါသည်။ ယခုအခါ ကျွန်တော်နှင့်အတူ ၁၁ ဦးခန့် ပုံမှန်သောက်သုံးနေကြပြီး ရောဂါကုသရန်နှင့် ကြိုတင်ကာကွယ်ရန်အတွက် အလွန်တန်ဖိုးရှိသော သဘာဝဆေးစွမ်းတစ်ခွက် ဖြစ်ပါကြောင်း မျှဝေလိုက်ရပါသည်။

Credit to original

#တော်ဝင်နန်းတော်

ရွေထက်တန်ဖိုးရှိတဲ့စာ..ဒီစာဖတ်ပီးသင့်ဘဝကိုပြောင်းလဲလိုက်ပါမိတ်ဆွေငွေမကုန်ဘဲ ကျန်းမာစေနည်းလမ်း နော်______________________...
27/10/2024

ရွေထက်တန်ဖိုးရှိတဲ့စာ..ဒီစာဖတ်ပီးသင့်ဘဝကိုပြောင်းလဲလိုက်ပါမိတ်ဆွေငွေမကုန်ဘဲ ကျန်းမာစေနည်းလမ်း နော်
______________________
၁။ရေများများသောက်ဖို့
ပိုက်ဆံမကုန်ပါဘူး ။

၂။လေဝဝရှူဖို့
ပိုက်ဆံမကုန်ပါဘူး ။

၃။မိမိနဲ့သင့်လျော်တဲ့
အားကစားတစ်ခုခုကို
အချိန်အနည်းငယ်ပေးပြီး ပြုလုပ်ဖို့
ခန္ဓာကိုယ်ချွေးထွက်ဖို့
ပိုက်ဆံမကုန်ပါဘူး ။

၄။ Online ပိတ်ပြီး
ညစောစောအိပ်ဖို့
ပိုက်ဆံမကုန်ပါဘူး ။
အိပ်ရေးဝဖို့ တစ်ပြားမှမကုန်ပါဘူး ။

၅။ မိမိစားနေကျ အစားအစာတွေကို
သေချာပြန်စစ်ဆေ.ပြီး
ဘယ်ဟာကိုရှောင်ရမယ်
ဘယ်ဟာကိုဖြည့်စားရမယ်ဆိုတာသိရင်
စားနေကျ ဟာထက် ပိုမကုန်ပါဘူး ။

၆။ fb ကြည့်တဲ့အခါ
ကုသိုလ်ပြုဖို့ မျှဝေဖို့
ဟာသတွေကြည့်ရှုပြီးရယ်မောဖို့
သင်သုံးနေကျထက် ပိုမကုန်ပါဘူး ။

ဒေါသထွက်စရာ page တွေ
စိတ်ဆင်းရဲစရာ page တွေ
ကိုယ့်ကိုဒေါသထွက်စေတဲ့လူတွေကို
unfollow လုပ်ပြီး
ရယ်စရာကောင်းတာတွေ
စိတ်ကြည်နူးစရာတွေကိုပဲ like လုပ်ထားပါ ။

Bill ကုန်ခံပြီး စိတ်ဆင်းရဲမခံပါနှင့်။
Bill ကုန်ခံပြီး ဒေါသကိုမဝယ်ပါနှင့် ။
Bill ကုန်ခံပြီး အသက်မတိုပါစေနှင့် ။

၇။ ဘာသာရေးလုပ်ဖို့ပိုက်ဆံမလိုပါဘူး ။
ဘယ်ဘုရားကမှ ပိုက်ဆံရှိမှတရားရမယ်။
ပိုက်ဆံအကုန်ခံမှ ကောင်းကင်ဘုံရောက်မယ်
မမိန့်ခဲ့ပါ။
တစ်ပြားမှကုန်စရာမလိုပဲနှင့်
ဘုရားရှိခိုးနိုင်ပါသည်။
ကပ်ဆိုးဆိုက်နေသော လောကကြီးတွင်
နေ့စဉ်နာရီဝက်ခန့် ဘုရားတရားရိပ်၌
ခိုလွုံ ပါ ။
ဆစတသငနငမကမက
၈။ တစ်ကယ့်မိတ်ဆွေကောင်းတွေနဲ့နေရဖို့
ဆွေးနွေးတိုင်ပင်ဖို့ ရယ်ရယ်မောမောပြောနိုင်ဖို့စိတ်လွတ်ကိုယ်လွတ်ရှင်သန်ဖို့
ငွေသိပ်မကုန်ပါဘူး ။

ငွေကုန်ရမှ ပေါင်းလို့ရမယ်ဆိုရင်လည်း
ဒါဟာ မိတ်ဆွေကောင်းမဟုတ်ပါဘူး ။
မိတ်ဆွေကောင်းတွေနဲ့အမြဲဆက်သွယ်နေထိုင်ပါ ။

မိတ်ဆွေ...
တစ်ပြားမှမကုန်ပဲ လုပ်လို့ရတာတွေကို
သင်မလုပ်ခဲ့ရင်....
အများကြီးကုန်မှ လုပ်လို့ရမှာတွေကို
တစ်ချိန်ကျ သင်လုပ်ရတော့မှာပါ.... ။

သိန်းရာချီကုန်မှအသက်ဆက်ရမယ့်
ရောဂါဘယတွေမဖြစ်ခင်
တစ်ပြားမှမကုန်ဘဲ
မိမိကိုယ်မိမိ ကယ်တင်ကြရအောင်

______________________
shareးပေါဦးနော
်တစ်ဆင့်ပြပြန်လည်မျှဝေခြင်းဖြစ်ပါသည်

++++++++++++
ကျွန်တော်တို့တင်ပြပေးထားသည်ဖတ်၍မိဘပြည်သူများအနေဖြင့်
ဗဟုသုတအဖြစ်မှတ်သားစရာတစ်ခုခုကျန်ခဲ့မယ်ဆိုရင် အလွန်ဝမ်းမြောက်မိမှာပါ။
အခြားသူများလည်းသိစေရန်ပြန်လည်မျှဝေခြင်းဖြင့်ကျန်းမာရေး ကုသိုလ်ယူပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

လေးစားစွာဖြင့်မူရင်းရေးသားသူကို

Credit to original

ကျန်းမာရေးဗဟုသုတများကိုနေ့စဉ်နှင့်အမျှတင်ဆက်ပေးနေတာကြောင့် page ကိုlikeလုပ်ထားဖို့အကြံပေးပါရစေpageထဲလဲဝင်ရောက်လေ့လာဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ...

#တော်၀င်နန်းတော်တိုင်းရင်းဆေး

https://www.facebook.com/တော်ဝင်နန်းတော်တိုင်းရင်းဆေး-105609852199784/

နောက်လည်းဆေးနည်းပေါင်းများစွာနှင့်တကွဗဟုသုတများကိုပိုမိုသိရှိစေရန်Page ကို Like and Follow လေးလုပ်ပေးသွားကြပါအုန်း။

Yakult ကဒိန်ချဉ်မဟုတ်ပါ။ကလေးရှိတဲ့မိဘများသိထားသင့်တယ်ထင်လို့ပြန်လည်မျှဝေတာပါ။Yakultခုတလော ဒီ Yakult လေးတွေ ကလေးတွေသောက်လ...
20/10/2024

Yakult ကဒိန်ချဉ်မဟုတ်ပါ။
ကလေးရှိတဲ့မိဘများသိထားသင့်တယ်ထင်လို့ပြန်လည်မျှဝေတာပါ။

Yakult

ခုတလော ဒီ Yakult လေးတွေ ကလေးတွေသောက်လာကြတာတွေ့ရတယ်။

တချို့ဆိုအိမ်က ကလေးကကြိုက်လို့ တစ်နေ့ဘယ်နှစ်ဗူးသောက်တယ်။

ပါတဲ့ပမာဏနည်းလို့ တစ်ခါသောက်နှစ်ဗူး စသည်ဖြင့်တမျိုး ကလေးလသားတွေတိုက်တယ် တွေ့လာရတော့ ဒါလေးရေးပေးချင်စိတ်ပေါ်လာတယ်။

ဒါကိုဒိန်ချဉ်လို့ထင်ပြီး လသားကလေးတွေတိုက်နေကြမှာလည်းစိုးမိတာပါတယ်။ဒိန်ချဉ်ဆိုရင် ကလေးရှစ်လဆို ကျွေးလို့ရပြီလေ။

Yakultက တချို့တွေထင်သလို ဒိန်ချဉ်မဟုတ်ပါဘူးနော်။yogurt ကဒိန်ချဉ်ပါ။

ဒါက yakult နာမည်ပါနော်။

Yakult ဆိုတာက Lactic acid bacteria တွေထည့်ထားတဲ့ probiotic drink ပါ။

ကိုယ်ခန္ဓာမှာရှိတဲ့ မကောင်းတဲ့ပိုးကိုတိုက်ဖျက်ဖို့အတွက် အူမကြီးနဲ့ အူလမ်းကြောင်းအထိ ရောက်အောင် တမင်သောက်ရတဲ့ ဆေးရည်ပါ။

အကျိုးပြုဆေးရည်ပါ။soft drink မဟုတ်သလို ဒိန်ချဉ်အရည်လည်းမဟုတ်ပါဘူး။

ဘာလို့သူကဗူးအသေးလေးနဲ့ပမာဏနည်းလည်းဆို သောက်ရမယ့်ပမာဏက နည်းနည်းလေးမို့ပါ။ပမာဏကိုချိန်ပြီး ထည့်ထားထုတ်ထားတာမို့ ဗူးသေးပြီးနည်းနေတာပါ။

တစ်နှစ်အထက်ကလေးတွေက တစ်နေ့ကို တစ်ဗူးပဲသောက်ရပြီး လူကြီးက အများဆုံးနှစ်ဗူးပါ။

နှစ်ဗူးကို မနက်တစ်ဗူး ညတစ်ဗူး ခွဲပြီးသောက်ရမှာပါ။အစာအိမ်ပြသနာရှိသူတွေက ဆရာဝန်ရဲ့ညွှန်ကြားချက်အတိုင်းသောက်ပါ။

တစ်နှစ်အောက်တွေလုံးဝမတိုက်ရပါဘူး။

သူ့မှာ sugar (သကြား)ပါပါတယ်။တစ်ဗူးမှာ သကြား ၁၄ ဂရမ်ပါပါတယ်။

Lacti acid ကချဉ်တဲ့အတွက် သကြားထည့်ကိုထည့်ရပါတယ်။

အဲ့တာကြောင့် တစ်နှစ်အောက်ကလေးတွေလသားကလေးတွေအတွက် မသင့်တော်ပါဘူး။

P.s သိစေချင်တာက ဒီ post ဟာ

Yakult ကိုမကောင်းဘူး မသောက်ရဘူးလို့နှစ်ခုစလုံးကိုပြောထားတာမပါပါဘူး။yakult ကို ဒိန်ချဉ်ထင်ပြီး အများကြီးတိုက်နေကြလို့ သတိပေးထားတာပါ။စာသေချာဖတ်ကြပါနော်။

Credit to original

#တော်၀င်နန်းတော်တိုင်းရင်းဆေး

https://www.facebook.com/တော်ဝင်နန်းတော်တိုင်းရင်းဆေး-105609852199784/

နောက်လည်းဆေးနည်းပေါင်းများစွာနှင့်တကွဗဟုသုတများကိုပိုမိုသိရှိစေရန်Page ကို Like and Follow လေးလုပ်ပေးသွားကြပါအုန်း။

Address

ကမာရွတ်မြို့နယ်၊ကျွန်းတောလမ်း၊အောင်မြန်မာဂတ်စ်ဆိုင်
Yangon

Opening Hours

Monday 08:00 - 22:00
Tuesday 08:00 - 22:00
Wednesday 08:00 - 22:00
Thursday 08:00 - 22:00
Friday 10:00 - 17:00
Saturday 08:00 - 22:00
Sunday 08:00 - 22:00

Telephone

+959887299882

Website

Alerts

Be the first to know and let us send you an email when တော်ဝင်နန်းတော်တိုင်းရင်းဆေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to တော်ဝင်နန်းတော်တိုင်းရင်းဆေး:

Shortcuts

Share