21/06/2026
🔆🔆SGLT-2inhibitor တွေက eGFR baseline မသိဘဲ ကျောက်ကပ်ကာကွယ်တယ် ဆိုတိုင်း လျှောက်ထည့်လို့ မရနိုင်ပါ🔆🔆
လူနာက အသက် ၇၆ အမျိုးသမီးပါ ဆီးချို Controlled မရလို့ Left Big toe Amputation ပါလုပ်ထားဖူးတဲ့လူနာပါ
Amputationကိုလွန်ခဲ့တဲ့ ၆ နှစ်လောက်က လုပ်ထားတာပါ
လူနာအိမ်က လာပြောတာက လူနာ ဆီးချိုတွေ ၅၀၀ /၆၀၀ ကျော်တက်နေပြီး ဖျားနေတယ် ဆိုပြီး လာခေါ်တာပါ
ပုံမှန်ဆိုအိမ်ပင့် လိုက်လေ့ မရှိပါ( အိမ်မှာဆိုလုပ်ရခက်တဲ့ အရာတွေရှိလို့ပါ) ဒါပေမယ့် အခြေအနေဘာမှန်းမသိလို့ သွားကြည့်တော့ လူနာက GCS-14/15,BP-90/60, PR-110,Sp02 95%,Fever 100 , RBS 560 ,နဲ့ ဆိုတော့ Sepsis Suspectနဲ့NS0.9% 500ml ချိတ်ပြီးဆေးရုံလွှဲလိုက်တာပါ
မလွှဲခင် ဆေးကိုစစ်ကြည့်တော့ SGLT-2 Inhibitor(Dapagliflozin 10mg) ပါနေလို့ withhold ခိုင်းလိုက်ပြီး ဆေးရုံလွှဲလိုက်ပါတယ်
သိုပေမယ့် လူနာက လုံးဝ ဆေးရုံမသွားပါ
ဒီလိုနဲ့ မဖြစ်တာနဲ့ နောက်ရက် ဖုန်းဆက်တော့ မသွားဘူးဆိုတော့ ဒီတိုင်းထားမဖြစ်တာနဲ့ Insulin ပြောင်းထားပြီးAntibiotic(CS1)Statထိုးထားပြီးသွေးဖောက်ကြည့်တော့
အခုလိုပဲ eGFR-5.5, Cr-600 ကျော် , increased Anion Gap Acidosis နဲ့ တွေ့လိုက်ရပါတယ်
မေးလိုက်တော့ ပြနေကျ ဆေးခန်းက လူနာအတွက် Baseline Investigation တောင် မလုပ်ထားဘဲDapa 10 ထည့်ထားတာပါပဲ
လူနာကလည်းဆေးခန်း မသွားနိုင်တော့ ဒီတိုင်းပဲ ဆေးသွားပြီး ဆေးခန်းကပဲ ဝယ်ဝယ်သောက်နေတာပါ
အခုတော့ AKI ဝင်နေပါတယ်
အခုက Dapa ကြောင့်AKI ဖြစ်တယ်လို့ တတ်အပ်ခေါင်းစဉ်တပ်နေတာ မဟုတ်ပါ
အခုလူနာဆို AKI ဖြစ်နိုင်နေတဲ့ အကြောင်းအရာများပါတယ်
ဒါပေမယ့် ဘလိုပဲဖြစ်ဖြစ် Sepsis ကြောင့်ပဲ AKI ရရ/ Volume Depletion ကြောင့် AKI ပဲရရ Dapaကို ဆက်တိုက်သောက်နေတာက Precipitate လုပ်နေတာပါပဲ
ကျောက်ကပ် ကာတယ် ဘာကာတယ် ညာကာတယ် ဆိုပြီး Online ပေါ်က ကြားပြီး SGLT-2 Inhibitorကိုယ့်သဘောနဲ့ ကိုယ် ဝယ်သောက်နေတဲ့လူနာတွေ တောင်ရှိကြပါတယ်
Note- ဆရာကြီးလုပ်တာ မဟုတ်ရပါ/ Dapa , Empa မထည့်ခင် renal function လေး Assess လုပ်ဖို့ လိုအပ်တာလေး ပြောချင်လို့ပါ