20/05/2026
အခက်ခဲများအားလုံးအဆင်ပြေစေရန်
မာလာရေစင် ကပ်လှူနည်း အဆင့်ဆင့်
=================
#မာလာရေစင်ကပ်လှူခြင်း🌸🌸🌸
နှစ်သက်ရာ ပန်းပွင့် ပန်းရွက် များကို ရေဆေးပါ။
ဖန်ထည် ကြွေထည်၊ ဖန်ခွက် စသဖြင့် ( bowl )ဇလုံ ပန်းကန်လုံး ထဲကို
(က) မွှေးပျံ့သော ပန်းပွင့်များထည့်ပါ။
(ခ) ရေအေးအေး ဖြည့်ပါ။
(ဂ)ပန်းပွင့်များကိုလှပစွာပုံဖော်၍လှူဒါန်းနိုင်ပါသည်။
လှူဒါန်းရာတွင်
^^^^^^^^^^^^^^
ဂင်္ဂါဝါဠု သဲစုအမျှ ပွင့်လေပြီးသော
ဘုရားရှင်များအား အမှူးထား၍ သံသရာအဆက်ဆက်က တော်စပ်ခဲ့ဘူးသောဘိုးဟောင်းဘွားဟောင်း ၊မိဟောင်းဖဟောင်၊ဆွေဟောင်းမျိုးဟောင်း ဘဝဆက် ပဋ္ဌာန်းဆက်ရှိသည့်ပုဂ္ဂိုလ်အပေါင်းတို့ကိုပါ ရည်စူး၍လှူဒါန်း နိုင်ပါတယ်။
- မနက်၊ညနေ ၊ည ကြိုက်တဲ့အချိန် ကပ်ပါ။
သိုက်နန်းရှင်တွေအင်မတန်နှစ်သက်သော
မာလာရေစင်ဖြစ်ပါတယ်။
ဘာကြောင့်လဲဆိုတော့ မမြင်ရသောသူတွေဟာကျွန်တော် တို့လို လူ ခန္ဓာကိုယ် အမာထည် အကြမ်းစားတွေမဟုတ်ပါဘူး။ပျော့ပျောင်းနူးညံ့ပြီး မွှေးကြိုင်သောအရာတွေနဲ့သာ
အဓိကထား ဆက်သွယ်နိုင်တဲ့သူတွေဖြစ်ပါတယ်။
ဒါကြောင့် မာလာရေစင် ကို နှစ်သက်ကြတာဖြစ်ပါတယ်။
** #မာလာရေစင်အသုံးဝင်ပုံအကျိုးထူးသည့်နည်းလမ်း**
*မာလာရေစင် လှူဒါန်းခြင်းကြောင့်
ပျက်စီးဆုံးရှုံးနေတဲ့အရာတွေ
ပြတ်တောက် ပြိုကွဲသွားတဲ့အရာတွေ ပြန်လည်ထူထောင်ဖို့
အဓိဌာန် တည်တဲ့အခါ အသုံးဝင်ပါတယ်။
မာလာရေစင်ကို တစ်ကြိမ်လှူဒါန်းလျှင် တစ်ခွက်နှုန်းဖြင့်
၇ ခွက် ၇ကြိမ်ကပ်လှူပေးပါက
လက်ရှိကြုံနေတဲ့ ပျက်စီးရာ ပျက်စီးကြောင်း
ကိစ္စတွေ ရပ်ဆိုင်းသွားပြီး အဆင်ပြေချောမွေ့တယ်လို့
ဆိုပါတယ်။
*အရေးအကြီးဆုံးကတော့ မမြင်အပ်တဲ့ပုဂ္ဂိုလ်တွေကို
မိမိဘက်မှ မသိနားမလည်ဘဲ ပြစ်မှား မိတာအမှားလုပ်မိတာ ရှိခဲ့ရင် အပြစ်မယူဖို့ ဝန်ချကန်တော့တဲ့အခါမှာ
အရေးပါတဲ့ လှူဖွယ်ပစ္စည်းတစ်ခု ဖြစ်ပါတယ်။
မာလာရေစင်ကပ်သူက
လောဘမကြီးဖို့ နဲ့ အကျိုးလိုလားလို့ အတင်းပြီးလျှင်ပြီးရောစိတ်ဖြင်မကပ်လှူမိဖို့လိုအပ်ပါတယ် ။
*မာလာရေစင် ကပ်လှူတဲ့အခါ
သဒ္ဓါတရား အပြည့်အဝဖြင့်လုပ်ဆောင်ပါ။
ပန်းဝယ်ယူတာကအစ
ချွေယူခင်းကျင်း တဲ့အထိ
ရေဖြည့်တာအဆုံး
ကိုယ့်လက်နဲ့ သဒ္ဓါတရားအားထည့်ပြီး
ပျော်ရွှင်ကြည်နူးစွာ လှူဒါန်းပါ။
#မာလာရေစင်လှူတဲ့အခါရွတ်ဖတ်ပူဇော်ခြင်း
***********************************
အရဟံအစ ဘဂဝါအဆုံးရှိသော ကိုးပါးသော
ဂုဏ်တော်တို့နှင့် ပြည့်စုံသော် မူသော ဗုဒ္ဓမြတ်စွာဘုရား ကိုယ်တော်မြတ်ကြီးအား တပည့်တော်မ အဆင်းအနံ့ဖြင့်
ပြည့်စုံသော ဤမာလာရေစင်ကို ကပ်လှူပူဇော်ပါ၏ အရှင်ဘုရား🙏🙏🙏
ဘဝဘဝဟောင်းများစွာကတော်စပ်ခဲ့ဖူးသော
🍁ဘိုးဟောင်းဘွားဟောင်းများနှင့် တကွ
🍁ပဌာန်းဆက်ရှိခဲ့ဖူးသော ဆွေတော်မျိုးတော် အပေါင်း၊
🍁မမြင်အပ်တဲ့ပုဂ္ဂိုလ်တို့ အား
ကျွန်ုပ်မှ အပြစ်များရှိပါက
♥️ကြေအေးပေးပါ
♥️ကျေနပ်ပေးပါ
♥️ခွင့်လွှတ်ပေးပါ
သင်တို့အားလုံးရဲ့ကိုယ်စားကျွန်ုပ်မှ နေ၍ မြတ်စွာဘုရားရှင်အား ဤမာလာရေစင်ဖြင့် ကပ်လှူပူဇော်ပါသည်
🙏🙏🙏
🪷ဘုန်းတော်အနန္တ၊
🪷ကံတော်အနန္တ၊
🪷ဥာဏ်တော်အနန္တ၊
🪷တန်ခိုးတော်အနန္တ၊
🪷မေတ္တာတော်အနန္တ၊
🪷သစ္စာတော် အနန္တ၊
🪷ပါရမီတော် အနန္တ တို့ နှင့် ပြည့်စုံတော်မူသော
🙏သက်တော်ထင်ရှား အရှင်မြတ်စွာဘုရားအားဥဒ္ဒိသ ရည်မှတ်သမှု အာရုံပြု၍
အကျွန်ုပ်ကို စောင့်ရှောက်သော
🍀ကိုယ်စောင့်နတ်၊
အကျွန်ုပ်ကိုစောင့်ရှောက်သော
🍀အစောင့်အရှောက်များနှင့်တကွ
🍀ဆွေဆက်၊ မျိုးဆက်၊ပဌာန်းဆက်၊ ဆွေတော်၊ မျိုးတော်အပေါင်း၊
🍀မမြင်အပ်တဲ့ပုဂ္ဂိုလ်များနှင့်တကွ
🍀သိုက်နန်းရှင် အားလုံး တို့အားရည်စူး၍
၄င်းတို့နှင့်ပေါင်းစု၍ ၄င်းတို့နှင့် အတူတကွ
ဤ မာလာ ရေစင်ကို
🙏💜🙏အရှင်မြတ်စွာဘုရားထံ သဒ္ဒါကြည်ဖြူစွာဖြင့် မွန်မြတ်သန့်စင်စွာ ကပ်လှူပူဇော်ပါ၏။
(အလှူခံတော်မှူပါဘုရား)(သုံးကြိမ်)
အစအဆုံး(သုံးကြိမ်) ရွတ်ဆိုရပါမည်။
#ရေစင်ကပ်လှူပြီးသည့်အခါဆုတောင်းရန်
*********************************
ဤရက် ဤအချိန် ဤစက္ကန့်မိနစ်မှစ၍
🙏🏼ကျွန်ုပ်တို့မိသားစုသည် လှိုင်းကြီးလှေအောက်၊
🙏🏼တောင်ကြီးဖဝါအောက်၊
🙏🏼ကျွန်ုပ်တို့မိသားစုကံကြမ္မအပေါ်ရောက်စေသော်၊
🙏🏼တောင်ထိပ်ကြာပွင့် နောက်နေထွက်
🙏🏼ကပ်ကြီးသုံးပါးမရှိစေသော်၊
🙏🏼နေထွက်ရွှေခွက်
🙏🏼နေဝင်ငွေထမ်းပြန်စေသော်
🙏🏼မင်းခေါင်စကားပြောကြားများ
ပါရမီရှိသူရစေသော်
🌟ယနေ့မှစ၍ ကျွန်ုပ်တို့မိသားစုသည်
ဘယ်ခြေလှမ်းတိုင်အောင်၊
ညာခြေလှမ်းတိုင်အောင်၊
အောင်ဓါတ်တွေပြည့်စေ
မရှိ၊ မသိ၊ မဝ၊ မရ၊ မလှ
“မ” ငါးလုံးဖယ်စေသတည်း။
🌟ဤရေစင်ကိုလှူဒါန်းပြီးအချိန်မှစ၍
ကျွန်ုပ်တို့မိသားစုတို့သည်
🙏🏼အညံ့တွေကျော်ပါစေ
🙏🏼ကပ်ဆိုးတွေကျော်ပါစေ
🙏🏼ဝမ်းနည်းမှုတွေကျော်ပါစေ
🙏🏼ကျပ်တည်းမှုတွေကျော်ပါစေ
🙏🏼ခွဲခွါခြင်းတွေကျော်ပါစေ
🙏🏼ပြိုကွဲခြင်းတွေကျော်ပါစေ
🙏🏼ငတ်မွတ်ဘေးမှကျော်ပါစေသတည်း။
⭐️(ဥုံ သိဒ္ဓိ..သိဒ္ဓိ..သိဒ္ဓိ.. မဟာသိဒ္ဓိ အပေါင်း
ထောင်သောင်းမက တည်စေသတည်း)
၃ခေါက် ရွတ်ဆိုရပါမည်။
မာလာရေစင် ကပ်လှူနေတဲ့အချိန်မှာ
*လေပြည်အေးကနဲ တိုက်သွားတာ
*ငှက်မွှေးလေးတွေ ကိုယ့်အနားရောက်လာတာ
*ကိုယ်ကပ်လှူထားတဲ့ပန်းရနံ့ အပြင် အခြားရနံ့တွေပါ
ရရှိနေတာ
*သစ်ပင်တွေလေတိုက်လို့ အရွက်အချင်းချင်းပွတ်တိုက်သလို အသံတွေ ကြားရတာ
*လိပ်ပြာလေးတွေ လာနားတာ
*ဒီလိုဖြစ်ရပ်ကလေးတွေ ကြုံလာရ တဲ့အခါ အထူးဝမ်းမြောက်ပါ။မိမိ၏လှူဒါန်းမှု ကို အသိအမှတ်ပြုသူတွေ ထူးခြားစွာ ရှိနေလို့ပါပဲ ။
#မာလာရေစင်စွန့်တဲ့အချိန်
🍃🌸🌿🌺🍂🌼🌿
ပန်းနွမ်းတဲ့အချိန်စွန့်ပါ။
*စွန့်ပြီးမာလာရေစင်ကို ဘယ်လို ပန်သုံးလို့ရလဲ ဆိုရင်တော့ အတော်လေး နေရာစုံသုံးလို့ရပါတယ်။
*Pink salt ဆိုတဲ့ ပန်းရောင်ဆား[ ဟိမဝန္တာဆား] လို့လဲ ခေါ်ပါတယ်။
၎င်းဆားကို မာလာရေစင်နဲ့ရောပါ။
ဘူးထဲထည့်ပါ။ ရေဘူးအပြည့်။
ဘူးထဲကို ခရုခွံ ထည့်ပါ။
ဘယ်ခရုခွံဖြစ်ဖြစ် ရပါတယ်။ အရေအတွက် မဂဏန်း 1 3 5 7 ဖြစ်ရပါတယ်။ ရေမွှေးနဲနဲထည့်ပါ။
အဲဒီရေနဲ့ အိမ်ကို နေရာအစုံ ပက်ဖြန်းပါ။
အောက်လမ်းအတိုက် [လူတိုက်] စုန်းတိုက် နတ်တိုက်
လုပ်လို့မရပါဘူး။
လုပ်ထားရင်လဲ ချက်ချင်းပေါ်ပါတယ်။
Negative Energy ကို နှင်နိုင်စွမ်းရှိပါတယ်။
ဘာကြောင့် Pink salt ကို သုံးခိုင်းသလဲဆိုရင် salt အမျိုးအစားထဲမှာ မမြင်ရတဲ့နာမ်လောကကို Get out အလုပ်နိုင်ဆုံး အမျိုးအစားတစ်ခုမို့လို့ပါ။
အိမ်စောင့်နတ် ရိုးရာနတ်တောင် ယာယီဖယ်ပေးရတာမျိုး အထိ အဲဒီဆား crystal တည်ဆောက်မှုက အစွမ်းသတ္တိတစ်ခုရှိပါတယ်။
* ဆေးကုသတဲ့ ဆရာဝန်များ ကိုယ့်ရဲ့ဆေးအာဏာစက် [ healing authority] ကို ပိုအားကောင်းစေချင်ရင်
မာလာရေစင်စွန့်တဲ့အခါ ရေထဲကို လက်ဆယ်ချောင်းထိပ်ဖျားနှစ်၍ သစ္စာပြု ဆုတောင်းပါ။
ဆေးကုသခြင်းအပိုင်းမှာ ကိုယ့်ကို မမြင်ရတဲ့ တစုံတယောက်က အနီးကပ်ကူညီပေးနေသလိုအနေအထား _ ကိုယ်နဲ့မှ ကိုယ့်မျက်နှာမြင်မှ ရောဂါတဝက်သက်သာတယ်ဆိုတဲ့ အနေအထားမျိုးကြုံရတတ်ပါတယ်။
*မာလာရေစင်ကို ရိုးရိုးကပ်တဲ့အခါ အဖုံးဖွင့်ပြီးကပ်နိုင်ပေမယ့် သိုက် အတွက် ကိုယ်စားလှူပေးရင် ပုဝါနဲ့ ဘေးကနေ ဖုံးကာပြီးကပ်ရပါတယ်။
သဘောတရားကတော့ မမြင်ရတဲ့လောကကို စည်းကာပြီး pirvacy space ပေးထားပြီး သူတို့ကိုယ်စား လှူပေးပါတယ်ဆိုတဲ့ သဘောပါပဲ။
မူရင်းရေးသားသူအားလေးစားလျက်
ပြည့်စုံအောင်ပြန်လည်ရေးသားပြီး မေတ္တာဖြင့်
မျှဝေပေးလိုက်ပါတယ် ....
အားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေ🙏