Parami Online Shop

Parami Online Shop သက်သာတဲ့ ဈေးနှုန်းနဲ့ စိတ်ကျေနပ်ဖွယ်ရာ ဝန်ဆောင်ရောင်းချနိုင်ဖို့။

လားရှိုးနဲ့ ရန်ကုန်မှာအလှကုန်ပစ္စည်းတွေ၊ လူသုံးကုန်နဲ့ ကျန်းမာရေး ပစ္စည်းတွေကို သက်သာတဲ့ ဈေးနှုန်းနဲ့ စိတ်ကျေနပ်ဖွယ်ရာ ဝန်ဆောင်ရောင်းချနိုင်ဖို့ အတွက်ပါ။

— စိတ်ကျရောဂါ “ရှိမရှိ” ၁ မိနစ်အတွင်း စစ်နည်း —အောက်ပါ အချက် ၉ ချက် အသုံးပြုပြီး …စိတ်ကျရောဂါ “ရှိမရှိ” ကို မိမိကိုယ်တို...
13/07/2023

— စိတ်ကျရောဂါ “ရှိမရှိ” ၁ မိနစ်အတွင်း စစ်နည်း —
အောက်ပါ အချက် ၉ ချက် အသုံးပြုပြီး …
စိတ်ကျရောဂါ “ရှိမရှိ” ကို
မိမိကိုယ်တိုင်
ဆန်းစစ်နိုင်ပါတယ်.
ဒီနည်းလမ်းကို
ပီအိပ်ချ်ကျူ- 9 (PHQ-9) လို့ခေါ်ပြီး
ဆေးသိပ္ပံတွေ့ရှိချက်များကို အခြေခံ၍
ပြုလုပ်ထားတာ ဖြစ်ပါတယ်.
“စိတ်ဓါတ် ကျနေပြီလား ?“… “စိတ်ကျရောဂါ ဖြစ်နေမလား ?” .. ဆိုပြီး
ရင်ထဲမှာမတင်မကျ ဖြစ်နေသူများအတွက်
အထောက်အကူ ဖြစ်စေရန် ရည်ရွယ်ပြီး
လေးစားချစ်ခင်စွာ
စုစည်းရေးသားလိုက်ပါတယ် ခင်ဗျာ.
လွန်ခဲ့တဲ့ ၂ ပတ်အတွင်းမှာ ..
1️⃣ “မိမိအလုပ် (သို့) ဝါသနာတို့ကို စိတ်ဝင်စားမှု မရှိတော့ခြင်း”
- [ ] မခံစားရပါ. — ၀ မှတ်
- [ ] ရံဖန်ရံခါ ခံစားရသည်. — 1 မှတ်
- [ ] (၇) ရက်ထက်ပို ခံစားရသည်. — 2 မှတ်
- [ ] နေ့တိုင်း ခံစားရသည်. — 3 မှတ်
လွန်ခဲ့တဲ့ ၂ ပတ်အတွင်းမှာ ..
2️⃣ “မျှော်လင့်ချက်မဲ့နေခြင်း (သို့) ဝမ်းနည်း ညှိုးငယ်နေခြင်း”
- [ ] မခံစားရပါ. — ၀ မှတ်
- [ ] ရံဖန်ရံခါ ခံစားရသည်. — 1 မှတ်
- [ ] (၇) ရက်ထက်ပို ခံစားရသည်. — 2 မှတ်
- [ ] နေ့တိုင်း ခံစားရသည်. — 3 မှတ်
လွန်ခဲ့တဲ့ ၂ ပတ်အတွင်းမှာ ..
3️⃣ “အလွန်အမင်း အိပ်ခြင်း (သို့) အိပ်မပျော်ခြင်း”
- [ ] မခံစားရပါ. — ၀ မှတ်
- [ ] ရံဖန်ရံခါ ခံစားရသည်. — 1 မှတ်
- [ ] (၇) ရက်ထက်ပို ခံစားရသည်. — 2 မှတ်
- [ ] နေ့တိုင်း ခံစားရသည်. — 3 မှတ်
လွန်ခဲ့တဲ့ ၂ ပတ်အတွင်းမှာ ..
4️⃣ “အလွန်အမင်း စားခြင်း (သို့) အစားအသောက်ပျက်ခြင်း ”
- [ ] မခံစားရပါ. — ၀ မှတ်
- [ ] ရံဖန်ရံခါ ခံစားရသည်. — 1 မှတ်
- [ ] (၇) ရက်ထက်ပို ခံစားရသည်. — 2 မှတ်
- [ ] နေ့တိုင်း ခံစားရသည်. — 3 မှတ်
လွန်ခဲ့တဲ့ ၂ ပတ်အတွင်းမှာ ..
5️⃣ “အလိုလိုနေရင်း အားအင်မရှိသလို ခံစားရခြင်း ”
- [ ] မခံစားရပါ. — ၀ မှတ်
- [ ] ရံဖန်ရံခါ ခံစားရသည်. — 1 မှတ်
- [ ] (၇) ရက်ထက်ပို ခံစားရသည်. — 2 မှတ်
- [ ] နေ့တိုင်း ခံစားရသည်. — 3 မှတ်
လွန်ခဲ့တဲ့ ၂ ပတ်အတွင်းမှာ ..
6️⃣ “ မိမိကိုယ်ကို အသုံးမကျသူအဖြစ် ခံစားမိခြင်း”
- [ ] မခံစားရပါ. — ၀ မှတ်
- [ ] ရံဖန်ရံခါ ခံစားရသည်. — 1 မှတ်
- [ ] (၇) ရက်ထက်ပို ခံစားရသည်. — 2 မှတ်
- [ ] နေ့တိုင်း ခံစားရသည်. — 3 မှတ်
လွန်ခဲ့တဲ့ ၂ ပတ်အတွင်းမှာ ..
7️⃣ “အာရုံစူးစိုက်မှု အားနည်းလာခြင်း”
- [ ] မခံစားရပါ. — ၀ မှတ်
- [ ] ရံဖန်ရံခါ ခံစားရသည်. — 1 မှတ်
- [ ] (၇) ရက်ထက်ပို ခံစားရသည်. — 2 မှတ်
- [ ] နေ့တိုင်း ခံစားရသည်. — 3 မှတ်
လွန်ခဲ့တဲ့ ၂ ပတ်အတွင်းမှာ ..
8️⃣ “အပြောအဆို၊ အပြုအမူ နှေးကွေးလာခြင်း (သို့) အလွန်ပြာယာခတ်ခြင်း”
- [ ] မခံစားရပါ. — ၀ မှတ်
- [ ] ရံဖန်ရံခါ ခံစားရသည်. — 1 မှတ်
- [ ] (၇) ရက်ထက်ပို ခံစားရသည်. — 2 မှတ်
- [ ] နေ့တိုင်း ခံစားရသည်. — 3 မှတ်
လွန်ခဲ့တဲ့ ၂ ပတ်အတွင်းမှာ ..
9️⃣ “ ေ—ဆုံးရန် (သို့) ဒဏ်ရာဖြစ်စေရန် စဉ်းစားမိခြင်း ”
- [ ] မခံစားရပါ. — ၀ မှတ်
- [ ] ရံဖန်ရံခါ ခံစားရသည်. — 1 မှတ်
- [ ] (၇) ရက်ထက်ပို ခံစားရသည်. — 2 မှတ်
- [ ] နေ့တိုင်း ခံစားရသည်. — 3 မှတ်
စိတ်ကျရောဂါ (Depression) “ရှိမရှိ” …
စုစုပေါင်း ရမှတ်
0 — 4 မှတ် = ရောဂါ မရှိပါ.
5 — 9 မှတ် = ရောဂါ အပျော့စား
10 — 14 မှတ် = ရောဂါ အလယ်အလတ်
15 — 19 မှတ် = ရောဂါ ပြင်းထန်
20 မှတ်နှင့် အထက် = ရောဂါ အလွန် ပြင်းထန်
ဒီနည်းလမ်းနဲ့
မိမိမှာ စိတ်ကျရောဂါ ရှိမရှိ ကို အလွယ်တကူ စစ်ဆေးနိုင်ပါတယ်.
အကယ်၍ စိတ်ကျရောဂါ ရှိနေတယ်ဆိုရင်တော့
နားလည် တတ်ကျွမ်းသူများနဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ် ခင်ဗျာ.
လေးစားစွာဖြင့်
Dr. ကျော်ဇောဟိန်း
လ/ထ ပါမောက္ခ (ဆေးပညာ)

ကိုးကားချက်။ The PHQ-9; Kurt Kroenke, et al . J Gen Intern Med. 2001 Sep; 16(9): 606-613.

တကယ်တန်တဲ့ စတီးအိုးခွက်ပန်းကန် ဝမ်းဆက်လေးပါရှင့် .. ဒါတွေအားလုံးကိုမှ ၂၇,၀၀၀ ကျပ်ပါ ..အရွယ်အစားတွေကို ပုံမှာ ပြထားပါတယ် ...
22/06/2023

တကယ်တန်တဲ့ စတီးအိုးခွက်ပန်းကန် ဝမ်းဆက်လေးပါရှင့် ..
ဒါတွေအားလုံးကိုမှ ၂၇,၀၀၀ ကျပ်ပါ ..
အရွယ်အစားတွေကို ပုံမှာ ပြထားပါတယ် .. အိမ်တိုင်းမှာ တစုံလောက်တော့ ဝယ်ကိုဝယ်ထားသင့်တာပါ ..
ပါဝင်တဲ့ ပစ္စည်းတွေကတော့ ..
-စတီးအိုးအကြီး ၁ ခု (၁၁ လက်မ အကျယ်၊ ၅ လက်မ အမြင့်)
-အကြော်အိုး ၁ ခု (ဒါကို အိုးအကြီးမှာ အဖုံးအဖြစ်လည်းသုံးနိုင်ပါတယ်)
-ကြော်အိုးလက်ကိုင် ၁ ခု
-စတီးအိုးအသေး+အိုးအဖုံး ၁ ခုစီ (၉ လက်မခွဲအကျယ်၊ ၅ လက်မ အမြင့်)
-ထမင်းစားပန်းကန် ၄ ချပ် (၉ လက်မခွဲ)
-ဟင်းပန်းကန် ၄ လုံး (၇ လက်မခွဲ)
-ထမင်းစားဇွန်း ၄ ချောင်း
-သောက်ရေခွက် ၄ လုံး
-ဇွန်းကြီး ၁ ချောင်း
-ဟင်းချိုဇွန်း ၁ ချောင်း
-ယောက်မ ၁ ချောင်း
-ဓား ၁ ချောင်း
-အိုးတိုက်သံလျှော် ၁ ခု
ရန်ကုန်မြို့တွင်းကို ပစ္စည်းရောက်ငွေချေစနစ်နဲ့ ပို့ခ ၂၀၀၀ နဲ့ ပို့ပေးပါမယ် ..
ဖုန်း 09789927090 ကို ဆက်သွယ်မှာယူနိုင်ပါတယ် ..
လက်ကားလိုချင်သူတွေအတွက် အဆင်ပြေအောင် ဖုန်းဆက်ပေးပါရှင့် ..

တကယ်တန်တဲ့ စတီးအိုးခွက်ပန်းကန် ဝမ်းဆက်လေးပါရှင့် .. ပစ္စည်း ၃၄ ခုကိုမှ ၃၀,၀၀၀ ကျပ်ပါ ..စတီးအကောင်းစား အထူသားတွေနဲ့လုပ်ထာ...
04/06/2022

တကယ်တန်တဲ့ စတီးအိုးခွက်ပန်းကန် ဝမ်းဆက်လေးပါရှင့် ..
ပစ္စည်း ၃၄ ခုကိုမှ ၃၀,၀၀၀ ကျပ်ပါ ..
စတီးအကောင်းစား အထူသားတွေနဲ့လုပ်ထားတာပါ .. အားလုံးပေါင်း ၃ ပိဿာခွဲလေးပါတယ်ရှင့် .. အထူကို ခန့်မှန်းနိုင်အောင်ပါ .. အရွယ်အစားတွေကို ပုံမှာ ပြထားပါတယ် .. အိမ်တိုင်းမှာ တစုံလောက်တော့ ဝယ်ကိုဝယ်ထားသင့်တာပါ ..
ပါဝင်တဲ့ ပစ္စည်းတွေကတော့ ..
-စတီးအိုးအကြီး ၁ ခု
-အကြော်အိုး ၁ ခု (ဒါကို အိုးအကြီးမှာ အဖုံးအဖြစ်လည်းသုံးနိုင်ပါတယ်)
-ကြော်အိုးလက်ကိုင် ၁ ခု
-စတီးအိုးအသေး+အိုးအဖုံး ၁ ခုစီ
-ထမင်းစားပန်းကန် ၄ ချပ်
-ဟင်းပန်းကန် ၄ လုံး
-ထမင်းစားဇွန်း ၄ ချောင်း
-ခက်ရင်း ၄ ချောင်း
-သောက်ရေခွက် ၄ လုံး
-သားလှီးဓား ၄ ချောင်း
-ဇွန်းကြီး ၁ ချောင်း
-ဟင်းချိုဇွန်း ၁ ချောင်း
-ယောက်မ ၁ ချောင်း
-ဓား ၁ ချောင်း
-အိုးတိုက်သံလျှော် ၁ ခု
ရန်ကုန်တမြို့လုံးကို ပစ္စည်းရောက်ငွေချေစနစ်နဲ့ ပို့ခ ၂၀၀၀ နဲ့ ပို့ပေးပါမယ် ..
ခရီးဝေးသယ်လာရတာမို့ စက္ကူပုံးတွေ ရေစိုပျက်စီးပြီး ပွန်းနေတာကိုတော့ နားလည်ပေးပါရှင့် ..
ပစ္စည်းတွေက လေးလွန်းလို့ လာပို့တဲ့အခါမှာလည်း အောက်ကို ဆင်းယူပေးဖို့ မေတ္တာရပ်ခံပါတယ်ရှင့် ..
ဖုန်း 09789927090 ကို ဆက်သွယ်မှာယူနိုင်ပါတယ် ..
လက်ကားလိုချင်သူတွေအတွက် အဆင်ပြေအောင် ဖုန်းဆက်ပေးပါရှင့် ..

20/07/2021

🚩ကိုယ်တို့ပြည်သူပြည်သားများ အောက်စီဂျင်ရှူနေကြခြင်းကို မေ့ဆေးဆရာတစ်ဦးအနေဖြင့် အကြံပြုလိုပါတယ်။

📌ပြီးခဲ့တဲ့၂ရက်လောက်က ကျွန်တော်ပြောခဲ့ပါတယ်။လေထဲမှာရှိတဲ့အောက်စီဂျင် (၂၀-၂၁%)ဟာလုံလောက်တာထက် ပိုပါတယ်ဆိုတာကို ထပ်မံအတည်ပြုပြောချင်ပါတယ်။

🚩ဒါပေမဲ့ ကိုဗစ်မှာ "ဘာ့ကြောင့် အောက်စီဂျင်အပိုကို သုံးနေကြရလဲ" ဆိုတဲ့မေးခွန်း မေးစရာရှိပါတယ်။

📌ရှင်းပြပါ့မယ်။
လူကိုယ်ခန္ဓာရဲ့အဆုပ်မှာ လေအိပ်( alvilia)လေးများ ၇မီလီယံလောက် ရှိပါတယ်။ ထိုလေအိပ်များကို ဖြန့်လိုက်ရင် အလျား၇၀မီတာ၊ အနံ၇၀မီတာလောက် ကျယ်ပါတယ်။ ထိုလေအိပ်လေးများကို သေးငယ်တဲ့လေပြွန်(bronchioles) လေးများဖြင့် စပျစ်ခိုင်လို ဆက်သွယ်ထားပါတယ်။ ထိုလေအိပ်ပတ်ဝန်းကျင်မှာက သေးငယ်တဲ့ ဆံခြည်မျှင်သွေးကြောလေးများဖြင့် ဝန်းရံထားပါတယ်။ ကိုယ်ခန္ဓာက လိုအပ်တဲ့အောက်စီဂျင်ကို အဲဒီနေရာကနေ ကိုယ်ခန္ဓာထဲ ပို့ရပါတယ်။

📌ကိုဗစ်ဖြစ်သူများရဲ့ ပြသနာက အဲဒီနေရာမှာပါ။
📌ဆံခြည်မျှင်သွေးကြောလေးများ ပိတ်တယ်။
📌လေအိပ်ပြွန်ငယ်လေးများ ချွဲဖြင့်ပိတ်တယ်။

📌ပိတ်တဲ့အရွယ်အစားပေါ် မူတည်ပြီး လေအဝင် အထွက်၊ အောက်စီဂျင် ကိုယ်ထဲရောက်တဲ့ပမာဏ ကွာကြပါတယ်။ အောက်စီဂျင်ကျတယ်ဆိုတာ ပိတ်တဲ့ပမာဏ များလိုပါ။
📌အောက်စီဂျင်ရှူလိုက်ခြင်းအားဖြင့် ကျန်နေတဲ့ လေအိပ်နဲနဲလေးထဲမှာရှိတဲ့ အောက်စီဂျင်(၂၀%)ကို မြှင့်ပေးလိုက်တာပါ။ အဲဒါဟာ ခဏတာဘဲ ကောင်းပါတယ်။ ရက်ပိုင်းလေးပါ။
📌အောက်စီဂျင်ကို၌က ကြာကြာရှူရင် လေအိပ်လေးများ ပြန်ဖောင်းလာအောင် လုပ်ပေးတဲ့ surfactant လို့ခေါ်တဲ့ ဓါတ်တစ်မျိုးကို ယုတ်လျော့စေပါတယ်။ ဒါ့ကြောင့် အောက်စီဂျင်ကို ဘိန်းရှူသလို တစ်ပါတ်နှစ်ပါတ်ရှူနေရင် ကျန်နေတဲ့လေအိပ်လေးတွေပါ ပိတ်ကုန်ပြီး လူသေတဲ့အထိ ဖြစ်လာပါလိမ့်မယ်။ တစ်ချို့ဆို (၃-၄)ရက်အတွင်း သေကြရပါတယ်။

📌📌📌ဒါ့ကြောင့် လေအိပ်ပြန်ဖွင့်ပေးမဲ့ အသက်ရှူလေ့ကျင့်ခန်းကို (မဖြစ်မနေ) ကျန်တဲ့လေအိပ်လေးတွေ မပိတ်ခင် ထိထိရောက်ရောက် လုပ်ကိုလုပ်ရပါ့မယ်။ နေကောင်းနေစဉ်ကတည်းက လေ့ကျင့်နေရင် တကယ်လက်တွေ့ရောဂါရတော့ ဆက်လုပ်နိုင်တာပေါ့။

🚩ကိုယ်တို့ပြည်သူပြည်သားများ ကိုဗစ်ကို နိုင်အောင် တိုက်နိုင်ကြပါစေ...
Credit : Aye Pe

Oxygen Concentrator (Medical Grade) မှာယူနိုင်ပါပြီ။  5L - ၈၃၅,၀၀၀ ကျပ်10L - ၁,၄၃၅,၀၀၀ ကျပ်အ​ရေးတကြီး Oxygen အခက်အခဲဖြစ်...
17/07/2021

Oxygen Concentrator (Medical Grade) မှာယူနိုင်ပါပြီ။

5L - ၈၃၅,၀၀၀ ကျပ်
10L - ၁,၄၃၅,၀၀၀ ကျပ်

အ​ရေးတကြီး Oxygen အခက်အခဲဖြစ်နေတဲ့ သူတွေအတွက် ညီမတို့ Parami Online Shop မှ Service Charges သာယူပြီး ပြည်ပ စက်ရုံကနေ တိုက်ရိုက် မှာယူပေးမှာဖြစ်ပါတယ်။

အမြတ်တင်ပြီးရောင်းတာမဟုတ်သလို အလုံးရေအများကြီးအတွက် ငွေစိုက်ထားဖို့ မလွယ်တာကြောင့် မှာယူချင်တဲ့ သူတွေအနေနဲ့ စရံငွေ အပြည့် ပေးသွင်းရပါမယ်။ အခုချိန်မှာ အခြား Online Shop တွေကြောင့် မယုံရဲရင် ညီမတို့ ပေ့ချ်ရဲ့ history ကိုကြည့်လို့ရပါတယ်။

🔶🔶 စက်ရုံ အာမခံ ၂ နှစ် ပါပါတယ်

🚛🚛၁၄ ရက်ဝန်းကျင်​လောက် ရောက်ပါမယ်။

မြို့အလိုက် Delivery Charges ​ပေးဆောင်ရမှာ ဖြစ်ပါတယ်။

09885650354 သို့ messenger သို့ တိုက်ရိုက်ဆက်သွယ် မှာယူနိုင်ပါတယ်။
#အောက်စီဂျင် #အောက်စီဂျင်ထုတ်စက်

14/07/2021

ဖောက်သည်မိတ်ဆွေများရှင့်

အောက်စီဂျင်ထုတ်ပေးတဲ့ စက်တွေ အခုတလော ရောင်းဝယ်တာတွေ တွေ့နေရလို့ မေတ္တာနဲ့ သတိပေးလိုက်တာပါ။

စက်တွေမယ်ဆိုရင် Medical Grade ဟုတ်၊ မဟုတ် သေချာ စုံစမ်းလေ့လာပြီး ဝယ်ယူကြပါ။ ကိုဗစ်လူနာအတွက် အိမ်သုံးစက်တွေက အသုံးပြုဖို့အဆင်မပြေလို့ပါ။

ဒါမှမဟုတ်ရင်လည်း ၁ မိနစ်ကို အနည်းဆုံး ၈၀ ရာခိုင်နှုန်းသန့်စင်ထားတဲ့ အောက်စီဂျင် ၄ လီတာ ထွက်ပေးနိုင်တဲ့ စက်မျိုးကို ရှာဝယ်ကြပါ။ ငွေကုန်ပြီး အရာမရောက်မှာ စိုးလို့ပါ။

25/12/2020

Merry Christmas to you All !!!

အားလုံးအတွက် ပျော်ရွှင်စရာ ခရစ္စမတ်ချိန်ခါ ဖြစ်ကြပါစေ ..

ကိုဗစ်ပိုးသေစေတဲ့ CPC ပါဝင်တဲ့ Mouth Wash ရပြီနော် ..Cetypyridinium Chloride (CPC) ပါဝင်တဲ့ ခံတွင်းသန့်ဆေးရည်က ကိုဗစ်ပို...
29/11/2020

ကိုဗစ်ပိုးသေစေတဲ့ CPC ပါဝင်တဲ့ Mouth Wash ရပြီနော် ..

Cetypyridinium Chloride (CPC) ပါဝင်တဲ့ ခံတွင်းသန့်ဆေးရည်က ကိုဗစ်ပိုးကို စက္ကန့် ၃၀ အတွင်းသေစေနိုင်တယ်လို့ သုတေသနပညာရှင်တွေက ပြောပါတယ်။
🔷 နိုဝင်ဘာ ၁၇ ရက်နေ့က ဗြိတိန်အပါအဝင် နိုင်ငံတကာသတင်းတွေထဲမှာ ဒီအကြောင်းဖော်ပြလိုက်ပြီး ဟိုးလေးတကျော်ဖြစ်ခဲ့တာပါ။
🔷 တချို့ ပါးစပ်သန့်ဆေးရည်တွေကတော့ CPC မပါဝင်ဘဲ ခံတွင်းရနံ့သင်းဖို့နဲ့ သွားပိုးစားတာ ကာကွယ်ဖို့ စတာလောက်ပဲ အဓိက ထားတာကို တွေ့ရပါတယ်။
🔷 စင်ကာပူနိုင်ငံထုတ် Pearlie White ခံတွင်းသန့်ဆေးရည်ကတော့ CPC ပါဝင်လို့ ကိုဗစ်ပိုးနဲ့ ဗက်တီးရီးယားပိုးတွေသေစေတာ၊ သွားပိုးစားတာနဲ့ သွားကြွေလွှာကို ခိုင်ခံ့စေရုံတင်မကဘဲ ခံတွင်းရနံ့ မွှေးပျံ့စေပါတယ်။
💰💰ဈေးနှုန်းတွေကတော့ ...

100 ml - ၃၀၀၀ ကျပ်
500 ml - ၉၅၀၀ ကျပ်

မြို့ပေါင်း ၁၀၀ ကို အိမ်အရောက်စနစ်နဲ့ ပို့ပေးနေပြီး ပို့ဆောင်ခက မြို့နယ်အလိုက် ကျသင့်မှာပါ။

🔷 ဒီ ကိုဗစ်ကာလမှာ ပိုး‌တွေ့လူနာနဲ့ ထိစပ်သူဖြစ်ဖြစ်၊ အပြင်မှာအလုပ်လုပ်သူဖြစ်ဖြစ် ဒီခံတွင်းသန့် ဆေးရည်ကို အသုံးပြုမယ်ဆိုရင် ထိုက်သင့်သလောက်ကာကွယ်သွားမှာပါ။
❌အထူးသတိပြုရန်❌
❎ဒါကိုသုံးပြီး အတင့်ရဲဖို့ မဟုတ်ဘဲ အပြင်သွားရင်တော့ နှာခေါင်းစည်း၊ မျက်နှာကာတွေတပ်သွားဖို့ အရေးကြီးပါတယ်။
❎၆ နှစ်နဲ့ အောက် ကလေးတွေ လုံးဝ သုံးလို့ မရပါ။
❎မျိုမချပါနှင့်။
🔷အသုံးပြုရန်လမ်းညွှန်🔷
👉ဘူးအဖုံးတဝက်ခန့် ဆေးရည်ကို ပါးစပ်ထဲထည့်ပြီး အာခေါင်အထိရောက်အောင် စက္ကန့် ၃ဝ ကြာ လှုပ်ခါပြီး ထွေးထုတ်ပါ။
👉သွားတိုက်ပြီးတိုင်း (သို့) လိုအပ်တဲ့ အချိန်တိုင်း သုံးနိုင်ပါတယ်။ နေ့လယ်၊ ညနေနဲ့ ညမှာ သုံးဖို့ အကြံပြုပါတယ်။
မှာယူလိုပါက message box (သို့) 09885650354 ကို တိုက်ရိုက်ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

#ခံတွင်းသန့်ဆေးရည် #ကိုဗစ်ပိုး #ကိုဗစ် #ကိုဗစ် #ကိုဗစ်ပို #ခံတွင်းသန့်ဆေးရည်

23/11/2020

မှာယူနိုင်ပါပြီ ...
Cetypyridinium Chloride (CPC) ပါဝင်တဲ့ ခံတွင်းသန့်ဆေးရည်က ကိုဗစ်ပိုးကို စက္ကန့် ၃၀ အတွင်းသေစေနိုင်တယ်လို့ သုတေသနပညာရှင်တွေက ပြောပါတယ်။
🔷 နိုဝင်ဘာ ၁၇ ရက်နေ့က ဗြိတိန်အပါအဝင် နိုင်ငံတကာသတင်းတွေထဲမှာ ဒီအကြောင်းဖော်ပြလိုက်ပြီး ဟိုးလေးတကျော်ဖြစ်ခဲ့တာပါ။
🔷 တချို့ ပါးစပ်သန့်ဆေးရည်တွေကတော့ CPC မပါဝင်ဘဲ ခံတွင်းရနံ့သင်းဖို့နဲ့ သွားပိုးစားတာ ကာကွယ်ဖို့ စတာလောက်ပဲ အဓိက ထားတာကို တွေ့ရပါတယ်။
🔷 စင်ကာပူနိုင်ငံထုတ် Pearlie White ခံတွင်းသန့်ဆေးရည်ကတော့ CPC ပါဝင်လို့ ကိုဗစ်ပိုးနဲ့ ဗက်တီးရီးယားပိုးတွေသေစေတာ၊ သွားပိုးစားတာနဲ့ သွားကြွေလွှာကို ခိုင်ခံ့စေရုံတင်မကဘဲ ခံတွင်းရနံ့ မွှေးပျံ့စေပါတယ်။
💰💰ဈေးနှုန်းတွေကတော့ ...

100 ml - ၃၀၀၀ ကျပ်
500 ml - ၉၅၀၀ ကျပ်

မြို့ပေါင်း ၁၀၀ ကို အိမ်အရောက်စနစ်နဲ့ ပို့ပေးနေပြီး ပို့ဆောင်ခက မြို့နယ်အလိုက် ကျသင့်မှာပါ။

🔷 ဒီ ကိုဗစ်ကာလမှာ ပိုး‌တွေ့လူနာနဲ့ ထိစပ်သူဖြစ်ဖြစ်၊ အပြင်မှာအလုပ်လုပ်သူဖြစ်ဖြစ် ဒီခံတွင်းသန့် ဆေးရည်ကို အသုံးပြုမယ်ဆိုရင် ထိုက်သင့်သလောက်ကာကွယ်သွားမှာပါ။
❌အထူးသတိပြုရန်❌
❎ဒါကိုသုံးပြီး အတင့်ရဲဖို့ မဟုတ်ဘဲ အပြင်သွားရင်တော့ နှာခေါင်းစည်း၊ မျက်နှာကာတွေတပ်သွားဖို့ အရေးကြီးပါတယ်။
❎၆ နှစ်နဲ့ အောက် ကလေးတွေ လုံးဝ သုံးလို့ မရပါ။
❎မျိုမချပါနှင့်။
🔷အသုံးပြုရန်လမ်းညွှန်🔷
👉ဘူးအဖုံးတဝက်ခန့် ဆေးရည်ကို ပါးစပ်ထဲထည့်ပြီး အာခေါင်အထိရောက်အောင် စက္ကန့် ၃ဝ ကြာ လှုပ်ခါပြီး ထွေးထုတ်ပါ။
👉သွားတိုက်ပြီးတိုင်း (သို့) လိုအပ်တဲ့ အချိန်တိုင်း သုံးနိုင်ပါတယ်။ နေ့လယ်၊ ညနေနဲ့ ညမှာ သုံးဖို့ အကြံပြုပါတယ်။
မှာယူလိုပါက message box (သို့) 09885650354 ကို တိုက်ရိုက်ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။
#ခံတွင်းသန့်ဆေးရည် #ကိုဗစ်ပိုး #ကိုဗစ် #ကိုဗစ် #ကိုဗစ်ပို #ခံတွင်းသန့်ဆေးရည်

13/11/2020

အမိုက်စားလျှော့ဈေး ၉,၉၀၀ ကျပ် 😱😱

၄၊ ၅ သောင်းတန်စက်တွေနဲ့ ယှဉ်သုံးလို့ရပြီး ဘယ်မှာမှ မရနိုင်တဲ့ ဈေးနဲ့ သွေးတွင်းအောက်စီဂျင်တိုင်းစက် (Oximeter) ကို လျှော့ချလိုက်ပြီနော်..

အောက်စီဂျင်ဘူးနဲ့တွဲယူရင် ၁၄,၉၀၀ ကျပ်ပဲ ကျသင့်မှာဖြစ်ပါတယ်.. အောက်စီဂျင်ဘူးကလည်း ဒီကာလမှာ အနည်းဆုံး ၁ ဘူးတော့ ဆောင်ထားသင့်ပါတယ် ..

#ရန်ကုန် ဒီနေ့မှာ မနက်ဖြန်ရောက် .. ပို့ခတွေကတော့ မြို့နယ်အလိုက် ကျသင့်မှာ ဖြစ်ပါတယ်။ မြို့ပေါင်း #၁၀၀ ကျော်ကို အိမ်အရောက် ပို့ပေးနေပါတယ် ..

အခုပဲ messenger (သို့) 09885650354 ကို ဆက်ပြီးသာ မှာယူလိုက်တော့နော်.....

👉ကိုဗစ်ရောဂါကြောင့် သွေးတွင်းအောက်စီဂျင် ရုတ်တရက် ကျတာကို အချိန်မီသိဖို့ အရမ်းအရေးကြီးပါတယ်။ သွေးတွင်း #အောက်စီဂျင်ကျတာဟာ တခါတရံ #လက္ခဏာမပြတာတွေလဲရှိတာကြောင့် #သက်ကြီးရွယ်အိုတွေ၊ #ရောဂါအခံရှိတဲ့သူတွေအနေနဲ့ မရှိမဖြစ်ဆောင်ထားဖို့လိုပါတယ်။
#အောက်စီဂျင် ရာခိုင်နှုန်း ၉၅ နဲ့ ၉၉ ကြားက ပုံမှန်ပါ။ ၉၀ နဲ့အောက်ကို ရောက်ပြီဆိုရင်တော့ သေချာအောင် နောက်တကြိမ်ထပ်တိုင်းပြီး နီးစပ်ရာ #ဆေးရုံဆေးခန်းကို အမြန်ဆုံးသွားဖို့ လိုပါပြီ။ စက်မှာ ပြတာနဲ့ ၂ အတိုးအလျော့ဖြစ်နိုင်တာကိုလည်း သတိပြုပါ။

🔷အသုံးပြုလမ်းညွန်🔷 ကို 👇👇အောက်က Video မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ (လက်ညိုးထည့်မှ စက်ရဲ့ sensor အလုပ်လုပ်ပါတယ်)
#ကိုဗစ် #အောက်စီဂျင် #ကိုဗစ္ #ေအာက္စီဂ်င္ #

03/11/2020
 #သွေးတွင်းအောက်စီဂျင်တိုင်းစက် (ဓာတ်ခဲပါပြီး) - ၁၅ဝဝဝ ကျပ် နဲ့ #အရေးပေါ်အောက်စီဂျင်ဘူး - ၅၅၀၀ ကျပ် #ဒီနေ့မှာမနက်ဖြန်‌အရ...
01/11/2020

#သွေးတွင်းအောက်စီဂျင်တိုင်းစက် (ဓာတ်ခဲပါပြီး) - ၁၅ဝဝဝ ကျပ် နဲ့
#အရေးပေါ်အောက်စီဂျင်ဘူး - ၅၅၀၀ ကျပ်

#ဒီနေ့မှာမနက်ဖြန်‌အရောက် ရန်ကုန်မြို့တွင်း မည်သည့်မြို့နယ်မဆို ပို့ခ ၂၀၀၀ ကျပ်နဲ့ အိမ်အရောက် ပို့ပေးပါတယ်။ နယ်မြို့များကို ကားဂိတ်ကတဆင့်ပို့ပေးပါတယ်။

👉ကိုဗစ်ရောဂါကြောင့် သွေးတွင်းအောက်စီဂျင် ရုတ်တရက် ကျတာကို အချိန်မီသိဖို့ အရမ်းအရေးကြီးပါတယ်။ သွေးတွင်း #အောက်စီဂျင်ကျတာဟာ တခါတရံ #လက္ခဏာမပြတာတွေလဲရှိတာကြောင့် #သက်ကြီးရွယ်တွေ၊ #ရောဂါအခံရှိတဲ့သူတွေအနေနဲ့ မရှိမဖြစ်ဆောင်ထားဖို့လိုပါတယ်။
#အောက်စီဂျင် ရာခိုင်နှုန်း ၉၅ နဲ့ ၉၉ ကြားက ပုံမှန်ပါ။ ၉၀ နဲ့အောက်ကို ရောက်ပြီဆိုရင်တော့ သေချာအောင် နောက်တကြိမ်ထပ်တိုင်းပြီး နီးစပ်ရာ #ဆေးရုံဆေးခန်းကို အမြန်ဆုံးသွားဖို့ လိုပါပြီ။ စက်မှာ ပြတာနဲ့ ၂ အတိုးအလျော့ဖြစ်နိုင်တာကိုလည်း သတိပြုပါ။

🔷အသုံးပြုလမ်းညွန်🔷 ကို 👇👇အောက်က Link မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။ (လက်ညိုးထည့်မှ စက်ရဲ့ sensor အလုပ်လုပ်ပါတယ်)

👉တခါတလေ အရေးပေါ် လူနာကား‌တွေ စောင့်နေတဲ့အချိန် ဒီဘူးကို နားနားပြီး ရှူပေးရင်းဖြင့် အရမ်းစိတ်ပူစရာမလိုတော့ပါဘူး။

ဒီပစ္စည်းတွေကို အခုချိန် ဆောင်ထားရင် လုံးဝ မမှားပါဘူး။

မှာယူမယ်ဆိုရင် 09885650354 (သို့) မက်ဆင်ဂျာကို ဆက်သွယ်မှာယူနိုင်ပါတယ်။

Address

125 Street
Yangon
11221

Opening Hours

Monday 09:00 - 19:00
Tuesday 09:00 - 19:00
Wednesday 09:00 - 19:00
Thursday 09:00 - 19:00
Friday 09:00 - 19:00
Saturday 10:00 - 19:00
Sunday 10:00 - 19:00

Telephone

+959885650354

Website

Alerts

Be the first to know and let us send you an email when Parami Online Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share