ကျန်းမာစေ - ဆေးဆိုင်

ကျန်းမာစေ - ဆေးဆိုင် Pharmacy Store

28/04/2026

DR.K Pharmacy Group အတွက် ဝန်ထမ်းခေါ်ယူခြင်း

Chief Accountant ကျား/မ (၃)ဦးအလိုရှိပါသည်
၁-Thai/English skill ကျွမ်းကျင်သူ
၂-Thai သို့ ၃ လလျှင် တစ်ပတ် ခရီးထွက်နိုင်ရမည်
၃-လစာညှိနိုင်း
၄-အသက် ၃၀မှ ၄၅ ထိ
၅- ဆေးဝါးများနှင့် ပတ်သောသော ကုမ္ပဏီဖြစ်သောကြောင့် ဆေးပညာနှင့်ကျွမ်းဝင်မှုရှိပါက လုပ်ငန်းအတွက် ပိုမိုအဆင်ပြေနိုင်ပါမည်

CB များကို ဝန်ထမ်းခေါ်ယူထားသည့် DR.K pharmacy Group လက်အောက်ရှိ ဆေးဆိုင်နှင့် ကုမ္ပဏီအသီးသီးရှိ page messenger များတွင် 5.5.2026 အထိ လျှောက်ထားနိုင်ပါသည်
12.5.2026 Interview ဝင်ရမည်

DR.K Pharmacy Group
NO -121/122
သံလွင်လမ်း
သံလွင်းလမ်းမကြီးပေါ်
ဗဟန်းမြို့နယ်

Melioidosis (မြေတုတ်ကွေး) ရောဂါဟာ မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေမှာ အဖြစ်များပြီး "မြေကြီးထဲက လူသတ်သမား" ...
22/04/2026

Melioidosis (မြေတုတ်ကွေး) ရောဂါဟာ မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေမှာ အဖြစ်များပြီး "မြေကြီးထဲက လူသတ်သမား" လို့တောင် တင်စားခေါ်ကြပါတယ်။

**Melioidosis (မြေတုတ်ကွေး) ဆိုတာ ဘာလဲ။**

Melioidosis ဆိုတာ *Burkholderia pseudomallei* လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးကြောင့် ဖြစ်ပွားတဲ့ ကူးစက်ရောဂါတစ်ခု ဖြစ်ပါတယ်။ ဒီဘက်တီးရီးယားဟာ မြေကြီးနဲ့ ရေထုထဲမှာ အဓိကရှင်သန်နေထိုင်တတ်ပါတယ်။ အထူးသဖြင့် မိုးရာသီနဲ့ ရေကြီးရေလျှံဖြစ်တဲ့ အချိန်မျိုးတွေမှာ ဒီရောဂါပိုးဟာ ပတ်ဝန်းကျင်မှာ ပိုမိုပျံ့နှံ့နေတတ်ပါတယ်။

**ဘယ်လိုကူးစက်နိုင်သလဲ။**
ရောဂါပိုးဟာ အဓိကအားဖြင့် နည်းလမ်း (၃) သွယ်နဲ့ ကူးစက်နိုင်ပါတယ် -

၁။ **အရေပြားမှတစ်ဆင့် -** ပွန်းပဲ့ရှနာရှိတဲ့ အသားအရေနဲ့ မသန့်ရှင်းတဲ့ မြေကြီး (သို့) ရေတို့ တိုက်ရိုက်ထိတွေ့ရာမှ ကူးစက်ခြင်း။

၂။ **အသက်ရှူလမ်းကြောင်းမှတစ်ဆင့် -** ပိုးပါဝင်တဲ့ ဖုန်မှုန့် (သို့) ရေမှုန်ရေမွှားတွေကို ရှူရှိုက်မိရာမှ ကူးစက်ခြင်း (အထူးသဖြင့် လေပြင်းတိုက်ခတ်ချိန်မျိုး)။

၃။ **အစာလမ်းကြောင်းမှတစ်ဆင့် -** ပိုးပါဝင်နေတဲ့ မသန့်ရှင်းတဲ့ရေကို သောက်သုံးမိရာမှ ကူးစက်ခြင်း။

**ရောဂါလက္ခဏာများ**

ဒီရောဂါဟာ ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းကိုမဆို ထိခိုက်နိုင်တာကြောင့် ရောဂါလက္ခဏာတွေက တစ်ယောက်နဲ့တစ်ယောက် မတူညီဘဲ ကွဲပြားနိုင်ပါတယ်။ အဖြစ်များတဲ့ လက္ခဏာတွေကတော့ -
* အပြင်းအထန် ဖျားခြင်း၊ ချမ်းတုန်ခြင်း။
* ချောင်းဆိုးခြင်း၊ ရင်ဘတ်အောင့်ခြင်း (အဆုတ်ကို ထိခိုက်ပါက)။
* အဆစ်အမြစ်များ ရောင်ရမ်းခြင်း၊ နာကျင်ခြင်း။
* အရေပြားပေါ်တွင် အနာစိမ်းများ (သို့) ပြည်တည်နာများ ထွက်ခြင်း။
* ကိုယ်အလေးချိန် ကျဆင်းခြင်းနဲ့ နာတာရှည် နုံးချည့်ခြင်း။
> **သတိပြုရန် -** အချို့လူနာတွေမှာ ရောဂါလက္ခဏာ မပြဘဲ နှစ်ပေါင်းများစွာ ခန္ဓာကိုယ်ထဲမှာ ပုန်းအောင်းနေနိုင်ပြီး ကိုယ်ခံအားကျချိန်မှ ရုတ်တရက် ရောဂါပြန်ထလာတတ်ပါတယ်။

**ဘယ်သူတွေ ပိုသတိထားသင့်သလဲ။**
ကိုယ်ခံအားစနစ် အားနည်းသူတွေမှာ ရောဂါပိုးကူးစက်ခံရပါက ပြင်းထန်တဲ့ အခြေအနေထိ ရောက်ရှိသွားနိုင်ပါတယ်။ အထူးသဖြင့် -
* ဆီးချိုရောဂါ အခံရှိသူများ။
* ကျောက်ကပ်ရောဂါ၊ အသည်းရောဂါ ရှိသူများ။
* ကင်ဆာရောဂါ (သို့) ခုခံအားကျဆင်းမှုရောဂါ ရှိသူများ။
* လယ်သမား၊ ဥယျာဉ်ခြံလုပ်သားနဲ့ မြေကြီး၊ ရေထုနဲ့ အမြဲထိတွေ့နေရသူများ။

**ကာကွယ်နိုင်မည့် နည်းလမ်းများ**
လက်ရှိအချိန်အထိ ဒီရောဂါအတွက် ကာကွယ်ဆေး မရှိသေးတာကြောင့် ကြိုတင်ကာကွယ်မှုက အရေးကြီးဆုံးဖြစ်ပါတယ်။
* **ဖိနပ်နှင့် လက်အိတ် ဝတ်ဆင်ပါ -** လယ်ယာလုပ်ငန်းခွင်ဝင်တဲ့အခါ (သို့) ရေ၊ ရွှံ့၊ မြေကြီးတို့နဲ့ ထိတွေ့ရမယ့်အခါမျိုးမှာ ရေဖိနပ်ရှည်နဲ့ လက်အိတ်တွေကို စနစ်တကျ ဝတ်ဆင်ပါ။
* **ဒဏ်ရာကို ဂရုစိုက်ပါ -** ရှနာ၊ ပွန်းပဲ့နာရှိရင် မြေကြီး (သို့) ရေပုပ်တွေနဲ့ မထိတွေ့အောင် သတိထားပါ။ ထိတွေ့မိပါက ဆပ်ပြာနဲ့ စနစ်တကျ ပြန်လည်ဆေးကြောပါ။
* **သန့်ရှင်းသောရေကို သောက်ပါ -** ရေကို ကျိုချက်သောက်သုံးခြင်းက အစာလမ်းကြောင်းကတစ်ဆင့် ကူးစက်မှုကို ကာကွယ်နိုင်ပါတယ်။
* **နှာခေါင်းစည်း (Mask) တပ်ပါ -** လေပြင်းတိုက်ခတ်နေချိန် (သို့) ဖုန်ထူတဲ့နေရာတွေမှာ အလုပ်လုပ်ရပါက Mask တပ်ဆင်ပါ။

**နိဂုံး**
Melioidosis ဟာ စောစောစီးစီး သိရှိပြီး စနစ်တကျ ကုသမှုခံယူရင် ပျောက်ကင်းနိုင်တဲ့ ရောဂါဖြစ်ပါတယ်။ ဒါပေမဲ့ မကုသဘဲ ထားပါက အသက်အန္တရာယ်ရှိနိုင်တဲ့အထိ ပြင်းထန်တတ်ပါတယ်။ ဒါကြောင့် အထက်ပါ လက္ခဏာတွေ ခံစားရပြီး မြေကြီး၊ ရေတို့နဲ့ ထိတွေ့မှုရှိခဲ့တယ်ဆိုရင် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းတွေမှာ ပြသပြီး လိုအပ်တဲ့ သွေးစစ်ဆေးမှုတွေ ပြုလုပ်သင့်ပါကြောင်း အကြံပြုအပ်ပါတယ်။

21/04/2026

တောင်ဒဂုံမြို့နယ်တွင် တာဝန်ထမ်းဆောင်ရန်

ဂိုထောင်မှူး ကျား(၃)ဦး

၁-သက်ဆိုင်ရာ Software များ ကျွမ်းကျင်စွာ အသုံးပြုနိုင်ရမည်
၂-ဆေးဝါးပစ္စည်းများနှင့် ပတ်သက်ပြီး အခြေခံ နားလည်တတ်ကျွမ်းရမည်
၃- ကားမောင်းတတ်ရမည်
၄- လက်ရှိ ဝန်ထမ်းများကို ဦးဆောင်နိုင်စွမ်းရှိရမည်
၅- နေ့/ ည အလှည့်ကျ တာဝန်ထမ်းဆောင်နိုင်ရမည်
၆- လစာညှိနှိုင်း
၇- 8:00am to 8:00pm >

နှစ်ဦးအလှူ🙏🙏🙏လုပ်ငန်းအသီးသီးမှ   ထိုင်း/ မြန်မာ ဝန်ထမ်းများလုပ်ငန်းများအတွက် အားဖြည့်ကူညီပေးကြသော မိတ်ဆွေ သူငယ်ချင်းဆရာဝ...
17/04/2026

နှစ်ဦးအလှူ🙏🙏🙏

လုပ်ငန်းအသီးသီးမှ ထိုင်း/ မြန်မာ ဝန်ထမ်းများ
လုပ်ငန်းများအတွက် အားဖြည့်ကူညီပေးကြသော မိတ်ဆွေ သူငယ်ချင်းဆရာဝန်များ
Customers များ၏ အားဖြည့်ပေးမှုကြောင့် လှူဒါန်းနိုင်သော အလှူဖြစ်ပါသည်

ကုသိုလ်ကိုယ် ထပ်တူရကြပါစေ🙏🙏🙏

ဗဟန်းအိမ်နှင့် လှိုင်အိမ်ရှိ   ဘုရားရှင်တို့ကိုယ် ရောင်တော်ဖွင့် ကုသိုလ်ပြု🙏🙏🙏ဝန်ထမ်းများနှင့် မိတ်ဆွေသူငယ်ချင်းများညနေ ...
17/04/2026

ဗဟန်းအိမ်နှင့် လှိုင်အိမ်ရှိ ဘုရားရှင်တို့ကိုယ် ရောင်တော်ဖွင့် ကုသိုလ်ပြု🙏🙏🙏

ဝန်ထမ်းများနှင့် မိတ်ဆွေသူငယ်ချင်းများ
ညနေ ၆:၀၀ထိ ဖူးမျှော်နိုင်ပါသည်

နှင်းပုလဲရေခဲ့မုန့်နှင့် ကြက်လျှာစွန်း ဒံပေါက်ဖြင့် ဧည့်ခံကျွေးမွေးခြင်း ကုသိုလ်ယူပါသည်

ကျွန်မ    ဒေါက်တာဝင်းသော်တာကျော်နှလုံးခွဲစိတ် သမားတော်M.B.B.S,M.Med>Sc(Int.Med)MRCP(UK), Frcp(Edin), FACC(USA)Page တွေမှ...
26/03/2026

ကျွန်မ
ဒေါက်တာဝင်းသော်တာကျော်
နှလုံးခွဲစိတ် သမားတော်
M.B.B.S,M.Med>Sc(Int.Med)
MRCP(UK), Frcp(Edin), FACC(USA)

Page တွေမှာ ကိုယ်ရေးကိုယ်တာကိစ္စ လူအဆင့်အတန်းခွဲခြားတဲ့ကိစ္စ ဘယ်တုန်းကမှ မရေးဖူးခဲ့သလို အပြင်ဘဝမှာလဲ လဲနေသူကိုယ်ထူပေး လိုအပ်သူကိုယ်ကူညီပေးပြီး ဘဝတွေကို မခွဲခြားတတ်ပဲ တန်းတူဆက်ဆံပေးတတ်တဲ့ လူတစ်ယောက်ဖြစ်ပါတယ်

သာမာန်ပြည်သူတွေဆီက ငွေကြေးမလိုချင်လို့ GPဘဝမှာလဲ ဆေးခန်းတောင် ဖွင့်မစားခဲ့ပါဘူး
လိုအပ်သောနေရာတွေမှာသာ ပရဟိတအဖြစ်လိုက်လံကူညီပေးခဲ့သူပါ
သမားတော်ဘဝ နှလုံးခွဲစိတ်ဆရာဝန်ဘဝမှာလဲ မြန်မာနိုင်ငံရှိ ဆေးရုံကြီးတွေ မြောက်များစွာက ဆေးရုံထိုင်ပေးဖို့ ကမ်းလှမ်းပေမယ့် ငြင်းပယ်ခဲ့ပါတယ်
စီနီယာ ဆရာတွေရဲ့တောင်းဆိုချက်အရ တစ်ချို့ မပြည့်စုံတဲ့ လူနာတွေရဲ့ တောင်းဆိုချက်အရသာ ကူညီခွဲစိတ်ပေးနေသူပါ
ပြောရရင် တတ်ထားတဲ့ပညာနဲ့ စီးပွားရှာခြင်းကို မနှစ်သက်ပဲ ကိုယ်ပိုင်စီးပွားရေးလုပ်ခြင်းကိုယ်သာ သဘောတွေ့သူပါ

လက်လှမ်းမှီသလောက် ကူညီပေးဖို့ပဲ အမြဲကြည့်နေတဲ့သူပါ

လုပ်ငန်းပေါင်းများစွာလုပ်ရင်း
ကျွန်မလက်ရှိနေထိုင်ကြီးပြင်းခဲ့တဲ့အရပ်ကတော့ ဗဟန်းမြို့နယ် သံလွင်လမ်း အမှတ် ၁၂၁/၁၂၂ မှာ နေထိုင်ပါတယ်
မွေးလာထဲက ဒိနေရာ ဒီအိမ် ဒီရပ်ကွက်မှာပါပဲ ခုလဲ ဒီနေရာ ဒီရပ်ကွက် ဒီအိမ်မှာနေပါတယ်
( ဒီနေရာ ဒီပတ်ဝန်းကျင်ဆိုတာ ဘယ်လိုလူတွေနေတာလဲဆိုတာ ရွှေတိဂုံဘုရားဖူးဖို့ သွားရင် လှမ်းကြည့်တာနဲ့ သိနိုင်ပါလိမ့်မယ်လို့ ထင်မိပါတယ်)

ပညာတတ်ဆရာဝန်တစ်ယောက်ဖြစ်ပေမယ့် စီးပွားရေးကိုယ်ပဲအားသန်လို့ စီးပွားရေးလုပ်ရင်း လူမှုဘဝတွေနဲ့ တစ်သားထဲဖြစ်အောင်နေထိုင်ခဲ့ပါတယ်

ငါဘာလဲ ငါ့မိဘကဘာလဲ လက်ရှိငါ့မိသားစုကဘာလဲဆိုတာကို ဘယ်တုန်းကမှ ထုတ်ဖော်ပြောပြီး မော်ကြွားနေခဲ့တာမျိုးမရှိပါဘူး

ဒါပေမယ့်....
ဒီpage ရှိရာ လုပ်ငန်းတစ်ခုက ရပ်ကွက်ထဲမှာဖြစ်နေပါတယ်

အကြောင်းအမျိုးမျိုးကြောင့်
( မိသားစုဝင်တစ်ဦး အဂ်လန်မှာ ဆေးကုနေရတယ် ချင်းမိုင်မှာ ဆေးအချိုရည် စက်ရုံစတင်ပြီး လည်ပတ်နေတဲ့အချိန်ဖြစ်တယ်
မြန်မာနိုင်ငံမှာ ဆေးရုံသစ်ဖွင့်ဖို့ လုပ်နေရတဲ့ အချိန်ဖြစ်တယ်)
ဒီရပ်ကွက်က အလုပ်ဆီမရောက်ဖြစ်ခဲ့တာ ၁၀ လလောက်ရှိပါ့မယ်
ဒါပေမယ့် အလုပ်ရော ဝန်ထမ်းရော နေ့စဉ်ရှိနေပါတယ်

ပြောချင်တာက ခုမှ စ ပါ့မယ်..........
ရပ်ကွက်ထဲက အားနေတဲ့ မိန်းမတစ်ချို့ရဲ့ပါးစပ်ထဲမှာ ကျွန်မက ရောက်သွားခဲ့တယ်
ကျွန်မဘွဲ့တံဆိပ် တွေ လုပ်ငန်းခွင်မှာချိတ်ထားပေမယ့် သူတို့ မဖတ်တတ်ဘူး
ဒီpage မှာ ကျွန်မအိမ်လိပ်စာ ကျွန်မရဲ့ဘွဲ့တွေ ချိတ်ထားပေမယ့် သူတို့မဖတ်တတ်ဘူး
လေ့လာနိုင်စွမ်းနဲ့ စာဖတ်စွမ်းရည် နည်းပါးကြတော့ သူ့တို့ပါးစပ်ထဲမှာ ကျွန်မက ရောက်သွားခဲ့တယ်ပေါ့
မမြင်တာကြာပြီ
ပျောက်နေတာကြာပြီ
နိုင်ငံရေးလား????
လူမှုရေးလား?????
စီးပွားရေးလား????
စသည်ဖြင့်ပေါ့......(အားနေတဲ့ ဗဟုသုတနည်းတဲ့ မိန်းမတွေထုံးစံအတိုင်း)

တစ်ချို့ကတော့ အလုပ်က ဝန်ထမ်းကိုလာမေးကြတယ်
ဝန်ထမ်းကလဲမေးတိုင်း ပြောပြခဲ့ပါတယ်

ဒါပေမယ့် ......

ပြန်ထမ်းဝန်အရာရှိတစ်ယောက်ဖြစ်နေသေးတဲ့ ကျွန်မကိုယ် အသရေဖျက် ပြောဆိုတာတွေက သူတို့ပါးစပ်ထဲ မပြီးသေးဘူးဖြစ်နေတယ်

ဒဲ့မေးတော့ ဘယ်သူမှ ဝန်မခံဘူး

အဲတော့ ဝန်ခံမယ့်နည်းရွေးထားပါတယ်
ဝန်မခံလို့ မရတဲ့ အနေအထားထိ စီစဉ်ထားပါတယ်
ရှင်တို့လဲ ရပ်ကွက်ထဲကအိမ်မှာနေရတာ ရပ်ကွက်ထဲ မြင်နေကျလူတွေနဲ့ အတင်းပြောရတာ ပျင်းနေရောပေါ့
နေရာသစ်တစ်ခုတော့ လိုအပ်မယ်ထင်လို့ပါ

တစ်ချို့ဆက်ဆံရေးတွေက လူသားဆန်ပေးရတာနဲ့ မတန်ဘူး( အာရုံနောက်စေတယ်)
အထူးသဖြင့် ပညာမဲ့တွေ ပါးစပ်ထဲရောက်သွားတဲ့ လူတစ်ယောက်ဘဝက ကြောက်စရာကောင်းတယ်

ကျွန်မက မျိုးရိုးကောင်း ပညာတတ် ဆရာဝန် မိဘနှစ်ပါးက မွေးဖွားလာခဲ့တာပါ
ကျွန်မ ညီအကိုမောင်နှမအကုန် ဆရာဝန်နဲ့ အင်ဂျင်နီယာ တွေပါပဲ
ဘဝကိုယ်ရိုးသားစွာ အေးဆေးစွာ ဘယ်လိုဖြတ်သန်းနေထိုင်လဲဆိုတာ ကျွန်မရဲ့ ထိုင်းနဲ့ မြန်မာမှာ ဝန်ထမ်းပေါင်း ၇၀၀ကျော်ရှိပါတယ် သူတို့အသိဆုံးပါ

ရပ်ကွက်စရိုက်အတိုင်း အားနေကြလို့ လိုတဲ့ အကူအညီမရလို့ အတင်းအဖျင်းပြောကြမယ်ဆိုရင်လဲ ကျွန်မဘယ်လိုလူမျိုးလဲ
ဘယ်လိုမိသားစုမျိုးကပေါက်ဖွားလာလဲ
လက်ရှိ ဘယ်လို မိသားစုအသိုင်းအဝိုင်းမှာ ရှိနေလဲ ဆိုတာ အရင်လေ့လာဖို့ လိုမယ်ထင်ပါတယ်

မတူညီတဲ့လူတွေကိုယ် ခေါင်းထဲမထည့်ထားဖို့ အရေးမလုပ်ဖို့ မိတ်ဆွေ တစ်ချို့ကပြောပေမယ့်( အားနာပါတယ်)
ဒီတစ်ခါတော့ အမောက်ထောင်ပြခွင့်ပေးကြပါ

ရန်ကိုယ် ရန်ချင်း မတုန့်နှင်းရဘူး
ကိုယ်လုပ်ရင် တစ်ဖက်က နစ်နာမှာသိရင် ခွင့်လွှတ်လိုက်ပါလို့ သွန်သင်ခဲ့တဲ့ (မိဘနှစ်ပါးကိုယ်လဲ အားနာပါတယ်)

ကျွန်မလဲ ငယ်သေးတဲ့ အရွယ်ရှိသေးတဲ့ ပညာတတ်တစ်ယောက်ဖြစ်သလို ကျောခိုင်းရာ အရပ်မှာ ရပ်တည်မှုတိုင်းမှာ ရိုးရှင်းချင်တယ် နောက်ကျောလုံချင်ပါတယ်

ရပ်ကွက်ထဲကအားနေတဲ့ မိန်းမတစ်ချို့ရဲ့စကားတွေအတွက် အရေးလုပ်တာ မဟုတ်ပေမယ့်
ငါတို့ပြောနေတဲ့ လူတစ်ယောက်နဲ့ ငါတို့ဘဝက မိုးနဲ့မြေနဲ့ကွာတယ်ဆိုတာလဲ သိဖို့လိုအပ်လို့ပါ
ငါတို့ဟောင်မိတာ လမင်းကြီး ဖြစ်နေပါလားဆိုတာပါ သိဖို့လိုအပ်လို့ပါ

# # အိမ်အရိပ်အောက်ပြန်ရောက်ရောက်ချင်း ရေးမိတဲ့ စာတစ်ချို့အတွက် ဖတ်မိတဲ့သူတွေရဲ့ စိတ်မှာ အနှောင့်အယှက်ဖြစ်ခဲ့မိရင် တောင်းပန်ပါတယ်

ဒီpage မှာ ကိုယ်ရေးကိုယ်တာရေးတာ ပထမဆုံးနဲ့နောက်ဆုံး ဖြစ်ပါလိမ့်မယ်

# #ကိုယ့်ဘဝ နေရေး စားရေး သေရေးအတွက်သာ အာရုံထည့်နိုင်ကြပါစေ
ကိုယ့်ဒုက္ခကိုယ်ရှင်းနိုင်ကြပါစေ

# အဲ့ရပ်ကွက်ထဲ ပြန်ရောက်သွားတော့ လမ်းဘေးခွေး များစွာကိုတွေ့ရတယ်
သေချာကြည့်ဖြစ်တော့ လမ်းဘေးခွေးဆိုတာ စားနေရတုန်းပဲ အမြှီးနှံ့တာ မစားရရင် ဟောင်တော့တာပဲ ဆိုတာ တွေ့ရတယ်

ကျွန်မကိုယ်ဟောင်တဲ့ လူတွေကလဲ ကျွန်မဆီက စားဖူးထားတဲ့ လူတွေဖြစ်နေတော့ တစ်ချို့လူတွေဟာ လူလို့သာ အမည်တပ်ခံထားရတာ တစ်ချို့ သတ္တဝါတွေနဲ့ တူတူပဲဆိုတာ ကျွန်မအတွက် ရပ်ကွက်ကပေးတဲ့ ပညာတစ်ခု ထပ်ရစေတယ်

ဘဝတွေ အဆင်ပြေကြပါစေ

20/02/2026

DR.K Medical Group မှ ဝန်ထမ်းခေါ်ယူခြင်း(20.2.2026)

HR.Dip UK ကျား(၃ )ဦး

Account (cash book ရေးဆွဲနိုင်သူ/ UK software များ ကျွမ်းကျင်သူ) မ(၃)ဦး

လစာညှိနှိုင်း
အသက် ကန့်သတ်ချက်မရှိ

5.3.2026 တွင် အလုပ်ဝင်နိုင်သူများသာ လျှောက်ထားပါရန်
1.3.2026 လူတွေ့လာနိုင်သူဖြစ်ရမည်

DR.K Medical Group
No-121 သံလွင်လမ်း( သံလွင်လမ်းမပေါ်)
ဗဟန်းမြို့နယ် ရန်ကုန်

👉09409001033( လူတွေ့လာမည့်သူများ ဆက်သွယ်ရန်ဖုန်းဖြစ်သည်

👉👉အသေးစိတ်သိလိုပါက DR.K group လက်အောက်ရှိ ယခုpage/ ချမ်းသာစေ ဆေးဆိုင်page နှင့်
Global Healthcare Ltd; တွင် မေးမြန်းနိုင်ပါသည်

30/01/2026

3.2.2026 ရက်နေ့တွင် ဆေးရုံသစ်ဖွင့်ပွဲရှိပါသောကြောင့် လိုအပ်သည်များကူညီဆောင်ရွက်ရန်...
DR.K Group လက်အောက်ရှိ ဆေးခန်းများနှင့် ဆေးဆိုင်ခွဲများအားလုံး( စနေ/ တနင်္ဂနွေ) ပိတ်ပါသည်

Admin Team( 30.1.2026)

31/12/2025

နှစ်သစ်ကူး ရုံးပိတ်ရက်ကြေငြာခြင်း.............................. ............................
31.12.2025 မှ 4.1.2026 ထိ ဆိုင်ခွဲများအားလုံးပိတ်ပါသည်

Online Order များကို 5.1.2026 မှ ပြန်လည်ပို့ဆောင်ပေးပါမည်

Admin Team

Address

Mingaladon
Yangon

Telephone

+959409001033

Website

Alerts

Be the first to know and let us send you an email when ကျန်းမာစေ - ဆေးဆိုင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share