Khunn Academy Institution

Khunn Academy Institution မြန်မာနိုင်ငံတစ်ဝန်း ဆေးအကြောင်း မ?

ရွှေမြန်မာတွေ ပျော်လို့ရပါပြီ..ဘုတ်ဆုံမ ငရုတ်သီးမှုန့်အပါအဝင် မြန်မာနိုင်ငံမှ ငရုတ်သီးမှုန့်များအား လန်ဒန်ဓါတ်ခွဲခန်းတွင...
21/07/2022

ရွှေမြန်မာတွေ ပျော်လို့ရပါပြီ..

ဘုတ်ဆုံမ ငရုတ်သီးမှုန့်အပါအဝင် မြန်မာနိုင်ငံမှ
ငရုတ်သီးမှုန့်များအား လန်ဒန်ဓါတ်ခွဲခန်းတွင် စမ်းသပ်ရာ

အားလုံးတွင် ငရုတ်သီး မှုန့် မဟုတ်သော အမှုန့်များ
၆၀ ရာခိုင်နူန်းခန့် ပါဝင်နေပြီး၊

အသည်းကင်ဆာ ဖြစ်စေနိုင်သည့် အဖာတောက်ဆင်မှိုများ
ပြည့်လျှံနေသည်ဟု သိရသည်။ သတိထားစားသုံးကြပါ။

ငရုတ်သီးမှုန့် လုပ်ရတဲ့ process ကြီးတစ်ခုလုံးကိုမြင်ရင် ပိုနားလည်နိုင်ပါလိမ့်မယ်။

ငရုတ်ပင်က ဆွတ်လာတဲ့ ငရုတ်သီးတွေကို ငရုတ်ဝယ်လက်၊ ဒိုင်ဆီမှာ သွင်းလိုက်ပါတယ်။

အဲဒီငရုတ်တွေကို ရေနွေးဖျောပါတယ်။

ပြီးမှ နေလှမ်းပါတယ်။

အဲဒီလိုနည်းက သဘာဝအတိုင်း နေရောင်မှာလှမ်းတဲ့နည်းထက် အပုပ်သက်သာပြီး မြန်မြန်ခြောက်လို့လည်း ဖြစ်လို့ပါ။

ငရုတ်ခြောက်တွေကို ပို့ဖို့အတွက် အိတ်တွေထဲ ထည့်ပါတယ်။

တကယ့်ကို အိပ်ပါးလေးတွေပါ။

ငရုတ်ကို အဲဒီအတိုင်းသာ အိတ်ထဲထည့် ပို့လို့ကတော့ အညှာကျွတ်မယ်။ ကွဲထွက်ကုန်မယ်။ အစေ့တွေ ထွက်ကျကုန်မယ်။

ငရုတ်ခြောက်ရဲ့အလေးချိန်ကလည်း အသားထက် အစေ့နဲ့အညှာအပေါ် မူတည်နေတာကိုး။

အဲဒီတော့ ငရုတ်အိတ်ကို ရေဖျန်းရပါတယ်။ အသီးမကွဲ အစေ့မထွက်ဘဲ ပြားသွားတော့ သယ်ရ ထပ်ရတာလည်းအဆင်ပြေ၊ အလေးချိန်လည်း ပိုတိုးပေါ့လေ။

ပြဿနာက အဲဒီမှာပါပဲ။ ပူလိုက်အိုက်လိုက် စိုစိုစွတ်စွတ်ဖြစ်လိုက်ဟာ မှိုတွေပွားဖို့ လက်ယပ်ခေါ်နေသလိုပါပဲ။ Aflatoxin အဆိပ်ထုတ်တဲ့မှိုတွေ ပွားပြီး အဆိပ်တွေ ငရုတ်မှာ ကပ်ကျန်ခဲ့ပါပြီ။

( ဖုန်နဲ့တခြား အညစ်အကြေးတွေကိုတော့ ထည့်မပြောတော့ပါဘူး)

အဲသလိုငရုတ်ကို ကြိုက်သလို အခြောက်လှမ်းလှမ်း၊ ကြိတ်ကြိတ်၊ ကြော်ကြော်၊ လှော်လှော် ကြိုက်ရာလုပ်။ အဆိပ်က ပါနေမယ်၊ ဓာတ်ပြယ်တယ်လို့ မရှိ။

များလာ စုလာတဲ့အခါ အသည်းဟာ ပြဿနာတက်တော့တာပါပဲ။ ဘီပိုး၊ စီပိုး အခံရှိသူတွေကတော့ ပိုဆိုးပေမပေါ့။

အဲဒီဖြစ်စဉ်ကြီးတစ်ခုလုံးကို နားလည်မှ ပြဿနာကိုင်တွယ်ဖြေရှင်းရတာ အဆင်ပြေပါလိမ့်မယ်။

အိုဘယ့် FDA အသည်းတွေကို ကယ်တင်ပါလော့။

အိုဘယ့်ပြည်သူတွေ အစပ်မပါ မနေသာရင် ငရုတ်အစိမ်းကိုသာ ချက်လိုချက်၊ မီးဖုတ်ထောင်းလိုထောင်း။

အခြောက်မှ အခြောက် တန်းလန်းစွဲတွေကတော့ ကိုယ့်ဟာကို အခြောက်ခံပြီး ငရုတ်ဆုံမှာသာ ထည့်ထောင်းပေရော့။

Credit

တစ်နှစ်အောက်ကလေးများကိုမကျွေးသင့်သော စားစရာ (၁၀) မျိုး🚫🚫🚫၁။ ပျားရည် 🍯>>> ပျားရည်ထဲမှာ Clostridium botulinum လို့ခေါ်တဲ့ ...
12/06/2022

တစ်နှစ်အောက်ကလေးများကိုမကျွေးသင့်သော စားစရာ (၁၀) မျိုး🚫🚫🚫

၁။ ပျားရည် 🍯
>>> ပျားရည်ထဲမှာ Clostridium botulinum လို့ခေါ်တဲ့ ဘက်တီးရီးယား တစ်မျိုးပေါက်နေတတ်ပါတယ်။ Botulinum toxin ကြောင့် ကြွက်သားအားနည်းတဲ့ရောဂါတစ်မျိုးဖြစ်စေတတ်ပါတယ်၊ ဒါ့အပြင် ဝမ်းလဲချုပ်စေ
တတ်ပါတယ်။

၂။ နွားနို့ 🥛
>>> နွားနို့မှာ lactose ဆိုတဲ့ဓာတ်တစ်မျိုးအများအပြားပါဝင်ပါတယ်။ အဲ့ဒီဓာတ်ကိုခံနိုင်ရည်မရှိတာကို lactose intolerance လို့ခေါ်ပါတယ်။ ကလေးတွေမှာအဖြစ်များပါတယ်။ ဝမ်းပျက်စေတတ်ပါတယ်။

၃။ မြေပဲ နှင့် မြေပဲယို 🥜
>>> မြေပဲကိုဓာတ်မတည့်ခြင်းဟာ သိပ်မရှားလှပါဘူး။ ထို့ကြောင့် မိသားစုမျိုးရိုးထဲမှာ ဓာတ်မတည့်တဲ့ ရာဇဝင်မျိုးရှိရင် ရှောင်ကျဉ်သင့်ပါတယ်။ ဒါ့အပြင် မြေပဲတောင့်တွေက ကလေးတွေ သီးတာ နင်တာဖြစ်စေတတ်ပါတယ်။ သေချာကြေညက်အောင်ချေပြီး အနည်းငယ်ကျွေးကြည့်လိုပါက ကျွေးနိုင်ပါတယ်။

၄။ ပင်လယ်စာများ 🦞
>>> မြေပဲလိုပါပဲ.. ဓာတ်မတည့်တာမျိုးဖြစ်တတ်ပါတယ်။ အထူးသဖြင့် ပုဇွန်ဆိတ်၊ ပုဇွန်ထုတ်၊ ကင်းမွန်၊ ရေဘဝဲ၊ စသဖြင့် ပင်လယ်စာမှန်သမျှ ကလေး ၂ နှစ်ပြည့်တဲ့အထိ မကျွေးတာပိုကောင်းပါတယ်။ တူနာ၊ငါးကွမ်းရှပ် တို့လိုငါးများကတော့ မာကျူရီ ပါဝင်နှုန်းမြင့်တဲ့အတွက် ကလေးကြီးတဲ့အထိ ရှောင်ကျဉ်သင့်ပါတယ်။

၅။ ချောကလက် 🍫
>>> ချောကလက်မှာပါတဲ့ ကဖင်းဓာတ်၊ မြင့်မားတဲ့ အချိုဓာတ် တို့ကြောင့် တစ်နှစ်အောက်ကလေးများအတွက် မသင့်တော်ပါ။ တစ်နှစ်ကျော်သွားရင်တော့ အနည်းငယ်ဆီ ကျွေးလိုက ကျွေးနိုင်ပါတယ်။

၆။ ကွကျဥအကာ 🍳
>>> ကြက်ဥအကာဟာ ဝမ်းဗိုက်မအီမသာဖြစ်ခြင်း၊ ဓာတ်မတည့်ခြင်း၊ ဝမ်းပျက်ခြင်း တို့ဖြစ်စေတတ်တဲ့အတွက် နုနယ်တဲ့ အူလမ်းကြောင်းလေးများအတွက် မသင့်တော်သေးပါဘူး။

၇။ သံဗူးအချိုရည်များ(အသင့်သောက်ဖျော်ရည်များ)🧃
>>> အသင့်သောက်ဖျော်ရည်တွေ၊ သံဗူးအချိုရည်တွေမှာ ကြာရှည်ခံပစ္စည်းတွေ ထည့်သွင်းထားတတ်လို့ တစ်နှစ်အောက် သားသားမီးမီးလေးတွေအတွက် safe မဖြစ်လှပါဘူး။ အချိုရည်တိုက်ချင်ပါက အသီးလတ်လတ်ဆတ်ဆတ်များကို အရည်ညှစ်ပြီး တိုက်နိုင်ပါတယ်။

၈။ ဘယ်ရီသီး/ ချဉ်စူးစူး အသီးများ 🍓 🫐 🍊
>>> စတော်ဘယ်ရီသီး၊ ဘလူးဘယ်ရီသီး အစရှိတဲ့ ဘယ်ရီ နဲ့ဆုံးသောအသီးများ၊ လိမ္မော်သီး၊ သံပရာသီး အစရှိတဲ့ အချဉ်ဓာတ်များသောအသီးများက ဗိုက်ပျက်စေတတ်ပါတယ်။

၉။ ဟင်းသီးဟင်းရွက်စိမ်းများ 🥦 🥕
>>> မချက်ပြုတ်ထားတဲ့ ဟင်းသီးဟင်းရွက်စိမ်းတွေမှာ nitrate ဆိုတဲ့ ဓာတ်တစ်မျိုးမြင့်မားလို့ ကလေးများကိုမကျွေးသင့်ပါ။ ဒါ့အပြင် မချက်ပြုတ်ထားတဲ့အတွက် သီးတာ၊နင်တာ ဖြစ်တတ်ပါတယ်။

၁၀။ စပျစ်သီး/စပျစ်သီးခြောက် 🍇
>>> စပျစ်သီးခွံ၊စပျစ်သီးအရွယ်အစား၊စပျစ်သီးရဲ့ အပျော့အမာ၊ စပျစ်သီးစေ့၊ အကုန်လုံးဟာ အစာကိုကောင်းစွာ မဝါးနိုင်သေးတဲ့ တစ်နှစ်အောက်ကလေးတွေရဲ့ အစာပြွန်ထဲမှာ တစ်နေတတ်ပါတယ်၊ စပျစ်သီးစေ့ကြောင့်လဲ သီးတတ်ပါတယ်၊ ထို့ကြောင့် စပျစ်သီးကတော့ လုံးဝကိုရှောင်သင့်ပါတယ်။

နောက်တစ်ကြိမ်မှာ ဖြည့်စွက်စာစကျွေးတဲ့အချိန်ကျွေးသင့်တာလေးတွေကို တင်ပြပေးပါမယ်။

Admin - ဖေဖေ

အကြာကြီးနားနေခဲ့ရာမှ အထူးအစီအစဉ်လေးနဲ့ သင်တန်းလေးတွေပြန်စပါတော့မယ်ဗျ 🎉🎉ကိုယ်ပိုင်ဆေးဆိုင်ဖွင့်ချင်သူတွေဆေးအကြောင်း ဂဃနဏ ...
08/06/2022

အကြာကြီးနားနေခဲ့ရာမှ အထူးအစီအစဉ်လေးနဲ့ သင်တန်းလေးတွေပြန်စပါတော့မယ်ဗျ 🎉🎉

ကိုယ်ပိုင်ဆေးဆိုင်ဖွင့်ချင်သူတွေ
ဆေးအကြောင်း ဂဃနဏ သိထားချင်သူတွေအတွက်
အရွယ်မရွေး တက်ရောက်နိုင်တဲ့ အထူးအစီအစဉ်လေးကတော့
၂ယောက်တူတူအပ်ရင် ဒုတိယတစ်ယောက်ကို ၅၀% လျှော့ပေးမှာဖြစ်ပါတယ်ခင်ဗျာ 👏

Topic - Professional Certificate in Pharmacy
Time - 1 month (ကိုယ်အားတဲ့အချိန်နဲ့ ကိုက်ပြီး တက်လို့ရပါတယ်)
Date - Monday, Tuesday, Thursday, Friday
Where - Zoom
အတန်းလေးပြီးမြောက်သွားရင် Certificate ကို
File နဲ့ပို့ပေးမှာဖြစ်ပါတယ်ဗျ

အချိန်အကန့်အသတ်လေးကလည်း ၁လတည်းပေးမှာမို့ နောက်မကျရအောင် မြန်မြန်လာအပ်လိုက်တော့နော် 💯👏

အသေးစိတ်သိချင်တာအတွက် messenger မှာ အချိန်မရွေးလာမေးလို့ရပါတယ်ခင်ဗျာ #ဆေးဝါး #ဆေးဝါးကျွမ်းကျင်

 # # ခု တလော အရမ်းနာမည်ကြီးနေတဲ့၃၆နာရီအစာဖြတ်ခြင်း အကျိုးကျေးဇူးများ  # #လွန်ခဲ့သော နှစ်ပေါင်းခြောက်ထောင်လောက်က ကမ္ဘာပေါ...
23/05/2022

# # ခု တလော အရမ်းနာမည်ကြီးနေတဲ့
၃၆နာရီအစာဖြတ်ခြင်း အကျိုးကျေးဇူးများ # #

လွန်ခဲ့သော နှစ်ပေါင်းခြောက်ထောင်လောက်က ကမ္ဘာပေါ်မှာ အသိပညာရှင်တွေ အများကြီးရှိခဲ့တဲ့သမိုင်းအထောက်အထားတွေရှိခဲ့ပါတယ်။အဲ့တုန်းက နာရီရှည်အစာဖြတ်တဲ့ လေ့ကျင့်ခန်းလုပ်ပြီးလူတွေ ကျန်းမာအသက်ရှည်ခဲ့ကြတယ်လို့ သိရပါတယ်။အခုလည်းအဲဒီနည်းကို ကျနော်တို့ လုပ်လို့ရပါတယ်။လုပ်သင့့်တဲ့၃၆နာရီfastingနည်းလမ်းကို ပြောပြသွားပါမယ်။လူတိုင်းလည်း အလွယ်တကူ လုပ်နိုင်ကြပါတယ်။

၃၆နာရီ fastingလုပ်ဖို့ ပိတ်ရက်တွေကိုရွေးချယ်တာ ကောင်းတယ်။ဒါကြောင့် သောကြာနေ့ညက စလိုက်မယ်။သောကြာနေ့ည၇နာရီမှာ ညစာစားပြီးတာနဲ့၃၆နာရီတိတိ ဘာအစာမှ မစားရဘဲ ရေတစ်မျိုးထဲသာ သောက်ဖို့ဖြစ်ပါတယ်။မည်သည့်ကယ်လိုရီမှ မထည့်ရတော့ပါဘူး။အချိုရည်တောင် မသောက်ရပါဘူး။ zero calorie အတိုင်း ထားရမှာဖြစ်ပါတယ်။သောကြာည၇နာရီမှစတင်ပြီး တနင်္ဂနွေ မနက်၇နာရီအထိ ဖြစ်ပါတယ်။ရေကိုကြိုက်သလောက် သောက်နိုင်တယ်။ကြိုက်သလောက် အိပ်နိုင်တယ်။

အဲဒီအစာဖြတ်လေ့ကျင့်ခန်းကနေ ရရှိလာမယ့်ကျန်းမာရေး အကျိုးကျေးဇူးတွေကတော့ အများကြီးဖြစ်ပါတယ်။အစာဖြတ်လိုက်တော့Bodyကenergyရဖို့အတွက် ကိုယ်တွင်းမှာအာဟာရတွေကို လိုက်ရှာပါတယ်။အာဟာရကိုမတွေ့တော့ ကိုယ်တွင်းကအဆီတွေကို လိုက်စားပါတယ်။အဆီတွေထဲမှာ အောင်းနေတဲ့အဆိပ်တွေဟာ လောင်ကျွမ်းခံရတဲ့အတွက် အဆီလည်းကျပြီးအဆိပ်တွေလည်း ဖယ်ရှားခံရပါတယ်။အဲဒီအဆိပ်တွေကို ရေကbodyအပြင်ဘက်ကို စွန့်ထုတ်ပေးလိုက်ပါတယ်။

Body မှာ အလိုအလျောက် ပြုပြင်တဲ့စနစ်ဆိုတာရှိပါတယ်။အဲဒီစနစ်က အစာဖြတ်ပေးလိုက်တာနဲ့ပိုပြီး အလုပ်လုပ်လာနိုင်တယ်။ရောဂါတွေကို ဆေးသောက်စရာမလိုဘဲနဲ့ အလိုအလျောက်ပြုပြင်တဲ့ စနစ်ကautoကု ပေးသွားတာဖြစ်ပါတယ်။ရောဂါတွေသူ့ဟာသူ ပျောက်သွားပါတယ်။မကျန်းမာသူတွေတောင်မှ တဖြည်းဖြည်း ကျန်းမာလာကြပါတယ်။

Body က အင်နာဂျီလိုအပ်လို့ လိုက်ရှာရာမှာတစ်ကိုယ်လုံးက ကလာပ်စီးတွေဆီကိုလည်း ရောက်ပါတယ်။မကောင်းတဲ့cellအဟောင်းတွေနဲ့ ရောဂါဖြစ်နေတဲ့cellတွေကို ပါစားသွားပါတယ်။junk cellတွေကို ဖယ်ရှားပေးပါတယ်။ကင်ဆာcellတွေကိုပါ ရှင်းလင်းပေးသွားပါတယ်။

အစာဖြတ်လိုက်တဲ့အခါမှာ စိတ်ပါပြောင်းသွားပါတယ်။အူတွေမှာအစာမရှိတော့ စိတ်ကြည်လာတယ်။နေရထိုင်ရတာ ပေါ့ပါးလာတယ်။ဦးနှောက်က စိတ်ကူးစိတ်သန်းကောင်းတွေ ထွက်ပေါ်လာတယ်။ဆုံးဖြတ်ချက်ချတာတွေ သိပ်ကောင်းတယ်။တရားအားထုတ်လို့ ကောင်းတယ်။ဒါကြောင့်ဗုဒ္ဓက ညစာရှောင်ခိုင်းတာ ဖြစ်တယ်။

Fasting လုပ်ပေးလေ့ရှိသူတွေဟာ သွေးတိုးရောဂါပါ ပျောက်ကင်းသက်သာ လာကြပါတယ်။အရင်က200/125အထိတက်တဲ့သူဟာfastingပုံမှန် လုပ်ပေးလာရင်းနဲ့130/90 လောက် ပြန်ဖြစ်လာပါတယ်။

အစာဖြတ်လေ့ကျင့်ပေးရင် လူတွေက အားယုတ်တယ်လို့ ထင်နေကြလေ့ရှိပါတယ်။တကယ်ကအားမယုတ်တဲ့အပြင် အားပိုရှိသလိုတောင် ခံစားရပါတယ်။ဘာကြောင့်လဲဆိုတော့ ပေါ့ပါးလို့ပါ။ပေါ့ပါးတော့ သွက်လက်တယ်။

အခြားသော အကျိုးကျေးဇူးတွေလည်း တစ်ပုံကြီးရသေးတယ်ဗျ။အဲဒါတွေကတော့ -
ကိုယ်တွင်း ရောင်ကိုင်းမှုများကို လျှော့ချပေးခြင်း
အူလမ်းကြောင်း ကျန်းမာခြင်း
တစ်ကိုယ်လုံး ငြိမ်းအေးခြင်း
ဖြစ်ဆဲရောဂါများ တန့်သွားခြင်း
သွေးတွင်းအင်ဆူလင် ပုံမှန်ဖြစ်လာခြင်း
ဆီးချို သွေးချို ထိန်းလာနိုင်ခြင်း
အစာခြေစနစ် ကောင်းလာခြင်း
ကြွက်သားများ သန်မာလာခြင်း
လည်ချောင်း ချွဲသလိပ်ရှင်းခြင်း
အရိုး ကျစ်လျစ်ခြင်း
စိတ်ထား နူးညံ့လာခြင်း
အသားရေ လှပလာခြင်း
ကိုယ်လုံးကိုယ်ထည် အချိုးကျလာခြင်း
ခံတွင်း အနံ့အသက် ကင်းခြင်း အစရှိတဲ့ အကျိူးကျေးဇူးတွေ များစွာရရှိလာမှာ ဖြစ်ပါတယ်။၃၆နာရီလောက်Fastingလုပ်ရတာဟာ အခက်အခဲမရှိဘဲလူတိုင်းလိုလို လုပ်နိုင်ကြတဲ့အတွက် ကျန်းမာပြီးအသက်ရှည်ရှည်နေရဖို့ မကြာခဏလုပ်ပေးကြပါလို့ တိုက်တွန်းလိုက်ပါတယ်။

ချစ်ခင်လေးစားလျှက်..
PS : (ဆီးချိုကျရောဂါရှိသူများမလုပ်ရပါ)
Credit 🤓

ဝဋ်ကြွေးကြီးတဲ့ မြန်မာပြည်နိုင်ငံခြားက Date ကုန်ခါနီးစားသောက်ကုန်တွေ သွင်းလာပြီး ဘူးချွတ်ပြီး ပြန်ရိုက်ဖို့ ပုံနှိပ်လောက...
23/04/2022

ဝဋ်ကြွေးကြီးတဲ့ မြန်မာပြည်

နိုင်ငံခြားက Date ကုန်ခါနီးစားသောက်ကုန်တွေ သွင်းလာပြီး ဘူးချွတ်ပြီး ပြန်ရိုက်ဖို့ ပုံနှိပ်လောကမှာတောင်ရှိတယ်။ ဘီစကစ်ဗူးတွေ ပါကင်အသစ်၊ Date Code အသစ်တွေနဲ့ ပြန်ရိုက်ပေးတာရှိတယ်။
နောက်ပြီး ယခုဝင်နေတဲ့ ဆယ်လမွန်ငါးတို့၊ SHISHAMO ငါးတို့ဆို အောက်လမ်းက ဝင်လာတာပဲ။ နောက်ပြီး ဘနားမီး ရေချိုပုဇွန်၊ ကက္ကတစ်ငါးတွေဆို အောက်လမ်း ထိုင်းနိုင်ငံကနေ ဗဟိုစံပြငါးစျေးကို နေ့တိုင်းအဝင်ရှိတယ်။ ဘယ် FDA မှ မစစ်ဘူး၊ ဒီအတိုင်းပဲ ဝင်လာတာ။

မြန်မာဟာ အာဆီယံ ၁၀ နိုင်ငံမှာ
လူ့ သက်တမ်း အတိုဆုံးနိုင်ငံအဖြစ်
စာရင်းဝင်လာနေပါတယ်။

ဘာဖြစ်လို့ မြန်မာတွေ အသက်တို
ကြတာလဲ ဆိုတာတော့ သိပြီးကြမှာပါ။

အိမ်နီးချင်း ထိုင်း၊ အိန္ဒိယ နဲ့ တရုတ်တို့အတွက်တော့ မြန်မာဟာ အလွန်
လုပ်စား ကိုင်စားလို့ ကောင်းလှတဲ့
စျေးကွက်ကြီးတစ်ခုလို ဖြစ်နေတာမို့

သူတို့နိုင်ငံမှာ ဥပဒေနဲ့ တင်းတင်းကြပ်ကြပ် ကိုင်တွယ်ထားလို့ လုပ်မရတဲ့အရာမှန်သမျှ ခိုးလုပ်ကြပြီး အဲ့ဒီပစ္စည်းပေါင်းစုံကို မြန်မာပြည် စျေးကွက်ထဲလာဖြန့် တယ်။

စားသောက်ကုန်၊ ဆေးဝါးမျိုးစုံ
လုပ်ငန်း အပါအဝင် အတု တွေလုပ်တယ်။ မြန်မာပြည်ထဲဖြန့်တယ်။
နယ်စပ်ဂိတ် မှန်သမျှမှာလည်း FDA က မစစ်နိုင်။ စစ်နိုင်သမျှစက်တွေကလည်း ခေတ်မီ ဓာတုဆေးတွေများသမို့ မှန်ကန်စွာ ဓါတ်မခွဲနိုင်သေး။

တစ်ခါတခါ ဓါတ်ခွဲ စမ်းသပ်လိုက်တဲ့
အခါမှာလည်း နာမည်ကြီး တံဆိပ်တွေအပါအဝင် စားသောက်ကုန်၊ အဖျော်ယမကာ အတော်များများ လူကိုဥပဒ်ပေးတဲ့ဓါတ်တွေ ပါတာ FDA ကလည်း မကြာခဏ ထုတ်ပြန်နေရတာ မြင်သိ ကြားတွေ့ကြရမှာပါဘဲ။

သစ်သီးသစ်ရွက်တွေနဲ့ ပတ်သတ်တာ
မှန်သမျှ မြန်မြန်ကြီး၊ မြန်မြန်ပွင့်၊
မြန်မြန်သီး၊ နေ့ချင်းညချင်း မှည့်နိုင်တဲ့ ဆေးတွေထွင်တယ်။ မြန်မာပြည်ထဲ ဖြန့်တယ်။

အခုဆို ဘာအသီး စားချင်းလဲ ပြောလိုက်ရာ သီမရွေးရတယ်။ ခုည မှည့်ချင်လား။ မနက်ဖြန် မှည့်ချင်လားပြော။ များများ ချိုချင်လား ရတယ်။

ဥပမာ ခရမ်းချဉ်သီးဆိုရင် ပွဲရုံတွေက
အစိမ်းတွေဘဲ ဝယ်တော့တာလို့
ဖတ်မိသေးတယ်။ စျေးကွက်ထဲကဝယ်လိုအားကို ဖြန့်ခါနီးမှအချိန်မှီ မှည့်ပေးလိုက်တယ်လို့ ဆိုတယ်။

အသားတု၊ ဥအတု၊ လူအတု အတုမျိုးပေါင်းစုံ။ ကော်ဖီ, အချိုရည်, ကျန်တာ အတော်များများ မှန်သမျှ ဂျင်းတွေချည်းဘဲ။ ထိုင်းဖက်နယ်စပ်မှာ ထိုင်းရဲက ဖမ်းမိတဲ့ သတင်းတွေလည်း မကြာခဏ ဖတ် ဖတ်မိကြမယ်ထင်မိ။

နောက် စျေးအတန်ဆုံးလို ဖြစ်လာတာက အချိုမှုန့်တွေ။ ၂၀၀ ဖိုးဆို လက်တစ်ခုပ် လောက်ရတယ်။
ဗုံးဗောလအော ဟင်းတွေထဲထည့် ဆီးချိုတွေတက်။ အချိုမှုန့်မပါတော့ရင် မစားတတ်ကြတော့တဲ့ အဖြစ်တွေ ရောက်မှန်းမသိ ရောက်ကြရ။ အချိုမှုန့်ကြောင့်ပဲ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါတွေ ဖြစ်ပြီး သေကြရ။

သာမန် အပေါစားအရက်ဖြူ (OP) ဆိုလည်း ၄၀၀ လေါက်ဆို တစ်ပုလင်းရတယ်။ ပဲလှော်လေး ၁၀၀ ဖိုးနဲ့ တွဲကစ်လိုက်ရင် ၅၀၀ဖိုးဆို မူးပြီ၊ ရေချိန်ကိုက်ပြီ။ ပြီးတဲ့အခါ ဗမာဆေးများများနဲ့ ကွမ်းယာ ပါးစပ်ထဲထည့်ပြီး ဆေးပေ့ါလိပ်တစ်ရှိုက်၊ နှစ်ရှိုက် အဆုပ်ထဲအထိ ဆွဲထည့်လိုက်တဲ့အခါ တစ်ရက်စာ ဖူလုံပြီ။ ရေသန့်ကမှ အရက်ထက် စျေးကြီးနေသေးတယ်။
အဲလို အပေါစား အရက်တွေသောက်တော့ မြန်မြန်သေကြတာပေါ့။

အရည်မရ၊ အဖတ်မရ ကွမ်းယာဆိုင်ဆိုလည်း နေရာတကာ လက်ညိုးထိုးမလွဲသလိုပဲ။

တစ်နေ့တနေ့ မြန်မာပြည်သား လူတွေ ကွမ်းစားပြီး ပါးစပ်ထဲက ထွေးထုတ်လိုက်တဲ့ ပမာဏဟာ ငွေသန်းချီဖိုးတောင်ရှိတယ်ဆိုလား ဖတ်မိသေးတယ်။ အဲ့ဒီအထဲ ထည့်စားလိုက်ကျတဲ့ အိန္ဒိယက လာတဲ့ ဆေးပေါင်းစုံ။
92' အပါအဝင်။ အိန္ဒိယကနေ
တစ်လတစ်လကို ဒေါ်လာ သန်းချီပြီး
ပေးဝယ်နေရတယ်။

အရက်ဆို မြန်မာလူ ၁၀ ယောက်မှာ
၇ ယောက် သောက်တယ်။ ကွမ်းလည်း အလားတူပဲ။

ဒါတွေကို မှီခို စားသောက်နေကြတဲ့
ဒီနိုင်ငံက လူတွေမှ ကင်ဆာ၊ သွေးတိုး၊ ဆီချို နှလုံး၊ ကျောက်ကပ် ရောဂါ မရရင် ဘယ်သူတွေရမလဲ။

နောက်ပြီး ဆန်ကိုအဓိက အစားအစာအဖြစ် စားသုံးကြတဲ့အခါ ကစီဓါတ်များတော့ အဆီများလာသလို၊ အငန်ဆိုလည်းကြိုက်၊ အစပ်ဆိုလည်း လက်မလွတ်စေရဘူး။ စားသောက်ပုံ စားသောက်နည်းဟာ အသက်ရှည်ဆုံး နိုင်ငံတွေနဲ့ ဆန့်ကျင်ဖက် ဖြစ်နေတယ်။

အသက်ရှည်တဲ့ နိုင်ငံတွေရဲ့ အစားအစာကို လေ့လာကြည့်ရင်
ပထမဆုံး ဖျော်ရည် အရည်တစ်ခုကို
စ သောက်ကြတယ်။ ပြီးတဲ့အခါ
အချိုပွဲလို အစာလေးတွေ ထပ်စားကြပြီးမှ၊ နောက်ဆုံးမှာ main food
ဖြစ်တဲ့ သား ငါး အသီးအရွက်ကို စား
ကြတယ်။ ပြီးတဲ့အခါ ကော်ဖီ သောက်ချလိုက်ကြတယ်။

မနက်ပိုင်းဆို ဘာမှ မစားသေးခင်မှာ အူလမ်းကြောင်းကို ဖျော်ရည်တစ်ခုခုနဲ့ အရင်သောက်ပြီးခံထားကြလေ့ရှိတယ်။

ဥပမာ အိန္ဒိယဆိုရင် သူတို့အစားအစာမှာ ဂျုံ၊ ပဲ၊ အသီးအရွက်နဲ့ နို့ ကို အဓိကထားစားကြတယ်။ ဆီ၊ အငန်ကို လုံးဝနီးနီး မစားကြဘူး။

ဒီအတွက် ကလေးဘဝ ကတည်းကလူတွေ အရပ်ရှည်ကြတယ်။ ကြီးလာတဲ့အခါ လူလုံးတွေ ထွားလာကြတယ်။ ခံနိုင်ရည် အားကောင်းကြတယ်။

ဒါဟာ ကိုယ်တိုင် ရောက်ဖူးတဲ့ နိုင်ငံ ၆ နိုင်ငံ လောက်က စားတဲ့ အစားပုံစံ နဲ့ ဥပမာယှဉ်ပြီး ပြောရတာပါ။

စောစော အိပ်ယာထ သွားတိုက်၊ မျက်နှာသစ်ဆိုတဲ့ ငယ်ငယ်က သင်ခဲ့ရတဲ့စာက စပြီး လွဲလာနေသလိုမျိုးပဲ။
မျက်နှာသစ်ပြီး ရေချိုး ရေလေါင်းပြီးမှ သွားတိုက်ရင် အပူထွက်သွားတဲ့
အတွက် သွားကျိုးတာ၊ နာတာ မဖြစ်ဘူးတဲ့။

မနက် ထပြီးတာနဲ့ တစ်နေကုန် စားသောက်။ ညနေကျ ရေချိုး၊ သွားတိုက်ပြီးတော့ ညစာစား၊ ဒီတော့ ရှေ့ နောက် လွဲနေမှုတွေကအစ သွားတွေ ပိုးစားယိုင်နဲ့ပြီး အခေါင်းပေါက်တွေ ဖြစ်ရာက ရောဂါဝင် အသေစော၊အသက်တိုရတာ။

ဒါတွေကအစ အခြေခံကို လွဲမှားနေသယောင်ဘဲလို့မြင်တယ်။ အမှန်ဆို မနက်စာစားပြီးမှ သွားတိုက်။ ညစာစားပြီးမှ သွားတိုက်ကြရမှာ။

ဒါတွေကအစ ပြင်မှရမယ်။
လူတစ်ဦးချင်းစီက စပြင်ရမယ်။
နောက် မိသားစု အလိုက်ပြင်ရမယ်။
နောက် ပတ်ဝန်းကျင် တစ်နိုင်ငံလုံးပြင်မှ ကျန်းမာ၊ အသက်ရှည်ကြမယ်။

ဘယ်လိုပြင်ရမလဲဆိုရင် အသီးအရွက် စားချင်ရင် ကိုယ့်ကိုစိုက်စားပါ။ စျေးကဝယ်ရင် သဘာဝ အတိုင်းခူးရောင်းတဲ့ တောသည်လေးတွေဆီက မသန်မစွမ်း၊ ပိုးကိုက်ထားတဲ့ အရွက်တွေဝယ်ပါ။ အသီးစားချင်ရင် အပင်ကနေ တိုက်ရိုက်ခူးပေးတဲ့ အသီးကို ရှာစားပါ။

အသားငါးလည်း လတ်ဆတ်တာကိုစားပါ။ အချိုရည် လုံးဝ မသောက်ပါနဲ့။ အသီးကို ဖျော်သောက်ပါ။ အငန်လျော့။ အဆိမ့်၊ အချို၊ အစပ် လျော့စားပါ။

နောက် အရေးအကြီးဆုံးက ဆီ။ ဆီကို ဖြစ်နိုင်ရင် ဆီကြိတ်တဲ့ စက်တွေမှာ သွားဝယ်ပါ။ ဒါမှမဟုတ် မြေပဲ နှမ်း ဝယ်ပြီး ကိုယ့်ရှေမှာ ကြိတ်ခိုင်းပါ။ စျေးထဲကဆီတွေ မစားပါနဲ့။ ဈေးထဲကဆီအကုန်နီးပါး(၉၉%)ကစားအုန်းဆီနဲ့တရုတ်ဘက်ကလာတဲ့ပြန်ချက်ထားတဲ့ဆီအဟောင်းတွေကိုပြုပြင်ထားတဲ့ဆီအတုတွေပါ။
ဒီလိုမလုပ်နိုင်ရင် ဆီ လျော့စားပါ။

နောက်ပြီး လေ့ကျင့်ခန်းလုပ်ပါ။ မနက် ညနေ အချိန်ရရင် လမ်းလျှောက်ပါ။ နှလုံးအားကောင်းအောင် သွက်သွက်လျှောက်။ အမြင့်တက်ပါ။ အမောခံနိုင်အောင် ကျင့်ပါ။

အရက်၊ ဆေးလိပ်၊ မူးယစ်ဆေး လုံးဝ
မသုံးပါနဲ့။

ညစာကို ညနေ ၅ နာရီကျော်ရင်
ထမင်းမပါဘဲ စားပါ။ အရည်သောက် အသီးအရွက်၊ အသားငါးဘဲ ထိုင်စားပါ။

မြန်မာတွေ အသက်ရှည်စေဘို့ စဉ်းစားမိသမျှဝေခြင်းပါ။
အာရောဂျံ ပရာမံ လာဘံ ကျန်းမာခြင်းဟာ လာဘ်တစ်ပါးပါ။
ကျန်းမာရေးအသိ ကိုယ်စီ ရှိကြ
စေချင်ပါတယ်။

ဟိုတလောက ဆိတ်သားခြောက် ဝယ် လာပြီး အိမ်ရောက်တော့ Microwave နဲ့ နွှေးလိုက်တာ ပလပ်စတစ်အရည်တွေ ထွက်လာလို့ဆိုပြီး ပုံနဲ့တကွ တင်လိုက်တာကို ဖတ်လိုက်မိပါတယ်။

မြန်မာပြည်က အစားအသောက်တွေဟာ သဘာဝ အနေအထားကနေအမျိုးမျိုးသော နည်းတွေနဲ့ ပြုပြင်ပြီး
ပြန်ရောင်းနေကြတာမို့ တစ်နေ့တခြား ကြောက်စရာ ကောင်းလာနေပါတယ်။

အားလုံးသိကြတဲ့အတိုင်း၊ ရောဂါအားလုံး ရဲ့ အခြေခံဟာ အစာလမ်းကြောင်းကနေ လာတာဖြစ်ပါတယ်။ ပုံစံအမျိုးမျိုး နဲ့ လာနေကြတာပါ။ အခုနောက်ပိုင်း အလွန် အဖြစ်များနေတာကတော့ Autoimmune ရောဂါမျိုးစုံ ဖြစ်ပါတယ်။ ဒီရောဂါဟာလည်း တစ်နေရာတည်းမှာ
ဖြစ်ခဲလှပါတယ်။ ခန္ဓာကိုယ်ရဲ့ သုံးလေးနေရာလောက်မှာ ဖြစ်နေလေ့ရှိပါတယ်။

ကျွန်တော့်ဆီကို လာတဲ့ စာတွေ၊ Email, Message တွေကို ဖတ်လိုက်မယ်ဆိုရင် Autoimmune ရောဂါတွေရယ်၊ ကင်ဆာတွေ အရမ်းများလာနေပါတယ်။ အရင်က အတော်လေးရှားပါးတဲ့ ကင်ဆာမျိုးစုံလည်း တွေ့နေရပါပြီ။

အသက် ၁၅ နှစ် Melanoma at the a**l area

နောက်တစ်ယောက် ဒူးက အနာမကျက်လို့ အသားစ ယူပြီး စစ်လိုက်တဲ့အခါ Anaplastic Non-Hodgkins lymphoma ပါတဲ့။

နောက်တစ်ယောက်က ဗိုက်အတွင်း
lymphoma

အသည်းကင်ဆာ၊ အဆုပ်ကင်ဆာ တွေကလဲ များသလား မပြောနဲ့။
အဆင့် ၄ တွေချည်းပါဘဲ။

နောက်တစ်ယောက်က Pancreatic cancer.

အစားအသောက်ကြောင့်ဖြစ်တဲ့ အူလမ်းကြောင်း ကျန်းမာရေးကို မထိန်းနိုင်ဘူးဆိုရင် ခံစားရတတ်တဲ့ နောက်ဆက်တွဲ ရောဂါတွေပါဘဲ။

နောက်တစ်ခု သတိထားမိတကတော့ နိုင်ငံခြားမှာ နေနေကြတဲ့ မြန်မာတွေလည်း အတော်များများ Autoimmune ရောဂါတွေ ဖြစ်နေကြပါတယ်။ သွေးဖောက်စစ်သူတွေ အတော်များများမှာ ရှိနေကြပါတယ်။

ပြန်သုံးသပ် ကြည့်တော့၊ အများစုဟာ
နိုင်ငံခြား ရောက်နေကြပေမဲ့ ကိုယ့် မြန်မာအစားအစာတွေကိုဘဲ စားကြပါတယ်။ ထမင်း ဟင်း ပါဘဲ။ နောက်ပြီး မြန်မာပြည်က အစားအသောက်မျိုးစုံ လူကြုံနဲ့သော်လည်းကောင်း၊ ကိုယ်ကိုယ်တိုင် သော်လည်းကောင်း တပွေ့ တပိုက်ကြီး ဝယ်ယူလာပြီး freezer ထဲ မှာ ထည့်ပြီး တဖြေးဖြေး စားနေကြတာ သတိပြုမိပါတယ်။

ငပိကြော်၊ ငါးခြောက်ကြော်၊ လဘက်၊
အကြော်မျိုးစုံ၊ မုန့်ဟင်းခါး အရည်တွေ စသည် ဖြင့် ဖြစ်ပါတယ်။

ဒီရောဂါ တွေရဲ့ ဖြစ်ကြောင်းဟာ
အမျိုးမျိုး ရှိပါသော်လည်း အဓိက ကတော့ အစားအသောက် ပါ။

ဒီအတိုင်း ဆက် သွားကြမယ်ဆိုရင်
တိုင်းပြည်အတွက် ရင်လေးမိပါတယ်။

ကိုယ်နဲ့အတူ ကိုယ့်မိသားစုကို စောင့်ရှောက်ဖို့၊ သတိလေးကပ်ပြီး၊ ဥာဏ်အကူလဲ လိုပါလိမ့်မယ်။

ဘယ်လောက် ကြိုက်တဲ့ အစာဘဲဖြစ်ဖြစ် ဥပါဒ်ရှိလာပြီဆိုရင် ဖြတ်နိုင်ရပါမယ်။ ရောဂါရလာပြီဆိုရင် ရှာထားသမျှ ငွေတွေကုန် အလူးအလိမ့်ခံရ၊ ရောဂါ သံသရာ ဝဲဂယက်မှာ ချာချာလည် နေတော့မှာ ဖြစ်ပါတယ်။

အခုလိုအဖြစ်မျိုး ရောက်ရတာဟာလဲ
လူအများစုဟာ ဗဟုသုတ ခေါင်းပါးနေကြတာက တစ်ကြောင်း၊ လောဘ ဦးဆောင်နေတာက တစ်ကြောင်း၊ ရသတဏှာကို မကျော်လွန်နိုင်တာက
တစ်ကြောင်း၊ အစိုးရအနေနဲ့ အစားအသောက်တွေအပေါ် ကြပ်မတ်မှု ထိထိရောက်ရောက် မရှိတာကတစ်ကြောင်း၊ ဖြစ်လာမဲ့ အန္တရာယ်ကို သဘောမပေါက်တာက တစ်ကြောင်း၊ တိုင်းပြည် ဆင်းရဲတာက တစ်ကြောင်းကြောင့် ဖြစ်ပါတယ်။

မိမိနှင့် မိမိ၏ မိသားစုကို ဥာဏ်သုံး၊
သတိကပ်ပြီး စောင့်ရှောက်သူများ ဖြစ်နိုင်ကြပါစေ။

အားလုံးသိအောင် ပြန်ရှယ်ပေးကြပါဦး

✍️မူရင်းရေးသားသူအား ကျေးဇူးဥပကာယ တင်အပ်ပါသည်.......

31/03/2022

လူတွေရဲ့ သွေးထဲထိရောက်လာတဲ့ ပလပ်စတစ်စများ

ပလပ်စတစ်တွေ သွေးထဲရောက်နေတယ်ဆိုတာက မဖြစ်နိုင်ဘူးထင်ချင်စရာနော်။ ဒီလောက်ကြီးတဲ့ ကျွတ်ကျွတ်အိတ်တွေ၊ ခွက်တွေ၊ အသုံးအဆောင်ပစ္စည်းတွေက ဘယ်လိုလုပ် သွေးထဲရောက်နေနိုင်မှာလဲလို့ တွေးမိလိမ့်မယ်။ ဒါပေမယ့် ကံဆိုးစွာပဲ ဒီကိစ္စက ဖြစ်နိုင်ပါတယ်။ သွေးထဲမှာ ပလပ်စတစ်တွေရောက်နေနိုင်ပါတယ်။

ပလပ်စတစ်ဆိုတာက microplastics လို့ခေါ်တဲ့ မျက်စိနဲ့မမြင်နိုင်တဲ့ ပလပ်စတစ်အမှုန်လေးတွေဖြစ်ပါတယ်။ ပလပ်စတစ်တွေကို တွင်တွင်ကျယ်ကျယ်စသုံးခဲ့တာက ၁၉၆၀ ဝန်းကျင်နောက်ပိုင်းကနေဖြစ်တယ်။ သယ်ဆောင်ရလွယ်တယ်၊ ပေ့ါပါးတယ်၊ အကြမ်းခံတယ်၊ ဈေးပါတယ်။ အဲဒီကနေစပြီး ပလပ်စတစ်အသုံးက ထိန်းချုပ်လို့မရအောင်ကိုတွင်ကျယ်လာခဲ့တာကနေ အခုဆိုရင် ပလပ်စတစ်မရှိတဲ့အိမ်၊ ပလပ်စတစ်မပါတဲ့ပစ္စည်းဆိုတာ မရှိသလောက်ပဲ။

အနှစ် ၆၀ လောက်ပဲ အသုံးပြုရသေးပေမယ့် ပလပ်စတစ်ဟာ သဘာဝပတ်ဝန်းကျင်ကို ဒုက္ခအပေးဆုံးနဲ့ အဆိုးရွားဆုံးအရာတစ်ခုဖြစ်လာတယ်။ ပလပ်စတစ်အကြီးစားတွေက ကုန်းနေရေန သတ္တဝါတွေကို ဒုက္ခပေးတဲ့အပြင် အကြီးအကျယ်အန္တရာယ်ဖြစ်တာကတော့ မိုက်ခရိုပလပ်စတစ်လို့ခေါ်တဲ့ မျက်စိနဲ့မမြင်ရလောက်အောင် သေးငယ်တဲ့ ပလစ်စတစ်အမှုန်အသေးစားတွေဖြစ်ပါတယ်။

အနှစ် ၆၀ လောက်အတွင်းမှာ လူတွေဟာ ပလပ်စတစ် တန်ချိန်သန်းရှစ်ထောင်ထုတ်လုပ်ထားပြီး အဲဒီထဲက ၁၀ ရာနှုန်းလောက်သာ ပြန်လည်သုံးစွဲကြတယ်။ ကျန်တဲ့ ၉၀ ရာနှုန်းပလပ်စတစ်တွေကတော့ သဘာဝပတ်ဝန်းကျင်ညစ်ညမ်းစေတဲ့အရာတွေအဖြစ် သက်ရှိတွေကို ဒုက္ခပေးပါတယ်။ ကျွန်တော်တို့ထင်ထားတာက ပလပ်စတစ်တွေက စုတ်ပြဲသွားရင် ဖျက်ဆီးလိုက်ရင် ပျက်စီးသွားပြီလို့ ထင်ထားတာ။ တကယ်တမ်းကျတော့ အဲဒီလို နဂိုပုံကနေ ပျက်သွားတဲ့ပလပ်စတစ်တွေက သေးငယ်တဲ့ပလပ်စတစ် မိုက်ခရိုပလပ်စတစ်တွေအဖြစ် ပုံပြောင်းသွားပြီး နှစ်ပေါင်းများစွာ ဆက်လက်တည်ရှိနေပါတယ်။ အရင်ကတော့ မိုက်ခရိုပလပ်စတစ်တွေကို တိရစ္ဆာန်တွေဆီမှာပဲ တွေ့ရတာများပေမယ့် အခုနောက်ပိုင်းလေ့လာချက်တစ်ခုမှာတော့ လူတွေရဲ့ သွေးထဲမှာကို ပျော်ဝင်နေတဲ့ မိုက်ခရိုပလပ်စတစ်တွေကို စတွေ့ရှိလာပါတော့တယ်။

မိုက်ခရိုပလပ်စတစ်တွေဟာလူသားတွေပေါ်မှာ ဘယ်လိုသက်ရောက်မှုတွေရှိနိုင်မလဲဆိုတာကိုတော့ အချိန်ယူလေ့လာရဦးမှာဖြစ်တယ်။ ဒါပေမယ့် ရိုးရိုးလေး စဉ်းစားကြည့်ရအောင်။ မီးဟာ ပူတတ်တဲ့သတ္တိရှိတဲ့အတွက် သက်ရှိသက်မဲ့မှန်သမျှ မီးနဲ့တွေ့ရင် ပူပါတယ်။ မိုက်ခရိုပလပ်စတစ်တွေဟာ တိရစ္ဆာန်တွေဆီမှာတွေ့ရသလောက် ဖွံ့ဖြိုးမှုရပ်တန့်စေတာ၊ မျိုးပွားနှုန်းကျဆင်းစေတာ၊ အစားစားချင်စိတ်ပျောက်ဆုံးတာ၊ တစ်ရှူးတွေရောင်ရမ်းတာနဲ့ အသည်းထိခိုက်တာတွေဖြစ်နိုင်တယ်။ ဒါဆိုရင် သက်ရှိဖြစ်တဲ့ လူသားတွေပေါ်မှာလည်း ဆိုးကျိုးတွေ သက်ရောက်စေမှာ သေချာတယ်။

ကျွန်တော်တို့ဆီမှာ သဘာဝပတ်ဝန်းကျင်ကိစ္စဆိုတာက အလေးထားစရာတစ်ခုလို့ကို ဘယ်သူမှထည့်မတွက်ကြသေးဘူး။ ပညာတတ်တယ်၊ လေ့လာနိုင်စွမ်းအားကောင်းတယ်ဆိုတဲ့သူတွေတောင် ပလပ်စတစ်အသုံးလျှော့ချတာ၊ ပြန်သုံးဖို့ကြိုးစားတာတွေကို လုပ်ရကောင်းစေလို့ မသတ်မှတ်ဘူး။ အမှိုက်ပုံကြီးတွေ ပိုကြီးလာတာကိုတွေ့ရလိမ့်မယ်။ ကိုယ်နေတဲ့ အိမ်၊ လမ်း ပတ်ဝန်းကျင်မှာ အမှိုက်သရိုက်တွေ ပိုပိုများလာတာကို သတိထားမိလိမ့်မယ်။ ဒါဆိုရင်တော့ ကိုယ်မဖိတ်ခေါ်တဲ့ နောက်ဆက်တွဲ ကျန်းမာရေးဘေးထွက်ဆိုးကျိုးတွေကလည်း ပြေးလွတ်နိုင်မှာမဟုတ်တာကို သတိပြုရလိမ့်မယ်။

Thurein Hlaing Win

စားသုံးရန်မသင့်ကြောင်း စစ်ဆေးတွေ့ရှိသည့် အသားလုံး၊ အသား ချောင်း (၂၁) ခု စာရင်းအား FDA ထုတ်ပြန်
28/03/2022

စားသုံးရန်မသင့်ကြောင်း
စစ်ဆေးတွေ့ရှိသည့် အသားလုံး၊ အသား ချောင်း (၂၁) ခု စာရင်းအား FDA ထုတ်ပြန်

အမျိုးသား သန္ဓေတားဆေး မကြာမီလာမည် ☺️အမျိုးသားတွေ အတွက် သန္ဓေတားဆေးကို ကြွက်တွေနဲ့ စမ်းသပ်ရာမှာ ၉၉ ရာခိုင်နှုန်း  ထိရောက်...
26/03/2022

အမျိုးသား သန္ဓေတားဆေး မကြာမီလာမည် ☺️

အမျိုးသားတွေ အတွက် သန္ဓေတားဆေးကို ကြွက်တွေနဲ့ စမ်းသပ်ရာမှာ ၉၉ ရာခိုင်နှုန်း ထိရောက်မှု ရှိပြီး သိသာတဲ့ဘေးထွက်ဆိုးကျိုး မရှိဘူးလို့ ပြောပါတယ်။ အဲဒီဆေးကို ဒီနှစ်ကုန်မှာ လူတွေနဲ့ စမ်းသပ်တော့မှာပါ။

အမျိုးသမီး သန္ဓေတားဆေးကို ၁၉၆၀ ခုနှစ်က စတင်ကာ သောက်သုံးဖို့ ခွင့်ပြုခဲ့တာ ဖြစ်ပြီး အဲဒီအချိန်ကတည်းက သုတေသနပညာရှင်တွေဟာ အမျိုးသား သန္ဓေတားဆေးကို ဖန်တီးဖို့ စိတ်ဝင်စားခဲ့ကြတာလို့ အမျိုးသား သန္ဓေတားဆေးကို ဖန်တီးနေတဲ့ မင်နီဆိုးတား တက္ကသိုလ်က Md Abdullah Al Noman က ပြောပါတယ်။

အမျိုးသား သန္ဓေတားဆေးကို ကြွက်အထီးတွေအား ၄ ပတ်တိုက်ပြီးနောက်မှာ သုတ်ပိုး အရေအတွက်ဟာ သိသိသာသာ ကျဆင်းခဲ့ကာ ကြွက်အမတွေမှာ ကိုယ်ဝန်ရရှိမှုနှုန်းကို ၉၉ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်တာကို တွေ့ခဲ့ရပါတယ်။ ဆေးတိုက်ထားတဲ့ ကြွက်အထီးတွေရဲ့ ကိုယ်အလေးချိန်၊ လိင်ဆက်ဆံချင်စိတ်နဲ့ တခြား လှုပ်ရှားမှုတွေကို လေ့လာခဲ့ရာမှာ ဘေးထွက်ဆိုးကျိုး မရှိပါဘူး။ ဆေးတိုက်တာ ရပ်နားပြီး ၄ ပတ်ကနေ ၆ ပတ်အတွင်းမှာ ကြွက်အမတွေမှာ ကိုယ်ဝန်ပြန်လည် ရရှိလာကြပါတယ်။

💁‍♀️ကိုယ်သောက်နေကျ ဆေးတွေရဲ့ နာမည်အဆုံးမှာ MR, SR, OD, CR, RE**RD, XL စသဖြင့် ရှိတာကို သတိထားမိပါသလား ?✅✅✅==============...
21/03/2022

💁‍♀️ကိုယ်သောက်နေကျ ဆေးတွေရဲ့ နာမည်အဆုံးမှာ MR, SR, OD, CR, RE**RD, XL စသဖြင့် ရှိတာကို သတိထားမိပါသလား ?✅✅✅
====================================

✔️လူအများစု ဆေးတွေကို ခြမ်းပြီး ချိုးပြီး သောက်တာမျိုး ရှိဖူးမှာပါ။ ကိုယ်က ၁၀၀မီလီဂရမ် သောက်နေကျ ပေမယ့် ဆေးက မရှိတဲ့အတွက် ၅၀ မီလီဂရမ် ၂ လုံး သောက်လိုက်တာမျိုး ၂၀၀ မီလီဂရမ်ကို တဝက်ခြမ်း သောက်လိုက်တာမျိုး လုပ်ဖူးကြမှာပါ။

✔️အဲ့ဒီအခါမှာ ယေဘုယျအားဖြင့်တော့ မှန်ကောင်းမှန်နိုင်ပေမယ့် အပေါ်မှာ ဆိုခဲ့တဲ့ MR, SR, OD, CR, Re**rd, XL စသည်တို့နဲ့ အဆုံးသတ်ထားတဲ့ ဆေးနာမည်တွေမှာ ပြဿနာရှိနိုင်ပါတယ်။ ဒီလိုအတိုကောက် MR, SR တွေကိုဆေးနာမည်မှာ ဘာလို့ ထည့်ထားရတာလဲဆိုတော့ တစ်ချို့ ဆေးတွေမှာ သောက်သောက်ပြီးချင်း အာနိသင်ပြပြီး ချက်ချင်း အာနိသင် ကုန်မသွားအောင် ဆေးရဲ့ အာနိသင် တစ်နေကုန်ရနေအောင် ဖေါ်စပ် ဖန်တီးထားပါတယ်။ သွေးကျဆေး ဆီးချိုဆေး စတာတွေမှာပေါ့။

👉MR SR စတာတွေရဲ့ အရှည်ကောက်ကတော့ Modified release, Slow release, substained release ပါတဲ့ ။ ဆိုလိုတာကတော့ ဆေးကို ချက်ချင်း အာနိသင် အကုန်မပြဘဲ တနေကုန် ဖြည်းဖြည်းချင်း ထွက်နေအောင် လုပ်ထားတာပါ။ တစ်နေကုန် အာနိသင် ပြနေအောင် ဒါမှမဟုတ် တရက် ၂ ကြိမ် ၃ ကြိမ် သောက်နေစရာမလိုပဲ တစ်ကြိမ်ထဲနဲ့ အဆင်ပြေအောင် ဆေးကို စတင် ထုတ်လုပ်ကတည်းက တစ်ချို့ဆေးတွေကို ဓာတုဗေဒပစ္စည်း ပေါင်းထည့်ထားတာမျိုး coat လုပ်ထားပြီး အလွှာအုပ်ထားတာမျိုး ဖန်တီးထားလေ့ ရှိပါတယ်တဲ့။

👉ဆေးကိုချိုးပြီး သောက်လိုက်တာမျိုး ၁၀၀ အား မရှိလို့ ၅၀ အား ၂ လုံး သောက်လိုက်တာမျိုးမှာ ဖြေးဖြေး စိမ့်ထွက်လာရမယ့် အာနိသင်တွေဟာ အချိုးအစား မှန်မှန်ကန်ကန် မရပဲ ကမောက်ကမ ဖြစ်သွားနိုင်ပါတယ်။

👉ဒါကြောင့်မို့ မိမိသောက်နေကျ ဆေးတွေရဲ့ အနောက်မှာ MR, SR, OD, Re**rd, XL စသဖြင့်ပါ မပါ ကြည့်ပီး ပါနေခဲ့ရင် ခါတိုင်း သောက်နေကျ ပုံစံ အတိုင်းသာ သောက်ပြီး တစ်ဝက်ခြမ်းသောက်တာမျိုး ၂ လုံးသောက်တာမျိုး မလုပ်ဘဲနဲ့ ကိုယ်သောက်တဲ့အား ပမာဏ အတိကျကိုသာ ရှာဝယ်သောက်သင့်ကြောင်း အကြံပြုလိုပါတယ်။

💁‍♀️အစာနဲ့ဆေးတွဲသောက်သင့်သလား✅✅✅
====================================

✔️ ဘယ်ဆေးတွေကိုအစာနဲ့ဝေးဝေးသောက်ရမလဲ
✔️ အချိန်ဘယ်လောက်ခွာရမလဲ
✔️ ဘယ်ဆေးတွေကို အစားအစာနဲ့တွဲသောက်ရမလဲ

👉အစာအိမ်ထဲအစာမရှိချိန်သောက်သင့်တဲ့ဆေး
👉 အစာအိမ်တွင်းအစာလုံးဝမရှိချိန်သောက်ရတဲ့ဆေး
👉အစာနဲ့တွဲသောက်သင့်တဲ့ဆေး ဆိုပြီးခွဲမှတ်လို့ရပါတယ်

🔺အစာအိမ်တွင်းအစာမရှိချိန်

(မစားခင် အနည်းဆုံး ၁ နာရီ၊ စားပြီး ၂ နာရီ၀န်းကျင်)သောက်ထားသင့်တဲ့ ဆေးတွေကတော့ဆီးချိုသောက်ဆေးအများစုပါပါလိမ့်မယ်။အစားမစားခင် နာရီ၀က်လောက် ကြိုသောက်ရပါတယ်

➡️ပန်းနာရင်ကျပ်မှာသောက်လေ့ရှိတဲ့ (Aminophylline၊ Salbutamol)

➡️ပိုးသေဆေးအများစု (Ampicillin၊ Azithromycin၊ Cloxacillin၊ Erythromycin၊ Flucloxacillin၊

➡️တီဘီဆေးများ Isoniazid + Rifampicin + Pyrazinamide၊ Levofloxacin၊ Norfloxacin၊ Ofloxacin၊ Penicillamine၊ Penicillin G၊ Penicillin V၊ Tetracycline)

➡️ပျို့အန်ပျောက်ဆေး (Domperidone၊ Metoclopramide)

➡️သွေးကျဆေး (Captopril၊ Propranolol)

➡️အစာအိမ်အက်ဆစ်ဓာတ်လျှော့တဲ့ အစာအိမ်နာဆေး (Esomeprazole၊ Lansoprazole၊ Omeprazole၊ Pantoprazole)

➡️သံဓာတ်အားအေး (Ferrous sulfate) နဲ့ (Zinc supplements) ဆေးတွေဖြစ်ပါတယ်

Empty Stomach* အစာအိမ်တွင်းအစာမရှိချိန် (မစားမီ ၁ နာရီခွာ နဲ့ စားပြီး ၂ နာရီခွာ) သောက်ရပါတယ်

🔺အစာနဲ့တွဲသောက်ရတဲ့ဆေးအများစုကတော့

➡️အကိုက်အခဲပျောက်ဆေးတွေပါ (Aspirin အုပ်စု၊ Diclofenac၊ Indomethacin)
သူ့ချည်းပဲ ဆေးပမာဏများများ ခဏခဏနဲ့ အချိန်ကြာသောက်ရင်
အစာအိမ်နံရံရဲ့ ကာကွယ်တဲ့အလွှာပါးစေပါတယ် အနာဖြစ်စေနိုင်ပါတယ်

➡️အဆစ်အမြစ်ရောင်ဂေါက်ရောဂါဆေး (Allopurinol)

➡️တချို့သောပိုးသေဆေးများ (Augmentin၊ Cefpodoxime၊ Doxycycline၊

➡️ငှက်ဖျားဆေး Chloroquine၊ Metronidazole)
သံကျဆေး (Mebendazole) (မှတ်ချက် သံအကောင်လိုက်ကျသည့်အန္တရာယ်မရှိပါ အူအတွင်းခြေဖျက်ပေးသည်)

➡️မှိုရောဂါဆေး (Griseofulvin၊ Itraconazole)

➡️အတက်ကျဆေး (Carbamazepine၊ Valporate)

➡️အစာအိမ်ဆေး (Cimetidine)

➡️အကိုက်ခဲပျောက် ရင်ကျပ် နှင့်
တခြားရောဂါများတွင်သုံးသည့် (Prednisolone)

စတဲ့ဆေးတွေကိုတော့ အစာနဲ့တွဲသောက်သင့်ပါတယ်။တွဲသောက်တယ်ဆိုရာမှာ အစားတစ်လုတ် ဆေးတစ်လုံးသောက်ရမယ် မဆိုလိုပါ။စားပြီး ၅ မိနစ်လောက်မှာ သောက်ရင်ရပါတယ်။

မိသားစုတိုင်း သက်ရှည်ကျန်းမာပီး ပျော်ရွှင်စွာဖြတ်သန်းနိုင်ကြပါစေ။

နောက်ထပ် အသက် ၄၀ လောက် ကျန်းကျန်းမာမာ အသက်ရှည်ရှည် နေသွားချင်ရင် ၄ မိနစ်လောက် အချိန်ပေးပြီး ဒီ post လေးကို ဖတ်ပေးပါလူတွေ...
15/03/2022

နောက်ထပ် အသက် ၄၀ လောက် ကျန်းကျန်းမာမာ အသက်ရှည်ရှည် နေသွားချင်ရင် ၄ မိနစ်လောက် အချိန်ပေးပြီး ဒီ post လေးကို ဖတ်ပေးပါ

လူတွေတော်တော်များများရဲ့ ကံကြမ္မာ
ကနောက်ဆုံးတော့ တူညီကြပါတယ် ။ တသက်လုံး ပင်ပင်ပန်းပန်း အလုပ်လုပ်ပြီး ဆေးရုံ ကုတင်ပေါ်မှာပဲ လူ့ဘဝ အဆုံးသတ်သွားပါတယ် ။
ကံဆိုးတဲ့ တနေ့ .. ဆေးရုံက ဒီ အချက် ၃ ချက်ကို ပြောလိုက်ရင်တော့ သင်ဒေဝါလီခံရဖို့ (မွဲဖို့) လုံလောက်ပါပြီ။

၁။ သင့်မှာ ပြင်းထန်ဆိုးရွားတဲ့ ရောဂါတခုရှိနေပါပြီ
၂။ဒါပေမယ့် ကျနော်တို့ အကောင်းဆုံးဖြစ်အောင် ကုသပေးပါမယ်။
၃။ကုသစရိတ်က အရမ်းကြီးပါလိမ့်မယ် ။

ဘဏ်နဲ့ဆွေးနွေးတော့လည်း ဘဏ်ကလည်း အချက် ၃ ချက်ကိုပဲ ပြောပါလိမ့်မယ် ။
၁။ အခြေအနေမှန်ကို ကျနော်တို့ နားလည်ပါတယ်။
၂။ဒါပေမယ့် ဥပဒေက ဥပဒေပဲလေ။
၃။ငွေတွေပြန်မပေးနိုင်ရင် ဒေဝါလီခံရမှာပဲ။

ဆေးရုံက ကုတင်ပေါ်မရောက်ခင် ကျန်းမာရေး ကျွမ်းကျင်သူ ဆရာဝန်တွေပြောတဲ့ အချက် ၃ ချက်ကို နားထောင်နိုင်မယ်ဆိုရင် သင့်ဘဝရဲ့ ကံကြမ္မာကို ပြောင်းလဲ နိုင်ပါလိမ့်မယ်။

♥၁။သင့်အတွက် အကောင်းဆုံးဆရာဝန်က သင်ကိုယ်တိုင်ပဲ ဖြစ်ပါတယ်
♥၂။အကောင်းဆုံးဆေးရုံက မီးဖိုချောင်ပဲဖြစ်ပါတယ်
♥၃။အကောင်းဆုံးဆေးဝါးတွေကတော့
(ကျန်းမာသန့်ရှင်းတဲ့) အစာအာဟာရပဲ ဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ သင့်ကိုယ်စား ကားမောင်းပေးမယ့်လူရှိမယ် ။ ပိုက်ဆံရှာပေးတဲ့လူရှိနိုင်တယ် ။ ပိုက်ဆံဖြုန်းပေးမယ့်လူလည်းရှိနိုင်တယ် ။
ဒါပေမယ့် ...
သင့်ကိုယ်စား ရောဂါဒဏ်ခံစားပေးမယ့်လူ
ဘယ်သူမှမရှိဘူး။
သင်စွန့်ပစ်လိုက် (ဆုံးရှုံးသွားတဲ့) တဲ့အရာတွေ အကုန်ပြန်ရှာလို့ ရနိုင်ပါတယ် ။ ဒါပေမယ့် တကြိမ် ဆုံးရှုံးသွားပြီး ဘယ်တော့မှ ပြန်မရနိုင်တာက "အသက်" ဖြစ်ပါတယ်။
ကျန်းမာရေးနဲ့ပြည့်စုံတဲ့ ချမ်းသာခြင်းကသာ ကိုယ်ပိုင်ဥစ္စာ။ ကျန်းမာရေးချို့တဲ့ တဲ့ ချမ်းသာခြင်းက အမွေ အဖြစ် ထားခဲ့ရမှာပါ။
လူအများစုက ကိုယ့်ကိုကိုယ် အသက်တိုအောင် လုပ်နေကြတယ်။ နောက်ဆုံးကျတော့ ကျန်းမာရေးကို ပိုက်ဆံနဲ့ ဝယ်လို့ရတာလဲ မဟုတ်။ ပိုပြီးဝမ်နည်းဖို့ကောင်းတာက သေပြီးတဲ့အချိန်မှာ အကြွေးတွေ တောင်ပုံ ယာပုံ ထားခဲ့ပြီး ကိုယ်ချစ်တဲ့သူတွေ အပေါ် ဝန်ထုတ်ဝန်ပိုး ဖြစ်စေပါတယ်။

ဒီလို ကံကြမ္မာ ကနေ လွတ်မြောက်ချင်ပါသလား ????
သင်အခုကနေစပြီး ကျန်မားရေးနဲ့ပြည့်စုံတဲ့ဘဝကို ရရှိဖို့ စဉ်းစားပါ။

သေမင်းမှာ အချိန်းအချက် မရှိဘူး။

တက်သစ်စ ဘောလုံးကစားသမား အာနီဒေးဗစ်ဟာ သွေးကင်ဆာနဲ့ အသက် ၂၃ နှစ် မှာ ဆုံးခဲ့ပါတယ်။
ကမ္ဘာကျော် အနုပညာရှင် အဲဗစ်ပရက်စလေဟာ အသက် ၄၂ မှာ မူးယစ်ဆေးဝါးသုံးစွဲပြီး နှလုံးရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ် ။
ဂျဇ္ဇ ဂီတပညာရှင် ဂျွန်ကိုထရိန်း အသက် ၄၀ မှာ အသည်း ကင်ဆာနဲ့ ဆုံးခဲ့ပါတယ်။
ကျွန်ုပ်တို့ မိသားစု ၊ သူငယ်ချင်း ဘယ်နှစ်ယောက် လူ့လောက ကနေ ထွက်ခွာသွားပြီလဲ ကျွန်ုပ်တို့ပဲ အသိဆုံးပါ။

ကျနော်တို့ အခု ကျန်းမာ သန်စွမ်းနေတာ
နောက် ၁၀ နှစ်အထိ ကျန်းမာသန်စွမ်းနေမယ်လို့ ယူဆလို့ မရပါဘူး။
သေစေနိုင်လောက်တဲ့ နာတာရှည် ရောဂါတွေဟာ အသေးဆုံးပျက်စီးမှုက စတင်တာပါ ။
အခု သင့်မှာ ကြိုတင်ကာကွယ်ဖို့ အခွင့်အရေး ရှိနေပါတယ်။
ပုဆိန်နဲ့ပေါက်ရလောက်အောင် ကုသရမဲ့ ရောဂါကို အပ်နဲ့ထွင်းရုံနဲ့ ကာကွယ်နိုင်မယ်ဆိုရင် ကျွန်ုပ်တို့ ဘာလို့ မလုပ်နိုင်ရမှာလဲ ။

ဒီနေ့ ကျန်းမာရေးအတွက် ဂရုစိုက်မှု မပေးနိုင်ဘူးဆိုရင် တနေ့မှာ ကျန်းမာရေး ကုန်ကျစရိတ်တွေ ပေးဆောင်ရမှာ
ဖြစ်ပါတယ် ။ ၈၀% လူတွေက ကျန်းမာရေးအတွက် အကုန်အကျ မခံချင်ကြ ဘဲ
နောက်ဆုံး ရက်၊လ များကို ဆေးရုံမှာပဲ နေသွားကြပါတယ်။ နာကျင်ခြင်း ၊ ရောဂါဝေဒနာတွေ ခံစားပြီး လောကကြီး ကနေ ထွက်ခွာသွားကြပါတယ် ။
၉၅% လူတွေက ရောဂါ ကြောင့် သေဆုံးရတာဖြစ်ပြီး ၅% ကသာ အသက်ကြီးလို့ သေဆုံးတာ ဖြစ်ပါတယ် ။

ဒီလို ရောဂါတွေ ငါတို့တော့ ဘယ်တော့မှ မဖြစ်ဘူး လို့ မထင်ပါနဲ့။
မျက်ကန်း အကောင်းမြင်တာမျိုးတော့ မဖြစ်ပါစေနဲ့။
ငယ်ငယ်တုန်းက ဒီလို အယူအဆ ရှိတဲ့လူတွေ အခု ဆေးရုံ ကုတင်ပေါ် ရောက်နေကြတာ သင်သိဖို့ကောင်းပါတယ်။
ကျန်းမာခြင်း = အမှန်တကယ် မရှိမဖြစ် လိုအပ်တဲ့ အရာ ။
မပြန်လမ်းကို သွားရမယ့်အချိန် မရောက်အောင် ကျွန်ုပ်တို့ ကျန်းမာရေး ဂရုစိုက်ရပါမယ် ။
နာကျင်ခြင်း ၊ ရောဂါဝေဒနာနဲ့ နပန်းမလုံးရအောင် ၊ ကျနော်တို့ချစ်တဲ့သူတွေ ၊မိသားစုတွေ က လူမမာတယောက် အပေါ် ငွေကြေး ၊အချိန်တွေ အကုန်ခံပြီး ဝန်ထုတ်ဝန်ပိုး မဖြစ်ရအောင် ကျန်းမာရေး သတိထား နေရပါမယ်။

သင့်ရဲ့ နောက်ပိုင်း ဘဝ တဝက်ကို
လူနာ ကုတင်ပေါ်မှာပဲ ကုန်ဆုံးချင်ပါသလား ။ ဒါမှ မဟုတ် မလေးရှားက ဒေါက်တာ မဟာသီဟာလိုပဲ အသက် ၉၃ နှစ်မှာ ဝန်ကြီးချုပ် အဖြစ် အရွေးခံရတဲ့ ဘဝ မျိုး ဖြစ် ချင်သလား။
သင့် ဘဝ က သင့်ဆုံးဖြတ်ပေါ်မှာပဲ မူတည်ပါတယ် ။
_________________________________
ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးနိုင်ကြောင်း
ပြသနေတဲ့လက္ခဏာ (၇) ရပ်။
******************************

၁။ ဆေးလိပ်နဲ့အရက်

ဒါကိုတော့ အထူးတလည် ရှင်းပြဖို့တောင် လိုမယ် မထင်ပါဘူး။ ဆေးလိပ်နဲ့အရက် စွဲနေတဲ့လူဟာ အသက်ရှည်ဖို့ မပြောနဲ့ လူ့သက်တမ်း စေ့အောင်တောင် မနေရပါဘူး။ ငယ်ငယ်ရွယ်ရွယ်နဲ့ပဲ သေဆုံးနိုင်ပါတယ်။

၂။ အလုပ်ကို ဦးစားပေးလွန်းတာ

အလုပ်လုပ်လွန်းသူ (Workaholic) တွေဟာ ကျန်းမာရေး ထိခိုက် လွယ်ပါတယ်။ အလုပ်ကြောင့်ရတဲ့ စိတ်ဖိစီးမှု၊ ခန္ဓာကိုယ် ပင်ပန်းမှုတွေက သင့်ရဲ့သက်တမ်းကို နုတ်ယူနေကြပါတယ်။ နေ့ရောညပါ အလုပ်ကိုဦးစားပေးလွန်းပြီး ကိုယ်ပိုင်အချိန် မရှိတော့တာမျိုး အဖြစ်မခံပါနဲ့။

၃။ တစ်နေကုန်ထိုင်နေရတာ

ရုံးမှာဖြစ်ဖြစ် အိမ်မှာဖြစ်ဖြစ် အချိန်ကြာမြင့်လွန်းစွာ ထိုင်နေတာ မကောင်းပါဘူး။ အမေရိကန် ဆေးပညာဂျာနယ် တစ်စောင်မှာ ဖော်ပြချက်အရ တစ်နေ့ကို ၁၀ နာရီထက် မနည်း ထိုင်နေသူတွေဟာ ၈ နှစ်လောက် ပိုပြီး အိုမင်း လွယ်သွားပါသတဲ့။

၄။ သူများနဲ့တန်းတူ လမ်းမလျှောက်နိုင်တာ

ရွယ်တူတွေနဲ့ လမ်းလျှောက်တိုင်း ကိုယ်ပဲ အမြဲတမ်း ကျန်ခဲ့တယ် ဆိုတာမျိုးက ကောင်းတဲ့ လက္ခဏာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ခြေကျင်းဝတ် ဒဏ်ရာရထား၊ အဆစ်လွဲထားတာမျိုး မရှိဘဲ သူများနဲ့တန်းတူ လမ်းမလျှောက်နိုင်တာက ကျန်းမာရေး ချို့ယွင်းမှု ပိုဖြစ်စေပါတယ်။ နှလုံး၊ အဆုတ်၊ သွေးလည်ပတ်မှု စနစ်နဲ့ ကြွက်သားတွေ မကောင်းဘူး ဆိုတဲ့ သဘောမျိုး ပြသနေတာပါ။ လမ်းမြန်မြန်လျှောက်ခြင်းက တကယ် အကျိုးရှိစေ ပါတယ်။ လေ့ကျင့်ခန်းလည်း ပုံမှန်လုပ်ပါ။

၅။ အလေးချိန် နည်းနည်းလေးကိုတောင်မှ မဖို့ မလွယ်တာ

ကိုယ့်ခန္ဓာကိုယ် အလေးချိန်လောက် ရှိတဲ့ အလေးအပင် တွေကို သယ်မဖို့ မလိုပါဘူး။ ဒါပေမဲ့လည်း အလေးချိန် နည်းနည်းလေးကို တောင်မှ မသယ်နိုင် မ,မနိုင်ဘူး ဆိုရင် သင့်ကြွက်သားတွေက ငယ်ငယ်ရွယ်ရွယ်နဲ့ အိုမင်းရင့်ရော်ကာ အားနည်းနေတဲ့ သဘော ပါပဲ။ ကြွက်သားတွေမှာ အဆီတွေ များနေတဲ့ လက္ခဏာလည်း ဖြစ်ပါတယ်။ အထူးသဖြင့် ဗိုက်ခေါက်က အဆီတွေပေါ့။ ခြေထောက်မခိုင်တာ၊ ကြွက်သားတွေ တင်းရင်းမှု မရှိတာတွေကြောင့် ချော်လဲလွယ်၊ ဒဏ်ရာရလွယ် လိမ့်မယ်လေ။

၆။ ဗဟုသုတ အသိဉာဏ်နည်းပါးတာ

အသိပညာ ကြွယ်ဝသူတွေနဲ့ ဗဟုသုတ လေ့လာ လိုက်စားသူတွေက ကိုယ့်ခန္ဓာကိုယ် အတွက် ကောင်းရာကောင်းကြောင်းတွေကို ပြုမူကြပါတယ်။ ကိုယ့်ကိုယ်ကိုယ် ကျန်းမာအောင် ဘယ်လိုတွေလုပ်ရမယ် ဆိုတာလည်း သိတာကြောင့် အသက်ပိုရှည် ပါတယ်။ အသိပညာ မရှိသူတွေကတော့ ကျန်းမာရေး အသိဉာဏ် နည်းပါးပြီး သေဆုံးလွယ်ကြတယ်လေ။

၇။ စားသောက်မှုပုံစံ

ဆီများများစားတဲ့ အကျင့်၊ အငန်နဲ့အချိုတွေ ကြိုက်လွန်းတဲ့ အကျင့်ကလည်း အဝလွန်မှုကို ဖြစ်စေကာ နှလုံး၊ သွေးတိုး၊ ဆီးချိုနဲ့ ကင်ဆာတွေ ဖြစ်စေပါတယ်။ ဒီရောဂါတွေကြောင့်ပဲ သင်နေထိုင်ရမယ့် သက်တမ်းက ပိုတိုတောင်းသွားရမှာပါ။

Credit:

10/03/2022

⛔️ နိုင်ငံ တော်တော်များများမှာ Omicron ရဲ့ ဗီဇပြောင်းမျိုးကွဲဖြစ်တဲ့ BA 2 ရဲ့ ကူးစက်မှုနှုန်း မြင့်တက်လာပါပြီ ⛔️

Omicron ထက်အဆပေါင်းများစွာ ကူးစက်လွယ်တဲ့ BA 2 Virus ကို ခံစားရပြီဆိုရင် ရောဂါလက္ခဏာ ပိုမိုပြင်းထန်နိုင်ပြီး Delta ကဲ့သို အဆုတ်လေပြွန်ကို တိုက်ရိုက်သက်ရောက်တာဖြစ်လို့ ယောင်ရမ်းပျက်စီးစေနိုင်ပါတယ်။

အခုလက်ရှိမှာဆိုရင် ဟောင်ကောင် နဲ့ ထိုင်ဝမ်မှာ အပြင်းအထန်ဖြစ်ပေါ်နေပြီး အနောက်နိုင်ငံတော်တော်များများကိုလည်း ကူးစက်ပျံ့နှံနေပြီဖြစ်ပါတယ်။
အရင်ရက်သတ္တပတ်တုန်းကဆိုရင် နိုင်ငံပေါင်း ၁၀ နိုင်ငံမှာ ကူးစက်မှုနှုန်း ၂၁ ရာခိုင်နှုန်းအထိ ရှိခဲ့ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲအစည်း (W. H. O) ရဲ့ ထုတ်ပြန်ချက်အရ အိန္ဒိယ၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ် နဲ့ နီပေါတိုမှာလည်း စ,တင်ဖြစ်ပေါ်နေပြီဆိုတာ သိထားရပါတယ်

ဒါပေမယ့် Omicron BA 2 မှာဆိုရင် အရင်က Covid တိုလို စမ်းသပ်လို့ မရနိုင်ဘဲ ရောဂါလက္ခဏာတွေပြသမှသာ သိရှိနိုင်တာဖြစ်လို့ သတိထားကာကွယ်စေချင်ပါတယ်။

🚫 ဗဇပြောင်းမျိုးကွဲ BA 2 က ပုံမှန်ထက်လည်း အကူးမြန်သလို ခန္ဓာကိုယ်ထဲမှာ Syncytia ပိုးတွေ မျိုးပွားနိုင်တာဖြစ်လို့ ကူးစက်ခံရတာနဲ့အမျှ အဆုတ်ကို ထိခိုက်လာနိုင်ပြီး လေပြွန်ပျက်စီးခြင်းနဲ့ သွေးကြောမျှင်ပိတ်ဆိုခြင်း စတာတွေ ဖြစ်စေလာနိုင်ပါတယ်။

ဒီကပ်ရောဂါဆိုးကြီးနဲ့ ပတ်သက်ပြီး လူတိုင်းသိချင်နေကြတဲ့ အချက် (၂) ချက်ရှိပါသေးတယ်။

✅ BA 2 ရဲ့ ဖြစ်ပွားမှုနှုန်းက Omicron ထက် အရှိန်မြင့်နိုင်လား?
✅ အရင် Covid တုန်းကကဲ့သို ရောဂါပြင်းထန်သူတွေကို ဆေးရုံမှာထားရမလား? ဆိုတဲ့မေးခွန်းတွေပါ။

ဒါပေမယ့် ဒီမေးခွန်းနဲ့ပတ်သက်ပြီး ဆေးပညာရှင်တွေမှာ တိကျတဲ့အဖြေ မရှိသေးပါဘူး ❎

📌 ဒန်းမတ်သိပ္ပံပညာရှင်တစ်ယောက်ရဲ့ အဆိုအရဆိုရင် ဒီ BA 2 ရောဂါပိုးဟာ ယခင် Omicron ဖြစ်ဖူးတဲ့သူတွေဆီကိုလည်း ပြန်လည်ကူးစက်နိုင်ပြီး ပိုမိုပြင်းထန်ကြောင်း အတည်ပြုပြောဆိုခဲ့ပါတယ်။

📌 BA 2 ရဲ့ ကူးစက်နိုင်စွမ်းက အရင်က Covid Shield ကို အကြိမ်ရေအပြည့်ထိုးထားတဲ့သူတွေအပါအဝင် Covid ဖြစ်ဖူးတဲ့သူတွေကိုပါ ပြန်လည်ကူးစက်နိုင်ပါတယ်။ အကယ်၍ ဒီလိုလက္ခဏာလေးတွေပြရင် သတိထားနေထိုင်ဖို့ ဆေးပညာရှင်တွေက သတိပေးထားပါတယ်။

⚠️ ပြီးခဲ့တဲ့ တစ်ပတ် နှစ်ပတ်အတွင်းမှာ လည်ချောင်းနာပြီး နှာစေးခြင်းဖြစ်ခဲ့ပြီး ဒီရက်ပိုင်းမှာ အရင် Covid ဖြစ်ခါနီးတုန်းကလို လက္ခဏာတွေ ပြန်ပြလာရင် သတိထားနေထိုင်ဖို့လိုအပ်ပါတယ်။

🚫 ဥပမာ အနံ့ပျောက်ခြင်း ၊ လည်းချောင်းနာခြင်း ၊ ကိုက်ခဲခြင်း

ဒါ့ကြောင့် Test Kit စစ်ဆေးလို့ မရတာဖြစ်လို့ Positive ဖြစ်မှန်းမသိနိုင်လို အရင် Covid ကလိုမျိုး လက္ခဏာတွေ ပြန်လည်ပြသလာပြီဆိုရင် သတိရှိထားကြဖို့ လိုအပ်ပါတယ်နော်။

Ref: CNBC Website
Link: https://tinyurl.com/cuhm83u8
Credit to responsible author

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Khunn Academy Institution posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share