သက်သာ သားဖွားမီးယပ်အထူးကုနှင့်အထွေထွေရောဂါကု ဆေးခန်း

  • Home
  • Myanmar
  • Yangon
  • သက်သာ သားဖွားမီးယပ်အထူးကုနှင့်အထွေထွေရောဂါကု ဆေးခန်း

သက်သာ သားဖွားမီးယပ်အထူးကုနှင့်အထွေထွေရောဂါကု ဆေးခန်း ကိုယ်ဝန်ဆောင်မိခင်များ နှင့် မီးယပ်ရောဂါဝေဒနါရှင်များအတွက် အထောက်အကူပြု အားထားရသော ဆေးခန်းဖြစ်ပါတယ် 09978563263 or viber

စနေနေ့တိုင်းမင်မင်တို့ရဲ့သက်သာ ဆေးခန်းမှာUltrasound လာရောက်ရိုက်နိုင်ပါပြီရှင်Booking Ph 09978563263 ကို ဆက်သွယ်နိုင်ပါပ...
15/06/2026

စနေနေ့တိုင်း
မင်မင်တို့ရဲ့
သက်သာ ဆေးခန်းမှာ
Ultrasound လာရောက်ရိုက်နိုင်ပါပြီရှင်
Booking Ph 09978563263 ကို ဆက်သွယ်နိုင်ပါပြီ
#အမျိုးသမီး #ကျန်းမာရေး

🌸 ရာသီမမှန်ခြင်းရဲ့ အကြောင်းရင်းများ 🌸ရာသီမမှန်ခြင်းဟာ အမျိုးသမီးများတွင် အဖြစ်များတဲ့ ပြဿနာတစ်ခုဖြစ်ပြီး အကြောင်းရင်းမျ...
15/05/2026

🌸 ရာသီမမှန်ခြင်းရဲ့ အကြောင်းရင်းများ 🌸

ရာသီမမှန်ခြင်းဟာ အမျိုးသမီးများတွင် အဖြစ်များတဲ့ ပြဿနာတစ်ခုဖြစ်ပြီး အကြောင်းရင်းများစွာ ရှိနိုင်ပါတယ်။

🔹 စိတ်ဖိစီးမှုများခြင်း
🔹 ကိုယ်အလေးချိန် တက်ခြင်း / ကျခြင်း
🔹 ဟော်မုန်းမညီမျှခြင်း (PCOS, Thyroid)
🔹 ကိုယ်ဝန်ရှိခြင်း
🔹 မျိုးဆက်ကာကွယ်ဆေးများ သုံးစွဲခြင်း
🔹 အိပ်ရေးမဝခြင်း
🔹 အားကစားပြင်းထန်စွာ လုပ်ခြင်း

⚠️ ရာသီမမှန်ခြင်း မကြာခဏဖြစ်နေပါက အကြောင်းရင်းကို သိရှိရန် ဆရာဝန်နှင့် ပြသစစ်ဆေးသင့်ပါသည်။

📍 သက်သာ သားဖွားမီးယပ်အထူးကုနှင့်အထွေထွေရောဂါကုဆေးခန်း
အမျိုးသမီးကျန်းမာရေးအတွက် နွေးထွေးစွာ စောင့်ရှောက်ပေးနေပါသည် 💕
☎099785632763 or viber
#လှ်ိုင်သာယာ #မေမေ

ကိုယ်ဝန်ဆောင်မိခင်တွေ တစ်နေ့ကို ရေဘယ်လောက်သောက်သင့်လဲ⁉ကိုယ်ဝန်ဆောင်ချိန်မှာ ရေဓာတ်လုံလောက်စွာ ရရှိဖို့ အရေးကြီးပါတယ်။✅ တ...
14/05/2026

ကိုယ်ဝန်ဆောင်မိခင်တွေ တစ်နေ့ကို ရေဘယ်လောက်သောက်သင့်လဲ⁉

ကိုယ်ဝန်ဆောင်ချိန်မှာ ရေဓာတ်လုံလောက်စွာ ရရှိဖို့ အရေးကြီးပါတယ်။

✅ တစ်နေ့လျှင် ရေ 8–12 ခွက် (ခန့်မှန်း 2–3 လီတာ) သောက်သင့်ပါတယ်။
✅ ပူသောရာသီ၊ အန်ခြင်း၊ လှုပ်ရှားမှုများသောနေ့များတွင် ပိုသောက်ရန် လိုနိုင်ပါတယ်။

💖 ရေကို လုံလောက်စွာသောက်ခြင်းက —
• ကလေးဖွံ့ဖြိုးမှုကို အထောက်အကူပြုပါတယ်
• ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို လျော့နည်းစေပါတယ်
• ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးပါတယ်
• ရေဓာတ်ခမ်းခြောက်မှုကို ကာကွယ်ပေးပါတယ်

💡 တစ်ခါတည်း အများကြီးမသောက်ဘဲ တနေကုန် အနည်းငယ်စီ မကြာခဏသောက်ပါ။

📍 သက်သာ သားဖွားမီးယပ်အထူးကုနှင့်အထွေထွေရောဂါကုဆေးခန်း
မိခင်နှင့် ကလေးကျန်းမာရေးအတွက် နွေးထွေးစွာ စောင့်ရှောက်ပေးနေပါသည် 💕
☎09978563263 or viber
#လှ်ိုင်သာယာ

#မေမေ

အမှတ် ၉ မင်းရဲကျော်စွာလမ်းမကြီး ၃ ရပ်ကွက် လှိုင်သာယာ Booking ဖုန်း 09978563263💕 #သက်သာဆေးခန်း  #လှိုင်သာယာ  #မေမေ
13/05/2026

အမှတ် ၉ မင်းရဲကျော်စွာလမ်းမကြီး
၃ ရပ်ကွက် လှိုင်သာယာ
Booking ဖုန်း 09978563263💕
#သက်သာဆေးခန်း #လှိုင်သာယာ #မေမေ

🌸သက်သာ ဆေးခန်း မှာဘာဝန်ဆောင်မှုတွေရနိုင်လဲ🌸⁉👩‍⚕️ သားဖွားမီးယပ် အထူးကု နှင့် ဆွေးနွေးကုသခြင်း🤰 ကိုယ်ဝန်ဆောင်မိခင် စောင့်ရ...
12/05/2026

🌸သက်သာ ဆေးခန်း မှာဘာဝန်ဆောင်မှုတွေရနိုင်လဲ🌸


👩‍⚕️ သားဖွားမီးယပ် အထူးကု နှင့် ဆွေးနွေးကုသခြင်း
🤰 ကိုယ်ဝန်ဆောင်မိခင် စောင့်ရှောက်မှု
👶 ကိုယ်ဝန်ရှိ/မရှိ စစ်ဆေးခြင်း
🩸 သွေးနှင့် ဆီး စစ်ဆေးခြင်း
💉 သားအိမ်ခေါင်းကင်ဆာ စစ်ဆေးခြင်း (Pap Smear)
💊 မျိုးဆက်ကာကွယ်နည်း ဆွေးနွေးပေးခြင်း
👩‍👧 မီးဖွားပြီးနောက် မိခင်ကျန်းမာရေး စောင့်ရှောက်ခြင်း
🏥 အထွေထွေရောဂါ စစ်ဆေးကုသခြင်း

💖 အမျိုးသမီးကျန်းမာရေး နှင့် မိသားစုကျန်းမာရေးအတွက် နွေးထွေးစွာ စောင့်ရှောက်ပေးနေပါသည်။

📍 သက်သာ သားဖွားမီးယပ်အထူးကုနှင့်အထွေထွေရောဂါကုဆေးခန်း
မေးမြန်းတိုင်ပင်နိုင်ပါသည် 💕
☎ 09978563263 or viber
#လှိုင်သာယာ #သက်သာဆေးခန်း

🌸 အမျိုးသမီးများ မပျက်မကွက် စစ်ဆေးသင့်တဲ့ ကျန်းမာရေးများ 🌸ကျန်းမာရေးကောင်းမွန်ဖို့အတွက် ထူးခြား လက္ခဏာ မရှိ​သေးသော်လည်း ...
11/05/2026

🌸 အမျိုးသမီးများ မပျက်မကွက် စစ်ဆေးသင့်တဲ့ ကျန်းမာရေးများ 🌸

ကျန်းမာရေးကောင်းမွန်ဖို့အတွက်
ထူးခြား လက္ခဏာ မရှိ​သေးသော်လည်း
ပုံမှန်စစ်ဆေးသင့်ပါတယ် 👩‍⚕️

✅ သွေးပေါင်ချိန် စစ်ဆေးခြင်း
✅ သွေးတွင်းသကြားဓာတ် စစ်ဆေးခြင်း
✅ သွေးအားကောင်းမကောင်း စစ်ဆေးခြင်း
✅ သားအိမ်ခေါင်းကင်ဆာ စစ်ဆေးခြင်း (Pap Smear)
✅ ရင်သား စစ်ဆေးခြင်း
✅ Ultrasound စမ်းသပ် စစ်ဆေးခြင်း

💖 စောစီးစွာ စစ်ဆေးခြင်းက ရောဂါများကို အချိန်မီ ရှာဖွေကုသနိုင်စေပါတယ်🥰

🎀 သက်သာ သားဖွားမီးယပ်အထူးကုနှင့်အထွေထွေရောဂါကုဆေးခန်း🎀
အမျိုးသမီးများကျန်းမာရေးအတွက် နွေးထွေးစွာ စောင့်ရှောက်ပေးနေပါသည်။
ဆေးခန်းဖုန်း 09978563263 or viber
#သက်သာဆေးခန်း #လှိုင်သာယာ

🤰 ကိုယ်ဝန်ဆောင်ချိန် မနက်ပိုင်း ပျို့ချင် အန်ချင်စိတ်တွေ ဖြစ်ပေါ်နေပါသလား⁉Morning sickness ကို သက်သာစေဖို့ 👇🍘 အိပ်ရာနိုး...
10/05/2026

🤰 ကိုယ်ဝန်ဆောင်ချိန် မနက်ပိုင်း ပျို့ချင် အန်ချင်စိတ်တွေ ဖြစ်ပေါ်နေပါသလား⁉

Morning sickness ကို သက်သာစေဖို့ 👇

🍘 အိပ်ရာနိုးချင်း ဘီစကစ်အနည်းငယ် စားပါ
🥗 တစ်ခါတည်းအများကြီးမစားဘဲ နည်းနည်းစီ မကြာခဏစားပါ
💧 ရေကို အနည်းငယ်စီ မကြာခဏသောက်ပါ
🚫 အနံ့ပြင်းသော အစားအစာများကို ရှောင်ပါ
😴 လုံလောက်စွာ အနားယူပါ

⚠️ အန်တာအရမ်းများပြီး ရေမသောက်နိုင်ပါက ဆရာဝန်နှင့် အမြန်ပြသပါ။

🌸 သက်သာ သားဖွားမီးယပ်အထူးကုနှင့်အထွေထွေရောဂါကုဆေးခန်း🌸မှာ အချိန်မရွေး
မေးမြန်းတိုင်ပင်နိုင်ပါသည် 💕
ဆေးခန်း ဖုန်း ☎09978563263 or viber

🤰 ကိုယ်ဝန်ရှိနေပြီဆိုတာ ဘယ်လိုသိနိုင်မလဲ⁉“ရာသီနောက်ကျနေပြီလား?  မနက်ပိုင်းအန်ချင်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ရင်သားနာကျ...
09/05/2026

🤰 ကိုယ်ဝန်ရှိနေပြီဆိုတာ ဘယ်လိုသိနိုင်မလဲ⁉
“ရာသီနောက်ကျနေပြီလား?
မနက်ပိုင်းအန်ချင်ခြင်း၊
ပင်ပန်းနွမ်းနယ်ခြင်း၊
ရင်သားနာကျင်ခြင်းတွေရှိနေလား?
ဒါတွေက ကိုယ်ဝန်အစောပိုင်းလက္ခဏာတွေ
ဖြစ်နိုင်ပါတယ် ✨
သေချာစစ်ဆေးပြီး မှန်ကန်တဲ့ ကိုယ်ဝန်စောင့်ရှောက်မှုကို စတင်ဖို့ အရေးကြီးပါတယ်ရှင် 👩‍⚕️

" သက်သာ" သားဖွားမီးယပ်အထူးကုနှင့်အထွေထွေရောဂါကုဆေးခန်း မှာ
အချိန်မရွေး မေးမြန်းတိုင်ပင်နိုင်ပါတယ်☺
အသေးစိတ်ကို
☎ 09978563263 or viber မှာ စုံစမ်းနိုင်ပါပြီ
အမျိုးသမီးကျန်းမာရေးနှင့်မိသားစုကျန်းမာရေးအတွက်
နွေးထွေးစွာ စောင့်ရှောက်ပေးနေပါသည်🥰
#ကိုယ်ဝန်လက္ခဏာ #သက်သာဆေးခန်း

Hello မေမေတို့
28/04/2026

Hello မေမေတို့

ကိုယ်ဝန်ဆောင်မေမေ အိပ်ရေးပျက်နေပြီလား?

ကိုယ်ဝန်ဆောင်နေချိန်မှာ ကောင်းကောင်းအိပ်ပျော်ဖို့ အချို့မိခင်များအတွက် အလွန်ခက်ခဲနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ခြင်းက မိခင်ရဲ့ ကိုယ်ခန္ဓာနှင့် စိတ်ခံစားချက် နှစ်မျိုးလုံးကို သက်ရောက်မှုရှိစေပါတယ်။ကိုယ်ဝန်ဆောင်ဟော်မုန်းများကလည်း အိပ်စက်မှုအပေါ် အရေးပါတဲ့ သက်ရောက်မှုတွေရှိပါတယ်။

ကိုယ်ဝန်ဆောင်ကာလအတွင်း အိပ်ရေးပျက်တာက ဘယ်အချိန်မဆို ဖြစ်နိုင်ပေမယ့် 3rd Trimester (တတိယ သုံးလပတ်)မှာတော့ ပိုမို ကြုံတွေ့ရတတ်ပါတယ်။

💠အိပ်ရေးပျက်ရတဲ့အကြောင်းအရင်းများ

▪️မကြာခဏဆီးသွားချင်ခြင်း
အထူးသဖြင့် 1st Trimester နဲ့ 3rd Trimester မှာ ညဘက်မကြာခဏ နိုးလာပြီး ဆီးသွားရခြင်းတွေ ဖြစ်တတ်ပါသည်။

▪️နှာခေါင်းပိတ်ခြင်း
ကိုယ်ဝန်ဆောင်နေချိန်တွင် နှာခေါင်းပိတ်နေသလို ခံစားရနိုင်ပြီး အိပ်စက်ရာတွင် အသက်ရှူမလွယ်ကူခြင်းနှင့် ဟောက်ခြင်းတို့ ဖြစ်စေနိုင်ပါတယ်။

▪️ခါးနာခြင်း
ခါးနာခြင်းနဲ့ ကိုယ်ခန္ဓာနာကျင်မှုများဟာမိခင်လောင်းတို့အိပ်ပျော်ရန် အခက်အခဲဖြစ်စေပါတယ်။

▪️ကလေးလှုပ်ခြင်း
ကလေးလေးက ညအိပ်ချိန်တွင် ပိုမိုလှုပ်ရှားလာခြင်းက မေမေတို့ရဲ့အိပ်စက်မှုကို လျော့ကျစေနိုင်ပါတယ်။

▪️Heartburn နှင့် GERD
အစာအိမ်စားချဉ့်ပြန်ခြင်း ၊ ရင်ပူခြင်းများက ညဘက်လှဲနေချိန် ပိုဆိုးရွားလာနိုင်ပါတယ်။ (ကျွန်မဆိုရင် ဒီပြဿနာအဆိုးဆုံးဖြစ်ပါတယ်)

▪️စိတ်ခံစားမှုအပြောင်းအလဲများ
ကိုယ်ဝန်ဆောင်ချိန်မှာ စိတ်ပူပန်မှု၊ စိတ်ဖိစီးမှုတွေ ဖြစ်နိုင်ပြီး ညဘက်အိပ်စက်မှုကို ထိခိုက်စေနိုင်ပါတယ်။ မွေးခါနီးလေလေ Anxiety တက်လေလေပါပဲ။

▪️ဗိုက်ကြီးထွားလာခြင်း
ကိုယ်ဝန်ကြီးရင့်လာသည်နှင့်အမျှ အိပ်ရာပေါ်တွင် လှဲခြင်း၊ လှည့်ခြင်း၊ ထခြင်းများ ခက်ခဲလာပြီး အဆင်ပြေတဲ့ အိပ်စက်မှုအနေအထားကို ရဖို့ရာ ခက်ခဲလာနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်လောင်းတွေအတွက်လုံလောက်သော အိပ်ချိန်ရဖို့နဲ့ အိပ်စက်မှုအရည်အသွေးကောင်းကောင်းရဖို့ အလွန်အရေးကြီးပါတယ်။ အိပ်ရေးမဝခြင်းက နဂိုတည်းက ပင်ပန်းနေတဲ့ မိခင်လောင်းကို နွမ်းနယ်မှုနဲ့ စိတ်ဖိစီးမှုများကို တိုးလို့ဖြစ်စေပါတယ်။

💠ကိုယ်ဝန်ဆောင်ချိန် ညကောင်းကောင်းအိပ်ပျော်ဖို့

▪️အိပ်မဝင်ခင် ၁နာရီလောက် screentime (ဖုန်း၊ TV) မသုံးပါနဲ့။
▪️နေ့စဉ် Bedtime routine တစ်ခုထားပါ။ ဘယ်အချိန်ဆို အိပ်ရာဝင်မယ်ဆိုတာမျိုး သတ်မှတ်ထားပါ။
▪️အခန်းကို အေးချမ်းပြီး ဆိတ်ငြိမ်အဆင်ပြေအောင် ပြင်ဆင်ပါ။
▪️ဘယ်ဘက်ကို စောင်းအိပ်ပါ။ ကိုယ်ဝန်၅လနောက်ပိုင်းကစပြီး ပက်လက်မအိပ်သင့်တော့ပါဘူး။
▪️နေ့လယ်ပိုင်းမှာ ရေများများသောက်ပြီး ညဘက်အိပ်ခါနီးမှာ ရေလျှော့သောက်ပါ။
▪️ရင်ပူရင်ပြည့်ခြင်း ဖြစ်စေသော အစားအစာများရှောင်ပါ။ ညအိပ်ချိန်နဲ့ ကပ်တဲ့ ၂-၃နာရီအတွင်း အစားအများကြီးစားခြင်းရှောင်ပါ။
▪️စိတ်ပူပန်မှုများကို မိသားစုနဲ့အတူ မျှဝေဖြေရှင်းပါ
▪️လိုအပ်ပါက မတွန့်ဆုတ်ဘဲ သားဖွားမီးယပ်ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်ရှင်။

အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။

မောင်(ဆေး-၁)မာမီ

✅စာများကို လွတ်လပ်စွာ share နိုင်ပါတယ်။ ခွင့်ပြုချက်တောင်းရန်မလိုပါ။
❗️တစ်ဆင့်ပြန်လည်ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံပါတယ်။

စာဖတ်သူများသို့မေတ္တာရပ်ခံချက်💕

ကျွန်မရေးသားသောဆောင်းပါးများနဲ့ ထုတ်လွှင့်သော ဗီဒီယိုများဟာ အယူအဆမှားတွေများတတ်တဲ့ လူမှုကွန်ယက်မှာ မှန်ကန်တဲ့ကျန်းမာရေးဗဟုသုတရရှိစေဖို့သာ ရည်ရွယ်ပါတယ်။ တစ်ဦးချင်းစီရဲ့ ကျန်းမာရေးပြဿနာများအတွက် အဖြေရှာရန်မဟုတ်ပါဘူး။
ဒါ့အပြင် ပြင်ပမှာပြသနေတဲ့ ဆရာဝန်များရဲ့ ကုသချက်၊ ဆေးပညာအကြံပြုချက်များနေရာမှာ အစားထိုးလို့မရပါ။ မိမိကိုယ်တိုင် သို့မဟုတ် မိမိကလေးငယ်ရဲ့ကျန်းမာရေးနဲ့ပတ်သက်ပြီး စိုးရိမ်မှု၊ သီးသန့် ဆွေးနွေးလိုသော အခြေအနေများရှိပါက ကိုယ်တိုင်ပြသနေသောဆရာဝန်များနှင့်သာ တိုင်ပင်ရမှာဖြစ်ပါတယ်။ အရေးကြီးလက္ခဏာများရှိပါကလည်း နီးစပ်ရာ ဆေးခန်း/ဆေးရုံမှာ သွားရောက်ပြသရမှာဖြစ်ပါတယ်ရှင်။

28/04/2026

အမျိုးသမီးများအားလုံးရဲ့ ကျန်းမာရေးဆိုင်ရာ
အားလုံးအတွက်
သက်သာဆေးခန်းကို Booking တင် ပြသလို့ရပါပြီရှင်☺
☎09978563263 ဆေးခန်းဖုန်း

Address

Min Ye Kyaw Swar Road
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when သက်သာ သားဖွားမီးယပ်အထူးကုနှင့်အထွေထွေရောဂါကု ဆေးခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share